Golden Kids -Export Kids wear and accessories

Golden Kids -Export Kids wear and accessories Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Kids -Export Kids wear and accessories, Baby & children's clothing store, Thingangyun.

18/06/2026
🌈💜 အရောင်စုံ ဒီဇိုင်းလန်းလန်းလေးနဲ့ သားသား/မီးမီးလေးတို့ကို ပိုချစ်စရာကောင်းစေမယ့် ဝတ်စုံအသစ်လေးတွေ ရောက်ရှိပါပြီရှင့် 🥰...
18/06/2026

🌈💜 အရောင်စုံ ဒီဇိုင်းလန်းလန်းလေးနဲ့ သားသား/မီးမီးလေးတို့ကို ပိုချစ်စရာကောင်းစေမယ့် ဝတ်စုံအသစ်လေးတွေ ရောက်ရှိပါပြီရှင့် 🥰

✨ ပေါ့ပါးပြီး ဝတ်ရအဆင်ပြေ
✨ အရောင်စိုစိုလေးနဲ့ ကလေးလေးတွေကြိုက်နှစ်သက်
✨ နေ့စဉ်ဝတ်ဖို့လည်း အဆင်ပြေ
✨ အိမ်ဝတ်၊ အပြင်သွားဝတ် နှစ်မျိုးလုံးအဆင်ပြေ

💖 ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးတွေကို အရေအတွက်များများမပါလို့ မြန်မြန်လေး လာရွေးထားလိုက်နော် 😍

2yrs to 5yrs

" 19 June (Friday) ဆိုင်‌လေးတစ်ရက် ပိတ်ခွင့်ပြုပါရှင့်"နောက်ရက်မှ ပြန်ဆုံကြမယ်နော် ✨ဆိုင်လာယူမယ့် မေမေများ စနေနေ့ လာယူလိ...
18/06/2026

" 19 June (Friday) ဆိုင်‌လေးတစ်ရက် ပိတ်ခွင့်ပြုပါရှင့်"

နောက်ရက်မှ ပြန်ဆုံကြမယ်နော် ✨

ဆိုင်လာယူမယ့် မေမေများ စနေနေ့ လာယူလို့ရပါတယ်ရှင့် ❤️🤣

17/06/2026

မေမေတွေ အကြိုက်ဘာလေးများဖြစ်မလည်း??

Sport time လား??ဟိုနား ဒီနားသွားမလား??အိမ်နေရင်း ဝတ်မလား??ပေါ့ပါးပြီး သက်တောင့်သက်သာရှိတာလေး GK မှာရောက်နေပြီနော် 📣📣2yrs...
16/06/2026

Sport time လား??
ဟိုနား ဒီနားသွားမလား??
အိမ်နေရင်း ဝတ်မလား??

ပေါ့ပါးပြီး သက်တောင့်သက်သာရှိတာလေး GK မှာရောက်နေပြီနော် 📣📣

2yrs to 10yrs

"ကလေးကို ကိုယ့်အရုပ် သူများကို ပေးဆော့ဖို့ အတင်းခိုင်းနေမိသလား? - 'ဝေမျှခြင်း (Sharing)' ဆိုတဲ့ ခေါင်းစဉ်အောက်က ကလေးရဲ့ ...
15/06/2026

"ကလေးကို ကိုယ့်အရုပ် သူများကို ပေးဆော့ဖို့ အတင်းခိုင်းနေမိသလား? - 'ဝေမျှခြင်း (Sharing)' ဆိုတဲ့ ခေါင်းစဉ်အောက်က ကလေးရဲ့ ကိုယ်ပိုင်နယ်နိမိတ်ကို ဖျက်ဆီးနေမိတဲ့ မိဘများ (The Dark Side of Forced Sharing)"

