𝐓𝐡𝐫𝐢𝐟𝐭 𝐙𝐨𝐧𝐞

𝐓𝐡𝐫𝐢𝐟𝐭 𝐙𝐨𝐧𝐞 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐓𝐡𝐫𝐢𝐟𝐭 𝐙𝐨𝐧𝐞, Clothing Store, Yangon.

26/12/2021

ဒီနေ့ ဘာလုပ်လဲလို့
ငါ့ကို မေးတတ်ကြတယ်...
တစ်ခုခု လုပ်နေတယ်လို့ ဖြေနိုင်ဖို့
ငါ အမြဲတမ်း ကြိုးစားခဲ့တယ်...

ဖြစ်နိုင်ရင် အကြီးကြီးတွေ ဖြေနိုင်ချင်တာပါပဲ...
လူတွေအားကျတာ ခံချင်လို့လေ...💫

#ထက်ထက်ထွန်း(Waterfall)
#စိတ်ရဲ့ငြိမ်သက်ခြင်းstillness

မနက်မိုးလင်းလို့ ငါ့မှာ လုပ်စရာလေးတွေရှိတယ်လို့ တွေးပြီးအိပ်ရာထရတာဘယ်လောက်ကံကောင်းလိုက်သလဲ.....ယောင်လည်လည် မရေ‌မရာစိတ်နဲ...
13/12/2021

မနက်မိုးလင်းလို့
ငါ့မှာ လုပ်စရာလေးတွေရှိတယ်လို့ တွေးပြီး
အိပ်ရာထရတာ
ဘယ်လောက်ကံကောင်းလိုက်သလဲ.....

ယောင်လည်လည် မရေ‌မရာစိတ်နဲ့
ငါနိုးထ မလာရပါစေနဲ့.....🌻

#ထက်ထက်ထွန်း(Waterfall)

29/11/2021

“ သင်တွေးနေတာကို ရပ်တန့်ပြီး
သင့်ပြဿနာတွေကို အဆုံးသတ်လိုက်ပါ ”

Lao Tzu

#သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့

"ကိုယ်က  ကောင်းကင်ကြီး "••••••••••••••••••••••••••••••ကိုယ့်စိတ်ဟာ "ကောင်းကင်ကြီးလိုပဲ"လို့ နှလုံးသွင်းထားပါ။ကိုယ့်ရဲ့ က...
16/11/2021

"ကိုယ်က ကောင်းကင်ကြီး "
••••••••••••••••••••••••••••••

ကိုယ့်စိတ်ဟာ "ကောင်းကင်ကြီးလိုပဲ"
လို့ နှလုံးသွင်းထားပါ။

ကိုယ့်ရဲ့ ကောင်းကင်ကြီးမှာ
ဝင်လာတဲ့သူလည်း ဝင်လာဦးမှာပါ ... ထွက်သွားတဲ့သူလည်း ထွက်သွားဦးမှာပါ။

ဘယ်သူ့အတွက်နဲ့မှ စိတ်ဆင်းရဲမခံဘူး။ ဘယ့်သူကိုမှ နှောင်ဖွဲ့မထားဘူး။

ကိုယ်ပေးနိုင်သမျှ
မေတ္တာတွေ ပေးလိုက်မယ်။

တတ်နိုင်တဲ့ အကူအညီတွေ
ပေးလိုက်မယ်။ ဘာမှပြန်မမျှော်လင့်ဘူး။

ဆက်ပြီး လက်တွဲလို့ အဆင်မပြေဘူး
ဆိုလည်း အသာလေးပဲ လက်တွဲဖြုတ် လိုက်မယ်။

ဒီ့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ဘူး။ ဘယ်သူမှလည်း အပြစ်မတင်ဘူး။

ကိုယ်မှားတာလည်း ရှိမယ်။
သူမှားတာလည်း ရှိမယ်။

သူမှားတာဖြစ်ဖြစ် ကိုယ်မှားတာဖြစ်ဖြစ် အမှားတွေဟာ သင်ခန်းစာတွေချည်းပဲ။

ကိုယ်ရှေ့ဆက်သွားရအုံးမယ့်
ခရီးရှည်ကြီးမှာ တချို့ကျန်ခဲ့မယ်။ တချို့အတူပါလာမယ်။

ဟိုး... ရှေ့မှာ ကိုယ့်ရှေ့က
အရင်ရောက်နှင့် နေတဲ့သူတွေနဲ့
တွေ့ဆုံရဦးမယ်။

ရင်းနှီးရဦးမယ်။ ပညာတွေ
သင်ယူရအုံးမယ်။

"ကိုယ်က ကောင်းကင်ကြီး"

#ထက်ထက်ထွန်း (waterfall)
#ဘဝထဲကအမေး ဘဝထဲက အဖြေ

စိတ်ရော လူရော ပြိုတဲ့နေ့တွေ တကယ်ရှိပါတယ်။စိတ်ကြောင့် ပြိုပျက်သွားသမျှကိုအသိစိတ်နဲ့ ပြန်တည်ဆောက်နိုင်တဲ့အထိကိုယ်လည်း စိတ်...
02/10/2021

