A&T Flannel House

A&T Flannel House Flannelကောင်းတစ်ထည်ပိုင်ဆိုင်ဖို့ A&Tကို ရွေးချယ်လိုက်ပါ

ဒီနေ့ ကျနော်ေရးမဲ့‌အကြောင်းက ဗျာ"ဘေထုပ်ထဲက ထွက်တဲ့ အ၀တ်အစားတွေက2500 , 3500 လောက်ဘဲ ဝယ်လို့ရတဲ့ဟာကိုဘာလို့ လိုင်းပေါ်တွေမ...
24/07/2022

ဒီနေ့ ကျနော်ေရးမဲ့‌အကြောင်းက ဗျာ

"ဘေထုပ်ထဲက ထွက်တဲ့ အ၀တ်အစားတွေက
2500 , 3500 လောက်ဘဲ ဝယ်လို့ရတဲ့ဟာကို
ဘာလို့ လိုင်းပေါ်တွေမှာ 8000 , 9000 ,
သောင်းဂဏန်းကျော်နဲ့ ရောင်း‌ေနရတာလဲ"
အဲလိုအမြင်ကျဉ်းနေတဲ့ ဘော်ဒါတွေအတွက်
ချဲ့ပေးချင်လို့ပါ။(ချဲ့ပေးချင်တာက အမြင်ပါ)

ဒါက ဒီလိုရှိပါတယ်
လိုင်းပေါ်မှာ ရောင်းတဲ့အထည်တွေက
Quality နဲ့ Band ကောင်း‌တာ‌ေတွ
ရောင်းကြတာများပါတယ် ။
Quality နဲ့ Band ကောင်းတာ‌ေတွ
ဈေးထဲမှာ မရနိုင်ဘူးလို့ မဆိုလိုပါဘူး။
ကောင်းတာတွေရချင်ရင် အချိန်တစ်ခုပေးရတယ် ၊ အထည်ကောင်းရဖို့ အထုပ်ဖောက်အချိန် သူထက်ငါအရင်သွားပြီး လုရတယ် ၊
တစ်ဆိုင်ပြီးတစ်ဆိုင်ရှာရတယ်၊ဖွေရတယ်။
အထည်ကောင်းရလာရင် ပြီးစလွယ်
မရောင်းကြပါဘူး ။
သေချာလျှော်ဖွတ် ၊ ‌ေကာ့လန်‌‌ေနအောင်
မီးပူတိုက် ၊ လှလှပပလေးပုံရိုက်တယ်။
၀ယ်သူလက်ထဲကိုလည်း စနစ်တကျ
ထုပ်ပိုးပြီးမှ ထည့်ပေးကြပါတယ်။
အသစ်တွေထုပ်ပိုးသလို အိတ်သန့်သန့်လေးတွေ ၊ Paper Box တွေ ၊ ရေခဲမုန့်ထည့်တဲ့ခွက်လေးတွေနဲ့တောင် ထုပ်ပိုးကြပါသေးတယ်။
(ဥပမာ - ကျနော်တို့ Page လိုပေါ့ဗျာ။)

အချုပ်‌အနေနဲ့ပြောရရင်တော့ဗျာ
1500,2500,3500 နဲ့ ၀တ်ရပြီးရော အထည်မျိုး
လိုချင်ရင် ဈေးထဲသွား ကိုယ်တိုင်
ဘေနှိုက်ပစ်လိုက် ၊ လိုင်းပေါ်မှာ ရှာ၀ယ်မနေပါနဲ့။
Brand နဲ့ Quality ကောင်းတာ လိုချင်ရင်
လိုင်းပေါ်မှာ ၀ယ်လို့လည်း ပြောချင်တာ
မဟုတ်ပါဘူး။
Brand နဲ့ Quality ကောင်းတာလိုချင်ရင်
အချိန်ရရင် ဈေးထဲကဘေဆိုင်တွေမှာ
ပတ်ရှာကြည့်ပါ ၊ ကိုယ်တိုင်ဘေနှိုက်လို့
Brand ကောင်းတာလေးတွေ ရခဲ့ရင်
၀တ်ရတာလည်း အရသာရှိသလို ၊
အတော်ပျော်စရာကောင်းပါတယ်။

