Beauty Queens

Beauty Queens Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty Queens, No. 168, 21 Street, , အောင်သာယာရပ်ကွက်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော်, Yangon.

မကောင်းတာတွေဖယ်ရှားနည်း 🥚 အနောက်တိုင်းနည်း ခွေးတွေကြောင်တွေအိမ်မှာမရှိတာတောင် ဘယ်ကဘလိုရောက်လာပီး ကိုယ့်လိုက်ကာကိုပဲ တန်း...
07/02/2026

မကောင်းတာတွေဖယ်ရှားနည်း 🥚 အနောက်တိုင်းနည်း

ခွေးတွေကြောင်တွေအိမ်မှာမရှိတာတောင် ဘယ်ကဘလိုရောက်လာပီး ကိုယ့်လိုက်ကာကိုပဲ တန်းတန်းမတ်မတ်ကြီး သေးလာပန်းသွားတာတွေ့လို့ စိတ်ထဲမသင်ကာတာနဲ့ ကြက်ဥတစ်လုံးယူပီး (ရေခဲသေတ္တာထဲကကြက်ဥမရပါ) body အနှံ့ပွတ်ပီး မကောင်းတာမှန်သမျှ ကြက်ဥထဲပါသွားပါစေ ဆိုပီး holy water (ပရိတ်ရေ) ကို ဖန်ခွက် အကြည်ထဲထည့်ပီး egg cleansing လုပ်ကြည့်တာ

အံမယ် ကြက်ဥအနှစ်တောင်ပေါက်ထွက်လာပီး အမြှင်တွေအများကြီးတန်း နေပါလားဟေ့ Lord ကြီးကို ကျန်းမာရေးထိခိုက်ပါစေ မအောင်မြင်ပါစေနဲ့ ကြရှုံးပါစေ ပျက်စီးပါစေ ဆုံးရှုံးပါစေ ဆိုတဲ့ ဆန္ဒတွေနဲ့ တိုက်ကြတယ်ပေါ့လေ ပွဲတစ်ခါဖြစ်တိုင်း အဲ့လိုလူတွေ comment ရော cb မှာပါ လာရေးကြတာ လူကြီးမင်းတို့ တွေ့ကြမှာပါ အထူးသဖြင့် p**o hyun ပွဲတုန်းက comment တွေက တော်တော်ဆိုးဆိုးပဲ တစ်မိသားစုလုံး ဘာဖြစ်ပါစေညာဖြစ်ပါစေဆိုပီး ရေးတာတွေတွေ့မှာပါ

အဲ့ဒါနဲ့ ဆယ်မိနစ်ပြည့်လို့ ကြည့်ပီးတာနဲ့ ငရုပ်သီးမှုန့်ရော ဆားရော ငရုပ်ကောင်းမှုန့်ပါထည့်ပေးပီး အိမ်သာထဲမှာ ခွက်ကိုပြန်မကြည့်ပဲ နင်တို့လုပ်တာနင်တို့ပြန်ယူဆိုပီး ရေဆွဲချပေးလိုက်တယ်

ညီမကိုပါစစ်ပေးလိုက်တယ် သူကတော့ ကျနော့လောက်မများဘူး ကျန်းမာရေး တစ်ကြောင်းပဲ ပေါ်တယ်

