ရွှေဒေဝါ သင်္ကန်းတိုက် - Shwe DayWah Thingan Robe

  • Home
  • Myanmar
  • Taungzun
  • ရွှေဒေဝါ သင်္ကန်းတိုက် - Shwe DayWah Thingan Robe

ရွှေဒေဝါ သင်္ကန်းတိုက် - Shwe DayWah Thingan Robe Producing and selling traditional Buddhist monk accessories.

🎉🎊Happy Chinese New Year 2026🎉🎊မြင်းနှစ်နှင့်အတူ အရပ်ရှစ်မျက်နှာမှာ ငွေများဝင်လာပါစေ💸💰💸
17/02/2026

🎉🎊Happy Chinese New Year 2026🎉🎊
မြင်းနှစ်နှင့်အတူ အရပ်ရှစ်မျက်နှာမှာ ငွေများဝင်လာပါစေ💸💰💸

ဒီ ဝိပဿနာ တရားတွေ အားထုတ်တာ ဘယ်လောက် ကောင်းသလဲဆိုရင် ...ဝေဒနာတွေ ချုပ်သွားပြီး ဘဝင် ရောက်သွားပြီတော့ စိတ်ကလေးကဘဝင်မှာ တည...
22/01/2026

ဒီ ဝိပဿနာ တရားတွေ အားထုတ်တာ
ဘယ်လောက် ကောင်းသလဲဆိုရင် ...

ဝေဒနာတွေ ချုပ်သွားပြီး
ဘဝင် ရောက်သွားပြီတော့
စိတ်ကလေးက
ဘဝင်မှာ တည်ပြီ
ဘဝင်ထဲမှာ သိမ်မွေ့ နူးညံ့လာပြီ ဆိုရင်
သစ်ရွက်ကလေး ကျတာက အစ
ဒီမှာ ဖျန်းကနဲ လာဖြစ်နေတယ်။

နောက် အဲ့ဒါကနေပြီးတော့
ဥပမာ … အကြောင်း တိုက်ဆိုင်လို့
ဒေါသ ဖြစ်တော့မယ် ဆိုရင်
ဘဝင်က … အရင် ခါတယ်။

ဝိပဿနာသမား
ဘဝင်ခါတယ် ဆိုရင် သိပြီ။

ဒါဆိုရင် ခါတဲ့ဆီကို
စိတ်ကလေး … ငြိမ်ပြီး ရှုလိုက်။
ချုပ်သွားပြီ ဆိုရင်
ဟိုမှာ ဒေါသလည်း … ချုပ်သွားရော့။
အရမ်းကောင်းတယ်။

ဒေါသကို … အကြောင်းကို … သတ်တာ။
ဒေါသ … အကြောင်းတရား … သတ်မှ
ငရဲ … အကျိုးတရား … ငြိမ်းမှာပေါ့။

ငရဲဆိုတာက … အကျိုးတရား
ဒေါသက … အကြောင်းတရား။

ဒီ ဒေါသ ရှိရင်တော့
ငရဲဘုံကြီးက ဟင်းလင်းပြင်ကြီးပဲ
အကုန် ပွင့်နေတာ
ဘယ်လိုမှ ရှောင်တိမ်းလို့ မရဘူး။

ဒါကြောင့် ဘုရားကလည်း
ဒေါသကို … ပါယ်ခွါပါလို့ ပြောတာ။

ဒီ ဝိပဿနာနဲ့သာ … ရှု
ဘဝင်ရောက်တဲ့ ပုဂ္ဂိုလ်တွေဆိုရင်
သိသာတယ်။

တစ်ခုခု ဖြစ်တော့မယ်
အကြောင်း ဖြစ်တော့မယ် ဆိုရင်
ဘဝင်က … အရင်ခါတာပဲ။

နားနဲ့ အသံနဲ့ ကြားရင်
မခံချင်တာလေး ကြားရင်
ဘဝင်မှာ … ခါတော့တာပဲ။

အဲ့ဒီတော့ ဝိပဿနာယောဂီ သိပြီ။
အဲ့ဒီမှာ ဘဝင်မှာ သတိထားတော့တာပဲ။

ဘဝင်မှာ ခါတာလေး
ငြိမ်ပြီးတော့ သတိထားတယ်။
ငြိမ်လည်းသွားရော့
ဟိုမှာဒေါသလည်း … မရှိတော့ဘူး။
အလိုလို ပါယ်သတ်စရာ မလိုဘူး။
အကြောင်း … လှည့်သတ်လိုက်တာ။

ဒါတွေက
ကျင့်တဲ့ ပုဂ္ဂိုလ်တွေပဲ သိတာ
ရောက်တဲ့ ပုဂ္ဂိုလ်လည်း ရောက်ပါတယ်။

ဒါပေမယ့်
ဒေါသ … မဖြစ်ဘူးလား … ဖြစ်တယ်။
ဖြစ်ကြော … တိုတယ်။

ဒေါသက … အနာဂါမ်မှ ပါယ်တာ။
ဒီမှာကတော့ … ထိမ်းတာပဲ ရှိသေးတယ်။
ဒေါသကို … ထိမ်းတယ်။
ဒေါသကို … သိတယ် … ထိမ်းတယ်။

ဒေါသ ဖြစ်လာတာကို
သတိထား ထိမ်းရင်းနဲ့
သီလနဲ့ ထိမ်းပြီး သတ်နေတာပေါ့။

သီလနဲ့ စောင့်ထိမ်းပြီး
ဒီစိတ်ကလေး ဘဝင်လေးမှာ
ငြိမ်ပြီးတော့သွား
ဟိုမှာ ဒေါသ မရှိတော့ဘူး။

အရင်တုန်းက
အဲ့ဒီ ဘဝင်မှာ ခါတာနဲ့
စိတ်နဲ့ … ငါနဲ့ … ပေါင်းပြီးတော့
အပြင်မှာ ထွက်ပြီးတော့
ပြောကြ ဆိုကြ တာပေါ့။

အဲ့ဒီတော့
ငရဲကို … မကြောက်ပါနဲ့။
ငရဲကိုသွားတဲ့ အကြောင်းတရား
ဒေါသကို ... ကြောက်ကြပါ။
ဒေါသကို ... ကြောက်ခြင်းက
ပို အရေးကြီးပါတယ်။

ဒေါသကို ပါယ်ခွါဖို့
ဝိပဿနာကို ပြတာ။
သတ်သတ် ပါယ်ခွါစရာ မလိုဘူး။

ကျင့်သာ … ကျင့်
သတိပဌါန်တရား လေးပါးနဲ့ ကျင့်ရင်
ဒေါသ … ငြိမ်းကို ငြိမ်းပါတယ်။

* ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး
#ဦးသီရိဓမ္မ (ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏

#ကုသိုလ်ကောင်းမှုများကို
မမေ့မလျော့ ပြု နိုင်ကြပါစေ။
🙏🙏🙏🙏🙏🙏🙏

17/01/2026

လောကီမှာ ,,,
အဖော် အ‌ပေါင်း အသင်းနဲ့ နေမယ်ဆိုရင်
ကျင့်ဆောင်ရမယ့် 'တရား' (၄) မျိုးရှိတယ် ။ 🌿

၁။ ပေးကမ်းရမယ် ။ 🌿
၂။ ကြင်နာတဲ့စကားပြောရမယ် ။ 🌿
၃။ ကူညီဆောင်ရွက်ပေးရမယ် ။ 🌿
၄။ တန်းတူထားပြီးဆက်ဆံရမယ်။ 🌿
မြတ်ဗုဒ္ဓက ဒီအတိုင်းဆုံးမညွှန်ပြခဲ့တယ် ။🌿

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ🙏

❝ ရှင်အာနန္ဒာကို တရားထူးရစေတဲ့ တရားတစ်ပုဒ် ❞ ရှင်အာနန္ဒ သာ၀တ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့အချိန် ဓမ္မကထိက ...
03/01/2026

❝ ရှင်အာနန္ဒာကို တရားထူးရစေတဲ့

တရားတစ်ပုဒ် ❞

ရှင်အာနန္ဒ သာ၀တ္ထိပြည်

ဇေတ၀န်ကျောင်းတော်မှာ

သီတင်းသုံးနေတဲ့အချိန်

ဓမ္မကထိက အရာမှာ ဧတဒဂ်ရတဲ့

ရှင်ပုဏ္ဏရဲ့ တရားကို နာပြီးတော့

ရှင်အာနန္ဒ သောတာပန် ဖြစ်လာပါတယ်။

ရှင်အာနန္ဒက ရဟန်းတွေကို

ပြန်ပြောပြပါတယ် ...

