29/03/2025
ငလျှင်ဒဏ်ခံထားရသော နေရာများမှ ဆိုလာသုံးစွဲသူများ အထူးသတိပြုရန် 💥💥💥
ငလျှင်လှုပ် ပြီး physically ထိခိုက်မိသွားတဲ့ lithium battery တွေကို လက်တလော ဘယ်လို ထားမလဲဆိုတာ အရေးကြီးပါတယ်။ Energy storage ပစ္စည်းဖြစ်တဲ့ အတွက် အထိန်း အကွပ်မရှိဘဲ discharge ဖြစ်တဲ့ အခါ အန္တရာယ်များပါတယ်။ Battery cell တွေ ကို အထိန်း အကွပ်နဲ့ အားသွင်း အားထုတ် သုံးတဲ့အခါ အန္တရာယ် မဖြစ်အောင် BMS (software, hardware) အပါအဝင် inverter setting များဖြင့် ထိန်းကြောင်းပေးပါတယ်။
ငလျှင်ကြောင့် battery များ ပြုတ်ကျ ပြိုလဲ မှုဖြစ်တဲ့ အခါမှာ အထဲက cells တွေကို မလှုပ်အောင်ထိန်းချုပ် ထားတဲ့ structure များ ပျက်စီးခြင်း၊ cells များရဲ့ လျှပ်ကာပစ္စည်း များ ပျက်စီးခြင်း တို့ဟာ အပေါ်ယံ ကြည်ရုံနှင့် မသိနိုင်ပါဘူး။ ကျွမ်းကျင်တဲ့ ပညာရှင်များ မှ သေချာစွာ စစ်ဆေးပြီး မှပြန်လည် သုံးရန်သင့်မသင့် ဆုံး ဖြတ်ရမှာဖြစ်ပါတယ်။ Cell level မှာ fault ဖြစ်လာတဲ့အခါ BMS, inverter များဆီကနေ ဘာ protection မှ မရှိဘဲ uncontrol discharge ဖြစ်ပြီး မီးတွေ ပန်းထွက်လာတဲ့ thermal run away ဆိုတဲ့ အခြေအနေရောက်ပါတယ်။ အဲလိုဖြစ်လာရင် ဘာနဲ့မှ ငြှိမ်းမရဘဲ ဘေးနားက လောင်စာတွေကိုသာ မလောင်နိုင်အောင် (သို့) လောင်နေတာတွေကိုပဲ ငြိမ်းအောင် လုပ်လို့ရပါတယ်။ ဒါကြောင့်မို့ ထိမိ ခိုက်မိထားတဲ့ battery များကို မစစ်ဆေးဘဲ အသုံးပြုခြင်းမှ ရောင်ရှားသင့်ပါတယ်။
ထိခိုက်ထားသော battery များကို လတ်တလော လုပ်ဆောင်သင့်သည့် အဆင့်များ
၁. Battery inverter solar နှင့်ပါတ်သက်သော ဘရိတ်ကာများအား ပိတ်ထားပါ။
၂. Battery ပုံးခွံများကို သေချာစွာ စစ်ဆေးပါ။ ထိမိခိုက်မိ ပုံစံပျက်စီးနေပါက လူသူ၊ အခြားလောင်စာများ နှင့် ဝေးသောနေရာသို့ ရွှေ့ထားပါ။
၃. ပုံးခွံများ ကောင်းနေသော်လည်း ပြုတ်ကျ၊ ဆောင့်မိ၊ စသဖြင့် ထိမိခိုက်မိထားပါက လူသူ၊ အခြားလောင်စာ နှင့် ဝေးသောနေရာသို့ ရွှေ့ထားပါ။
၄. တည်ငြိမ်သောအချိန်ရောက်ပါက တတ်ကျွမ်းနားလည်သော ပညာရှင်များ၏ စစ်ဆေးမှုခံယူပြီးမှ ပြန်လည်ပြုပြင်အသုံး ပြုပါ။
အားလုံးသော ပြည်သူများ အမျိုးမျိုးသော ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။
# Credit
# Ko Myat Nyein Zaw