Khit Pyine Fashion & Vintage Zone

Khit Pyine Fashion & Vintage Zone Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khit Pyine Fashion & Vintage Zone, Clothing Store, Thanatpin.

21/04/2022
ကဲကဲ …တကယ့် Brand ဆိုတာကြီးတွေရမှာနော်မဝတ် ဂျင်းဘောင်းဘီတွေကိုခေတ်ပြိုင်မှာစိတ်ကြိုက်လာရွေးလို့ရပါပြီလို့🤗🤗🤗စျေးနှုန်းကလ...
06/04/2022

ကဲကဲ …တကယ့် Brand ဆိုတာကြီးတွေရမှာနော်
မဝတ် ဂျင်းဘောင်းဘီတွေကိုခေတ်ပြိုင်မှာစိတ်ကြိုက်လာရွေးလို့ရပါပြီလို့🤗🤗🤗
စျေးနှုန်းကလည်း တထည်ကိုမှ (၆၀၀၀)ဆိုတာအများဆုံးဘဲ🤫🤫
Over တွေအများကြီးပါလို့ ရှယ်ဘဲနော်😁

30/01/2022

ဒီနေ့မှာတော့ ဘေထုတ်ထဲမှာအတွေ့များတဲ့ Gildan ဆိုတဲ့ Brand History အကြောင်းလေး Knowledge Sharing အနေနဲ့တင်ပေးလိုက်တယ်ဗျာ။

- ၁၉၈၄ ခုနှစ်မှာ Glenn နဲ့ Greg Chamandy ဆိုတဲ့ ညီကိုနှစ်ယောက်ကနေပြီးတော့ စတင်မွေးထုတ်ခဲ့တယ်

- ၁၉၉၄ ခုနှစ်မှာတော့ Glidan ကနေပြီးတော့ ကျွန်တော်တို့နှစ်သက်တဲ့ Activewear Brand ကိုစပြီးတော့ ပြောင်းလဲခဲ့တယ်။

- ၁၉၉၇ ခုနှစ်မှာတော့ Honduras မှာစပြီးတော့ Sewing Facility ကိုစတင်ဖွင့်လှစ်ပြီးတော့

- ၂၀၀၁ ခုနှစ်မှာတော့ US ရဲ့ ချည်ထည်လောကမှာ ဦးဆောင်နိုင်ခဲ့တယ်

- ၂၀၀၂ ခုနှစ်မှာတော့ Becteria၊ ကမ္ဘာမြေရဲ့ဆွဲငင်အားနဲ့ နေရောင်ခြည်ကိုအသုံးပြပြီးတော့ ရေဆိုးရေညစ်တွေကိုသန့်စင်ပေးမယ့် Biotop System ဆိုတာကိုစတင်ပြီးတော့ မိတ်ဆက်ခဲ့တယ်။

- ၂၀၀၅ ခုနှစ်မှာတော့ Dominican Republic ထိချဲ့ထွင်နိုင်ခဲ့ပြီးတော့

- ၂၀၁၂ ခုနှစ်မှာတော့ Anvil Holdings Inc ကိုဝယ်ယူပြီးတော့ Sub-Brand ဖြစ်တဲ့ Anvil Knitwear ကိုစတင်ဖြန့်ချည်ခဲ့တယ်။

- ၂၀၁၄ ခုနှစ်မှာတော့ Doris Hosiery Brand ကိုပါဝယ်ယူခဲ့ပြီးတော့

- ၂၀၁၅ ခုနှစ်မှာတော့ Comfort Colors ကိုဝယ်ယူပြီး Vintage Garment Dey Collection တစ်ခုကိုထပ်မံမွေးထုတ်ခဲ့ပါသေးတယ်။

- ၂၀၁၆ ခုနှစ်မှာ‌တော့ Legwear ဘက်ကိုတိုးချဲ့နိုင်ဖို့အတွက် PEDS ကိုလေ့လာဆန်းစစ်မှုတွေပြုခဲ့ပြီး

- ၂၀၁၇ ခုနှစ်မှာတော့ American Apparel ဆိုတဲ့ Sub-Brand တစ်ခုကိုထပ်မံဝယ်ယူခဲ့ပါတယ်။

- ၂၀၁၈ ခုနှစ်မှာတော့ Gildan ဆိုတဲ့ မိခင်ကုမ္ပဏီကြီးက ဝန်ထမ်းပေါင်း ၅,၀၀၀၀ နဲ့ နိုင်ငံပေါင်း ၇ နိုင်ငံမှာ စက်ရုံပေါင်း ၃၀ အထိရှိလာတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ခဲ့ပါပြီ။




26/01/2022
24/01/2022
ဘေနံ့လေးတွေပျောက်အောင် ဘယ်လိုလျှော်ကြမလဲ? ☘ဘေထုပ်တွေမှာ စွဲနေတတ်တဲ့အနံ့လေး ရှိတယ်။ ဘာရယ်မဟုတ် ပိုးသတ်ဆေးအနံ့လေးပါရှင့်။ ...
13/01/2022