“ငါ့ရှင်တို့၊ အရှင်ပုဏ္ဏဟာ တို့အဖို့

အလွန်ကျေးဇူး ကြီးမားတဲ့ ပုဂ္ဂိုလ်ပါ၊

ဒို့လို သာသနာ့ဘောင် ၀င်လာခါစ

ရဟန်းငယ်တွေ အတွက်

အင်မတန်မှ အားကိုးရတဲ့ ပုဂ္ဂိုလ်ပဲ။

တို့တစ်တွေဟာ အရှင်ပုဏ္ဏက တရားကို

အသေးစိတ်ရှင်းပြတာနာရလို့

တရားထူး တရားမြတ်ရခဲ့ကြတယ်”လို့

ရှင်းပြပြီး... အရှင်ပုဏ္ဏက

ဘယ်လို တရားဟောခဲ့သလဲ ဆိုတာ

ဆက်ပြီးရှင်းပြပါတယ်။

အရှင်ပုဏ္ဏ ဟောခဲ့တဲ့ တရားက -

“ဥပါဒါယ အာဝုသော အသ္မီတိ ဟောတိ

နော အနုပါ ဒါယ” တဲ့။

ရိုးရိုးရှင်းရှင်းလေးပါ။

“ငါ ဆိုတဲ့ အတွေးဟာ

တစ်စုံတစ်ခုကို မှီပြီးတော့မှ

ပေါ်လာတာပါ။

အမှီမရှိဘဲ၊ အမှီမပြုဘဲ မပေါ်ပါ” တဲ့။

လောကလူတွေရဲ့ ငါဆိုတဲ့ အတွေး၊

ငါ့ဟာဆိုတဲ့ အတွေးဟာ

ဘာကိုစွဲမှီပြီးတော့

တွေးနေကြတာလဲ ဆိုရင် ..

အရှင်ပုဏ္ဏက ရှင်းပြပုံက -

“ငါ့ရှင် အာနန္ဒ၊ ငါဆိုတဲ့ အတွေးဟာ

စွဲမှီပြီးတော့ ပေါ်လာတာ၊

မစွဲမှီဘဲ ပေါ်လာတာ မဟုတ်။

ဘာကို စွဲမှီပြီး ပေါ်လာတာလဲ ဆိုရင်

ဟောဒီ ခန္ဓာငါးပါးကို စွဲမှီပြီး

ပေါ်လာတာ ဖြစ်ပါတယ်။

- ရုပ်ကို စွဲမှီပြီးတော့ ငါဆိုတဲ့ အတွေး

ပေါ်လာတယ်။

- ခံစားချက်ကို စွဲမှီပြီးတော့

ငါဆိုတဲ့ အတွေး ပေါ်လာတယ်။

- စိတ်ထဲက မှတ်သားမှုဆိုတဲ့

အမှတ်သညာကို စွဲမှီပြီးတော့

ငါဆိုတဲ့အတွေး ပေါ်လာတယ်။

- အေး ကြံတွေးခြင်း၊ သိခြင်း စတဲ့

စိတ်ရဲ့ လှုပ်ရှားမှုဆိုတဲ့

သင်္ခ ါရတွေကို စွဲမှီပြီးတော့

ငါဆိုတဲ့ အတွေး ပေါ်လာတာ ဖြစ်ပါတယ်။

- အသိစိတ်ဆိုတဲ့ ဝိညာဏ်ကို စွဲမှီပြီးတော့

ငါဆိုတဲ့အတွေး ပေါ်လာတာ ဖြစ်တယ်။

အဲဒီ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊

ဝိညာဏ္ လို့ဆိုတဲ့

ခန္ဓာငါးပါးကို မမှီဘဲနဲ့

ငါဆိုတဲ့အတွေး မပေါ်နိုင်ပါ။

ခန္ဓာငါးပါးဟာ လောကလူတွေ

ငါလို့ ထင်မှတ်စရာပဲ။

“ငါ” ဆိုတဲ့အတွေးဟာ

မာနအတွေး၊

“ငါ့ဟာ” ဆိုတဲ့ အတွေးဟာ

တဏှာအတွေး။

အဲဒီ တဏှာ၊ မာန ဆိုတဲ့

ဒီမှားယွင်းနေတဲ့ အတွေးတွေဟာ

မိမိတို့ သန္တာန်မှာရှိတဲ့

ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊

ဝိညာဏ်တို့ကို စွဲမှီပြီး

ဖြစ်ပေါ်လာတဲ့ အတွေးတွေ ဖြစ်ပါတယ်။

ဥပမာနဲ့ ရှင်းပြပုံက -

“လူငယ်လူရွယ်တွေဟာ

ကိုယ့်ကိုယ်ကိုယ် အလှပြင်တဲ့အနေနဲ့

ကြေးမုံတို့၊ မှန်ပြင်တို့မှာ ကြည့်ကြတယ်။

အဲဒီ ကြေးမုံ၊ မှန်ပြင်ကို ကြည့်ပြီး

မိမိရဲ့မျက်နှာရိပ်ကို

အပြစ်အနာအဆာ

ရှိတယ်၊ မရှိဘူးဆိုတာကို

ဆင်ခြင်သုံးသပ်ကြတယ်။

အဲဒီလို ဆင်ခြင်သုံးသပ်ရတဲ့

မျက်နှာပုံရိပ်ကလေးဟာ

မှန်ဆိုတဲ့ မှီရာမရှိဘဲနဲ့ ပေါ်လာပါ့မလား ?

မပေါ်နိုင်ပါ။

မှန်ဆိုတဲ့ မှီရာကိုမှီပြီး

အရိပ်ဆိုတာ ပေါ်လာတာဖြစ်တယ်။

ထို့အတူ ...

“ငါ”ဆိုတဲ့ အတွေးဟာလည်းပဲ

ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊

ဝိညာဏ်လို့ဆိုတဲ့ မိမိသန္တာန်မှာရှိတဲ့

ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို

မှီပြီးတော့သာ ပေါ်လာရတာပါ”လို့

အရှင်ပုဏ္ဏ က ရှင်းပြပါတယ်။

ဒါကြောင့် တရားချစ်ခင်

ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း

“ငါ”ဆိုတဲ့ အတွေးဟာလည်းပဲ

ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊

ဝိညာဏ်လို့ဆိုတဲ့ မိမိသန္တာန်မှာရှိတဲ့

ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို

မှီပြီးတော့မှသာ ပေါ်လာရတာပါ”လို့

ကိုယ်စီကိုယ်ငှ နားလည်သဘောကျပြီး...

ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့

တရားထူး တရားမြတ်ရအောင်

ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ

ကုန်သတည်း ...။

🙏🙏🙏

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

ဟောကြားအပ်သော

“အရှင်အာနန္ဒ၏ ဝိပဿနာ”

တရားဒေသနာတော်မှ

ကောက်နုတ်ရေးသား ပူဇော်ပါသည်။

(ဓမ္မလက်ဆောင်)

Credit

🙏ဓမ္မဒါန🙏ပြန်လည်မျှဝေကုသိုလ်ပြုပါ၏🙏

Credit 🙏🙏🙏



#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်.

ရဟန်းကျင့်ဖွယ်၂၂၇ သွယ် အကျဉ်း °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°      {ပါရာဇိက ၄ ပါး }၁ ။ မေထုန်မကျင့်ရ၂ ။ သူတပါးဥစ္စာမခို...
29/12/2025

ရဟန်းကျင့်ဖွယ်၂၂၇ သွယ် အကျဉ်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

{ပါရာဇိက ၄ ပါး }
၁ ။ မေထုန်မကျင့်ရ
၂ ။ သူတပါးဥစ္စာမခိုးရ
၃ ။ လူမသတ်ရ မသတ်ခိုင်းရ
၄ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ ။

{သံဃဒိသိသ် ၁၃ ပါး }
၅ ။ သုတ်မလွှတ်ရ
၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ
၇ ။ အမျိုးသမီးနှင့်ညစ်ညမ်းရုန့်ရင်း စကားမပြောရ
၈ ။ မေထုန် အလှူမခံရ
၉ ။ မအောင်သွယ်ရ
၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ
၁၁ ။ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ
၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ
၁၃ ။ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ
၁၄ ။ သံဃာကို သင်းမခွဲရ
၁၅ ။ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ
၁၆ ။ ဝိနည်းကံ နှင့်အညီ ဆုံးမသည်ကို လိုက်နာရမည်
၁၇ ။ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်တို့ကို မပြုရ ။ ဆုံးမသည်ကို လိုက်နာရမည်။

