Khayay Phyu Travel

Khayay Phyu Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khayay Phyu Travel, Toungoo.

04/02/2026
04/05/2025

DV 2026 စစ်လို့ရပါပီရှင့်

📌 Khayay Phyu Travel မှာ DV ထိုးထားသူများအားလုံးကို စစ်ဆေးပေးပါမယ်နော်
DV ပေါက်ပါက ချက်ခြင်း အကြောင်းကြားပေးပါ့မယ်ရှင့်

*** စစ်ဖို့အဆင်မပြေသူများရှိပါက comment မှာ မန့်ပေးပါ စစ်ဆေးပေးပါမယ်ရှင့်*****



မနက်ဖြန် (1.5.2025) ရက်မှစတင်ပီးPassport QR Code လေးတွေ ပြန်တင်လို့ရပါပီနော်
30/04/2025

မနက်ဖြန် (1.5.2025) ရက်မှစတင်ပီး
Passport QR Code လေးတွေ ပြန်တင်လို့ရပါပီနော်

1:04 am
01/04/2025

1:04 am

01/04/2025

ပဲခူးတိုင်းအတွင်း ငလျင်ငယ်တွေ လှုပ်တာနဲ့ ပတ်သက်လို့ -
အမြင့်ဆုံး ၃.၆ အထိရှိခဲ့ပြီး မတ်လ ၃၁ ရက်နေ့မှာ ၉ ကြိမ်ရှိခဲ့ပါတယ်။
စိုးရိမ်စရာရှိလားဆိုတော့ မရှိဘူးလို့ပဲ ဖြေပေးရပါလိမ့်မယ်။
ဒီနေ့ဆိုရင် မနက် ၈ နာရီ ၁၈ မိနစ် ၃၇ စက္ကန့် တောင်ငူနားမှာ လှုပ်တဲ့ ပြင်းအား ၂.၃ နဲ့ အားပျော့တဲ့ ငလျင်ငယ်လေးတခုသာရှိပါတယ်။

ထိုင်းနိုင်ငံမှာ ငလျင်နဲ့ပတ်သက်ပြီးအရေးပေါ်အခြေအနေကြေညာထားတာလဲ ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ကျနော်တို့ဆီမှာတော့ အဓိကငလျင်ကြီးလှုပ်သွားတဲ့ နေရာမို့ အရေးပေါ်အခြေအခြေအနေကြေညာထားတာ ပြန်ရုတ်သိမ်းဦးမှာ မဟုတ်ပါ။

အခု ထိုင်းနိုင်ငံ မိုးလေဝသဌာန- မြေငလျင်ဌာနက ထုတ်ပြန်ပေးတဲ့ အချက်အလက်တွေကို လိုသလို ရှာဖွေကြည့်နိုင်တဲ့ Web app တခုကို ဆောက်ပေးထားကြောင်း တင်ပြပေးခဲ့ပြီးလဲ ဖြစ်ပါတယ်။
https://www.facebook.com/uwinnaing/posts/pfbid0uBkSSFrN7Nh6

အဲ့ဒီမှာ နေ့စဉ်လိုအပ်တဲ့ငလျင်အချက်အလက်တွေ ကြည့်နိုင်/ရယူနိုင်ပါတယ်။

https://blog.akze.me/earthquakevisual.html

crd to U Win naing

တောင်ငူမြို့ စိုးရိမ်နေသူများအတွက်...
30/03/2025

တောင်ငူမြို့ စိုးရိမ်နေသူများအတွက်...

30/03/2025

မန္တလေးက လမ်းတွေမှာ WiFi လေးတွေဖွင့်ကြည့်ပေးပါ။

Wireless 5G လို့ပေါ်နေခဲ့ရင်

Password - eeeeeeee ( e ၈ လုံး) ရိုက်ပြီး သုံးနိုင်ပါတယ်။
crd

30/03/2025

ဒီကာလမှာ လူတိုင်းပူလောင်မှုကိုယ်စီ ရင်ဝယ်ပိုက်ပြီး နေနေကြပေမဲ့ လူလို့မခေါ်ထိုက်သူ တချို့အတွက်တော့ သတင်းအမှားတွေနဲ့ လူတွေကို Panic ဖြစ်အောင် လုပ်နိုင်လေလေ share တွေ follower တွေတက်ပြီး နောက်အဲအကောင့်တွေ/Pageတွေကို ပြန်ရောင်းတဲ့အခါ စျေးကောင်းရနိုင်တဲ့အခွင့်ရေးပေါ့။