ကျနော့်် Page Customers တွေရော ၊
ကျနော့် Page Followers တွေရော နဲ့
ဒီစာကိုဖတ်နေတဲ့သူတွေရောကို ပြောချင်တာက
အားတဲ့နေ့တစ်ရက်ရက် ကိုယ်တိုင်
ဈေးထဲသွားပြီး တစ်ဆိုင်၀င်တစ်ဆိုင်ထွက်
ဘေနှိုက်ကြည့်ပါလို့ဘဲ ပြောချင်ပါတယ်ဗျာ။

အားလုံးဘဲ ဘေထုပ်၀တ်ပြီး
ရုပ်ရောနာမ်ရော ဖိုင်းကြပါစေခင်ဗျာ။
YH Clothing

ကိုယ်စောင့်နတ်အကြောင်းကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပထမ...
13/07/2022

ကိုယ်စောင့်နတ်အကြောင်း

ကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်

မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပထမဦးဆုံးသိ၏ ထိုနောက်သူ၏ကိုယ်စောင့်နတ်သိ၏ ထိုနောက်သူတပါး၏ စိတ်ကို ဖောက်ထွင်းသိမြင်နိုင်သော် တန်ခိုးရှင်များသိ၏ လို့" ပါရာဇိကဏ်အဌထာ သုဒိန္ဒကဏ္ဍ "အဖွင့်မှာပါတဲ့စာရပ်ကိုထောက်ပြီး လူကိုနတ်စောင့်တယ်ဆိုတာ သိရပါတယ်၊

ဘုန်းကံကြီးမားတဲ့ လူကို စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်းနတ်များက စောင့်ရှောက်ကြပါတယ် ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ်ပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှား လေးတွေက စောင့်ရှောက်ကြပါတယ်၊

တန်းခိုးအင်အားကြီးမားလေ လုပ်နိုင်တဲ့
အရာတွေ၊ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ပမာဏ သူလုပ်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက် ပေးကြပါတယ်၊

ရှေးက ဗာရာဏသီမင်းဟာ ကောသလမင်းကို သတ်ပြီး တိုင်းပြည်ကိုသိမ်းပိုက်၊ ကောသလမင်းရဲ့ မိဖုရားကိုလည်း သူမိဖုရားအဖြစ် သိမ်းပိုက်ခဲ့ပါတယ်၊

အဲဒီမိဖုရားကြီးမှာ သွားလေသူ ကောသလမင်းကြီးနဲ့ ရထားတဲ့ ကိုယ်ဝန်ကျန်ခဲ့ပါတယ်၊ အချိန်တန်တော့ သားယောကျာ်းလေး မွေးဖွားခဲ့တယ်၊ အရွယ်ရောက်လာချိန်မှာ အခြားမိဖုရားနဲ့ ရထားတဲ့ ကုဂုင်္ဂဒေဝီဆိုတဲ့ မင်းသမီးလေးနဲ့ ချစ်ကြိုက်သွားကြတယ်၊

ဒါကို ဗာရာဏသီမင်းကြီးကသိလို့ မင်းသားကိုသတ်ဘို့ လုပ်တယ်၊ အဲဒါကို မင်းသားလေးကို သေဘေးကလွတ်အောင် ကယ်တင်ပေးခဲ့တယ်၊ ကယ်တင်ပေးသူက မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲ ဖြစ်ပါတယ်၊ နတ်က သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏ အားလျှော်စွာ လုပ်ကိုင်စောင့်ရှောက် ပေးတယ်လို့ မှတ်သားစေခြင်ပါတယ်၊

နောက်မေးခွန်းတခုက ......
နတ်က လူ့ကိုယ့်ထဲမှာ နေသလား
အပြင်မှာ နေသလားဆိုတဲ့မေးခွန်းပါ၊

လူကိုယ်ထဲမှာ မနေပါဘူး အပြင်ဘက်မှာနေပါတယ်၊ ကိုယ်စောင့်နတ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘုမ္မစိုး၊ ရုက္ခစိုး အစရှိတဲ့ နတ်တွေပါ၊
လူ့ ကိုယ်ထဲမှာ နတ်ရှိရင် အဲဒီလူမျိုးကို တချို့က စုန်းလို့သတ်မှတ်ကြပါတယ်၊

နောက်မေးခွန်းတခု ....
လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား
ဆိုတဲ့မေးခွန်းပါ၊