{ အနိယတ ၂ ပါး (ပါသံစိတ် သံစိတ်) }
၁၈ ။ မျက်ကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်းမနေရ
၁၉ ။ နားကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ

{ နိဿဂ္ဂိပါစိတ် ၃၀ ပါး }
၂၀ ။ သင်္ကန်းကို အဓိဌာန် ဝိကပ္ပနာမပြုဘဲ (၁၀)ရက်မလွန်စေရ။
၂၁ ။ တိစိဝရိတ်သင်္ကန်းနှင့် ညဉ့်ကင်း၍ မနေရ။
၂၂ ။ ကထိန်ခေတ်မှ လွန်၍ရသော သင်္ကန်းကို တစ်လအတွင်းအဓိဌာန်တင်ရမည်။
၂၃ ။ ဆွေမျိုးမတော်သော ရဟန်းမကို သင်္ကန်းမဖွတ်စေရ။
၂၄ ။ ဆွေမျိုးမတော်သော ရဟန်းမ၏သင်္ကန်းကို အလှူမခံရ။
၂၅ ။ ဆွေမျိုးမတော်သောသူကို သင်္ကန်းတောင်းခွင့်မရှိဘဲ မတောင်းရ။
၂၆ ။ သင်္ကန်းတောင်းခွင့်ရှိသော်လည်း နှစ်ထည်ထက် ပိုမတောင်းရ။
၂၇ ။ ဒါယကာတို့ ခန့်မှန်းသည်ထက် သင်္ကန်းဖိုး မစီရင်ရ။
၂၈ ။ ဒါယကာနှစ်ဦး၏ သင်္ကန်းကို ရည်မှတ်သည်ထက် မစီရင်စေရ။
၂၉ ။ သင်္ကန်းဖိုးကို သုံးကြိမ်တောင်း၍ ခြောက်ကြိမ်ထက် ပိုမရပ်ရ။
၃၀ ။ ပိုးနှင့်ချည်ရောလျှင် အခင်းမပြုရ။
၃၁ ။ အမည်း၊ အနက် သိုးမွေးကို အခင်းမပြုရ။
၃၂ ။ သိုးမွေးအမည်းကို လေးဖို့နှစ်ဖို့ထက် မပိုစေရ။
၃၃ ။ သိုးမွေးအခင်းကို သမုတိမရဘဲ (၆)နှစ်အတွင်း မပြုရ။
၃၄ ။ အဆာနှင့် နိသိဒိုင်ကို အခင်းဟောင်းမှ တစ်ထွာမသွင်းဘဲ မပြုရ။
၃၅ ။ သိုးမွေးကို ကပ္ပိယမရှိဘဲ သုံးယူဇနာထက် လွန်၍မယူရ။
၃၆ ။ ဆွေမျိုးမတော်သည့် ရဟန်းမကို သိုးမွေးမဖွတ်ခိုင်းရ။
၃၇ ။ ရွှေ၊ ငွေတို့ကို မကိုင်ခံရ။
၃၈ ။ အရောင်းအဝယ် မပြုရ။
၃၉ ။ အလဲ အလှယ် မပြုရ။
၄၀ ။ အဓိဌာန်မတင်ဘဲ (၁၀)ရက်လွန်သော သပိတ်ကို မသုံးရ။
၄၁ ။ သပိတ်အကွဲ (၅)ကွဲမရှိဘဲ သပိတ်မတောင်းရ။
၄၂ ။ ထောပတ်၊ ဆီ၊ ပျား၊ တင်လဲတို့ကို (၇)ရက်ထက် ပိုမထားရ။
၄၃ ။ မိုးရေခံသင်္ကန်းကို (၄)လထက် ပိုမဆောင်ရ
၄၄ ။ ပေးထားသောသင်္ကန်းကို စိတ်ဆိုး၍ ပြန်မတောင်းရ။
၄၅ ။ ချည်ကိုတောင်း၍ မယက်ခိုင်းရ။
၄၆ ။ အမျိုးတော်ခြင်း ဖိတ်ခြင်းမရှိဘဲ ရည်မှန်းကာမျှ သင်္ကန်းကို ဝင်၍မစီရင်အပ်။
၄၇ ။ သင်္ကန်းကာလကို (၅)ရက်ထက် မလွန်ရ။
၄၈ ။ သမ္မုတိမရဘဲ တိစီဝရိတ်သင်္ကန်းနှင့်(၆) ညဉ့်အကင်းရ။
၄၉ ။ သံဃာညီညွတ်ပြီးသား လာဘ်ကို မိမိသို့ မညွတ်စေရ။

