အျဖဴေရာင္ နွလံုးသား

အျဖဴေရာင္ နွလံုးသား ကလေးဝတ်အထည်နှင့်လူသုံးကုန်အမျိုးမျိုးရောင်းဝယ်ရေး Hello everyone

ဘေထုပ်အထည် (THRIFT) တွေကို ဘာကြောင့် လူစိတ်ဝင်စားလာကြသလဲ?အခုနောက်ပိုင်း ဘေထုပ်ထည်လေးတွေကို Online ကနေတစ်ဆင့် ရောင်းနေကြပ...
07/01/2024

ဘေထုပ်အထည် (THRIFT) တွေကို ဘာကြောင့် လူစိတ်ဝင်စားလာကြသလဲ?

အခုနောက်ပိုင်း ဘေထုပ်ထည်လေးတွေကို Online ကနေတစ်ဆင့် ရောင်းနေကြပြီး ဝယ်သူတွေကလည်း သဘောကျနှစ်သက်နေတာကို တော်တော်လေးတွေ့လာရပါတယ်။

မြန်မာပြည်မှာ ဘေထုပ်အထည် တည်ရှိလာတာ ရာစုနှစ်တစ်စုကျော်ခဲ့ပါပြီ။ ဘေထုပ်ဆိုင်တွေက ကိုလိုနီခေတ်နှောင်းပိုင်းကတည်းက တည်ရှိခဲ့တာဖြစ်ပြီး အားလုံးနီးပါးလက်ခံလာတာကတော့ သုံးနှစ်၊ လေးနှစ်ဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။

ဘေထုပ်ဝတ်တာ/ဝယ်တာက လုံး၀ ရှက်စရာမဟုတ်ပါဘူး။ တကယ်က နိုင်ငံတကာမှာ ဘေထုပ်အထည်တွေကို သာမန်အထည်တွေထက် လူပိုစိတ်ဝင်စားကြပါတယ်။ ဘာကြောင့်လဲဆိုရင် နာမည်ကြီး Brand အထည်တွေကို စျေးနှုန်းသက်သာစွာနဲ့ ရရှိနိုင်တဲ့ တစ်ခုတည်းသောနေရာက Thrift Stores တွေ ဖြစ်ပါတယ်။

ကြည့်မြင်တိုင် ညစျေး ဘေထုပ်တန်းကတော့ ရန်ကုန်မြို့မှာရော မြန်မာနိုင်ငံမှာပါ နာမည်ကျော်ကြားတဲ့ နေရာတစ်ခုလို့ ပြောလို့ရပါတယ်။

ဘေထုပ်အမျိုးအစားများစွာကို ဝင်လာတဲ့ နိုင်ငံပေါ် မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ မြန်မာပြည်မှာတော့ ဂျပန်၊ ကိုရီးယား၊ ထိုင်း ဘေထုပ်တွေ ပိုများပါတယ်။ အထည် Quality ပေါ်မူတည်ပြီး စျေးနှုန်းအနည်းအများ ကွာခြားပါတယ်။

အခုလိုကြပ်တည်းနေတဲ့ကာလမှာ ဘေထုပ်ထည်ဝယ်ဝတ်တာက သင့်ဘတ်ဂျက်ကို ချွေတာရာရောက်တဲ့အပြင် ဘယ်လိုအကျိုးကျေးဇူးတွေ ထပ်ရှိသေးလဲဆိုတာ ပြောပြေပေးသွားပါမယ်။
(၁) ဆန်းသစ်တဲ့ ဖက်ရှင်အမြင် ရရှိခြင်း

ဘေထုပ်တိုင်းကတော့ ခေတ်ဟောင်းအထည်တွေ မဟုတ်ကြပါဘူး။ ခေတ်ဟောင်းစတိုင် အဝတ်အထည်တွေလည်းရှိသလို လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်က ခေတ်စားခဲ့တဲ့ အနီးစပ်ဆုံးဖက်ရှင်တွေလည်း ရနိုင်ပါတယ်။ ဘေထုပ်အထည်ကို ဝယ်ယူဝတ်ဆင်သူတွေက မတူညီတဲ့ ဖက်ရှင်တွေကို အပေါ်အောက်တွဲစပ်ပြီး ခေတ်နဲ့အညီ တန်းဝင်အောင် ပြောင်းလဲဝတ်ဆင်ကြရတာမို့ သင့်ဖက်ရှင်အမြင်ကို ရင့်သန်စေပါတယ်။

(၂) ပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချခြင်း

အဝတ်အစားအသစ်တွေ ဖန်တီးတဲ့အခါ အဝတ်အစားကြာရှည်ခံအောင်၊ အရောင်လှအောင် ဓါတုပစ္စည်းတွေ အသုံးပြုရပါတယ်။ ဒီဓါတုပစ္စည်းတွေက ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဘေထုပ်က အထည်သစ်မဟုတ်ဘဲ Recycle သဘောမျိုးဖြစ်တဲ့အတွက် ဘေးပတ်ဝန်းကျင်ညစ်ညမ်းမှုကို အထိုက်အလျောက် လျှော့ချပေးပါတယ်။