လူတိုင်းမှာ သဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်၊
အထက်မှာဆိုထားသလို ဘုန်းကံကြီးမားတဲ့လူကို စိတ်ဓာတ်အင်အား ခိုင်မာ တောင့်တင်းတဲ့ သူတော်ကောင်းနတ်များက စောက်ရှောက်ပြီး ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ် စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်၊
ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့အလိုကို လိုက်ပြီး ပြောင်းလဲတတ်ကြပါတယ်၊

များသောအားဖြင့် တန်ခိုးသေးနုပ်ပြီး စိတ်ဓါတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့၊ ဒီလိုနတ်တွေက သူစောင့်ရှောက်တဲ့ လူကကောင်းရင် သူလည်း လိုက်ကောင်းပြီး
သူစောင့်ရှောက်တဲ့သူက ဆိုးရင် သူလည်း လိုက်ပြီးဆိုးသွားတတ်ပါတယ်၊

တန်ခိုးကြီးမားပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ နတ်များကတော့ သူတို့မကြိုက်တာလုပ်ရင် အဲဒီလူကို စွန့်ပယ်ပြီး ထွက်သွားတတ်ကြပါတယ်၊ လူပြောင်းတိုင်းလည်း သူကလိုက်ပြီး မပြောင်းလွဲတတ်ပါဘူး၊

ဥပမာအားဖြင့်...စေတိယမင်းကို တန်ခိုးကြီးတဲ့ နတ်သားလေးပါး စောင့်ရှောက်ပါတယ်၊ စေတိယမင်း မုသားပြောတော့ နတ်သားလေးပါးက စေတိယမင်းကို တခါထဲ စွန့်ပြစ်ထွက်သွားကြပါတယ်၊

ဒါကြောင့် လူတိုင်းမှာ သဘာဝအားဖြင့်ကိုယ်စောင့်နတ် ရှိကြသော်လည်း ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပြစ်ခြင်း ခံကြရလို့ ကိုယ်စောင့်နတ် မရှိတဲ့ လူမျိုးတွေလည်းရှိကြပါတယ်၊

ဒါကြောင့်ကိုယ်စောင့်နတ် မြဲခြင်ရင် သီလမြဲကြပါလို့ တိုက်တွန်းပါရစေ.....၊

"အရှင်ဘုရား တပည့်တော် အား ကိုယ်စောင့်နတ်နှင့် ပတ်သတ်သော အကြောင်းအရာများကို ဖြေကြားပေးပါဘုရား
ကိုယ်စောင့်နတ်သည် မည်သည့် နတ်အနွယ်ဝင် ဖြစ်ပါသလဲ ဘုရား
ကိုယ်စောင့်နတ်သည် အစဉ်အမြဲ စောင့်ရှောက်ခြင်း ရှိပါသလား ဘုရား
ကိုယ်စောင့်နတ် အဖြစ်ကို မည်သည့် ပုဂ္ဂိုလ်များ ရောက်ရှိနိုင်ပါသလဲ ဘုရား
အရှင်ဘုရားကို ရှိခိုးဦးချပါတယ် ဘုရား"

နိုင်ငံခြားသား ရဟန်း ချက်ဇ် ဦးသရဏရဲ့ အဖြေ -
ဗုဒ္ဓဘာသာမှာ ကိုယ်စောင့်နတ်ရှိလိုတယ်ဆိုရင် ခြောက်နည်း ဖြစ်နိုင်ပါတယ် -

