Skincare & Cosmetics by Eaint

Skincare & Cosmetics by Eaint Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Skincare & Cosmetics by Eaint, Clothing Store, Taungoo.

နိမိတ်ဆိုတာ ရှိတယ်လေနော် ။နှစ်သစ်ကစပြီး ရွှေ၊ငွေ၊အိမ်၊လိုတိုင်းတရကြပါစေ🙏တစ်ယောက်တည်း မဝင်ချင်ဘူး။ပုံထဲကလို အတူတူစိန်ရွှေ...
17/04/2023

နိမိတ်ဆိုတာ ရှိတယ်လေနော် ။
နှစ်သစ်ကစပြီး ရွှေ၊ငွေ၊အိမ်၊
လိုတိုင်းတရကြပါစေ🙏
တစ်ယောက်တည်း မဝင်ချင်ဘူး။
ပုံထဲကလို အတူတူစိန်ရွှေငွေအားလုံးဝင်ကြပါစေ🙏

သင်္ကြန်  မှာ  ပြုလုပ် ရမည့်အရာများ....မသိသေးရင်  စာလေးကိုအဆုံးထိဖတ်ပေးပါရှင်🍀 အကြို နေ့မှာ  မိမိ နေအိမ်ရှိ ဘုရား ကို ရေ...
12/04/2023

သင်္ကြန် မှာ ပြုလုပ် ရမည့်အရာများ....မသိသေးရင်
စာလေးကိုအဆုံးထိဖတ်ပေးပါရှင်

🍀 အကြို နေ့မှာ မိမိ နေအိမ်ရှိ ဘုရား ကို ရေသပ္ပါယ်ပါ
ဘုရားစင်ပေါ်ရှိ မလိုအပ် သည့်ပစ္စည်းများနှင့် အမှိူက်
များ ရှင်းလင်းပြီး ဘုရားစင်တခုလုံး ကြည်ညိုစဖွယ်
ဖြစ်အောင်ထားပါ (ထိုနေ့မှာ မေတ္တာသု တ် ရွတ်ပွားပါ)

🍀သင်္ကြန်အကျနေ့မှာ နေအိမ်ဘုရားကို သက်ရှိ ထင်ရှား
ရှိနေသကဲ့သို့ သဘောထားပြီး ဆွမ်း ကပ် ပေးပါ...
ထို့နည်းအတူ မြတ်စွာဘုရားရဲ့ သားတော်များဖြစ်ကြတဲ့
ရဟန်း သံဃာတို့အား ဆွမ်းဂျိုင့်ပို့ခြင်း ဆွမ်းစား ပင့်
ခြင်း စတဲ့ကောင်းမှူ ဒါနများ ပြုလုပ်ပေးပါ
(ထိုနေ့မှာ ရတန သုတ်ရွတ်ပါ)

🍀သင်္ကြန် အကြတ်နေ့မှာ နေအိမ် သို့မဟုတ် လမ်းထဲ
ရပ်ကွက်ထဲရှိ အဖိုးအဖွား များကို ခေါင်းsay မင်္ဂလာ
ပြုပေးခြင်း လက်သည်း ခြေသည်း ညှပ် ပေးခြင်းများ
ပြုလုပ်ပေးပါ...... ထိုနေ့မှာဘဲ မိမိ ကိုယ်တိုင်ကလည်း
ဦး ခေါင်း s ay မင်္ဂလာ ပြုလုပ်ပေးပါ
(ps... တရော် ကင်ပွန်းဖြင့်သာ ပြုလုပ်ပေးပါ)
(ထိုနေ့မှာ ဂုဏ်တော်(၉)ပါးရွတ်ပါ)

🍀သင်္ကြန်အတက်နေ့မှာ တတ်နိုင်တဲ့သူကလည်း
စတုဒိသာ အကျွေး အမွေး များ ဖြင့် ကုသိုလ် ယူနိုင်သ
လို မတတ်နိုင်သော သူများ ကလည်း .. သောက်ရေ
သန့် လှူပေးပါ(ထိုနေ့မှာ မဟာသမယသု တ် ရွတ်ပါ)