{ သုဒ္ဓပါစိတ် (၉၂)ပါး}
၅၀ ။ မုသားမပြောရ။
၅၁ ။ မဆဲရ။
၅၂ ။ ကုန်းမတိုက်ရ။
၅၃ ။ လူ၊ သာမဏေနှင့် ပုဒ်ပြိုင်စာမချရ။
၅၄ ။ တစ်ကျောင်းတည်း၌လူ၊ သာမဏေနှင့် (၃)ညဉ့်ထက် မအိပ်ရ။
၅၅ ။ မာတုဂါမနှင့် တစ်ကျောင်းတည်းမအိပ်ရ။
၅၆ ။ မာတုဂါမနှင့် နှစ်ယောက်ချင်း(၆) ခွန်းထက် မဟောရ။
၅၇ ။ မိမိရသော စျာန်၊ မဂ်၊ ဖိုလ်ကို လူ၊သာမဏေအား မပြောရ။
၅၈ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်ကို လူ၊ သာမဏေအား မပြောရ။
၅၉ ။ မြေကိုမတူးရ။
၆၀ ။ သစ်ပင်မခုတ်ရ။
၆၁ ။ ရဟန်းတစ်ပါးမေးသည်ကို ပြန်၍မပြောဘဲ မနေရ။
၆၂ ။ သမ္မုတိရသောရဟန်းကို မရှုပ်ချအပ်။
၆၃ ။ သံဃိကညောင်းစောင်းကို အပြင်မှာမထားအပ်။
၆၄ ။ သံဃိကအိပ်ရာကို အထဲမှာမထားဘဲ မသွားရ။
၆၅ ။ သံဃိကကျောင်း၌ အိပ်နေသော ရဟန်းကို နှိုး၍ မအိပ်ရ။
၆၆ ။ သံဃိကကျောင်းမှ အမျက်ထွက်၍ နှင်မထုတ်ရ။
၆၇ ။ စို့မရိုက်သော ညောင်စောင်းကို မထိုင်ရ။
၆၈ ။ စိမ်းစိုသော ကောက်ပဲမရှိရာ၌ အမိုးသုံးဆင့်ထက်ပို၍ အင်္ဂတေ မလိမ်းကျံရ။
၆၉ ။ ပိုးရှိသော ရေကို မြေပေါ်၊ မြက်ပေါ်သို့ မသွန်ရ။
၇၀ ။ သမ္မုတိမရဘဲနှင့် ရဟန်းမအား မဆုံးမရ။
၇၁ ။ သမ္မုတိရသော်လည်း နေဝင်လျှင် မဆုံးမရ။
၇၂ ။ မနာဖျားဘဲ ရဟန်းမတို့၏ ကျောင်းသို့ သွား၍ မဆုံးမအပ်။
၇၃ ။ ရဟန်းမများအား ဆုံးမသော မထေရ်ကြီးများကို မကဲ့ရဲ့အပ်။
၇၄ ။ ရဟန်းမကို သင်္ကန်းမပေးအပ်။
၇၅ ။ ရဟန်းမကို သင်္ကန်းချုပ်မပေးရ။
၇၆ ။ ရဟန်းမနှင့်တိုင်ပင်၍ ခရီးမသွားရ။
၇၇ ။ ရဟန်းမနှင့်တိုင်ပင်၍ လှေမစီးရ။
၇၈ ။ ရဟန်းမ စီစဉ်သောဆွမ်း မစားရ။
၇၉ ။ အမျိုးသမီးနှင့်နှစ်ယောက်ချင်း မနေရ။
၈၀ ။ ဧည့်သည်အတွက်ဆွမ်းကို တစ်ကြိမ်ထက်ပို၍မစားရ။
၈၁ ။ ရဟန်း(၄)ပါး ထိုင်နေသည့်အခါ၌ ထမင်းစားဖိတ်လျှင် မစားရ။
၈၂ ။ ရှေးဦးဒါယကာ၏ ဆွမ်းကို မစားဘဲ နောက်ဆွမ်းကို မစားရ။
၈၃ ။ လက်ဆောင်မုန့်များ သုံးသပိတ်ထက် ပိုအလှူမခံရ။
၈၄ ။ စားနေတုန်း ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တို့ကို ပယ်လျှင် နောက်ထပ်မစားရ။
၈၅ ။ ပဝါရိတ်သင့်သော ရဟန်းအား စွပ်စွဲလို၍ ဆွမ်းစားမဖိတ်ရ။
၈၆ ။ နေလွဲသောအခါ ညစာမစားရ။
၈၇ ။ သိုမှီးထား၍ ဘောဇဉ်ကို မစားရ။
၈၈ ။ မနာမဖျားဘဲ မွန်မြတ်သောဘောဇဉ်ကို တောင်းမစားရ။
၈၉ ။ အကပ္မခံဘဲ ဘာကိုမျွမစားရ။
၉၀ ။ ပရိဗိုရ်ကို ဘောဇဉ်မပေးရ။
၉၁ ။ ဆွမ်းခံရာ၌ မာတုဂါမနှင့် စကားပြောလို၍ အဖော်ရဟန်းကို ပြန်မလွှတ်ရ။
၉၂ ။ အကြင်လင်မယား အခန်း၌ မနေရ။
၉၃ ။ မျက်စိကွယ်ရာ၌ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၉၄ ။ နားကွယ်ရာမှ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၉၅ ။ ဆွမ်းစားပင့်ဖိတ်သော အိမ်မှတပါး အခြားအိမ်သို့ မလှည့်ရ။
၉၆ ။ ဆေးပစ္စည်းကို ဖိတ်ကြားထားသည်ထက် လွန်၍ မတောင်းရ။
၉၇ ။ အဂါင်္(၄)ပါးရှိသော စစ်ဒရိန်းပြရာသို့ သွား၍ မကြည့်ရ။
၉၈ ။ အကြောင်းရှိ၍ စစ်မြေပြင်သို့ သွားသော် (၇)ရက်ထက် မလွန်ရ။
၉၉ ။ စစ်ဆင်ရာအရပ်သို့ မသွားရ။
၁၀၀ ။ ယစ်မျိုးငါးပါး မသောက်ရ။
၁၀၁ ။ ရဟန်းချင်း ချိုင်းထိုး မကျီစားရ။
၁၀၂ ။ ရေထဲမှာ မကစားရ။
၁၀၃ ။ သိက္ခာကြီး၊ ဝါတော်ကြီးကို မရိုမသေမနေရ။
၁၀၄ ။ ရဟန်းချင်း မလှန့် မခြောက်ရ။
၁၀၅ ။ ရဟန်းသည် မနာမဖျားဘဲ မီးမမွေးရ။
၁၀၆ ။ မဇ္ဈိမဒေသ၌နေသော ရဟန်းသည်(၁၅)ရက်တစ်ကြိမ် ရေချိုးရမည်။
၁၀၇ ။ ဗိန္ဓုမထိုးဘဲ သင်္ကန်းမဝတ်ရ။
၁၀၈ ။ ဝိကပ္ပနာပြုသည့် သင်္ကန်းကို ဝိကပ္ပနာမပြန်ဘဲ မသုံးရ။
၁၀၉ ။ ပရိက္ခရာရှစ်ပါးကို မဝှက်ရ၊ မကျီစားရ။
၁၁၀ ။ ပိုး၊ တိရစ္ဆာန်တို့ကို မသတ်ရ။
၁၁၁ ။ ပိုးရှိသော ရေကို မသောက်ရ။
၁၁၂ ။ ငြိမ်းအေးပြီးသော အဓိကရုဏ်းကို မချောက်ချားစေရ။
၁၁၃ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်အာပတ်ကို မဖုံးကွယ်ရ။
၁၁၄ ။ အသက်(၂၀)မပြည့်သောသူအား ရဟန်းမခံစေရ။
၁၁၅ ။ ခိုးသား၊ ဓားပြနှင့် တိုင်ပင်၍ ခရီးမသွားရ။
၁၁၆ ။ အမျိုးသမီးများနှင့် တိုင်ပင်၍ ခရီးမသွားရ။
၁၁၇ ။ မိစဆွာဒိဌိဝါဒမှားကို မယူရ။
၁၁၈ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သောရဟန်းနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။
၁၁၉ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သော သာမဏေနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။
၁၂၀ ။ ဝိမည်းဓိုရ်များ၏ စကားကို ရိုသေစွာ နားထောင်ရမည်။
၁၂၁ ။ သိက္ခာပုဒ်များကို မကဲ့ရဲ့ရ။
၁၂၂ ။ ပါတိမောက်ပြရာ၌ ပြောင်လှောင်မှုမပြုရ။
၁၂၃ ။ ရဟန်းချင်း မရိုက်နှက်ရ။
၁၂၄ ။ ရဟန်းကို လက်ဖြင့်မရွယ်ရ။
၁၂၅ ။ လူ၊ သာမဏေတို့ကိုလည်း မရိုက်နှက်ရ။
၁၂၆ ။ ရဟန်းကို နှလုံးမသာအောင်မပြောရ။
၁၂၇ ။ ရဟန်းချင်း ရန်ဖြစ်နေသည်ကိုချောင်း၍ နားမထောင်ရ။
၁၂၈ ။ ဆန္ဒမဲပေးပြီး မကဲ့ရဲ့ရ။
၁၂၉ ။ ဝိနည်းကံကို ဆန္ဒမပေးဘဲ မသွားရ။
၁၃၀ ။ တိုင်ပင်၍ သင်္ကန်းပေးပြီးမှ မကဲ့ရဲ့ရ။
၁၃၁ ။ သံဃာအား ညီညွတ်ပြီးသောလာဘ်ကို ပုဂ္ဂိုလ်သို့ မညွတ်စေရ။
၁၃၂ ။ မင်း၊ မိဖုရား အိပ်ခန်းထဲသို့ မဝင်ရ။
၁၃၃ ။ကျောင်းအရံအပြင်ဘက် ရတနာကို မကောက်ရ။
၁၃၄ ။ ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ နေလွဲ ရွာဝင် မသွားရ။
၁၃၅ ။ ဆင်စွယ်ကို အပ်ကျည်မလုပ်ရ။
၁၃၆ ။ တစ်တောင့်ထွာထက်ပိုမြင့်သော ညောင်စောင်း၌ မအိပ်ရ။
၁၃၇ ။ ညောင်စောင်းထဲမှာ လဲထည့်၍ မလုပ်ရ။
၁၃၈ ။ အလျားနှစ်ထွာ၊ အနံတစ်ထွာခွဲ၊ အဆာတစ်ထွာထက်ပို၍ နိသိဒိုင် မပြုလုပ်ရ။
၁၃၉ ။ အမာလွှမ်းသင်္ကန်းကို အလျား(၄)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၁၄၀ ။ မိုးရေခံ သင်္ကန်းကို အလျား (၆)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၁၄၁ ။ ဘုရားသင်္ကန်း ပမာဏကို မပြုရ။

{ပါဋိဒေသနီ(၄)ပါး }
၁၄၂ ။ ရဟန်းမ၏ ဘောဇဉ်ကို မိမိလက်ဖြင့် မယူရ။
၁၄၃ ။ ဒါယကာများ ဆွမ်းကျွေးရာ ရဟန်းမများ ဝင်၍စီစဉ်လျှင် မောင်းမဲတားမြစ်ရမည်။
၁၄၄ ။ သမ္မုတိရသော သေက္ခအိမ်ကို ဆွမ်းမခံရ။
၁၄၅ ။ ဘေးရန်ရှိသည်ကို မပြောကြားဘဲ အရံတွင်း၌ မိမိလက်ဖြင့် ဘောဇဉ်မခံယူအပ်။