အိမ်ကို ဧည့်သည်လာလို့ပဲဖြစ်ဖြစ်၊ ကစားကွင်းမှာပဲဖြစ်ဖြစ် ကိုယ့်ကလေးရဲ့အရုပ်ကို တခြားကလေးက လိုချင်တဲ့အခါ မိဘတွေက "သားအရုပ်လေး ညီလေးကို ခဏပေးဆော့လိုက်လေ... သဘောကောင်းရမယ်လေ" ဆိုပြီး အတင်းပေးခိုင်းတတ်ကြပါတယ်။ ကလေးက မပေးရင် "ကပ်စေးနှဲလေး၊ ဆိုးလိုက်တာ" ဆိုပြီး ဆူပူတတ်ကြပါတယ်။ ဒါပေမဲ့... လူကြီးတွေဖြစ်တဲ့ သင့်ရဲ့ ဖုန်း (သို့) ကားကို သူစိမ်းတစ်ယောက်က ခဏငှားသုံးမယ်ဆိုရင် သင်ရော ကြည်ကြည်ဖြူဖြူ ပေးမှာလား? ကလေးတွေအတွက်လည်း သူတို့ရဲ့ အရုပ်ဟာ သူတို့ရဲ့ တန်ဖိုးအထားရဆုံး ပိုင်ဆိုင်မှုပါပဲ။

၁။ "ကိုယ်ပိုင်နယ်နိမိတ်" ကို ရိုက်ချိုးခံရခြင်း (Destroying Boundaries)

"ဒါ ငါ့ဟာ၊ ငါမပေးချင်ဘူး" လို့ ငြင်းဆန်ပိုင်ခွင့်မရှိဘဲ အတင်းအကျပ် လုယူပြီး သူများကို ပေးဆော့ခိုင်းတာဟာ ကလေးရဲ့ ကိုယ်ပိုင်နယ်နိမိတ် (Personal Boundaries) ကို မိဘကိုယ်တိုင် ချိုးဖောက်လိုက်တာပါပဲ။ ငယ်စဉ်ကတည်းက "ငါ့ပစ္စည်းကို ငါငြင်းပိုင်ခွင့် မရှိဘူး" လို့ ခံစားရတဲ့ကလေးဟာ ကြီးလာတဲ့အခါမှာလည်း သူ့ရဲ့ ခန္ဓာကိုယ်နဲ့ အခွင့်အရေးကို သူတစ်ပါးက အလွယ်တကူ လာရောက်စွက်ဖက်တာကို ငုံ့ခံတတ်တဲ့သူ (Vulnerable) ဖြစ်သွားတတ်ပါတယ်။

၂။ ဟန်ဆောင် ပေးကမ်းခြင်း (Fake Generosity)

အတင်းအကျပ် ပေးခိုင်းလို့ ဝေမျှလိုက်ရတာဟာ စေတနာကြောင့် မဟုတ်ဘဲ "မိဘကို ကြောက်လို့" ဒါမှမဟုတ် "အဆူခံရမှာ စိုးလို့" သက်သက်သာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းက ကလေးကို တကယ့် စာနာစိတ်နဲ့ ပေးကမ်းချင်စိတ်ဖြစ်အောင် မသင်ပေးနိုင်ဘဲ၊ လူရှေ့သူရှေ့မှာ ဟန်ဆောင်ကောင်းအောင် လုပ်တတ်တဲ့ အကျင့်ကိုပဲ ရစေပါတယ်။

၃။ ပိုင်ဆိုင်မှုအပေါ် ယုံကြည်မှု ပျောက်ဆုံးခြင်း (Loss of Security)

ကိုယ်အမြတ်နိုးဆုံး ပစ္စည်းကို အချိန်မရွေး လာယူသွားနိုင်တယ်ဆိုတဲ့ အသိက ကလေးကို စိုးရိမ်စိတ် (Anxiety) အမြဲဖြစ်နေစေပါတယ်။ ဒါကြောင့် ကလေးက ပစ္စည်းတွေအပေါ်မှာ ပိုပြီး တွယ်တာလာ၊ ကပ်စေးနှဲလာတတ်ပါတယ်။