🍀နှစ်ဆန်း တရက်နေ့ရောက် ရင်တော့ ဥပုသ် သီတင်း
သီလ ဆောက်တည်ပြီး နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့
တရားဘာဝနာပွားများပါ(ထိုနေ့မှာ ပဌာန်းအကျယ်ဖွင့်
ရွတ်ပွားပါ အရပ်၁၀မျက်နှာနဲ့ ၃၁ဘုံ သားတို့အား
မေတ္တာပို့ပါ အမျှ ဝေပါ)

မြန်မာ နှစ်ကူးမှ စ၍ စီးပွားဥစ္စာများ တိုးတက်ကြဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်

Credit🙏🏿

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုး♥အက်စထရိုဂျင်(Estrogen)ဟော်မုန်းအမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ...
24/10/2022

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုး

♥အက်စထရိုဂျင်(Estrogen)ဟော်မုန်း
အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ်၊
ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊
အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။ဒီဟော်မုန်းလျော့ရင်
ရင်သားတွေတင်ပါးတွေလျော့လာတယ်၊အသားတွေပျော့တွဲလာတယ်
Soy bean အခြေခံအစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊
ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်

♥Growth ဟော်မုန်း
သူကတော့သွေးထဲကဟော်မုန်း ၊သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊အဆီပိုတွေဟိုတစုဒီတစုနဲ့
ကြည့်ရဆိုးလာမယ်၊
ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊side effectများပေမယ့် သိသာတယ်၊ အခြားနည်းက
လမ်းလျှောက်ပါလေ့ကျင့်ခန်းလုပ်ပါချွေးထုတ်ခန်းဝင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥DEHA
အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့
အသက်30ကျော်တာနဲ့အမျိုးသမီးတွေ စပြီးကျတာ သူလျော့နည်းသွားလို့ပဲ၊ အာရုံကြောတွေလည်းလျော့တတ်တယ်
အဆီစားပါ၊ အခွံမာသီးစားပါ၊ထောပတ်သီးစားပါ၊fatty fish စားပါ၊
ပရိုတင်း ကိုမနက်စာမှာအသင့်တင့်ထည့်စားပါ၊

♥Melatonine
အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊35နှစ်လောက်ဆိုလျော့တတ်တယ်၊
ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊တင်းတိပ်၊မှဲ့ခြောက်ထွက်တယ်၊

ငှက်ပျောသီး ခရမးချဉ်သီး၊ဆန်၊ပြောင်း၊ဒါတွေစားပေးပါ
အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်းဖြစ်တတ်တယ်
ရှောင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥Cortisol
Stress ဟော်မုန်း ၊သူမညီမျှရင်အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊အရေးကြောင်းတွေပေါ်တယ်၊ဝက်ခြံထွက်တယ်အခေါက်ထူတယ်

ရေသောက်ပါ၊စိတ်အေးချမ်းအောင်တွေးပါ၊သီချင်းနားထောင်ပါ၊stress လျော့ပါ၊

♥Insulin
သွေးထဲကသကြားဓာတ် သူများလာရင်လည်း အရွယ်ကျမြန်တယ်
ရေဓာတ်တွေလျော့နည်းမယ်၊ကော်လာဂျင်တွေမတင်းတော့ဘူး၊
ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊အတွန့်တွေပေါ်လာမယ်၊
အချိုလျော့၊ဗီတာမင် E နဲ့ဗီတာမင် C ၊ရေနွေးကြမ်းသောက်ပါ။
လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။

ကျမတို့ဇရာကိုမလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊

စေတနာဖြင့်

Pan Koe
Slimming &Firming oil
Strong lady oil

မျက်နှာသစ်ပြီးရင် ပုဝါနဲ့ မသုတ်သင့်ဘူးအချက်(၅)ချက်👇ပုဝါနဲ့ သုတ်တဲ့အခါဘက်တီးရီးယားတွေ အများဆုံး ရှိနေတဲ့ပုဝါနဲ့ မျက်နှာကိ...
04/10/2022

မျက်နှာသစ်ပြီးရင် ပုဝါနဲ့ မသုတ်သင့်ဘူး
အချက်(၅)ချက်👇

ပုဝါနဲ့ သုတ်တဲ့အခါ
ဘက်တီးရီးယားတွေ အများဆုံး ရှိနေတဲ့ပုဝါနဲ့ မျက်နှာကို သုတ်တဲ့အခါ အရေပြားပြဿနာတွေဖြစ်လာပါတယ်။