လုပ်နည်းပြောပြပါအုံးဆိုလို့ ရေးပေးပါမယ်

( egg cleansing လုပ်နည်းက မြန်မာနည်းမဟုတ်ပါ အနောက်နိုင်ငံတွေက လုပ်ကြတဲ့နည်းပါ google တို့ tiktok တို့ youtube တို့ မှာ သူတို့လုပ်နည်းတွေ လုပ်ပီးရင် ကြက်ဥကိုကြည့်နည်းတွေ ပုံတွေနဲ့တကွ ကိုယ်ဘာဖြစ်နေလဲဆိုတာကို ပြထားပါတယ် တစ်ယောက်နဲ့တစ်ယောက်မတူပါ ကြက်ဥထည့်လိုက်တုန်းအနှစ်ဝါနေပီး ဆယ်မိနစ်စောင့်ကြည့်ပီးချိန် အနှစ်ကြီး နီလာရင် အဆိုးဆုံးအဆင့်လို့သတ်မှတ်ပါတယ် ယုံတာမယုံတာ ကိုယ့်သမိုင်းမလို့ လိုက်လုပ်ကြည့်ပါလို့အစထဲက မတိုက်တွန်းပါဘူး လုပ်နည်းလေး ရေးပေးအုံးဆိုလို့ရေးပေးတာပါ

ရေခဲသေတ္တာထဲက ကြက်ဥမရပါ ဖန်ခွက်အကြည်လိုပါမယ် holy water ပရိတ်ရေလိုပါမယ် ဘုရားစင်အရှေ့မှာပဲ လုပ်ပါ ဖန်ခွက်ထဲကို ရေထည့်ပါ အပြည့်မထည့်ပါနဲ့ ပီးရင်ကြက်ဥနဲ့ body တစ်ခုလုံး ဘယ်နေရာမှ မကျန် အောင် လိုက်ပွတ်ပါ ပါးစပ်ကနေ မကောင်းတဲ့အရာမှန်သမျှ ဒုက္ခပေးမဲ့အရာမှန်သမျှ အတိုက်အခိုက်များအားလုံး ဒီကြက်ဥထဲပါသွားပါစေဆိုပီး တကိုယ်လုံးလိုက်ပွတ်

ပီးရင် ဖန်ခွက်ထဲဖောက်ထည့် အပေါ်ကနေလုံးဝမကြည့်မိပါစေနဲ့ ဘေးကနေပဲ ကြည့်ပါ ဆယ်မိနစ်ထားပီးကြည့်ပါ တစ်ယောက်နဲ့တစ်ယောက်က ကြက်ဥပုံစံတွေမတူတာကြောင့် google ကိုသွားပါ ပုံတွေတိုက်စစ်ပါ

အဲ့မှာ အဆိုးတွေ က အနဲများကွာတာတွေ ပုံနဲ့ ရှင်းပြပါလိမ့်မယ် ကျနော့လိုပုံဆိုအဆိုး အများပါ အမျှင်တန်းအများ အနှစ်နား တိမ်လိုထူ အနှစ်က ကြာတော့ပေါက်ထွက်လာ အပေါ်မှာ ပူစီပေါင်းပါ အဲ့အချက်တွေများနေလို့ ငရုပ်ကောင်း ဆား ငရုပ်သီးမှုန့် သုံးခုလုံး ထည့်ပီး အိမ်သာထဲကို ရေဆွဲချလိုက်ပါတယ် မကောင်းတာအားလုံးပါသွားပီး ကိုယ်လုပ်တာကိုယ်ယူဆိုပီး ဆွဲချလိုက်ပါတယ် ရေဆွဲချရင် အိမ်သာခွက်လုံးဝမကြည့်ပါနဲ့ ပြန်ထွက်ရင်လည်း လှည့်မကြည့်ပါနဲ့ အဆိုးနဲတဲ့သူဆိုရင် ငရုပ်သီးမှုန့် တစ်မျိုးထဲနဲ့ရပါတယ် )

အဆိုးဆုံးအချက်က အနှစ်ကထည့်တုန်းက ဝါနေပီး ဆယ်မိနစ်ပြည့်လို့ အနှစ်ကြီး နီသွားရင် အဆိုးဆုံးအခြေနေပါ

လိုက်လုပ်ဖို့မတိုက်တွန်းပါဘူး အဲ့ဒါကြောင့်လုပ်နည်းထည့်မရေးတာပါ လုပ်ချင်တဲ့သူတွေကမေးလို့ လုပ်နည်းအခုမှထည့်ရေးပေးလိုက်တာပါ မြန်မာ့နည်းမဟုတ်ပါ အနောက်တိုင်းနည်းပါ သူတို့နိုင်ငံမှာ မိန်းကလေး ယောက်ျားလေး တော်တော်များများ လုပ်ကြပါတယ် သန့်စင်ချင်းဆိုပီး

