18/11/2023
အမျိုးသားတိုင်း ဖတ်သင့်တဲ့ ဆရာကြီးရဲ့
အမျိုးသားများအတွက်_ရေးတဲ့စာ
ပြဿနာလေး နည်းနည်း ရှိတာနဲ့
ပုလင်း ထောင်လိုက်ရမှ၊
အခက်အခဲ အနည်းငယ် ကြုံရတာနဲ့ သောက်လိုက်ရမှ ဆိုတဲ့
ပျော့ညံတဲ့ ယောကျာ်းတွေ ရှိတယ်။
" မိန်းမ နဲ့ ယောကျာ်း
ဘယ်သူက ပိုပြီး စိတ်ဓာတ်ခိုင်မာသလဲ "
လို့ , မေးရင်
မိန်းမတွေ က ပိုပြီး
စိတ်ဓာတ် ခိုင်မာတယ်လို့
ပြောချင်တယ်။
စိတ်ညစ္စရာ ကြုံတိုင်း
ယောကျာ်းတွေပဲ
အရက် သောက်ကြပြီး
မိန်းမတွေ အရက် မသောက်ကြဘူး။
မိန်းမတွေက ပြဿနာ တစ္ခုကို
အဖြေ ရှာနေချိန်
ယောကျာ်းတွေက ပြဿနာ အတွက် အရက် သောက်နေကြတယ်။
မိသားစု တစ္ခုမွာ
အေဖ နဲ့ အေမ ရှိတယ်။
မိသားစု ပြဿနာတစ်ခုခု
တက္လို့ပဲ ဖြစ်ဖြစ်
ဒုက္ခရောက်စရာ တစ္ခုခု
ကြုံလို့ပဲ ဖြစ်ဖြစ်
စိတ်ဆင်းရဲစရာ ဖြစ်လာတဲ့ အခါ
အေဖေတြကေတာ့
စိတ်ညစ်တယ်ဆိုပြီး အရက်ဆိုင်
ရောက်သွားကြတယ်။
အေမေတြကေတာ့ ပြဿနာတွေကို
အဆုံးသတ္ဖို့ နည်းလမ်းရှာနေကြတယ်။
အရက်သမား သား ,
အရက်သမား သမီး ,
အရက်သမား မိန်းမ"
စိတ်ဓာတ် ပျော့ညံတဲ့
ဖခင် တစ်ယောက်ကြောင့်
မိန်းမရော သားသမီးတွေပါ
မဆီမဆိုင် နာမည်ဆိုး အတပ်ခံရတယ်။
ပြောကြတယ် .....
ယောကျာ်းတွေက ပို သန်မာတယ်တဲ့။
ပြဿနာ တစ္ခုကို ..
ယောကျာ်း နဲ့ မိန်းမ ရှေ့
ပြိုင်တူ ပစ္ခ် ပေးကြည့်လိုက်ပါ။
ဘယ်သူက
အကောင်းဆုံး ရင်ဆိုင်နိုင်သလဲလို့။
လူငယ်တွေလည်း ဒီလိုပါပဲ
အသည်းကွဲလည်း သောက်
ဝမ်းနည်းလည်း သောက်
စိတ်ဓာတ်ကျလည်း သောက်တာပဲ။
ဒါ့ကြောင့် .....
စကားတစ်ခွန်းဟာသိပ်မှန်နေတာပေါ့။
မိန်းကလေးတွေ
အသည်းကွဲရင် ပို ချော လာကြပြီး
ယောကျာ်းလေးတွေ အသည်းကွဲရင်
ပို ဖော လာတယ်,တဲ့။
ဘယ်သူက ခံနိုင်ရည် ရွိသလဲ
သိပ်သိသာပါတယ်။
သောက်တတ်မှ
ယောကျာ်းပီသတယ် ဆိုတဲ့
အမှားကြီးတစ်ခု အောက်မှာ
စဉ်းစားဆင်ခြင် ဥာဏ် မရွိတဲ့
ယောကျာ်းတွေ
သံသရာလည်နေကြတယ်။
အရက် သောက်ပြီး
ထြက္က်လာတဲ့ စကားလုံးတွေနဲ့
အကြံဥာဏ်တွေဟာ ဘယ်တော့မှ
ကောင်းမွန် မေနဘူး။
မိသားစုပြဿနာ အမ်ားစုကို
အရက်သောက်တဲ့
ဖခင်တွေကပဲ ဖန္တီးတာ များတယ်။
အရက်သောက်တဲ့ ဖခင်ဟာ
ဖခင်ကောင်း မပီသနိုင်ဘူး။
သားသမီးတွေရဲ့
ရှေ့ဆောင်လမ်းပြလည်း မဖြစ်နိုင်ဘူး။
တကယ်ဆို .....
အိမ်ထောင်ဦးစီး ဆိုတာ
မိန်းမနဲ့ သားသမီးတွေရဲ့
အားကိုး မွီခိုရာ ဖြစ်တယ်။
သို့သော်လည်း ...
စိတ်ဓာတ် မခိုင်မာတဲ့
ဖခင်တစ်ယောက်ရဲ့ အရိပ်အောက်မှာ
မိသားစုဆိုတဲ့ အသိုက်အဝန်းတစ်ခုဟာ မအေးချမ်းနိုင်ဘူး။
အသည်းကွဲလို့ပဲ ဖြစ်ဖြစ်
စိတ်ညစ္လို့ပဲ ဖြစ်ဖြစ်
အရက် သောက်တော့မယ်လို့
စဉ်းစားလိုက်ရင်
သင်ဟာ စိတ်ဓာတ်ပျော့ညံ့တဲ့
ယောကျာ်းတစ်ယောက် ဖြစ်သွားပြီ။
ပြဿနာတွေ၊ အခက်အခဲတွေကို
မဖြေရှင်းနိုင်လို့ ရှောင်ပြေးချင်နေတာ။
စိတ်ဓာတ်ခိုင်မာတဲ့...
ယောကျာ်းတွေဟာ
ပြသနာတစ်ခုကို ဘယ်တော့မှ
အရက်သောက်ပြီး မဖြေရှင်းဘူး။
ဘယ်တော့မှ
အရက်ရဲ့ကျေးကျွန် အျဖစ္မခံဘူး။
ယောကျာ်းပီပီ ရဲရဲရင့်ရင့်
ရင်ဆိုင် ဖြေရှင်းတယ်။
ယောကျာ်းကောင်း တစ်ယောက် က
အရက်ရဲ့ မိတ်ဆွေမဟုတ်သလို
အရက်ကလည်း ယောကျာ်းမြတ်တို့ရဲ့ အပေါင်းအသင်း မဟုတ္ဘူး။
အေဖ အရက် သောက်နေသရွေ့
သားသမီးတွေ က
အေမကို ပိုချစ်နေကြမှာ ဖြစ်သလို ပျော့ညံ့တဲ့ ယောကျာ်းတွေ ရှိနေသရွေ့
စိတ်ဓာတ်ခိုင်မာပြီး
ထက်မြတ်တဲ့မိန်းမတွေနေရာ ရလာကြအုံးမှာပါ၊
ဆရာကြီး လယ်တွင်းသား စောချစ်
ထံမွ
တစ်ဆင့်မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။