၄။ ဘယ်လို မှန်မှန်ကန်ကန် ဖြေရှင်းမလဲ? (The Right Way to Share)

အတင်းမလုပါနဲ့။ "အလှည့်ကျဆော့ခြင်း (Taking Turns)" ကို သင်ပေးပါ။ "သား ဆော့လို့ဝရင် ညီလေးကို ပေးဆော့လိုက်နော်" လို့ ပြောပြီး ကလေးကို ရွေးချယ်ခွင့် ပေးပါ။ တကယ်လို့ အိမ်ကို ဧည့်သည်လာတော့မယ်ဆိုရင် ကလေး အရမ်းหวงတဲ့ (หวง-မြတ်နိုးတွယ်တာသော) အရုပ်တွေကို ကြိုပြီး သိမ်းထားခိုင်းလိုက်တာက အကောင်းဆုံး ဖြေရှင်းနည်းပါပဲ။

၁။ သင့်ကလေးက သူ့အရုပ်ကို သူများကို အလွယ်တကူ ပေးဆော့တတ်လား? ဒါမှမဟုတ် အရမ်း တွယ်တာတတ်တဲ့ ကလေးလား?

၂။ သူငယ်ချင်းတွေနဲ့ ဆော့တဲ့အခါ အရုပ်လုငိုကြရင် သင်က 'ကိုယ့်ကလေးကိုပဲ အလျှော့ပေးခိုင်းလား' ဒါမှမဟုတ် 'အလှည့်ကျဆော့ဖို့ ဝင်ညှိပေးလား'?

၃။ "အတင်းအကျပ် ဝေမျှခိုင်းခြင်းဟာ ကလေးရဲ့ စိတ်လုံခြုံမှုကို ထိခိုက်စေတယ်" ဆိုတဲ့ ဒီအမြင်ကို သဘောတူရင် (သို့) သဘောမတူရင် Comment မှာ ဝင်ရောက်ဆွေးနွေးပေးသွားပါဦး။

ရေးသားသူ Ye Yint Aung (Baby Care)
Crd

15/06/2026

ကျောင်းအပေါ်ထပ်အနေနဲ့ဝတ်ပေးဖို့ရှာနေပါသလား??

မိုးလေးအေးအေးမှာ အရမ်းလည်းမထူ အေးမှာကိုမစိုးရိမ်ရတဲ့ မေမေတွေအကြိုက် orcite brand လေးထဲက ချွေးစုပ်အသားအေး လုံခြုံစေမှုကို...
15/06/2026

မိုးလေးအေးအေးမှာ အရမ်းလည်းမထူ အေးမှာကိုမစိုးရိမ်ရတဲ့ မေမေတွေအကြိုက် orcite brand လေးထဲက ချွေးစုပ်အသားအေး လုံခြုံစေမှုကိုပေးတဲ့ ဘောင်းဘီရှည် သီးသန့်လေးလာပါပြီနော် 😍😍

4yrs to 10yrs. ကိုမှ amazing price လေးမို့ အဆင်စုံသာယူပစ်လိုက် 😄😄

14/06/2026

မေမေတွေရဲ့ အသည်းစွဲ ဘာလေးပါလိမ့် 🙄🙄🙄

မင်းသမီးလေးတွေ ကျောင်းသွား သင်တန်းသွား ပေါ့ပေါ့ပါးပါး ဝတ်ဖို့ရာ half cardigan လေး ❤️❤️4yrs to 10yrs
14/06/2026

မင်းသမီးလေးတွေ ကျောင်းသွား သင်တန်းသွား ပေါ့ပေါ့ပါးပါး ဝတ်ဖို့ရာ half cardigan လေး ❤️❤️

4yrs to 10yrs

Address

Thingangyun

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30

Telephone

+959967895050

Website

Alerts

Be the first to know and let us send you an email when Golden Kids -Export Kids wear and accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share