၁။ ဝက်ခြံ🍀
ခန္ဓာကိုယ်ကို သုတ်တဲ့ပုဝါနဲ့ မျက်နှာကို သုတ်တဲ့အခါ မျက်နှာအသားအရေက ထိခိုက်မှာပါ။ တဘက်တွေ၊ ပုဝါတွေကိုရေချိုးခန်းတွေထဲမှာ ထားတတ်ကြပါတယ်။ အဲဒီနေရာက လေအစိုဓါတ်များတဲ့နေရာတွေ ဖြစ်တာကြောင့် ဘက်တီးရီးယားတွေက ပျော်ကြပါတယ်။

နေရောင်ခြည်မရတဲ့ပုဝါကို မျက်နှာကို သုတ်လိုက်တဲ့အခါ ဘက်တီးရီးယားတွေကလည်း ကပ်ပါလာပါတော့တယ်။

၂။ လျင်လျင်မြန်မြန် အိုမင်းလာခြင်း🍀
မျက်နှာသုတ်ပုဝါစကို သုံးတဲ့အခါ အသားအရေကို ပွန်းစေပြီး အရေးအကြောင်းတွေ ပိုဖြစ်လာပါတယ်။ မျက်နှာအသားအရေလည်း အရင်လို မချောမွေ့နိုင်တော့ပါဘူး။

၃။ Skincare အာနိသင်ကို လျော့ပါးစေခြင်း🍀
မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာကို သုတ်တာက သဘာဝဖြစ်ပေမယ့် သုံးတဲ့ skincare တွေက ထိရောက်မှုမရှိပါ။မျက်နှာမှာ ရေတွေမခြောက်ခင် moisturizer ကို သုံးတာက အာနိသင် ထိရောက်ပါတယ်။

၄။ အသားအရေ နီစပ်ခြင်း🍀
မျက်နှာအသားအရေက ထိလွယ်ရှလွယ်တယ် ဆိုရင် မျက်နှာကို ပုဝါနဲ့ မသုတ်သင့်ပါဘူး။ ပုဝါစတွေကို ချည်သားနဲ့ပြုလုပ်တာကြောင့် နူးညံ့တဲ့ အသားအရဆိုရင် နီစပ်လာနိုင်ပါတယ်။

၅။ အဆီပြန်စေခြင်း🍀
မျက်နှာအသားရေကို ညီမျှအောင်ထိန်းပေးတဲ့ အဆီဂလင်းတွေကို ကြမ်းတမ်းတဲ့ ပုဝါစက ဖယ်ရှားလိုက်သလိုဖြစ်တာကြောင့် မျက်နှာက ပိုပြီးအဆီပြန်လာမှာပါ။

Credit ....

  attention🛎ကျွန်မတို့ Eve of Empireမှတင်သွင်း Chame Collagen လေးမျိူးတွင်E တံဆိပ် Hologram (သို့) မြန်မာစာအညွှန်းပါရှိပ...
02/09/2021

attention🛎

ကျွန်မတို့ Eve of Empire
မှတင်သွင်း Chame Collagen လေးမျိူးတွင်
E တံဆိပ် Hologram (သို့) မြန်မာစာအညွှန်းပါရှိပြီး ဘူးအကြီးသာတင်သွင်းထားပြီး
၆ထုပ်ပါ ဘူးအသေးများတင်သွင်းရောင်းချထားခြင်းမရှိပါဘူး။

ပစ္စည်းအစစ်အမှန် ဝယ်ယူအားပေးဖို့
မေတ္တာရပ်ခံပါရစေ🙏


#အသိပေးကြေငြာချက်

ချွေးပေါက်ကျဉ်းအောင် ဒါတွေနေ့စဥ်လုပ်ပါ(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊...
02/09/2021

ချွေးပေါက်ကျဉ်းအောင် ဒါတွေနေ့စဥ်လုပ်ပါ

(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)

(၂) ရှောက်ရည်နဲ့ နာနာသီးရည်ကို ဆတူရောပြီး သန့်စင်တဲ့အဝတ်တခုကို စိမ်ပါ။ အဆိုပါအဝတ်ကို ချွေးပေါက်၊အဆီဂလင်း များတဲ့ ဝက်ခြံထွက်တဲ့နေရာမျိုးမှာ တမိနစ်ကြာကပ်ပါ။ ပြီးရင် ရေနွေးနဲ့ပြန်သစ်ပါ။ အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်က မျက်နှာကို သန့်စင်စေရုံမက အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါကျဉ်းစေတယ်။