စိတ်ရော လူရော ပြိုတဲ့နေ့တွေ တကယ်ရှိပါတယ်။
စိတ်ကြောင့် ပြိုပျက်သွားသမျှကို
အသိစိတ်နဲ့ ပြန်တည်ဆောက်နိုင်တဲ့အထိ
ကိုယ်လည်း စိတ်ဓာတ်တွေ မာကျောပေမယ့်..
တချို့ရက်တွေ အလုံပိတ်အခန်းထဲက မထွက်ချင်လောက်အောင်
နေရောင်ဖျဖျမမြင်ချင်လောက်အောင်
အမှောင်မက်တဲ့ နေ့တွေလည်း ရှိပါတယ်..
ဒီလိုပါပဲ. . .
ဒီရက်တွေထဲစိတ်ရော လူရော ဖျားနာနေပါတယ်
ကိုယ်နေမကောင်းဘူး. . . ။

#အလုံပိတ်အခန်းငယ်
#နေဗလ်

ဆိုင်ရဲ့တံစက်မြိတ်လေးနားမှီပြီးရပ်ထားတဲ့စက်ဘီးလေးတစ်စီးပေါ်ခွလိုက်တာမြင်ရတယ်။အဲ့အချိန်လမ်းပေါ်မှာမိုးတွေရွာနေတယ်။ဆိုင်လေ...
21/09/2021

ဆိုင်ရဲ့တံစက်မြိတ်လေးနားမှီပြီးရပ်ထားတဲ့စက်ဘီးလေးတစ်စီးပေါ်ခွလိုက်တာမြင်ရတယ်။အဲ့အချိန်လမ်းပေါ်မှာမိုးတွေရွာနေတယ်။ဆိုင်လေးကတံခါးတစ်ချပ်ပိတ်ထားပြီးမီးမှိန်မှိန်။လမ်းမကလည်းမီးမှိန်မှိန်။
သူစက်ဘီးကိုခွထားရင်းစီးကရက်တစ်လိပ်ကိုမီးညှိလိုက်တယ်။သူ့မီးခြစ်ကရေစိုနေလို့ဖြစ်မယ်။အကြိမ်ကြိမ်ခြစ်မှမီးတောက်လာတယ်။သူ စီးကရက်ရှေ့လက်ဝါးနဲ့ကာပြီးမီးညှိတယ်။မီးခိုးတထောင်းထောင်းထအောင်ဖွာလိုက်သေးတယ်။ပြီးတော့အဲ့စီးကရက်ကိုခဲရင်းမှောင်နေတဲ့လမ်းပေါ်မိုးစက်တွေရဲ့အောက်စက်ဘီးကိုနင်းပြီးထွက်သွားခဲ့တယ်။
မကြာပါဘူးမိုးစက်တွေကြောင့်ထင်ပါရဲ့။မီးသေသွားတဲ့စီးကရက်ကိုနောက်ဆုံးတစ်ဖွာရှိုက်ကြည့်ပြီးလမ်းပေါ်ပစ်ချလိုက်တာမြင်ရတယ်။ပြီးတော့သူလွယ်ထားတဲ့ဘေးလွယ်အိတ်လေးကိုရှေ့ဘက်ဆီဆဲဲ​ြပြီးနေရာပြောင်းလိုက်တယ်။ပြီးတော့စက်ဘီးကိုအရှိန်မြှင့်ပြီးနင်းရင်းသူထွက်သွားတော့တာပဲ။
မိုးတွေထဲ

မိုးတွေထဲ

မိုးတွေထဲ.....။
သူအခုဆိုဒီမြို့ရဲ့သူစိမ်းတစ်ယောက်အကြောင်းမတွေးတော့လောက်ဘူးထင်တယ်။
"အိမ်ပြန်မယ်နေ့"

သိပ်အသည်းမာတယ်ဆိုတဲ့ အမျိုးသမီးလေးကလည်းလူခြေတိတ်ရင် ကြိတ်ငိုတတ်တာပါပဲပျော့ညံ့မှုတွေ မရှိခဲ့ဖူးသလိုမျိုးရှင်တို့ မမြင်နို...
06/09/2021

သိပ်အသည်းမာတယ်ဆိုတဲ့
အမျိုးသမီးလေးကလည်း
လူခြေတိတ်ရင် ကြိတ်ငိုတတ်တာပါပဲ

ပျော့ညံ့မှုတွေ မရှိခဲ့ဖူးသလိုမျိုး
ရှင်တို့ မမြင်နိုင်ခဲ့တဲ့ အကာသက်သက်နဲ့
ကျွန်မရဲ့စိတ်ကို ကာဝှက်ထားခဲ့တာပါ

နောက်လှည့်ကြည့်လိုက်တဲ့အခါ
ဘယ်သူမှ ကိုယ့်ဘက်ရှိမနေတာရယ်
တစ်ခုခုနဲ့ ရင်ဆိုင်ရတိုင်း
တစ်ယောက်တည်း ခါးစည်းခံရတာရယ်

ဆေးရောင်စုံ လောကဓံနဲ့
ဘဝအတွေ့အကြုံလေး ပေါင်းစပ်လိုက်တဲ့အခါ
ကျွန်မဟာ အခွံမာသစ်သီးလေး ဖြစ်လာရတာပေါ့ . . . ။ ။

#ဖရော်ဆန်💫

Address

Yangon

Telephone

+9752526045

Website

Alerts

Be the first to know and let us send you an email when 𝐓𝐡𝐫𝐢𝐟𝐭 𝐙𝐨𝐧𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category