{သေခိယ (၇၅)ပါး}
၁၄၆ ။ သင်္ကန်းကို ညီညီဝတ်ရမည်။
၁၄၇ ။ သင်္ကန်းကို ညီညီရုံရမည်။
၁၄၈ ။ လည်၊ လက်ကောက်ဝတ်ဖုံးလျက် ရွာထဲသွားရမည်။
၁၄၉ ။ လည်၊ လက်ကောက်ဝတ်ဖုံးလျက် ရွာထဲမှာနေရမည်။
၁၅၀ ။ မျက်စိဣနြေ္ဒစောင့်၍ ရွာထဲမှာ သွားရမည်။
၁၅၁ ။ မျက်စိဣနြေ္ဒစောင့်၍ ရွာထဲမှာနေရမည်။
၁၅၂ ။ မျက်လွှာချ၍ ရွာထဲမှာသွားရမည်။
၁၅၃ ။ မျက်လွှာချ၍ ရွာထဲမှာ နေရမည်။
၁၅၄ ။ သင်္ကန်းကိုပင့်၍ ရွာထဲမှာ မနေရ။
၁၅၅ ။ သင်္ကန်းကို ပင့်၍ ရွာထဲမှာ မသွားရ။
၁၅၆ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မသွားရ။
၁၅၇ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မနေရ။
၁၅၈ ။ ရွာထဲမှာ ကျယ်ကျယ် စကားပြော၍ မသွားရ။
၁၅၉ ။ ရွာထဲမှာ ကျယ်ကျယ်စကားပြော၍ မနေရ။
၁၆၀ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မသွားရ။
၁၆၁ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မနေရ။
၁၆၂ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍ မသွားရ။
၁၆၃ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍ မနေရ။
၁၆၄ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မသွားရ။
၁၆၅ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မနေရ။
၁၆၆ ။ ရွာထဲမှာ ခါးထောက်လျက် မသွားရ။
၁၆၇ ။ ရွာထဲမှာ ခါးထောက်လျက် မနေရ။
၁၆၈ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍ မသွားရ။
၁၆၉ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍ မနေရ။
၁၇၀ ။ ရွာထဲမှာ ခြေဖျားထောက်၍ မသွားရ။
၁၇၁ ။ ရွာထဲမှာ လက်ဖြင့် ဒူးကိုပိုက်၍၎င်း၊ သင်္ကန်းပတ်၍၎င်း မနေရ။
၁၇၂ ။ မရိုမသေ ဆွမ်းမခံရ။
၁၇၃ ။ သပိတ်၌ အမှတ်ထား၍ ဆွမ်းခံရမည်။
၁၇၄ ။ လေးပုံတစ်ပုံ ထက်ပို၍ ဆွမ်းဟင်းမခံရ။
၁၇၅ ။ သပိတ်အနားရေးထက်ပို၍ ဆွမ်းမခံရ။
၁၇၆ ။ ဆွမ်းကိုရိုသေစွာ စားရမည်။
၁၇၇ ။ သပိတ်ထဲ၌ အမှတ်မထားဘဲ မထားရ။
၁၇၈ ။ ဆွမ်းကို အစဉ်လိုက် စားရမည်။
၁၇၉ ။ ဆွမ်း၏ လေးပုံတစ်ပုံထက်ပို၍ ဆွမ်းဟင်းကို မစားရ။
၁၈၀ ။ ဆွမ်းဦးကို နှိပ်၍ မစားရ။
၁၈၁ ။ ဟင်းလျာများကို ဆွမ်းနှင့်ဖုံး၍ မစားရ။
၁၈၂ ။ မနာဖျားဘဲ ဟင်းလျာတောင်း၍ မစားရ။
၁၈၃ ။ ကဲ့ရဲ့လို၍ သူတစ်ပါးသပိတ်ကို မကြည့်ရ။
၁၈၄ ။ ဆွမ်းလုတ်ပမာဏထက် မလွန်ရ။
၁၈၅ ။ ဆွမ်းလုတ်ကို အဝန်းညီအောင်ပြု၍ စားရမည်။
၁၈၆ ။ ဆွမ်းမရောက်ခင် ခံတွင်းမဖွင့်ရ။
၁၈၇ ။ ဆွမ်းစားလျက် ခံတွင်းဖွင့်ထားခြင်း မပြုရ။
၁၈၈ ။ ဆွမ်းစားလျက် စကားပြောခြင်း မပြုရ။
၁၈၉ ။ ဆွမ်းလုတ်ကို မြောက်၍မစားရ။
၁၉၀ ။ ဆွမ်းလုတ်ကို ဖြတ်၍မစားရ။
၁၉၁ ။ ပါးစောင်၌ ဆွမ်းလုတ်ငုံ၍ မစားရ။
၁၉၂ ။ ဆွမ်းစားရင်း လက်မခါရ။
၁၉၃ ။ ဆွမ်းလုံးကို ကြဲ၍ မစားရ။
၁၉၄ ။ လျှာထုတ်၍ ဆွမ်းစားခြင်း မပြုရ။
၁၉၅ ။ ပျတ်ပျတ်မြည်အောင် ဆွမ်းမစားရ။
၁၉၆ ။ ရှုပ်ရှုပ်မြည်အောင် ဆွမ်းမစားရ။
၁၉၇ ။ လက်ကိုလျှက်၍ ဆွမ်းမစားရ။
၁၉၈ ။ သပိတ်ကိုခြစ်၍ ဆွမ်းမစားရ။
၁၉၉ ။ နှုတ်ခမ်းကိုလျက်၍ ဆွမ်းမစားရ။
၂၀၀ ။ ဆွမ်းလုံးပေကျံသောလက်နှင့် ရေခွက်ကို မကိုင်ရ။
၂၀၁ ။ သပိတ်ဆေးရေကို ရွာထဲမှာ မသွန်ရ။
၂၀၂ ။ ထီး လက်၌ရှိသောသူကို တရားမဟောရ။
၂၀၃ ။ တုတ်လက်၌ရှိသောသူကို တရားမဟောရ။
၂၀၄ ။ ဓား လက်၌ရှိသောသူကို တရားမဟောရ။
၂၀၅ ။ လေး လက်၌ရှိသောသူကို တရားမဟောရ။
၂၀၆ ။ ခြေနင်းစီးထားသောသူကို တရားမဟောရ။
၂၀၇ ။ ဖိနပ်စီးထားသောသူကို တရားမဟောရ။
၂၀၈ ။ ယာဉ်စီး၍နေသောသူကို တရားမဟောရ။
၂၀၉ ။ အိပ်ရာနေရာ၌ နေသောသူကို တရားမဟောရ။
၂၁၀ ။ အာယောဂပတ်ဖွဲ့သူကို တရားမဟောရ။
၂၁၁ ။ ဦးရစ်ခေါင်းပေါင်းထားသူကို တရားမဟောရ။
၂၁၂ ။ အိပ်ရာနေရာထက်၌ နေသောသူကို တရားမဟောရ။
၂၁၃ ။ ခေါင်းမြီးခြုံထားသူကို တရားမဟောရ။
၂၁၄ ။ နိမ့်ရာကနေ၍ မြင့်ရာ၌ နေသောသူကို တရားမဟောရ။
၂၁၅ ။ ရပ်လျက် ထိုင်နေသောသူကို တရားမဟောရ။
၂၁၆ ။ ရှေ့ကသွားသောသူကို နောက်ကလိုက်၍ တရားမဟောရ။
၂၁၇ ။ လမ်းကိုသွားသောသူကို လမ်းမဟုတ်ရာက တရားမဟောရ။
၂၁၈ ။ မတ်တတ်ရပ်လျက် ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ။
၂၁၉ ။ မြက်၊သစ်ပင်ရှိရာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး မစွန့်ရ။
၂၂၀။ ရေထဲမှာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး မစွန့်ရ။(နာဖျားသော ပုဂ္ဂိုလ်တို့ကိုမူ ဟောပြောတရားပြခြင်း၊ နာဖျားချိန်၌ ကျင်ကြီး၊ ကျင်ငယ်၊ တံတွေး စွန့်ပစ်ခြင်းတို့ကို ခွင့်ပြုပါသည်။)

{အဓိကရဏ သမထ(၇) ပါး}
၂၂၁ ။ သံဃာဝတ္ထု၏ ဟုတ်မှန်ခြင်း၊ ဓမ္မဝိနည်း ပုဂ္ဂိုလ်တို့၏ မျက်မှောက်ရှိသည်၏ အဖြစ်ဟူသော သမ္မုခါဝိနည်း။
၂၂၂ ။ ရဟန္တာပုဂ္ဂိုလ်အား ပေးအပ်သော သတိဝိနည်း။
၂၂၃ ။ ရူးသောရဟန်းအား ပေးအပ်သော အမူဠဝိနည်း။
၂၂၄ ။ ဝန်ခံသဖြင့် ငြိမ်းစေအပ်သော ပဋိညာတကာရေတဗ္ဗဝိနည်း။
၂၂၅ ။ ဓမ္မဝါဒီ ရဟန်းများရာသို့လိုက်၍ ပြုအပ်သော ယေဘုယျဝိနည်း။
၂၂၆ ။ ယုတ်မာသောရဟန်းအား ပေးအပ်သော တဿပါပိယသိကဝိနည်း။
၂၂၇ ။ မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့သော တိဏဝတ္တာရကဝိနည်း။