၁။ ကံကောင်းလို့ အရင်ဘဝမှ ဆွေမျိုးတစ်ယောက်က အခု နတ်ဖြစ်ရင် ဒကာ ဒကာမတို့ရဲ့ ကိုယ်စောင့်နတ်ဖြစ်နိုင်ပါတယ်။ ဥပမာဆိုပါတော့ ရန်ကုန်မှ ဆရာကြီး ဦးရှိန်ဟာ လူတွေရဲ့ အပမှီတဲ့ရောဂါ ( သရဲစီးတဲ့ရောဂါ) တွေကို (အရင်ဘဝက သူ့အမေ) အခု ဒီဘဝမှာ သူ့ကိုယ်စောင့်နတ်ဖြစ်သူရဲ့ စွမ်းအားနဲ့ ကုသပေးပါတယ်။ (ကုသမှု မှန်ကန်လို့ PhD ဆုလည်း ရပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်က ဆုံးသွားပါပြီ။) ဗုဒ္ဓဘာသာကျမ်းဂန်မှပြောမယ်ဆိုရင် ဥဒါန ဗာဟိယသုတ်မှာဆိုတော့ ဗာဟိယ ဒါရုစီရိယ အရင်ဘဝမှ ဆွေမျိုး ဒီဘဝမှာ နတ်ဖြစ်တဲ့ နတ်တစ်ပါးဟာ ဗာဟိယဆီလာပြီး ဓမ္မမဟုတ်တဲ့
အကျင့်ကို ပြောပြပြီး၊ မြတ်စွာဘုရားနဲ့ တွေ့ဖို့ နှိုးဆော်ပေးပါတယ်။ ဒါဆို ဒီလို ကံကောင်းလို့ ကိုယ်စောင့်နတ်တစ်ဦး ရနိုင်ပါတယ်။ ဒါ ပထမနည်း။

၂။ ပရိတ် ရွတ်တဲ့အခါ နတ်တွေက လာစောင့်ရှောက်တတ်ကြပါတယ်။ အထူးသဖြင့် (သက်သတ်လွတ်စားပြီး) မဟာသမယသုတ်ကို နေ့တိုင်း နေ့တိုင်း မနက် ၁ နာရီ တစ်ခါ မနက် ၃ နာရီတစ်ခါ ရွတ်လိုက်ရင် ၃ လလောက်ကြာပြီး နတ်တွေက လာစောင့်ရှောက်မယ် ကိုယ့်ကြိုက်တာတွေ လုပ်ပေးမယ် ဆောင်ရွက်ပေးမယ်။ (သက်သတ်လွတ်စားရတာ နတ်တွေက အသားအနံ့ မကြိုက်လို့ သူတို့ကို ကိုယ့်အနီးလာစေချင်တယ်ဆိုရင် သက်သတ်လွတ်စားရပါတယ်။)

၃။ သီလကို ဆောက်တည်တယ်ဆိုလို့ရှိရင် နတ်တွေက စောင့်ရှောက်လိမ့်မယ်။ အထူးသဖြင့် သကြားမင်းက စောင့်ရှောက်ပေးပါတယ် - ရှိခိုးတောင် ရှိခိုးပါတယ်။ သံယုတ်နိကာယ် ဂဟဋ္ဌဝန္ဒနာသုတ်မှာ သိကြားမင်းက မိန့်တယ် - ဗြာဟ္မဏပုဏ္ဏား၊ ခတ္တိယာ၊ မဟာရဇ်၊ နတ်ကြီး ၃၀ကလည်း သိကြားမင်းကို ရှိခိုးကြပါတယ်။ သို့သော် သိကြားမင်းက သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်များတို့ကို ရှိခိုးတယ်လို့ ပြောထားပါတယ်။

၄။ လှူဒါန်းပြီး နတ်တွေကို အနုမောဒနာ (ဝမ်းသာဖို့) သာဓုခေါ်ဖို့ ဖိတ်ခေါ်တယ်ဆိုရင်လည်း နတ်တွေက ကာကွယ်ကြမယ်။ သီရိလင်္ကာမှာ အိမ်က ဆွမ်းကပ်ပြီး ဆွေမျိုးညာတိတွေကို အမျှဝေလိုက်ရင်တော့ "ကိုယ့်ပြုလုပ်ထားတဲ့ ကုသိုလ်မှ ဝမ်းသာပြီး ကာကွယ်ပါစေ"လို့ ဖိတ်ခေါ်ဆုတောင်းကြပါတယ် -

အာကာသဋ္ဌာ စ ဘုမ္မဋ္ဌာ၊
ဒေဝါ နာဂါ မဟိဒ္ဓိကာ၊
ပုညံ တံ အနုမောဒိတွာ
စိရံ ရက်ခန်တု မံ ပရန်တိ။"