(၃) ပိုက်ဆံကုန်ကျစရိတ် သက်သာခြင်း

ဘေထုပ်တွေထဲကနေ နာမည်ကျော် Brand တွေ ရတတ်ပါတယ်။ မြန်မာနိုင်ငံထုတ်မဟုတ်ဘဲ နိုင်ငံခြားထုတ် အထည်ကိုမှ စျေးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိုင်တဲ့ အခွင့်အရေးကို ရရှိပါတယ်။ ဘေထုပ်ဝယ်တာက အင်္ကျီအသစ်ဝယ်တာထက် သုံးပုံ နှစ်ပုံလောက်ထိ စျေးသက်သာပါတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်း လူကြီး၊ လူငယ်မရွေး ဘေထုပ်အထည် သဘောကျလာခြင်း ဖြစ်ပါတယ်။

(၄) Quality ကောင်းတဲ့ အထည်တွေ ရရှိခြင်း

ဘေထုပ်ထည်တိုင်း အကောင်းတွေချည်းတော့ မဟုတ်ပါဘူး။ ကောင်းတာရော၊ မကောင်းတာပါ ရောထွေးနေပါတယ်။ သေသေချာချာ အချိန်ပေးပြီး ရွေးချယ်ခြင်းဖြင့် Quality ကောင်းတဲ့ အထည်တွေ ရရှိလာမှာပါ။

(၅) လုပ်အားချွေတာခြင်း

အထည်ချုပ်စက်ရုံတွေမှာ လုပ်သားတွေဟာ လုပ်ခလစာနည်းနည်းနဲ့ သတ်မှတ်ထားတဲ့ နာရီတွေထက်ပိုပြီး အချိန်ပေါင်းများစွာ နေ့စဥ်အလုပ်လုပ်ရပါတယ်။ အထည်အသစ်တွေ ဝယ်ယူတာ လျှော့ချခြင်းဖြင့် ဒီပြဿနာကို တစ်ဖက်တစ်လမ်းကနေ ကူညီဖြေရှင်းရာ ရောက်ပါတယ်။

Crd

ကလေးထီး smart ကျတယ် ချစ်စရာကောင်းတယ် ကိုင်ရတာလည်း ပေါ့ပါးတယ် ခိုင်ခန့်တယ် ခလုတ်လည်းမမာဘူး ကလေးတွေတွက် ဖွင့်ရ ပိတ်ရ လွယ်က...
07/06/2023

ကလေးထီး smart ကျတယ်
ချစ်စရာကောင်းတယ် ကိုင်ရတာလည်း ပေါ့ပါးတယ် ခိုင်ခန့်တယ် ခလုတ်လည်းမမာဘူး
ကလေးတွေတွက် ဖွင့်ရ ပိတ်ရ လွယ်ကူပီးလက်မနာပါ။
အများကြီးမရှိတော့ပါ အလတ် 50/60သာ ရပါတော့မည် အမြန်လာအားပေးကြပါနော်
ရန်ကုန်ကပါ အိမ်လာယူလည်းရပါတယ်
အမြို့အမြို့အနယ်နယ် ပို့ပါသည်
အိမ်အရောက်ငွေချေပါ
မဝယ်လည်း ‌စိတ်တိုင်းကျမေးမြန်းနိုင်ပါသည်
24နာရီ ဝန်ဆောင်မူပေးနေပါသည်
စိတ်တိုင်းကျမှ အားပေးပါ customer များကို ဦးစားပေးပီး ကောင်းမွန်သော ဆက်ဆံရေးနှင့် စိတ်ရှည်စွာ ရောင်းချပေးနေပါသည်

အနက်ကြိုက်သူများအနက်သီးသန့်ရပါမည်။

03/06/2023

အရင်အချိန်ကတော့ ကဗျာ page လေးပါ ခုတော့ကဗျာလေးတွေ မတင်ဖြစ်တော့ပါဘူး page name က ကဗျာဆန်နေပေမဲ့ လူသုံးကုန်အိမ်သုံး ပစည်းမျိုးစုံကို ဒီ page လေးကနေရောင်းချပေးမှာဖြစ်ပါတယ်။ အားပေးကြပါအုန်း like and followers အပေါင်းတို့။

15/01/2023

ဝင်ငွေကောင်းပြီး အသိပညာက မကောင်းဘူးဆိုရင် နောက်ထပ်တိုးတက်သင့်သလောက် မတိုးတက်နိုင်ဘူး။


ရင်40အရှည် 20တစ်ထည်စျေး 18000
18/07/2022

ရင်40
အရှည် 20

တစ်ထည်စျေး 18000

ရင် 40ခါး 30တင် 39အရှည် 32တစ်ထည်စျေး 20500
18/07/2022

ရင် 40
ခါး 30
တင် 39
အရှည် 32
တစ်ထည်စျေး 20500

အီတလီပိုးပိတ်သားရင်40/အရှည်55တစ်ထည်ဈေး 21500
17/07/2022

အီတလီပိုးပိတ်သား
ရင်40/အရှည်55
တစ်ထည်ဈေး 21500

Address

အနောက်လက်ပံခုန် သုံးဆယ် သာယာဝတီ။
Tharrawaddy

Telephone

+95973724378

Website

Alerts

Be the first to know and let us send you an email when အျဖဴေရာင္ နွလံုးသား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category