06/02/2023
ဘေထည်(Thrift)ဝတ်တာဟာ အထူးအဆန်းမဟုတ်ပဲ သာမန်သာဖြစ်ကြောင်း
ဘေထည်ဝတ်တာဟာ ရှက်စရာမဟုတ်ကြောင်းကိုတော့ အတော်များများပြောကြပြီးသား၊ သိကြပြီးသားဖြစ်မယ်ထင်ပါတယ်။
အဓိက ကတော့ ကိုယ့်ကိုယ်ပိုင်ငွေနဲ့ ကိုယ့်မိသားစုရဲ့ ရိုးသားစွာရှာဖွေရရှိလာတဲ့ငွေနဲ့ ဝယ်ယူသုံးစွဲတဲ့အရာမှန်သမျှက ၊ သူတပါးဆီကအမြတ်ထုတ်ဂုတ်သွေးစုပ်ပြီး ရလာတဲ့ငွေနဲ့မဟုတ်ပဲ ဝယ်ယူသုံးစွဲသမျှက ဘေထည်ဖြစ်စေ၊ အသစ်ဖြစ်စေ ဂုဏ်ယူကျေနပ်ရမယ့်အရာတွေပါပဲ။
ဘေထည်ဝတ်တာကို အမှန်အတိုင်းဝန်မခံရဲသေးတဲ့၊ ဘေထည်ဝတ်ဖြစ်ကြောင်းကို ပေါ်တင်မပြောရဲသေးတဲ့အခါမှာ စဥ်းစားစေချင်၊ သိစေချင်တာလေးတွေ ရှိလာလို့ ဒီပို့စ်ကိုရေးဖြစ်ပါတယ်။
၁။ ဘေထည်တွေဟာ အသစ်ထက်စာရင် ဈေးသက်သာတယ်။
ဒါကဘယ်သူမှမငြင်းနိုင်တဲ့အချက်ပါ။ တီရှပ်၊ဘောင်းဘီ၊ ဆွယ်တာ၊ cardigan၊ ကုတ် ဘယ်လိုအဝတ်အစားပဲဖြစ်ပါစေ အသစ်နဲ့ယှဥ်ရင် ဒီဇိုင်းသန့်သန့် quality ကောင်းကောင်းလေးတွေကို ဈေးသက်သက်သာသာနဲ့ရနိုင်တာ ဘေထဲမှာပဲရှိပါတယ်။ကုန်ဈေးနှုန်းတွေတက်လို့ ဘေထည်တွေလည်း ဈေးအသင့်အတင့်တက်လာပေမယ့် အသစ်ထက်စာရင်တော့ အတော်ကြီးကိုဈေးချိုနေသေးတာပါ။
၂။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ ကွက်တိကိုက်ညီတာကို ရှာတတ်ရင်ရှာတတ်သလို ဘေထဲက ရနိုင်တယ်။
ရှိသင့်တဲ့ခန္ဓာကိုယ်အချိုးအစားထက် အနည်းငယ်ဝတဲ့သူဖြစ်စေ၊ အနည်းငယ်ပိန်တဲ့သူဖြစ်စေ အဝတ်အစားဝယ်ယူတဲ့အခါ ကြုံရတဲ့အခက်အခဲတွေ ရှိပါတယ်။ အဓိကအချက်ကတော့ အရောင်းဝန်ထမ်းတွေရဲ့ အစ်မဆိုဒ်တော့ မရှိလောက်ဖူး ဆိုတဲ့အကြည့်နဲ့ စကားပါပဲ။ အဲ့ဒီစကားကြောင့် စိတ်ဒဏ်ရာရသွားသူတွေထဲ ကိုယ့်အသိဘယ်နှယောက်လောက်ရှိပြီလဲ ရေကြည့်စေချင်ပါတယ်။ အနည်းငယ်ဝတဲ့ ကျမသူငယ်ချင်းနဲ့အတူ ဘောင်းဘီအဝယ်ထွက်တဲ့အခါ ထုတ်မပြချင်လို့ဖြစ်ဖြစ်၊ တကယ်မရှိတာဖြစ်ဖြစ် အဆင်ပြေပြေဝတ်လို့ရတဲ့တစ်ထည်လောက်ရဖို့ ခြေတိုအောင်လျှောက်ခဲ့ရဖူးပါတယ်။