ဘေနံ့လေးတွေပျောက်အောင် ဘယ်လိုလျှော်ကြ
မလဲ? ☘

ဘေထုပ်တွေမှာ စွဲနေတတ်တဲ့အနံ့လေး ရှိတယ်။ ဘာရယ်မဟုတ် ပိုးသတ်ဆေးအနံ့လေးပါရှင့်။ နိုင်ငံခြားကလာတဲ့ အထုပ်ဆိုရင် သူတို့က Size သန့်တဲ့အခါ တခါထဲ ပိုးသတ်ဆေးဖြန်းပြီးမှ ပို့တာပါ။ မြန်မာပြည်ရောက်တော့ ဂိုထောင်ထဲထည့်သိမ်း ဘာညာလုပ်ကြတော့ အနံ့လေးက စွဲသလိုဖြစ်နေတာ။တချို့ကျတော့လဲ ဘေထုပ်အနံ့လေးကိုမှ ကြိုက်လွန်းလို့ဆိုတဲ့ သူလေးတွေလဲရှိတယ် ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့နော်။ဒီအခေါက်တော့ ဘေနံ့မကြိုက်တဲ့ သူလေးတွေအတွက် လျှော်နည်းလေးပြောပြပေးထားပါတယ်

1 ဟင်းချိုမှုန့်☘
ဒါလေးက အဆန်းလေးရယ်..
အိမ်မှာ ဘေထုပ်ဝါသနာအိုး အမေနဲ့အဘွားသာရှိရင်တော့ ဒီနည်းလမ်းလေးကို သိကြမှာပါ။ ဆပ်ပြာမှုန့်ရယ်၊ အချိုမှုန့်သေးသေးလေးရယ် ရောပြီးစိမ်ထားလိုက်ပါ။ ကိုယ်က မွှေးတာလေးကြိုက်တယ်ဆိုရင်တော့ လျှော်ပြီးရင် အမွှေးရည်လေးနဲ့ 5 မိနစ်လောက် စိမ်ပြီးသာ လှန်းလိုက်ပါရှင့် မွှေးနေရော

2 ခေါင်းလျှော်ရည်☘
ကိုယ်လျှော်ချင်တဲ့ အထည်လေးကို ခေါင်းလျှော်ရည်နဲ့စိမ်ထားပြီးလျှော်ပါ။ အနံ့ပြင်းပြီး မွှေးတဲ့ဟာလေးတွေဆို ပိုကောင်းပါတယ်။ သူ့အတိုင်းလဲစိမ်လို့ရတယ် အပေါ်ကဟင်းချိုမှုန့်လေးပါထပ်ထည့်ပြီး စိမ်လို့လဲရတယ်။ ပြီးရင် လေတိုက်တဲ့နေရာမှာ လှန်းထားလိုက် အနံ့ရချင်လို့ကို မရဘူး။

3 နောက်တစ်နည်းက ရေအရင်လောင်း ရွှေဝါဆပ်ပြာ သို့ ကာဘော်လစ်လိုဟာနဲ့တိုက် ☘
ပြီးရင် နာရီဝက်~တနာရီလောက် စိမ်ပြီးမှ ဆပ်ပြာနောက်တကျော့ထပ်တိုက်ပြီး ရေပြောင်အောင်လျှော်ရင် ဘာအနံ့မှ မကျန်ပါဘူး။

4 ရှာလကာရည်☘
ဒီကောင်ကတော့ ဆရာကြီး 😎
အနံ့ပျောက်ဖို့အတွက်ရော စွန်းနေတာလေးတွေရှိရင်ပါ သူ့ကိုသုံးလို့ရတယ်။ ရေနွေးထဲ ရှာလကာရည်နည်းနည်းထည့် နာရီဝက် (or) တစ်နာရီလောက်စိမ်ပြီး ဆပ်ပြာမှုန့်နဲ့လျှော်ပါ။ အနံ့မွှေးတာ လိုချင်ရင် မီးပူတိုက်တဲ့အခါ အမွှေးရည်သာဖြန်းပြီးတိုက်လိုက်ပါ။

5 ကျောက်ချဥ်☘
Vinegarက ဆရာကြီးဆို သူကဆရာဘိုးဘေးကြီးပေါ့။
အသုံးဝင်တဲ့နေရာတွေမှ အများကြီးရယ်.... သူ့ကို ပုံမှန်ဆို ချွေးနံ့ပြင်းတာအတွက်သုံးပါတယ်။ အင်္ကျီမှာ ချွေးနံ့စွဲတာပဲဖြစ်ဖြစ်၊ ဘေနံ့ပျောက်ချင်ရင်ပဲဖြစ်ဖြစ် ကျောက်ချဥ်ကို သုံးလို့ရပါတယ်။ အင်္ကျီကို ပထမဆုံးကျောက်ချဥ်နဲ့ ၁ နာရီလောက် စိမ်ထားလိုက်ပါ။ ပြီးရင် ဆပ်ပြာမှုန့်နဲ့လျှော် နောက်ဆုံးအမွှေးဆီအရည်လေးနဲ့ ထပ်ဆေးလိုက်ရင်
Perfect ပဲ