မရောင်းခဲ့ရင်တောင် နောင်တချိန် ဘာ talent မှမရှိလို့ တစ်သက်လုံးမှ လူရာမဝင်ခဲ့တဲ့သူတွေက ဖော်လိုဝါများတာပြပြီး လုပ်စားဖို့ရအောင် ဂွင်ကောင်းဖန်နေတဲ့ ကာလလို့တောင်ပြောချင်တယ်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ်တယ်ဆိုတဲ့ စကားပုံကလည်း အလကားပေါ်လာတာမဟုတ်တော့ တောကြောင်တွေကို ကိုယ်ကရှောင်နိုင်ရမယ်။

သတင်းအမှားဆိုတာမျိုးက ဝေးဝေးမကြည့်နဲ့ မနေ့ညကဆို မြို့ထဲတဝိုက်မှာ ကလေးသူငယ် သက်ကြီးရွယ်အို ကျန်းမာရေးမကောင်းသူကအစ ငလျင်လာတော့မယ်ဆိုတဲ့ ဘယ်ကရမှန်းမသိတဲ့ source နဲ့ လမ်းပေါ်ထွက်ခိုင်းတာကို ဆိုလိုတယ်။ လူတိုင်း ကြောက်နေကြမှန်း ရင်တွေပူနေကြမှန်း သိသိနဲ့လေ သူတို့ပို့စ်ပေါက်ဖို့ မှောင်မည်းကြီးထဲ ခြင်စာကျွေးတာမျိုးက အရမ်းဆိုးတယ်။

ပြီးရင် မန္တလေးက သူတို့ဟာသူတို့တောင် ဒုက္ခဝိုင်းနေတဲ့သူတွေ ငလျင်အသေးတွေ တစ်ခေါက်ပြီးတစ်ခေါက်လှုပ်လို့ ဘေးမကင်းကြတဲ့ကြားက ရန်ကုန်ကလူတွေကို မိသားစုဝင်တွေကို လှမ်းစိတ်ပူရသေးတယ်။ အဲသတင်းဖြန့်တဲ့သူတွေ သူတစ်ပါးကို စိတ်ဒုက္ခ ကိုယ်ဒုက္ခပေးပြီးမှ ရတဲ့အကျိုးတွေအပြစ်တွေက ဘယ်လောက်တောင်ကြီးလိုက်မလဲပဲ။

ငါတို့လည်း လိုင်းတစ်ခုပဲ ကြည့်စရာရှိတော့ စိတ်ပူလွန်းလို့ ယုံမိတာပါဆိုတဲ့သူတွေကကျ ပညာရှင်အကောင့်တွေ သတင်းမှန်တင်သူတွေ ကမ္ဘာအနှံ့ မြေငလျင်ဖြစ်နိုင်ချေတွေကို အချိန်နဲ့ တပြေးညီ တွက်ချက်ပေးနိုင်တဲ့ website တွေကို ကြည့်လို့ရပါတယ်။

မနေ့(29.3.2025)က ရန်ကုန်ရဲ့ ငလျင်လှုပ်နိုင်ချေဟာ 0.3 % ဖြစ်ပြီး ဒီနေ့(30.3.2025) မှာ 0.4% ပါ။ အမြဲတမ်းမှာ ဖြစ်နိုင်ချေနည်းလှပါတယ်ဆိုတဲ့ 1% တောင်မပြည့်တဲ့အောက်မှာပဲ ရှိပါတယ်။ မန္တလေးကတော့ မနေ့က 75% ကနေ ဒီနေ့ 69% ပါ။ ပိုနည်းတာတာတော့ ဝမ်းသာရမယ်။ ဒါပေမဲ့ သတိလျော့လို့ မရသေးပါဘူး။ (www.richterx.com မှ ခန့်မှန်းထားတဲ့အချက်အလက်တွေပါ)

Geologists တွေတောင် မြေငလျင်ဆိုတာ မိုးရွာ လေတိုက်လိုမျိုး လူကအတိကျပြောလို့မရပဲ အလွန်ဆုံး ခန့်မှန်းနိုင်တာလောက်ပဲ လုပ်လို့ရကြောင်း ဒီခန့်မှန်းတယ်ဆိုတာမှာလည်း ဘယ်နေ့ ဘယ်ချိန် အတိကျနဲ့ မဟုတ်ကြောင်း ပြောထားကြပြီးသားပါ။ ဒါလေးကို မမေ့ပါနဲ့နော်။