ကျမ်းမှီး
၁ ။ ဘုရားဥပဒေတော်ကြီး၊ "အရှင်ဇနကာဘိဝံသ"။
၂ ။ ပါတိမောက်ဘာသာဋီကာ၊ "အရှင်ဇနကာဘိဝံသ"။
၃ ။ နိဗ္ဗာန်လမ်းညွှန်ကျမ်း၊ "ဘဒ္ဒန္တပညာသာရ"။
၄ ။ ဝိနည်းတော် ဥပဒေတော်ကြီး၊
"အရှင်ဩဘာသ"။
၅ ။ ဖားအောက်တောရ ဆရာတော်ကြီး၏ ဝိနည်းဥပဒေဆိုင်ရာ ဟောကြားတိတ်ခွေများ။
ဓမ္မဒါန ......မှ ကူးယူဖော်ပြပါသည်။

ဝိနည်းတော်ထဲ မပါဘဲ ဒေဝဒတ်၏ ဘုရားထံ တောင်းဆိုသော ဥပဒေများကို အောက်တွင်ဖော်ပြလိုက်ပါသည်။

ဒေဝဒတ် တောင်းဆိုသော အချက် ၅ ချက်
၁ ။ သံဃာတော်များ အားလုံး ကပ်လှူဆွမ်းအစား တသက်လုံး ဆွမ်းခံသာစားရန်။
၂ ။ သံဃာတော်များ အားလုံး လှူသင်္ကန်းအစား တသက်လုံး ပံ့သကူသာဝတ်ရန်။
၃ ။ သံဃာတော်များ အားလုံး ကျောင်းတိုက်အစား တသက်လုံး သစ်ဝါးရိပ်တွင်သာ သီတင်းသုံးရန်။
၄ ။ သံဃာတော်များ အားလုံး တသက်လုံး သင်္ကန်းသုံးထည်ထက်ပို မထားရန်။
၅ ။ သံဃာတော်များ အားလုံး တသက်လုံး သက်သတ်လွတ် ဆွမ်းဟင်းများသာ စားရန်။
ဒီအကွက်မှာ အထူး သတိထားရမှာက သံဃာအားလုံးရယ် တသက်လုံးရယ်လို့
အဲဒီ နှစ်ခုကြောင်သာ ခွင်မပြုတာပါ။

အချိုတွေက သံဃာအားလုံး ဝါးဟရ မထည် မရေ
တသက်လုံး မပါတော့ အချိုအချို သူတော်ကောင်းတွေကို ပြစ်မှားကြတယ်။
ဒါကြောင် စာရေတဲ့ အခါ အဓိပ္ပါယ်ပေါ်လွင်ဖို့ လိုအပ်လာပါတယ်။

ဘုရားက အသားကြီး ဆယ်မျိုးနှင့် ရွေစူးသား
ရွေစူသားမှာ မြင်သား၊ ကြားသား၊ ယုံမှား သံသယသားလို သုံးမျိုးရှိပါတယ်။
ပံသုကု အသားဆိုတာ ဘုရားဟော အမှန် ပံသုကု အသားက သူ့အလို့လို သေနေသော အသားဖြစ်ရမယ်။

သိုမဟုတ် ကျားတို့ ခြင်္သေ့တို့ ကိုက်သက်စားပြီး ကျန်နေတဲ့ အသားမျိုးတွေ ဖြစ်ပါတယ်။

ယနေခေတ်မှာ အချို တရားဟော မပြတ်သားတာရယ်
အသားလွတ် သုံးကြတာကို မနာလို့သော အချို ပုဂ္ဂိုလ်တွေက

အစွန်ရောက် ဝါဒကို ဟောပြောကြတယ်
အသေရှာ မရှင်ပြကြပါဘူး
အသားလွတ် သုံးကြတိုင် အစွန်ရောက် ဝါဒလို မပြောမီဖို့ လိုပါတယ်
ဘာစိတ်နဲ့ ဘယ်လို နှလုံးသွင်းပြီး သုံးတဲ့ ဆိုတာ သိမှာ အဖြေရတာပါ။

အချိုသူ့တော်ကောင်းတွေက မီမီအတွက်ကြောင့် သူ့တစ်ပါး အသက်နဲ့ခန္ဓာ မပျက်စီးပါစေနဲ့
ဆိုတဲ့ မေတ္တာစိတ်ကြောင့် မစားသုံးတာဖြစ်တယ်
သနားလို မစားတာ ဖြစ်တယ်
အမျိုးမျိုးရှိပါတယ်။
📕📙📗

ဒေဝဒတ်၏ တောင်းဆိုချက် ၅ မျိုး
*********************************

၁။ ရဟန်းအားလုံး အသက်ထက်ဆုံး (တောကျောင်း၌သာ နေထိုင်သီတင်းသုံးရသော) အာရညကင်ဓုတင် ဆောက်တည်စေ၍ ရွာနီးကျောင်း (မြို့ကျောင်း) ၌ မနေစေရန် တောင်းဆိုခြင်း၊

၂။ ရဟန်းတော်များ အသက်ထက်ဆုံး အိမ်စဉ် လှည့်လည်၍ ဆွမ်းခံစားရသော ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်စေ၍ ပင့်ဖိတ်ကျွေးသော ဆွမ်း (နိမန္တနဘတ်) ကို လက်မခံစေရန် တောင်းဆိုခြင်း၊

၃။ ရဟန်းတော်များ အသက်ထက်ဆုံး ပံသုကူဓုတင်ကို ဆောက်တည်စေလျက် ပံသုကူသင်္ကန်းကိုသာ ဝတ်ရုံသုံးဆောင်၍ လူဒါယကာတို့ လှူဒါန်းသော အဝတ်သင်္ကန်းကို လက်မခံစေရန် တောင်းဆိုခြင်း၊

၄။ ရဟန်း တော်များ အသက်ထက်ဆုံး သစ်ပင်ရင်း၌သာ နေထိုင်ရသော ရုက္ခမူဓုတင်ကို ဆောက်တည် စေလျက် အမိုးအကာရှိသော ကျောင်း၌ မနေစေရန် တောင်းဆိုခြင်း၊

၅။ ရဟန်းတော်များ အသက်ထက်ဆုံး အမဲသား ငါးကို မစားစေရန် တောင်းဆိုခြင်း။

(ဝိ၊၁။၂၆၃။) (ဝိ၊၄။၃၅၉။) (ဓမ္မ၊ဋ္ဌ၊၁။၉၁။) (ဝိ၊မြန်၊၁။၂၇၈။)(ဝိ၊မြန်၊၄၊၃၆၄။)

📕📙📗

✍✍✍✍✍

စိုးမဲ့ကျီး

အရှင်ဝိသုတ

#မူရင်းရေးသားသူကိုဂါရဝပြုပြန်လည်ပူ‌ဇော်ကုသိုလ်ယူပါသည်

ကမ္ဘာတစ်သိန်း အပါယ်မလားသောကုသိုလ်၁။ ဓာတုစေတီ(ဓာတ်တော်)၂။ ဥဒ္ဒိဿကစေတီ(ဆင်းတုရုပ်ပွားတော်)၃။ ပရိဘောဂစေတီ(မြတ်စွာဘုရား၏ အသု...
11/11/2025

ကမ္ဘာတစ်သိန်း
အပါယ်မလားသောကုသိုလ်

၁။ ဓာတုစေတီ(ဓာတ်တော်)

၂။ ဥဒ္ဒိဿကစေတီ(ဆင်းတုရုပ်ပွားတော်)

၃။ ပရိဘောဂစေတီ(မြတ်စွာဘုရား၏ အသုံးအဆောင်)

၄။ ဓမ္မစေတီ( တရားတော်၊ဓမ္မစာပေ)

၅။ ပါဒစေတီ(မြတ်စွာဘုရား၏ခြေတော်ရာ)

ဤစေတီ ၅မျိုးကို ပူဇော်သူသည် သက်တော်ထင်ရှားဘုရားကို ပူဇော်ရသကဲ့သို့ စိတ်ထားတူပါက ကုသိုလ်ရတာချင်း အကျိုးပေးတာချင်း တူပါသည်။ မြန်မာပြည်တွင် ဤ စေတီ ၅မျိုးကို အလွယ်တကူ ဖူးမြင်ရနိုင်သည့်အတွက် ကံကောင်းကြပါသည်။

လွန်ခဲ့သော ကမ္ဘာတသိန်းက အတ္ထဒဿီမြတ်စွာဘုရား ပွင့်ချိန်တွင် အမျိုးကောင်းသား တယောက်သည် ဇရပ်ထဲတွင် ပန်းစေတီပြုလုပ်၍ ပူဇော်ရသည့်အကျိုးကြောင့် ကမ္ဘာ ၁သိန်းပတ်လုံး အပါယ်မလားဘဲ လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ရ၍ ဂေါတမ မြတ်စွာဘုရား လက်ထက်တွင် ပုပ္ဖထူပိယ အမည်ဖြင့် ရဟန္တာအဖြစ် ရောက်ရပါသည် ။