ပီးရင် ညမအိပ်ခင် နေ့တိုင်း ခြေထောက်တွေ ရေဆေးပီးမှ အိပ်ပါ အိပ်လို့လည်းပျော်ပီး အိပ်မက်ဆိုးလဲ မမက်ပါဘူး

Crd to writer/photo lordoftheprank


🍀ပါချုပ်ဆရာတော်ဘုရားကြီး၏ ဆုံးမစကား🍀🌿ကိုယ်နှစ်သက်ရာ ... အရဟံ စတဲ့ ဂုဏ်တော်တစ်ခုခုကို ဖြစ်စေ    သမ္ဗုဒ္ဓေစတဲ့ ဘုရားရှိခို...
06/02/2026

🍀ပါချုပ်ဆရာတော်ဘုရားကြီး၏ ဆုံးမစကား🍀

🌿ကိုယ်နှစ်သက်ရာ ...
အရဟံ စတဲ့ ဂုဏ်တော်တစ်ခုခုကို ဖြစ်စေ
သမ္ဗုဒ္ဓေစတဲ့ ဘုရားရှိခိုးဂါထာတစ်ခုခုကိုဖြစ်စေ
ပရိတ် ပဋ္ဌာန်း ဓမ္မစကြာ တစ်ခုခုကိုဖြစ်စေ

🌿နေ့စဉ် ရွတ်ဖတ်ပူဇော်နေမယ်ဆိုရင် ....

🌿ကံပွင့် လာဘ်ပွင့် စန်းပွင့်ပြီး အန္တရာယ်ကင်းတယ်။

🌿အချိန် နာရီ မမှန်လည်း ပြဿနာမရှိဘူး။

🌿ပုဆိုး ဘောင်းဘီ ယောဂီဝတ်စုံ စသဖြင့်
ဝတ်စုံရွေးစရာလည်း မလိုဘူး။

🌿ဘာပုတီး ညာပုတီးစသဖြင့်
ပုတီးရွေးနေစရာလည်း မလိုဘူး။

🌿ကိုယ့်ရှိတဲ့ ပုတီးနဲ့ စိပ်လို့ရတယ်။
ပုတီး မပါလည်း ရတယ်။

🌿ဘုရားခန်းမှလည်း မဟုတ်ဘူး။

🌿သွားလာ လုပ်ကိုင် အိပ်ယာထဲလဲလျောင်းနေလျှင်လည်း
ရွတ်ဖတ်ပူဇော်ပွားများလို့ ရတယ်။

🌿နတ်မပင့်လည်း ရတယ်။

🌿အမျှဝေတာကတော့ လုပ်ပါ။

🌿အမျှဝေဖို့ မေ့သွားလည်း ပြဿနာမရှိဘူး။

🌿အချိန်မရလို့ တိုတိုတုတ်တုတ် အမျှဝေချင်ရင်

🌿"ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဘာဇေမ'' လို့
ရွတ်ဆိုလိုက်ရင် အမျှဝေပြီး ဖြစ်ပါတယ်။

🌿လိုရင်းက...
နေ့စဉ် ရက်မပျက်လေး လုပ်သွားဖို့ပါပဲ။

🌿ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ🙏

🌿ကုသိုလ်ယူမျှဝေပေးလိုက်ပါတယ်ခင်ဗျာ🙏🙏🙏

အမြတ်ဆုံးတရားကိုကုသိုလ်အဖြစ်ပြန်လည်မျှဝေပါသည်
BQ

ဂုဏ်တော်ကိုးပါး ပုတီးစိပ်ခြင်းဟာ အလွန်ဘုန်းကံတက်စေပါတယ်။ မိမိမှာ ရှိတဲ့ အကျပ်အတည်း အခက်အခဲတွေ ပြေလည်စေတဲ့အထိလည်း တန်ခိုး...
06/02/2026