(၃) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။

(၄) ဒိန်ချဉ်ကို မျက်နှာလိမ်းပြီး အပေါ်က သန့်စင်တဲ့အဝတ်တခုခု အုပ်ထားပါ။ ဆယ်မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ ဒိန်ချဉ်မှာပါတဲ့ lactic acid နဲ့ probiotic တွေက ဝက်ခြံဗက်တီးရီးယားကို ကာကွယ်ပြီး အဆီဂလင်းကို ကျဉ်းစေတယ်။ တပတ် တကြိမ်-နှစ်ကြိမ်ခန့်သာ လုပ်ပါ။

(၅) ကြက်ဥအကာကို ယူပြီး ချွေးပေါက်ကျယ်တဲ့နေရာမှာ ၁၅ မိနစ်လိမ်းထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ နေ့စဥ်လုပ်ခြင်းအားဖြင့် ၁-၃လအတွင်း အဆီပြန်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာသက်သာစေနိုင်တယ်။

အဆိုပါနည်းတွေအတိုင်း အစဉ်လိုက်ပြုလုပ်ခြင်းဖြင့် ချွေးပေါက်ကျဉ်းပြီး အဆီဂလင်းတွေ လျှော့ပါးသက်သာစေမှာဖြစ်ပါတယ်။ လူတိုင်း ဝက်ခြံ၊ အမာရွတ် ကင်းစင်ပြီး လှပချောမွေ့တဲ့ မျက်နှာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

Crd - ဒေါက်တာအေးမင်းထူး

24/08/2021

ငွေကိုဘယ်လိုထားမလဲ

ငွေကို ပိုက်ဆံအိတ် အံဆွဲမီးခံသေတ္တာ စသည်မှာထားပါတယ်
ဒါပေမဲ့ထားတဲ့နည်းစံနစ် လိုပါတယ်..
မိမိငွေ အဝင်များဖို့
အထွက်နည်းဖို့
လာဘ်ကောင်းဖို့
လုံခြုံစိတ်ချဖို့.
ကံတက်စေဖို့

အဝင်ကောင်း သလိုအထွက်လည်းကောင်းသောနည်းနဲ့သာ ထွက်ဖို့ ..ဖုန်းရွှေFung Shui ပညာက အခုလိုအကြံပြုပါတယ်..

၁ကရဝေးရွက် နဲ့အတူထားပါ
အကျိုးအနာ မပါသော ကရဝေး ရွက် အနည်းဆုံး တစ်ရွက်နဲ့ အတူထားပါ
ငွေပွားများ လာစေပါတယ်

၂ အကျိုးအနာမပါတဲ့ဆန်စေ့ ၂၁ စေ့ကို ပလတ်စတစ်အိတ်ကလေးနဲ့ထုပ်ပြီး ငွေနဲ့အတူထားပါ..,
လာဘ်ပွင့်လန်းစေတဲ့အပြင်မလိုအပ်ပဲငွေထွက်ခြင်းကိုကာကွယ်ပေးပါတယ်.

၃ ပင်လယ်ဆား အနည်းငယ် ကိုပလတ်စတစ်
အိတ်ကလေးနဲ့ ထုပ်ပြီးငွေနဲ့အတူထားပါ
ငွေကြေး အရှုပ်အရှင်းကိစ္စကြွေးမြှီ အမှုအခင်းကိစ္စများကာကွယ်ပေးပါတယ်

၄ ငွေဒင်္ဂါး ဖြစ်စေ ငွေထည်ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေအတူထားပါ..
ငွေကို ကာကွယ်ပေးသလို လုံခြုံစိတ်ချရစေပါတယ်.