(ပုပ္ဖ=ပန်း +ထူပိယ=စေတီ)
တရားနာ ပရိသတ်လည်း ကမ္ဘာ တသိန်း အပါယ်မလားလိုပါက စေတီ ၅ မျိုး ကို ရိုရိုသေသေ ပူဇော်ဖို့
ဘုန်းဘုန်းက တိုက်တွန်းပါသည်။

🙏🙏🙏🙏🙏
ကျေးဇူးအရှင်
ဗန်းမော်ဆရာတော်ဘုရားကြီး

#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည်

ပါမောက္ခချုပ်ဆရာတော်ဘုရား နေပြည်တော်သို့ ခေတ္တရောက်ရှိသီတင်းသုံးနေစဉ် ရေးသားချီးမြှင့်ပေးသည့် “စိတ်စွမ်းအားကို မြှင့်တင်...
28/10/2025

ပါမောက္ခချုပ်ဆရာတော်ဘုရား နေပြည်တော်သို့ ခေတ္တရောက်ရှိသီတင်းသုံးနေစဉ် ရေးသားချီးမြှင့်ပေးသည့် “စိတ်စွမ်းအားကို မြှင့်တင်ပါ” ဩဝါဒ အဆုံးအမအားဖေါ်ပြအပ်ပါသည်။

စိတ်စွမ်းအားကို မြှင့်တင်ပါ

🔹လူတိုင်းမှာ စွမ်းအား နှစ်မျိုးရှိသည်၊ကာယစွမ်းအားနှင့် စိတ္တစွမ်းအားတို့ဖြစ်သည်။

🔹လူအများစုသည် ကာယစွမ်းအား၌သာ အလေးဂရုပြုပြီး မြှင့်တင်ဖို့ကြိုးစားကြပြီး စိတ္တစွမ်းအားကို မြှင့်တင်ရန် မေ့လျော့နေကြ၏။အနည်းငယ်သော ပုဂ္ဂိုလ်အချို့သာ စိတ္တစွမ်းအား၌ (Power of mind) အလေးဂရုပြုကာ မြှင့်တင်ကြ၏။

🔹ကာယစွမ်းအား (Power of physical body) သည် လက်ရှိဘ၀အတွက်သာ အကျိုးရှိနိုင်၏။စိတ္တစွမ်းအား(Power of mind) ကမူ ဘ၀ပေါင်းများစွာအတွက် အကျိုးရှိရုံမကထာ၀ရ အငြိမ်းဓာတ်ကို တွေ့ရှိစေနိုင်၏။

🔹ထို့ကြောင့် ဘ၀ရရှိထားသူတိုင်း ကာယစွမ်းအား လိုအပ်သလို စိတ္တစွမ်းအား မြှင့်တင်ရန်အရေးကြီးလှပေသည်။

🔹စိတ္တစွမ်းအားသည် ငါးမျိုးရှိ၏။
(၁) ယုံကြည်မှု စွမ်းအား
(၂) ရဲရင့်မှု လုံ့လ စွမ်းအား
(၃) စိတ်စိုက်မှု စွမ်းအား
(၄) စိတ်တည်ငြိမ်မှု စွမ်းအား
(၅)ဆင်ခြင်သုံးသပ်မှု စွမ်းအား
တို့သည် စိတ္တစွမ်းအားများ ဖြစ်ကြသည်။
ဤ စိတ္တစွမ်းအား ငါးမျိုးကို အသုံးပြု၍ ထာ၀ရအငြိမ်းဓာတ်ကို ရယူနိုင်သည်။

🔹ကိုယ်ကျင့်သီလ ကောင်းမွန်ရေးအတွက် ယုံကြည်မှု စွမ်းအားကို အသုံးပြုရမည်။ အဆိုးတရားကို ဖယ်ရှား၍ အကောင်းတရားကို ရယူရေးအတွက် ရဲရင့်မှု လုံ့လစွမ်းအားကို အသုံးပြုရမည်။
အသိပညာရရှိရေးအတွက် စိတ်စိုက်မှု (သတိ)စွမ်းအားကို အသုံးပြုရမည်။
အာရုံတစ်မျိုးတည်းကို ရှုမှတ်နိုင်ရေးအတွက် စိတ်တည်ငြိမ်မှုစွမ်းအားကို အသုံးပြုရမည်။
သစ္စာတရားကို သိမြင်ရေးအတွက် ဆင်ခြင်သုံးသပ်မှု (ပညာ)စွမ်းအားကို အသုံးပြုရမည်။

🔹ရရှိထားသော ဘ၀၌ အောင်မြင်မှုနှင့် ကောင်းကျိုးချမ်းသာရလိုသူတိုင်း စိတ်စွမ်းအားကို မြှင့်တင်နိုင်ဖို့ ကြိုးစားကြပါကုန်။

ပါမောက္ခချုပ်ဆရာတော်
နေပြည်တော်(ခေတ္တ)
၂၅၊၁၀၊၂၅

08/08/2025

❤ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဟောတဲ့
တစ်မိနစ် စာတရားလေးကိုနားထောင်လိုက်တဲ့အခါမှာ.. ကုသိုလ်စိတ်ဖြစ်ဖို့အတွက်အချက်လေးခုလိုပါတယ်တဲ့

Determination
Inclination
Attention
Practice

ဆိုတဲ့ လေးခုပါတဲ့

Determination
အကုသိုလ်စိတ်မဖြစ်အောင်နေမယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုး...စိတ်ပိုင်းဖြတ်မှုမျိုးရှိရပါမယ်.. ဘယ်သူ့ကိုမှ.. အမြင်မကြည်တာမျိုးမဖြစ်ဘူး ..ဖြစ်ခဲ့ရင်လည်းရှောင်သွားလိုက်မယ်..

Inclination
ကုသိုလ်ကိုစိတ်ညွတ်ထားရမယ်..တဲ့ ဆိုလိုတာကတော့..အကုသိုလ် ဖြစ်စေတဲ့သူတွေကိုရှောင်ကြဉ်လိုက် တဲ့အခါမှာ တနည်းအားဖြင့်ကုသိုလ်ရှိတဲ့ဘက်ကိုရောက်သွား တဲ့သဘောပါပဲ..

Attention
ကုသိုလ်စိတ်ဖြစ်ဖို့ကို..အမြဲတမ်းသတိထားနေပါမယ်တဲ့

Practice
နောက်တစ်ခုကတော့တကယ့်ကုသိုလ်စိတ်တွေဖြစ်ပေါ်လာအောင်လေ့ကျင့်မှုတွေလည်း..လုပ်ရပါမယ်..တဲ့..

ကုသိုလ်တရားတွေအစဉ်မပျက်ပွားများနိုင်ကြပါစေ ..

Credit
ားမှတ်စု

မေး ။  ။ကမ္ဘာကြီးကို မေ့ထားပြီး တစ်ကိုယ်တည်း တစ်နေ့လုံး တရားရှုမှတ်တယ်ဆိုတာ တစ်ကိုယ်ကောင်းဆန်မနေဘူးလား။ ဖြေ။ ။ တရားရှုမှ...
31/07/2025

မေး ။ ။ကမ္ဘာကြီးကို မေ့ထားပြီး တစ်ကိုယ်တည်း တစ်နေ့လုံး တရားရှုမှတ်တယ်ဆိုတာ တစ်ကိုယ်ကောင်းဆန်မနေဘူးလား။