ဂုဏ်တော်ကိုးပါး ပုတီးစိပ်ခြင်းဟာ အလွန်ဘုန်းကံတက်စေပါတယ်။ မိမိမှာ ရှိတဲ့ အကျပ်အတည်း အခက်အခဲတွေ ပြေလည်စေတဲ့အထိလည်း တန်ခိုးကြီးမားတဲ့အတွက်
၅ပါးသီလ ဆောက်တည်ထိန်းသိမ်းပြီး စိပ်ပါ။ စိပ်တဲ့လူတိုင်းကို ကောင်းသောကံသို့ ကူးပြောင်းစေပါတယ်။စိတ်တွေ သိသိသာသာ ငြိမ်းအေးလာပါမယ်။

ဂုဏ်တော် ကိုးပါး ပုတီးစိပ်ခြင်းအကျိုး

📿 ဘုန်းကံ တိုးလာခြင်း

📿ဘေးအန္တရာယ်မှ လွတ်မြောက်ခြင်း
ကျရောက်လာခါနီး စိတ်က အလိုလိုသိနေခြင်း

📿အရှက်တကွဲအရေးတွေမှ လွတ်မြောက်ခြင်း

📿စီးပွါးလာဘ်လာဘ တိုးတက်ခြင်း

📿စိတ်အစဉ်အေးချမ်းပြီး မေတ္တာစိတ်အားကောင်းခြင်း

📿အကျပ်အတည်းတွေမှ ကူကယ်ရာပေါ်လာခြင်း

📿မိမိအပေါ် မကောင်းသူတွေနဲ့ အလိုလိုဝေးကွာသွားခြင်း

မနက်ဖြန် ၃၁ ရက်နေ့မှာ စစိပ်မှာမို့ အစနေ့မှာပါရှင်။
အရင် စိပ်ဖူးသူတွေအတွက်ကတော့ ၃ ကြိမ်မြောက် ရှိပါပြီ။ နေ့စဉ် အာစိဏ္ဏကံ ကုသိုလ်အဖြစ် ဘုရားသောက်ရေချမ်း/ ဆွမ်း/ ပန်း ကပ်လှူပါ။ မကောင်းသောစိတ် မကောင်းသောအကြံကိုရအောင် ပယ်ဖျက်ပါမည်။ ကောင်းမှုတစ်ခု နေ့စဉ် ပြုပါမည်။ မူးယစ်သူရာတွေ ရှောင်ရပါမည်။

Day -1

၁။ အရဟံ ( 10 ပတ်)

အာရုံပြုရန်

လောဘ၊ဒေါသ၊မောဟ အစရှိသည့် ကိလေသာတို့ ကင်းစင်တော်မူအပ်သောမြတ်စွာဘုရားအား ရိုသေစွာရှိခိုးပါ၏ ။

Day -2

၂။ သမ္မာသမ္ဗုဒ္ဓေါ ( ၁၀ ပတ်)

အာရုံပြုရန်

တရားဟူသမျှကို ဆရာမကူပဲ ကိုယ်တိုင်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ
ရှိခိုးပါ၏။

Day -3

၃။ ဝိဇ္ဇာစရဏသမ္ပန္နော (10 ပတ်)

အာရုံပြုရန်

အသိဉာဏ်နဲ့ အကျင့်စရဏတို့ဖြင့် ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏။

Day -4

၄။ သုဂတော ( 10 ပတ်)

အာရုံပြုရန်

ကောင်းသောစကား မှန်ကန်၍ အကျိုးရှိသောစကားကိုသာ ဆိုတော်မူတတ်သော ဗုဒ္ဓမြတ်စွာဘုရားအား ရ်ိုသေစွာရှိခိုးပါ၏။