၅ ငွေစက္ကူ အသစ်တစ်ရွက် အနည်းဆုံးထားပါ.
ငွေတန်ဖိုးမြင့်လေ ကောင်းလေပါ

၆ ပိုက်ဆံအိတ်ထဲမှာငွေလုံးဝ မရှိတဲ့ အဖြစ်မျိုး မပြုမိပါစေနဲ့.
ငွေကံ ညံ့သွားတတ်ပါတယ်

၇ ပိုက်ဆံအိတ်ထဲမှာ အလွန်စုတ်ပြတ်နေတဲ့ငွေတွေကို စက္ကူ အိတ်နဲ့ ဖယ်ထားပါ
ရော မထားပါနဲ့
ငွေမရှိတဲ့ ဘဏ်ကတ်အဟောင်းများ ဘောက်ချာအဟောင်းများ လိပ်စာကတ်များ နဲ့ ရှုပ်ထွေးမနေပါစေနဲ့လာဘ်တိတ်ပါတယ်

၈ အားလုံးထည့်ထားနိုင်ရင်ကောင်းပါတယ် အနည်းဆုံးအမှတ် ၁ မှ ၄ အထိတစ်မျိုးတော့ ငွေနဲ့အတူထားရှိဖို့ သင့်ပါတယ်

၉ ဝင်ငွေကောင်း ငွေမြဲပြီးလာဘ်လာဘ ပွားများကြပါစေ..

၁၀ တားရော့ကတ် အနေနဲ့နံပါတ် ၁၇ The Star ကို အဆောင်အဖြစ် ထည့်ထားနိုင်ပါတယ်

20/08/2021

Order တွေကို ၁၀ရက်တခါပိတ်ပါမယ်နော်
Orderပြီး ၅ရက်ဆိုပစ္စည်း​တွေရောက်ပါမယ်
ခုတင်သမျှလေးတွေ လကုန်ကြာရင် Orderပိတ်ပါမယ်နော်
လကုန်ပြီးရင် ပစ္စည်းရောက်ပါမယ်

ပါနော်
K pay လက်ခံပေးပါတယ်နော်💌

Hokkoki baby foot creamအမေးများနေတာလေးပါ 😍😍😍Price - 9000ksကြာချိန် - Orderပိတ်ပြီး ၅ရက်   အိမ်မှာနေရင်း Foot Treatment လ...
20/08/2021

Hokkoki baby foot cream
အမေးများနေတာလေးပါ 😍😍😍

Price - 9000ks

ကြာချိန် - Orderပိတ်ပြီး ၅ရက်




အိမ်မှာနေရင်း Foot Treatment လုပ်ချင်တဲ့ ချစ် တွေအတွက်

အသုံးပြုပုံလေးကတော့ ဒီ Cream လေးကို
မလိမ်းခင်မှာ ခြေထောက်လေးတွေဟာသန့်ရှင့်ပြီး ခြောက်သွေ့မှုရှိရပါမယ်...

ရေမဆေးခင်ခြေထောက်ကြားလေးတွေ / ခြေဖနောင့်လေးတွေ အသားမာရှိတဲ့ နေရာ လေးတွေကို Brush အသေးလေးနဲ့ သေချာ ပွတ်ပေးပါ။
ပြီးရင်တော့ ဒီ Hokkoki Babyလေး ကို ခြေဖမိုး / ခြေဖဝါး ကြား အိပ်ရာမဝင်ခင်လေးလိမ်းပေးပါ..

နေလောင်ပြီးကြမ်းထော်ခြင်း
ခြေထောက်ကွဲခြင်း
စိတ်ပျက်စရာခြေထောက်မျိုးဖြစ်နေခြင်း
အာ့အတွက် baby footလေးပြန်ဖြစ်အောင်
Hokkoki baby cream ကကူညီပေးဖို့အသင့်ပါနော်။

ခြေထောက်တွေကွဲပြီး ပတ်ကြားအပ်နေတဲ့ sis တို့လဲ
တရက်လိမ်းလို့စိတ်မရှည်သူများသေချာလိမ်းပေးကြည့်ပါ

Vaseline Gluta hya အသစ်ထွက်တာလေးPrice - 10500ks( 330ml ဘူးကြီး)ကြာချိန် - Orderပိတ်ပြီး၅ရက်ဒါလေးက serum type မို့ အသားထဲ...
20/08/2021

Vaseline Gluta hya အသစ်ထွက်တာလေး

Price - 10500ks
( 330ml ဘူးကြီး)

