21/08/2023
မိခင်လောင်းတွေဖြစ်တဲ့ မိန်းမတွေကိုတန်ဖိုးထားပါ 💛
ကျွန်တော်တို့လို ဘုရားဆုတောင်ပန်နိုင်တဲ့ယောက်ျားတွေက ဘာလို့အားနည်းသူမိန်းမတွေအပေါ်အနိုင်ကျင့်နေရသလဲ တစ်ကယ်စဉ်းစားမရပါဘူးခင်ဗျာ 💌
ကျွန်တော်တို့အရမ်းချစ်ရသောအမေဆိုတာလည်း မိန်းမပါဘဲခင်ဗျာ 💌
ဘုရားလောင်းကအစ ဒုစရိုက်သမား သူရဲကောင်း သူတောင်းစား သူကြွယ် လူဆိုးလူကောင်းမခွဲခြားဘဲ လပေါင်းများစွာအသက်နှင့်ရင်း ကိုယ်ဝန်လွဲပေးထားရတာလည်း မိန်းမတွေပါဘဲခင်ဗျာ 💌
မိခင်ရဲ့ချစ်ခြင်းမေတ္တာတွေ စာဖွဲ့လိုတောင်မကုန်နိုင်ပါဘူးခင်ဗျာ 💌
ကမ္ဘာပေါ်ရှိ မေတ္တာတရားကြီးမားလှသော အမေများအားလုံးကိုဂုဏ်ပြုလျက်ဆိုတဲ့ ဆရာကြီးဦးသုခရဲ့အမေအကြောင်း ဟောပြောရေးသားခဲ့တာလေးတွေနားထောင်ဖတ်မိရင် မိန်းမတွေကိုပိုတန်ဖိုးထားနိုင်လာပါလိမ့်မယ်ခင်ဗျာ 🙏
ဖတ်ဖူးခဲ့တဲ့စာလေးတွေကိုသတိရရင်း ၉ ရက်အကြာမှာမွေးဖွားတော့မယ့် မိန်းမကိုနှိပ်ပေးနေရင်း ဒီစာလေးတင်ဖြစ်ပါတယ်ခင်ဗျာ 💌
နှိပ်ပေးနေတာလည်းမိန်းမကမခိုင်းဘဲနဲ့ကို အဖိုးတန်သမီးလေးကိုယ်ဝန်အရင့်အမာကြီးသယ်ထားရရှာတဲ့မေမေ ညောင်းနေရှာမှာဘဲဆိုတဲ့ ကိုယ်ချင်းစာမေတ္တာတရားကြောင့်ပါခင်ဗျာ 🙏🙏🙏
“Every mother works hard, and every woman deserves to be respected."
Michelle Obama 💌