အထည်လေးတွေကို စိမ်ရင်လေ နာရီ၀က်၊ ၁ နာရီလောက်ပဲစိမ်ပေးကြပါ။ ပုံမှန်၀တ်နေကြအထည်တွေတောင် အကြာကြီးစိမ်လိုက်ရင် အရောင်ကျွတ်တတ်ပါတယ်။ ဆပ်ပြာနဲ့ အရမ်းအကြာကြီး စိမ်ရင်လဲ တချို့အထည်လေးတွေက ရိပြီးပြဲတတ်လို့ သေချာလေးဂရုစိုက်ပြီး လျှော်ရင်တော့ မွှေးလဲမွှေး လှလဲလှပေါ့ရှင်

KP✨

ဘေထုတ်ရောင်းတာ ရှက်စရာလား?ဘေထုတ်ဝယ်ဝတ်တာရော ရှက်စရာလား?ဘေထုတ်လို့ပြောလိုက်တာနဲ့ လူကြီးတွေ "ဟင်း" ကနဲဖြစ်သွားကြတာ ဘာကြောင...
11/01/2022

ဘေထုတ်ရောင်းတာ ရှက်စရာလား?
ဘေထုတ်ဝယ်ဝတ်တာရော ရှက်စရာလား?

ဘေထုတ်လို့ပြောလိုက်တာနဲ့ လူကြီးတွေ "ဟင်း" ကနဲဖြစ်သွားကြတာ ဘာကြောင့်လဲ?

ဒီနိုင်ငံမှာသိထားတဲ့ဘေထုတ်ဆိုတာနဲ့ လမ်းဘေးပွဲစျေးတန်းထဲမှာ ပုံရောင်းတဲ့ အထည်အဟောင်းအနွမ်းတွေ၊ ဘားလမ်းနား အပေါ်ဘလောက်က အထည်အစုတ်တွေကိုပဲ လူကြီးတွေသိထားကြလို့ပါ။

ကိုယ်ရောင်းတဲ့ ဘေထုတ်ဆိုတာ အဲ့လိုအစုတ်အဟောင်းတွေမဟုတ်တဲ့အကြောင်း၊ Korea, BKK, Japan ကွန်တိန်နာကျ အထည်အကောင်းလေးတွေရောင်းမယ့်အကြောင်းကို အိမ်ကလူကြီးတွေကိုအရင် နားလည်အောင်ရှင်းပြရပါတယ်။

စိတ်ဓာတ်ကျလွယ်၊ စိတ်ညစ်လွယ်၊ အရှုံးပေးလွယ်ရင်တော့ ဘေထုတ်မရောင်းတာ အကောင်းဆုံးပါ။ စီးပွားရေး တစ်ခုစလုပ်တော့မယ်ဆိုရင်တော့ အရှုံး/အမြတ်၊ အဆိုး/အကောင်းက အမြဲဒွန်တွဲနေတာပါ။

ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကိုယ့်အင်အား ကိုယ့် ideasနဲ့ ကိုယ်ပိုင်စီးပွားရေးလေးစလုပ်ပြီး ဝင်ငွေလေးရအောင်စျေးရောင်းတာ လုံးဝ လုံး၀ လုံးဝ ရှက်စရာမဟုတ်ပါဘူး။ 📛📛သူများပိုက်ဆံလိမ်တာ၊ သူများပစ္စည်းခိုးတာ၊ သူများကို ကဲ့ရဲ့လှောင်ပြောင်တာ၊ သူများမကောင်းကြောင်းအဆိုးမြင်ဝါဒီပြောတာတွေကမှ ရှက်စရာတွေဖြစ်ပါတယ်။

အခုခေတ်မှာ ပိုက်ဆံချွေတာပြီး vintage အထည်သန့်လေးတွေကို စျေးတန်တန်နဲ့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝ
ယ်ဝတ်တာ လုံးဝ လုံးဝ လုံးဝ ရှက်စရာမဟုတ်ပါဘူး။
ကိုယ့်ဝင်ငွေလေးနဲ့ ကိုယ့် Budget ကိုယ်ချွေတာ တာကမှ ပိုပြီးဂုဏ်ယူစရာကောင်းပါသေးတယ်။

Don't feel bad, don't get all heated just respond them with real result......

Address

Thanatpin
08081

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959253022880

Website

Alerts

Be the first to know and let us send you an email when Khit Pyine Fashion & Vintage Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khit Pyine Fashion & Vintage Zone:

Shortcuts

Share

Category