၅။ မေတ္တာဘာဝနာ ပွားရင်လည်း ကိုယ်စောင့်နတ်တွေက လာပြီး ကာကွယ်မယ်လို့ အင်္ဂုတ္တိုရ်နိကာယ် ၁၁ မေတ္တာနိသံသသုတ် မှာ မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။ မေတ္တာဘာဝနာ အားထုတ်ရင် ကောင်းကျိုး ၁၁ မျိုးရပါတယ်။ အဲဒီ ကောင်းကျိုး ၁၁ မျိုးမှာ တစ်မျိုးက "ဒေဝတာ ရက္ခန္တိ" (နတ်များ ကာကွယ်ကြမည်) လို့ ဖြစ်ပါတယ်။ ပိလိန္ဒဝစ္ဆမထေရ်ကြီးရဲ့ မေတ္တာစွမ်းအားက အင်မတန်မှ ကြီးမားပါတယ်။ အင်္ဂုတ္တိုရ်နိကာယ် ၁ ဧတဒဂ္ဂဝဂ္ဂမှာ မြတ်စွာဘုရား ပိလိန္ဒဝစ္ဆမထေရ်ကြီးကို ဒီလို ချီးမွမ်းတော်မူပါတယ်

"ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဒေဝတာနံ ပိယမနာပါနံ ယဒိဒံ ပိလိန္ဒဝစ္ဆော။"
"ရဟန်းတို့ ငါဘုရား တပည့်သာဝကာတို့တွင် နတ်တို့၏ချစ်ခြင်းမှာ အမြင့်မြတ်ဆုံးရဟန်းသည် ပိလိန္ဒဝစ္ဆမထေရ် ဖြစ်ပါတယ်။"

၆။ မဂ် ဖိုလ် ရမယ်ဆိုလိုရှိရင်လည်း နတ်တွေက ကာကွယ်လိမ့်မယ်။ ဓမ္မပဒ အဋ္ဌကထာရဲ့ ပထမဆုံး ပုံဝတ္ထုဟာ စက္ခုပါလမထေရ်ရဲ့ အတ္ထုပ္ပတ္တိကို ပြောပြပါတယ်။ အဲဒီမှာ စက္ခုပါလမထေရ်ကြီးက ရဟန္တာဖြစ်ပြီး သူ့မျက်စိတွေက ပျက်သွားပါတယ်။ မမြင်နိုင်တော့ပါဘူး။ ခရီးထွက်တဲ့အခါ လမ်းပြတဲ့ ရဟန်းတော်ဟာ မိန်းမတစ်ယောက်နဲ့ ပါရာဇိကကျတော့ စက္ခုပါလမထေရ်ကြီးက သူ့ကို နှင်ထုတ်တော်မူပါတယ်။ ဒါကြောင့်လည်း တစ်ပါးတည်းပဲ လမ်းပေါ်မှာ ကျန်တော်မူတယ်။ဒါကို သိကြားမင်းက သိသွားပြီး စက္ခုပါလမထေရ်ကြီးကို ကိုယ့်တိုင်လာပြီး လမ်းပြပါတယ်။

အတိုချုပ်ပြောမယ်ဆိုရင် ကိုယ့်စောင့်နတ်ရဖို့ - (၁) အရင်ဘဝမှ ဆွေမျိုးရှိရမယ်၊ (၂) ပရိတ်ရွတ်ရမယ် (၃) သီလပြည့်စုံရမယ် (၄) လှူဒါန်းပြီး အနုမောဒနာပြုရမယ် (၅) မေတ္တာဘာဝနာ ကျင့်ကြံအားထုတ်ရမယ် (၆) မဂ်ဖိုလ်အောင်မြင်ရမယ်။

ကိုယ့်စောင့်နတ်တွေ ဘယ်နှစ်ပါး ဖြစ်ပါသလဲလို့ သိဖို့ မလွယ်ပါဘူး။ သူတို့ကလည်း ကူညီပေးချင်စိတ်ရှိမှပဲ ကူညီပေးကြပါတယ်။ အဲ့လို သူတို့ကို တာဝန် ပေးမထားပဲနဲ့ လွတ်လပ်စွာ စောင့်ရှောက်ကြပါတယ်။ ကုသိုလ်မလုပ်ဘဲ အကုသိုလ်များရင်တော့ ပြေးကြမှာပေါ့။

ဒါကြောင့် ဒကာ ဒကာမတွေက ကုသိုလ်တွေ အတတ်နိုင်ဆုံး လုပ်ပြီး နတ်တို့ရဲ့ အချစ်ကို မပျောက်စေတဲ့ ရဟန္တာဆုကို အောင်မြင်နိုင်ကြပါစေကုန်သတည်း။