ဖြေ။ ။ တရားရှုမှတ်တာဟာ ရှုမှတ်ဖို့သက်သက်ပဲလို့ ထင်ရင်တော့ ခင်ဗျား ပြောသလို တစ်ကိုယ်ကောင်းဆန်တယ်လို့ဆိုနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီမှာ သတိထားရမှာက တရားရှုမှတ်တာဟာ ဘာကို ရည်ရွယ်ပြီး လုပ်တာလဲဆိုတဲ့ အကြောင်းအကျိုးကို သိဖို့လိုပါတယ်။ တရားရှုမှတ်တာက အကြောင်းပါ။ နည်းလမ်းပါ။ ရလာမယ့်အကျိုးက စိတ်ရဲ့ကျန်းမာမှုပါ။ ခင်ဗျား နေမကောင်းဖြစ်တဲ့အခါ ရုပ်ဝေဒနာကိုကုစားဖို့ ဆေးရုံတက်တယ်။ ဆေးရုံမှာ တစ်သက်လုံးသွားနေတာ မဟုတ်ဘူး။ ရောဂါ ပျောက်ရုံပဲ သွားနေတာ။ ကိုယ်ခန္ဓာကြီး ကျန်းမာလာတော့ အဲဒီကိုယ်ခန္ဓာကြီး ကို နေ့စဉ်နေထိုင်မှုမှာ အသုံးချရတာပဲ မဟုတ်လား။ ဒီသဘောအတိုင်းပါပဲ၊ စိတ်ရဲ့မကျန်းမာမှုကို ကုစားဖို့ရန် ဝိပဿနာသင်တန်းတက်တယ်။ သင်တန်း ဆင်းလို့ စိတ်ရဲ့ကျန်းမာမှုရလာတဲ့အခါ နေ့စဉ်နေထိုင်ရာမှာ ကျန်းမာတဲ့ စိတ်ကို အသုံးချတော့ ကိုယ်တိုင်လည်း အကျိုးရှိပြီး သူတစ်ပါးလည်း အကျိုးရှိ စေနိုင်ပါတယ်။

#ဂုရုကြီးဂိုအင်ကာ
ဦးတင်ဦး (မြောင်) အနေတတ်ပါစေ အုပ်မှ
ဓမ္မအလင်းဖြင့်ကောင်းသောလမ်းသို့စေညွန်ရာ
ပုညသိန်းနိုင်ponnyatheinnaing
•🌹

"သူတော်ကောင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ဘာလုပ်လုပ် နတ်တွေကို အမျှဝေဖို့ မမေ့ဘူး"သူအမျှဝေတာကို အကြောင်းပြုပြီး သူ့ပတ်ဝန်းကျင...
23/07/2025

"သူတော်ကောင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ
ကိုယ်ဘာလုပ်လုပ် နတ်တွေကို အမျှဝေဖို့ မမေ့ဘူး"

သူအမျှဝေတာကို အကြောင်းပြုပြီး
သူ့ပတ်ဝန်းကျင်က နတ်တွေဟာ
ကုသိုလ်ရဲ့အဖို့ဘာဂတွေရပြီး
ဘုန်းတန်ခိုးတွေ တိုးတက်ကြတော့
အဲဒီ နတ်တွေကလည်း သူ့ကို စောင့်ရှောက်ကြတာပေါ့။

ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့။
မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လိုပြောထားတုန်းဆိုတော့

" ယသ္မိံ ပဒေသေ ကပ္ပေတိ၊
ဝါသံ ပဏ္ဍိတ ဇာတိယော "

စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ
အရပ်တစ်ခုခုမှာ နေတယ်ဆိုရင်
ကုသိုလ် ကောင်းမှုတစ်ခုလုပ်ပြီး
အဲဒီကုသိုလ်ကောင်းမှု ရဲ့အဖို့ဘာဂကို
ပတ်ဝန်းကျင်မှာရှိတဲ့ နတ်တွေကို အမျှဝေပါတဲ့။

အမျှဝေလိုက်လို့ရှိရင်
နတ်တွေက ကိုယ့်ကို စောင့်ရှောက်လိမ့်မယ်။
ကိုယ်က အမျှအတန်းပေးဝေတော့
သူတို့မှာ ဘုန်းတန်ခိုးတွေတက်တယ်။
ဘုန်းတန်ခိုးတွေတက်တော့ ကိုယ့်အပေါ်မှာ
အကြင်နာတရားတွေ ထားလာတယ်။

" ဒေဝတာနုကမ္ပိတော ပေါသော၊
သဒါဘဒှာနိ ပဿတိ "

နတ်တွေရဲ့ အစောင့်အရှောက်ရတဲ့ ပုဂ္ဂိုလ်ဟာ
အကောင်းချည်းပဲ တွေ့တယ်။
တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ကြုံလာတယ်။
ဘာလုပ်လုပ် အဆင်ပြေလာတယ်။
အန္တရာယ်တွေ ကင်းလာတယ်။

"မာတာပုတ္တံ သွရသံ "
မိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို
နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ မေတ္တာတွေ
ပိုပြီးတော့ ကိုယ့်ကို စောင့်ရှောက်လာတယ်။

ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့
ကိုယ်မမြင်ရတဲ့ နတ်တွေကို
ကုသိုလ်ကောင်းမှုလုပ်တိုင်း အမျှဝေရမယ်။

ဘုရားဆွမ်းတော်တင်၊
ဆီမီး၊ ပန်း၊ ရေချမ်း လှူဒါန်းပြီးရင်
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့
အိမ်စောင့်နတ်တို့ ဘာတို့ကို ဖိတ်ခေါ်ပြီး
အမျှအတန်းပေးဝေရမယ်။

အဲဒီလို သူတော်ကောင်းပုဂ္ဂိုလ်တွေဟာ
ကောင်းတဲ့အလုပ်တွေ လုပ်ပြီးတိုင်း
အမျှအတန်းပေးဝေကြတယ်။
အဲဒီအမျှအတန်းပေးဝေမှုကြောင့်
နတ်တွေကိုလည်း အကျိုးပြုရာရောက်တယ်ပေါ့။

ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

သီလရှိသောရဟန်းကြောင့် လူတို့ရရှိသည့်အကျိုး••••••••••••••••••••••••••••••••••••••••••••••ချစ်သားရဟန်းတို့......သီလရှိသော ...
21/07/2025

သီလရှိသောရဟန်းကြောင့် လူတို့ရရှိသည့်အကျိုး
••••••••••••••••••••••••••••••••••••••••••••••
ချစ်သားရဟန်းတို့......
သီလရှိသော ရဟန်းတို့ ချဉ်းကပ်အပ်သော အိမ်၌ လူတို့သည် ငါးမျိုးသော အကြောင်းတို့ဖြင့် များစွာသော ကောင်းမှုကို တိုးပွါးစေကုန်၏။

အဘယ် ငါးမျိုးတို့နည်းဟူမူ.....
(၁) ရဟန်းတို့....
သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ဖူးမြင်ရ၍ စိတ်ကြည်လင်သောအခါ ထိုအိမ်သည် နတ်ပြည်၌ ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်၏။

(၂) ရဟန်းတို့....
သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ခရီးဦးကြိုဆိုကြ ရှိခိုးကြ နေရာထိုင်ခင်း ပေးကြသောအခါ ထိုအိမ်သည် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်၏။

(၃) ရဟန်းတို့.....
သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ဝန်တိုမှု အညစ်အကြေးကို ပယ်ဖျောက်သောအခါ ထိုအိမ်သည် တန်ခိုးကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်၏။

(၄) ရဟန်းတို့....
သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် အစွမ်းရှိသလောက် အားရှိသလောက် ဝေဖန် လှူဒါန်းသောအခါ ထိုအိမ်သည် ဥစ္စာပေါများခြင်းကို ဖြစ်စေတတ်သော အကျင့်ကိုကျင့်သည်မည်၏။

(၅) ရဟန်းတို့....
သီလရှိသော ရဟန်းသည် အိမ်သို့ ချဉ်းကပ်သည်ရှိသော် လူတို့သည် ပုစ္ဆာမေးကြ ပြဿနာမေးကြ တရားနာကြသောအခါ ထိုအိမ်သည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်၏။

ရဟန်းတို့.....
သီလရှိသော ရဟန်းဟူမူ ငါဘုရားပညတ်ထားတော်မူအပ်သည့် ဝိနည်းသိက္ခာပုဒ်တို့အား (၂၂၇- သွယ်) မကျိုးမပျက် စောင့်ထိန်းသော ရဟန်းတို့ ချဉ်းကပ်အပ်သော အိမ်၌ လူတို့သည် ဤငါးမျိုးသော အကြောင်းတို့ဖြင့် များစွာသော ကောင်းမှုကို တိုးပွါးစေကုန်၏ဟု ငါဘုရား မိန့်တော်မူ၏။

"ဖားအောက်တောရဆရာတော်"
Bhikkhu's Dhamma

04/07/2025

Address

မြို့မလမ်း ‌၊ တောင်စွန်း ၊ ဘီးလင်း။
Taungzun
12032

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 17:00

Telephone

+959443443741

Alerts

Be the first to know and let us send you an email when ရွှေဒေဝါ သင်္ကန်းတိုက် - Shwe DayWah Thingan Robe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေဒေဝါ သင်္ကန်းတိုက် - Shwe DayWah Thingan Robe:

Shortcuts

Share