ဘေထည်တွေရဲ့ အားသာချက်တွေထဲကတစ်ခုကတော့ ကိုယ်အချိန်ပေးရွေးနိုင်လေ ကိုယ်နဲ့ကိုက်ညီတဲ့ဆိုဒ်နဲ့ ဒီဇိုင်းကို အနီးစပ်ဆုံးရနိုင်လေပါပဲ။ နောက်ပြီး ဘေထည်ရောင်းသူအများစုက ဝတ်ကြည့်မှာကိုမတွန့်တိုကြလို့ ကိုယ့်ဖာသာ ကြိုက်သလောက်စွပ်လိုက်ချွတ်လိုက်လုပ်နေလည်း ငြိုငြင်မယ့်မျက်လုံးတွေနဲ့ ရင်မဆိုင်ရတာပါပဲ။
၃။ ဘေထည်တွေကို ဝတ်ဆင်သူအများစုက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရကောင်းမှန်းသိသူတွေဖြစ်တယ်။
Fashion Industry ကနေထွက်တဲ့အမှိုက်က နှစ်စဥ်တန်ချိန် ၉၂ သန်း ရှိပါသတဲ့။
အသစ်အဆန်းတွေဘယ်လောက်များများ အဟောင်းထဲကအကောင်းကို ရှာဖွေပြီး အလှဆုံးဝတ်ဆင်တတ်တဲ့သူတွေထဲမှာ Anne Hathaway တို့လို Emma Watson တို့လို ကမ္ဘာကျော်တွေလည်း ပါပါတယ်။ 'ကိုယ်ရွေးချယ်ဝတ်ဆင်လိုက်တဲ့ဖက်ရှင်က ရေရှည်မှာကမ္ဘာကြီးအတွက်ထိခိုက်မှုနည်းနိုင်သမျှ နည်းစေချင်တယ်၊ အဲ့ဒါကြောင့် ဘေထည်တွေကို တတ်နိုင်သမျှ ရွေးဝတ်ဖြစ်ပါတယ်'လို့ Anne hathaway က အင်တာဗျူးတစ်ခုမှာပြောခဲ့ဖူးပါတယ်။ KPop idolတွေထဲမှာတော့ Lisa ပေါ့။
၄။ ကမ္ဘာကျော် brand တွေကိုလည်း ရှာတတ်ရင်ရှာတတ်သလို ဘေထဲမှာရနိုင်တယ်။
Uniqlo,Gap,Ralph Lauren,Wrangler,Gu,Old Navy စတဲ့ ဘေထဲမှာတွေ့ရများတဲ့ brand တွေအပြင် တနေ့ကရောင်းလိုက်တဲ့ ဖလန်ကွက်ကလေးဆို Victoria's Secret,ဘောင်းဘီထဲမှာလည်း Christian Dior လို brand တွေပါလာတတ်သေးတယ်။
အသစ်ဈေးနဲ့ဆို သိန်းချီတန်တာမျိုးတွေကိုလည်း ရောင်းတဲ့သူမျက်စိလျှန်းသွားတာဖြစ်ဖြစ် ကိုယ်မျက်စိလျှင်ရင်ဖြစ်ဖြစ် ထောင်ဂဏန်းလောက်နဲ့ အသစ်နီးပါးသန့်သန့်တွေရနိုင်ပါသေးတယ်။
ဒါကတော့ ဘေထည်တွေနဲ့ပတ်သက်တဲ့ အားသာချက်တွေပါ။ ဒါပေမယ့် ဘာမဆို အားသာချက်၊ အားနည်းချက်ဒွန်တွဲနေမြဲမို့ ဘေထည်တွေမှာလည်း
သူ့အားနည်းချက်နဲ့သူရှိပါတယ်
credit to original owner😘