ကြာချိန် - Orderပိတ်ပြီး၅ရက်

ဒါလေးက serum type မို့ အသားထဲစိမ့်ဝင်လွယ်တယ်
သူ့ချည်းပဲလိမ်းလဲရတယ်😌

Lotion ထဲ ရောလိမ်းလဲရပါတယ် ပိုမိုက်တယ်

လိမ်းပြီးရင် စေးကပ်ခြင်း ၊ ပူခြင်း လုံးဝမရှိပါဘူး
အနံ့လေးတွေလဲ အရမ်းကောင်းပါတယ်😍

💯 အသားအရေပျက်စီးမှုကို
10 ဆပြန်လည်ပြုပြင်ပေးပါတယ်

ပါဝင်မှုကြောင့်
အမဲစက် ၊ အမဲကွက် ၊ နေလောင်ပြီး အသားအရေမညီညာမှု ၊ ညိုညစ်မှုတွေကိုသက်သာစေပြီး အသားအရေဖြူဝင်းလာစေပါတယ်

ပါဝင်မှုကြောင့်
အသားအရေခြောက်သွေ့ကြမ်းတမ်းမှုတွေကိုကာကွယ်ပေးပြီး
ကျန်းမာစိုပြေစေပါတယ်

အဝါ နဲ့ ပန်းရောင် ဘာကွာလဲမေးကြလို့

💛 အဝါလေး က UV serum lotion ပါ
နေ့ဘက်လိမ်းတာမျိုး (သို့) SPF မပါတဲ့ lotion နဲ့တွဲလိမ်းလို့ အဆင်ပြေပါတယ်

💗 ပန်းရောင်လေး ကတော့ SPF မပါတာကြောင့်
SPF ပါတဲ့ lotion နဲ့တွဲသုံးတာမျိုး (သို့) ညဘက်လိမ်းအိပ်တာမျိုး အဆင်ပြေပါတယ်

10လုံးပါတကတ် - 10800ksကြာချိန် - Orderပိတ်ပြီး ၅ရက်   Date အသစ်မို့ကြာကြာထားလည်းရပါတယ်အရသာ ၃မျိုးလုံးသောက်ဖူးတယ် အကုန်ကြ...
20/08/2021

10လုံးပါတကတ် - 10800ks

ကြာချိန် - Orderပိတ်ပြီး ၅ရက်




Date အသစ်မို့ကြာကြာထားလည်းရပါတယ်

အရသာ ၃မျိုးလုံးသောက်ဖူးတယ် အကုန်ကြိုက်တယ် မင်မင်က

ဆေးသောက်ရမှာလည်းအဆင်မပြေ Vitamin Cပါတဲ့အသီးအရွက်အစားအသောက်တွေလည်း ဂရုတစိုက်ရွေးမစားဖြစ်ဘူးဆိုတဲ့ သူများအတွက် ထိုင်းနိုင်ငံထုတ် C-Vitt အအေးပုလင်းလေးတွေပါနော

အရသာကလည်းအရမ်းကောင်းလို့ သောက်ဖူးသူတိုင်းကြိုက်ကြတဲ့ ကျန်းမာရေးအတွက်အရမ်းကောင်းတဲ့ အအေးလေးပါ။

C vitt လေးမှာ Vitamin C ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ် အဲ့တာကြောင့် ချဉ်ပြုံးပြုံးအရသာလေးကစိတ်ကြည်လင်လန်းဆန်းစေပါတယ်ရှင်။

အချိုမကြိုက်တဲ့သူတွေ ဝိတ်ချနေတဲ့သူတွေအတွက်လည်း အထူးသင့်လျော်ပါတယ်

🍊 လိမ္မော်သီး

သလဲသီး

🍋 လီမွန်သီး

ကလေးမွေးပြီးရင် အပျို ပြန်မဖြစ်နိုင်သလိုOrderတင်ပြီးရင်လဲ Cancel လုပ်လို့မရပါ 🙂ကလေးက တစ်ယောက်တည်းမွေးမရသလိုOrderက ငွေ မခ...
17/08/2021

ကလေးမွေးပြီးရင် အပျို ပြန်မဖြစ်နိုင်သလို

Orderတင်ပြီးရင်လဲ Cancel လုပ်လို့မရပါ 🙂

ကလေးက တစ်ယောက်တည်းမွေးမရသလို

Orderက ငွေ မချေပဲ တင်မရပါဘူး

Crd.

Address

Taungoo

Telephone

+959458020216

Website

Alerts

Be the first to know and let us send you an email when Skincare & Cosmetics by Eaint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category