သတ္တဝါ အားလုံး ကျန်းမာချမ်းသာကြပါစေ။
နိုင်ငံခြားသား ရဟန်း ချက်ဇ် ဦးသရဏပါ။

ဦးဇင်းရေးထားတဲ့ မြန်မာစာကို Cathy Hlaing ပြင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အမြဲကျန်းမာချမ်းသာပါစေ။

#ဦးသရဏ
#ပညာ့အလင်းရောင် ဆင့်ပွားကူးညှိခြင်းသာ
ဖြစ်ပါတယ်ခင်ဗျ
#ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်
မူရင်းရေးသားသူ ဓာတ်ပုံပိုင်ရှင်များကို
လေးစားစွာ Credit ပေးပါတယ်ဗျ
#သော်တာမင်း

Brand -GAP Pearl Flannel ShirtSize S- ပုခုံး16Condition -9/10Price 9000 KsမှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေ...
12/07/2022

Brand -GAP Pearl Flannel Shirt
Size S- ပုခုံး16
Condition -9/10
Price 9000 Ks
မှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေးပါ

Brand - Pearl Flannel ShirtSize M- ပုခုံး16Condition -9/10Price 8000 KsမှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေးပါ
12/07/2022

Brand - Pearl Flannel Shirt
Size M- ပုခုံး16
Condition -9/10
Price 8000 Ks
မှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေးပါ

Brand -Pearl Flannel ShirtSize M- ပုခုံး16Condition -9/10Price 8000 KsမှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေးပါ
12/07/2022

Brand -Pearl Flannel Shirt
Size M- ပုခုံး16
Condition -9/10
Price 8000 Ks
မှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေးပါ

Brand -HAWKS Pearl Flannel ShirtSize L- ပုခုံး18Condition -9/10Price 8500 KsမှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်...
12/07/2022

Brand -HAWKS Pearl Flannel Shirt
Size L- ပုခုံး18
Condition -9/10
Price 8500 Ks
မှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေးပါ

Brand -THE LAMART Pearl Flannel ShirtSize XL- ပုခုံး18Condition -9/10Price 8000 KsမှာယူလိုပါကPageCb (or)Commentမှာ ယူ လိ...
12/07/2022

Brand -THE LAMART Pearl Flannel Shirt
Size XL- ပုခုံး18
Condition -9/10
Price 8000 Ks
မှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေးပါ

Brand -LANDS’ END  Pearl Flannel ShirtSize 2XL- ပုခုံး20Condition -9/10Price 9000 KsမှာယူလိုပါကPageCb (or)Commentမှာ ယူ ...
12/07/2022

Brand -LANDS’ END Pearl Flannel Shirt
Size 2XL- ပုခုံး20
Condition -9/10
Price 9000 Ks
မှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေးပါ

Brand -GU Pearl Flannel ShirtSize L- ပုခုံး17Condition -9/10Price 8000 KsမှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေး...
12/07/2022

Brand -GU Pearl Flannel Shirt
Size L- ပုခုံး17
Condition -9/10
Price 8000 Ks
မှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေးပါ

Brand -UniQlo  Pearl Flannel ShirtSize XL- ပုခုံး18.5Condition -9/10Price 8500 KsမှာယူလိုပါကPageCb (or)Commentမှာ ယူ လို...
12/07/2022

Brand -UniQlo Pearl Flannel Shirt
Size XL- ပုခုံး18.5
Condition -9/10
Price 8500 Ks
မှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေးပါ

Brand -UniQlo  Flannel ShirtSize XL- ပုခုံး19Condition -9/10Price 8000 KsမှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေး...
12/07/2022

Brand -UniQlo Flannel Shirt
Size XL- ပုခုံး19
Condition -9/10
Price 8000 Ks
မှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေးပါ

Brand -AMERICAN EAGLE Flannel ShirtSize M- ပုခုံး17Condition -9/10Price 7500 KsမှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မ...
22/06/2022

Brand -AMERICAN EAGLE Flannel Shirt
Size M- ပုခုံး17
Condition -9/10
Price 7500 Ks
မှာယူလိုပါကPageCb (or)Commentမှာ ယူ လို့မန့်ပေးပါ

Address

Yangon

Telephone

+959752968091

Website

Alerts

Be the first to know and let us send you an email when A&T Flannel House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category