Tri-Angle Clothing

Tri-Angle Clothing Our suit,your style

Orderထည်လေး done #100%cotton   #ချည်ဂျာစီကလေးဝတ် #မြင်းခြံချည်သားစစ်စစ် #လက်လီလက်ကား
25/06/2025

Orderထည်လေး done
#100%cotton


#ချည်ဂျာစီကလေးဝတ်
#မြင်းခြံချည်သားစစ်စစ်
#လက်လီလက်ကား

မြင်းခြံချည်ကွက် နဲ့ BKK ချည်ကွက်ဘာကွာလဲမြင်းခြံချည်ကွက်ဆိုတာချည်ပေါင်းချည်သားစစ်စစ်အေးတယ်၊ခြောက်သွေ့လွယ်တယ်ပေါ့ပါးတယ်၊ခ...
10/11/2024

မြင်းခြံချည်ကွက် နဲ့ BKK ချည်ကွက်ဘာကွာလဲ

မြင်းခြံချည်ကွက်ဆိုတာ
ချည်ပေါင်းချည်သားစစ်စစ်
အေးတယ်၊ခြောက်သွေ့လွယ်တယ်
ပေါ့ပါးတယ်၊ချွေးစုပ်တယ်
အထူအပါးအသားညီတယ်
လေဝင်လေထွက်ကောင်းတယ်
ရေလျှော်လေအသားပျော့သွားလေ
ချည်စစ်စစ်ရဲ့အရသာကိုပေးတယ်

BKK ချည်ကွက်ဆိုတာ
ချည်နှောနိုင်လွန်အရောပါ
ပူတယ်၊ချွေးထွက်ရင်ယားတယ်
အရေပြားနုတဲ့သူတွေဆို အဖုလေးတွေထနိုင်တယ်
ချွေးမစုပ်၊လေဝင်လေထွက်မကောင်းဘူး
ရေလျှော်လဲမပျော့သွားဘူး
အထူအပါးအသားမညီဘူး
ထူရင်အရမ်းထူ၊ပါးရင်လဲ‌အကုန်မြင်ရတယ်

#မြင်းခြံချည်ကွက်
#ချည်ကွက်ဘောင်းဘီ
#ချည်ပေါင်းသား

ချည်ထည်တွေကို ဝတ်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ..ချည်ထည်သည် သဘာဝက ပေးတဲ့အကောင်းဆုံးပစ္စည်းတစ်ခုဖြစ်ပြီးတော့ လူသား...
06/12/2023

ချည်ထည်တွေကို ဝတ်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ..
ချည်ထည်သည် သဘာဝက ပေးတဲ့အကောင်းဆုံးပစ္စည်းတစ်ခုဖြစ်ပြီးတော့ လူသားတိုင်းအတွက် အကျိုးပြုတဲ့ အရာများစွာကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ချည်ထည်အဝတ်များကို ဝတ်မယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကတော့...



အစိုဓာတ်ကို ထိန်းပေးနိုင်ခြင်း

ချည်ထည်ဆိုတာ အရည်စုတ်ယူအားကောင်းတဲ့ ပစ္စည်းဖြစ်တာကြောင့် အစိုဓာတ်ကို ထိန်းပေးနိုင်တဲ့ အကောင်းဆုံးသော အဝတ်ဖြစ်ပါတယ်။ ကိုယ်မှာ ကပ်ညှိနေနိုင်တဲ့ အရည်တွေကို စုတ်ယူပေးနိုင်တဲ့အတွက် အသားအရေ ထိန်းသိမ်းဖို့အတွက် အရမ်း အသုံးဝင်ပါတယ်။



ရာသီဥတု မရွေး ဝတ်ဆင်နိုင်ခြင်း

ချည်ထည်အဝတ်တွေဟာ ရာသီဥတုမရွေး ကိုယ် ပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။နွေရာသီမှာ အပူချိန်ကို ထိန်းညှိပေးနိုင်သလို အေးတဲ့ရာသီတွေမှာလည်း အကာအကွယ်ဖြစ်စေပါတယ်။ချည်ထည် အဝတ်အစားတွေက ကိုယ်မှာ မကပ်နေတတ်တဲ့အတွက် အသားအရေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။



အသားအရည်နှင့် ဓာတ်မတည့်မှု မရှိခြင်း

ချည်ထည်တွေဟာ သဘာဝက ပေးတဲ့ ပစ္စည်းတွေ ဖြစ်တာကြောင့် အသားအရည်နှင့်ဓာတ်မတည့်ခြင်း လုံး၀ မရှိပါဘူး။ ချည်ထည်တွေမှာ ပါဝင်တဲ့ ပစ္စည်းတွေဟာ ဆေးပတ်တီးတွေမှာ အသုံးပြုတဲ့ ဓာတ်ပစ္စည်းတွေအတိုင်း ဖြစ်တာကြောင့် ဓာတ်မတည့်တာတွေ မဖြစ်နိုင်ပါဘူး။ ဥပမာ ကလေးတွေမှာ အသုံးပြုတဲ့ အဝတ်အစားတော်တော်များများ ချည်ထည်တွေကို အသုံးပြုထားတာကို ကြည့်ချင်းအားဖြင့် သိနိုင်ပါတယ်။