မိုးလေဝသပညာရှင် ဆရာကြီးဦးဝင်းနိုင်ရဲ့ အကောင့်ပါ။ Follow လုပ်ထားဖို့ လိုအပ်ပါတယ်။

https://www.facebook.com/share/1JMiC27dGQ/?mibextid=wwXIfr

မြန်မာနိုင်ငံ မီးသတ်အဖွဲ့ချုပ်ပါ။ အချိန်နဲ့တပြေးညီ အလုပ်လုပ်ကြပါတယ်။

https://www.facebook.com/share/1BgVbBmGf4/?mibextid=wwXIfr

လျှပ်စစ်မီး အခြေနေကြည့်ဖို့ ဒီမှာပါ။

https://www.facebook.com/share/164XkQo8iS/?mibextid=wwXIfr

အမေရိကန်ပြည်ထောင်စု ဘူမိဗေဒဆိုင်ရာစစ်တမ်းဌာန (The U.S. Geological Survey - USGS) ရဲ့ Earthquake Hazards Program ဝက်ဘ်ဆိုဒ်မှာ မြေငလျင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ သုတေသနတွေနဲ့ အစီရင်ခံစာများကို ဖော်ပြထားပါတယ်။ မြန်မာနဲ့ တစ်ကမ္ဘာလုံးက နောက်ဆုံး ငလျှင်သတင်းတွေနဲ့ အသေးစိတ်အချက်အလက်တွေကို ဒီမှာ ဝင်ကြည့်လို့ရပါတယ်။

https://earthquake.usgs.gov/earthquakes/map/?extent=8.60275,82.26563&extent=29.38218,114.43359

ကမ္ဘာအနှံ့ မြေငလျင် ဖြစ်နိုင်ချေများကို အချိန်နဲ့ တစ်ပြေးညီ တပြိုင်နက် တွက်ချက်ပေးနိုင်တဲ့ website

www.richterx.com

ဒါကတော့ အခု အခြေအနေတွေနဲ့ တိုက်ရိုက်မသက်ဆိုင်သေးပေးမဲ့ ရှေ့လျှောက် မုတ်သုန်ရာသီမှာ အသုံးဝင်လာမဲ့ မိုးလေဝသအခြေအနေတွေကို အသေးစိတ်ဝင်ရောက်ကြည့်ချင်ရင် သူ့ကို သုံးလို့ရပါတယ်။ အပူချိန်၊ လေတိုက်နှုန်း၊ မိုးရွာနှုန်း၊ တိမ်တန်းတွေနဲ့ တစ်ခြား အသေးစိတ်အချက်အလက်တွေကို မြေပုံပေါ်မှာ interactive နဲ့ပြပေးပါတယ်။ မုန်တိုင်းလမ်းကြောင်းတွေကိုလည်း တော်တော်လေးလေး တိတိကျကျ ခန့်မှန်းပေးနိုင်ပါတယ်။��

www.windy.com

သတင်းမှန်တင်ပေးတဲ့ page တွေထဲကတစ်ခုပါ

https://www.facebook.com/share/1Fphbfvm7p/?mibextid=wwXIfr

မိမိ အိုးအိမ်တိုက်တာ ပျက်စီးဆုံးရှုံးမှူ့တွေကို video သို့ ပုံပြပြီး လူနေထိုင်လို့ရမရ တွက်ချက်ပေးနေတဲ့ အင်ဂျင်နီယာ အဖွဲ့၂ခုပါ။

https://www.facebook.com/share/p/1fAuLJbh5k/?mibextid=wwXIfr

https://www.facebook.com/profile.php?id=100063801203223

မမေ့မလျော့ မပေါ့ဆသော သတိတရားနဲ့ ပြည့်စုံစွာနေနိုင်ကြပါစေ။ ဘေးကင်း လုံခြုံကြစေဖို့ ဆုတောင်းပေးနေပါတယ်။
crd to original writer

8.3.2025 ရက်နေ့ကစပြီးကြယ်နန်းတော်ရဲ့ ရန်ကုန်- ငွေဆောင် ခရီးစဥ် နေ့စဉ်ပြန်ထွက်ပါပီရှင့်လက်မှတ်များဝယ်ယူလိုပါက🔹 Khayay Phy...
08/03/2025

8.3.2025 ရက်နေ့ကစပြီး
ကြယ်နန်းတော်ရဲ့ ရန်ကုန်- ငွေဆောင် ခရီးစဥ် နေ့စဉ်ပြန်ထွက်ပါပီရှင့်

လက်မှတ်များဝယ်ယူလိုပါက
🔹 Khayay Phyu Travel (Messenger)

☎ 09-792612878 (Viber)
☎ 09-974199786
တို့တွင် စုံစမ်းဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်






#ဝန်ဆောင်မှုနဲ့_နာမည်ကျော်_ခရီးသွားမယ်ဆို_ကြယ်နန်းတော်

မတ်လ(၁၂) ရက် မှ (၁၆)ရက် အထိ (၅)ရက် အစိုးရရုံးပိတ်ရက် အဖြစ်သတ်မှတ်
03/03/2025

မတ်လ(၁၂) ရက် မှ (၁၆)ရက် အထိ
(၅)ရက် အစိုးရရုံးပိတ်ရက် အဖြစ်သတ်မှတ်

Address

Toungoo
08101

Telephone

+959697110702

Website

Alerts

Be the first to know and let us send you an email when Khayay Phyu Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khayay Phyu Travel:

Share