Day -5

လောကဝိဒူ ( 10 ပတ်)

အာရုံပြုရန်

လောကသုံးပါးက်ို အကုန်စင် သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏။

Day - 6

၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ ( 10 ပတ်)

အာရုံပြုရန်

မယဉ်ကျေးသော လူ၊နတ်၊ဗြဟ္မာတို့ကို ယဉ်ကျေးအောင် ဆုံးမရာတွင် အတုမရှိအောင်မြင်တော်မူသော မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏။

Day -7

၇။ သတ္ထာဒေဝမနုဿာနံ ( 10 ပတ်)

အာရုံပြုရန်

လူ၊နတ်၊ဗြဟ္မာ၊ သတ္တဝါတို့၏ ဆရာဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏။

Day -8

၈။ ဗုဒ္ဓေါ ( 10 ပတ်)

အာရုံပြုရန်

သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင် သိမြင်တော်မူ၍ ဟောကြားပေးတော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏။

Day - 9

၉။ ဘဂဝါ ( 10 ပတ်)

အာရုံပြုရန်

ဘုန်းတော် ၆ ပါးနဲ့ ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏။

Day -10 မှာ အရဟံ (၁၀ ပတ်) မှ ပြန်စ ရပါမည်။

Day -11 သမ္မာသမ္မာသမ္ဗုဒ္ဓေါ ( ၁၀) ပတ် စသဖြင့်
အစဉ်လိုက် ပြန်ကျော့ပါ။

နောက်ဆုံးရက်မှာ ဂုဏ်တော်တစ်ပါးတည်းကို ၁၀ ပတ်စိပ်အပြီး ဂုဏ်တော်ကိုးပါးလုံးကိုပါ တစ်ပါး တစ်ပတ်နူန်းနဲ့
စိပ်လိုက်ပါရှင်။

ဥပမာ ရက်၃၀ ပြည့်တဲ့နေ့က သတ္တာဒေဝမနုဿနဲ (၁၀) ပတ်နေ့ဆို ၁၀ ပတ်အပြီးမှာ ဂုဏ်တော်ကိုးပါးလုံးကို
တစ်ပါး တစ်ပတ်နူန်းနဲ့ ၉ ပတ် ထပ်စိပ်ပြီး အဓိဌာန်ချုပ်လိုက်ပါလို့ 🙏🙏🙏

✅သတိပြုရန်

နုတ်က ဂါထာကိုရွတ်စိပ်ရင် အနက်ကို အာရုံပြုပူဇော်မှ
စိပ်နည်း မှန်ပါတယ်။ ပထမ အစ ခက်သလိုရှိလည်း
ရအောင် သတိကပ်ပြီး အာရုံပြု ပူဇော်ပါရှင်။

အားလုံး စိတ်ကျန်းမာ ကိုယ်ချမ်းသာ ရှိကြပါစေ။
အကျပ်အတည်းတွေမှ လွတ်မြောက်ကျော်လွှားနိုင်ကြပါစေ။ 🙏🙏🙏

05/02/2026

၆ရက်နေ့မှ၁၁ရက်နေ့အထိဆက်တိုက်

ဝသုန္ဒရေ နတ်မင်းကြီးအား အမွှေးတိုင်၁၁တိုင်

ပူဇော်ပါ တိုက်ခန်းနှင့်​​

နေသူများဝရံတာအပေါက်ဝတွင်ထွန်းပါ

ခြံဝန်းများဖြင့်နေသူများခြံထဲတွင်ပူဇော်ပါ

ယခုရက်များတွင် ငလျင်များဆက်တိုက်လာနေသာကြောင့်ဤယတြာကိုပြုလုပ်မည်ဆိုပါကအသေချာလေးပြုလုပ်ပါ