ကြာရှည်ခံနိုင်ခြင်း

လက်နဲ့ လျှော်ဖွတ်သည် ဖြစ်စေ ၊ အားကောင်းတဲ့ အဝတ်လျှော်စက်ဖြင့် လျှော်ဖွတ်သည် ဖြစ်စေ ချည်ထည်တွေဟာ များသောအားဖြင့် အလွယ်တကူ မပေါက်ပြဲနိုင်ပါဘူး။ အနံကင်းတဲ့ အသားဖြစ်တာကြောင့် အချိန်အကြာကြီး လျှော်ဖွတ်စရာလည်း မလိုသလို အချိန်ကုန် သက်သာခြင်း ၊ မီးအားသက်သာခြင်းနှင့် ဆပ်ပြာကုန်တာ သက်သာခြင်း အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

အဆိပ်ဖြစ်စေမှု နည်းခြင်း

သဘာဝကပေးတဲ့ ပစ္စည်း ဖြစ်တာကြောင့် တစ်ခြား လူက ဖန်တီးထားတဲ့ အထည်တွေထက်စာရင် အဆိပ်သင့်စေမှု နည်းပါတယ်။ လူက ဖန်းတီးထားတဲ့ အထည်တွေဟာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် အသားအရေနဲ့ ထိတွေ့တဲ့အခါ အန္တရာယ် ဖြစ်စေပါတယ်။



သက်သောင့်သက်သာ ရှိခြင်း

သက်သောင့်သက်သာ ရှိစေခြင်းဟာ ချည်ထည်တွေရဲ့ ထူးခြားသော ပင်ကို သဘောဖြစ်ပါတယ်။ ရာသီဥတု ဒဏ်ကို ကာကွယ်နိုင်ပြီးတော့ အဝတ်နဲ့ အသားရည်ကြားထဲမှာ လေဝင်လေထွက်ကောင်းစေပါတယ်။ ဈေးနှုန်းလည်း သင့်တင့်ပြီး ဝတ်ဆင်ဖို့အတွက် သက်သောင့်သက်သာလည်း ရှိစေပါတယ်နော်..။
#ချည်ထည်

#100%cottonwear

ဝယ်ထားမိတဲ့ ဘောင်းဘီတွေက တစ်ခါဝတ်ရုံနဲ့ ချုပ်ရိုးမခိုင်ခံ့၊ဂွပြဲလို့ စိတ်ညစ်နေပြီလား??ဒါဆိုရင်တော့ နွေ၊မိုး၊ဆောင်း သုံးရ...
19/11/2023

ဝယ်ထားမိတဲ့ ဘောင်းဘီတွေက တစ်ခါဝတ်ရုံနဲ့ ချုပ်ရိုးမခိုင်ခံ့၊ဂွပြဲလို့ စိတ်ညစ်နေပြီလား??
ဒါဆိုရင်တော့ နွေ၊မိုး၊ဆောင်း သုံးရာသီစလုံး အမုန်းဝတ်လို့ရမဲ့ ချုပ်ရိုးခိုင်ခံ့တဲ့ ချည်သားဘောင်းဘီစစ်စစ်လေးကို ရွေးချယ်လိုက်တော့နော်
Unisex ဖြစ်လို့ couple ဝတ်ချင်တဲ့ RS လေးတွေအတွက်လည်း သင့်တော်ပါတယ်ရှင်👫👭👬
Tri-angle clothing ကိုယ်ပိုင်ချုပ်ရုံကနေ ချုပ်လုပ်ထားတဲ့ မြင်းခြံချည်ထည်တွေရဲ့ အားသာချက်ကတော့
✔ဗမာချည် ချည်သားစစ်စစ်ဖြစ်လို့ ရေလျှော်လေ ဝတ်လို့ကောင်းလေမို့ ဝတ်ဖူးသူတိုင်း ကြိုက်နှစ်သက်ပါတယ်
✔ချုပ်ရိုးချုပ်သား ​​သေသပ်ပြီး ခိုင်ခံ့ပါတယ်
✔ရေတရေချပြီးမှ ချုပ်ထားတဲ့အတွက် ရေကျုံ့သွားမှာကို စိတ်ပူစရာမလိုပါဘူးနော်
Size chartနဲ့ စျေးနှုန်းကို commentမှာကြည့်နော်

07/03/2023

Address

Wundwin City

Telephone

+959666514242

Website

Alerts

Be the first to know and let us send you an email when Tri-Angle Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share