​ထို၅ရက်တွင်

ပုဗ္ဗဏသုတ် ကို ၅ခေါက်ရွတ်ပါ

မည်သည်ဆုကိုမျှမတောင်းပဲအသေချာလေးပြုလုပ်ပါ

အဓိဌာန်ယုံကြည်သူ

Crd နှင်းပန်းချီစံ

တောကြက်ဟင်းခါးသီး အလေ့ကျပေါက်ပြီး အသီးပုပုလေးတွေသီးသော တောကြက်ဟင်းခါးသီးကို အရှင်နာဂသိမ် ပုံပြအဘိဓါန်ဆေးကျမ်းတွင် ဤသို့ဖ...
26/02/2022

တောကြက်ဟင်းခါးသီး

အလေ့ကျပေါက်ပြီး အသီးပုပုလေးတွေသီးသော တောကြက်ဟင်းခါးသီးကို အရှင်နာဂသိမ် ပုံပြအဘိဓါန်ဆေးကျမ်းတွင် ဤသို့ဖော်ပြထားပါသည်

အရသာ နှင့် အကျိုးသွား။
ပဉ္စငါးပါးကို အသုံးပြုနိုင်၏ ၊ ခါး၏ ၊ စပ်ရှားရှား ရှိ၏၊ အေး၏၊ ဝိပါက စပ်၏၊

ဂုဏ်နှင့်စွမ်းရည် ။
လေတို့ကို ဖြိုခွဲတတ်၏၊ ကြေကျက်လွယ်၏၊ လေကိုဖြစ်စေ၏၊ ဝမ်းကိုသက်စေ၏၊ ပိုးကို နိုင်၏၊ ဆာလောင်ခြင်းကို ဖြစ်စေ၏၊ သည်းခြေ သလိပ်ကို နိုင်၏၊ မျက်စေ့ရောဂါ ဝစ္စမဂ် နာကျင်ခြင်း၊ ယောနိတွင်ဖြစ်သော ရောဂါများ၊ ပိုးရောဂါ ၊ သွေးဖောက်ပြန် ခြင်း၊ သွေးအား နည်းခြင်း၊ ဆီးနှင့် စပ်သော ရောဂါများ၊ ပန်းနာ၊ အနာပေါက်၊ လေပြွန်တန်တွင် ပူသော ရောဂါတို့ကို ပျောက်ကင်းစေ၏။

ပါးစပ် ကွဲလောင်ခြင်း
၎င်းသတ္ထုရည် နျှု့ မြေဖြူ မှုန့် နှင့် ရော ပွတ် ပေးလျှင် ပျောက်သည်။

ယားနာ
အပင်၏ ပဉ္စငါးပါးကို သစ်ကြပိုးခေါက် ပိတ်ချင်း၊ ဆန်၊ ဗာဒံစေ့၊ ရောပြီး လူးပေးပါက ယားနာလို အရေပြားရောဂါ ပျောက်၏။

အဆစ်ရောင်
အသီးနုများ၏ သတ္ထုရည်ကို မီးပေါ်မှာ နွှေးပြီး လိမ်းသော် အဆစ်ယောင်ရောဂါ ပျောက် ကင်းစေ၏။

ကာလဝမ်းရောဂါ
အသီး သတ္ထု ရည်ကို ဆီ နှင့် ရောသောက်က ပျောက်ကင်း၏

လည်ချောင်းနာ
အသီးခြောက်ကို သွေးပြီး လူးသော် လည်ခြောင်း ရောင် သော ရောဂါ ပျောက်စေ၏။

#သမားတော်တိုင်းရင်းဆေး

Provides Credit to Original Owners.

အထူးကျေးဇူးတင် လေးစားစွာဖြင့်
Credit @ မူရင်းပိုစ့်
Credit @ Original Photo Owner

မြန်မာ့တိုင်းရင်းဆေး FB

Address

No. 168, 21 Street, , အောင်သာယာရပ်ကွက်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော်
Yangon

Telephone

+959254149429

Website

Alerts

Be the first to know and let us send you an email when Beauty Queens posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share