Smarty Fashion-အမျိုးသမီးဝတ်ဆွဲသားဝတ်စုံနှင့် ကိုယ်ဝန်ဆောင်အထည်ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • Smarty Fashion-အမျိုးသမီးဝတ်ဆွဲသားဝတ်စုံနှင့် ကိုယ်ဝန်ဆောင်အထည်ရောင်းဝယ်ရေး

Smarty Fashion-အမျိုးသမီးဝတ်ဆွဲသားဝတ်စုံနှင့် ကိုယ်ဝန်ဆောင်အထည်ရောင်းဝယ်ရေး အမျိုးသမီးဝတ်ဆွဲသားဝတ်စုံအမျိုးမျ?

မြန်မာနိုင်ငံသူ/သားအပေါင်း ဘေးဘယာတွေဝေးကွာပြီး ကိုယ်စိတ်နှစ်ပါး ချမ်းသာကျန်းမာကြပါစေကြောင်း မင်မင်တို့က ဆုမွန်ကောင်းတောင...
12/07/2022

မြန်မာနိုင်ငံသူ/သားအပေါင်း ဘေးဘယာတွေဝေးကွာပြီး ကိုယ်စိတ်နှစ်ပါး ချမ်းသာကျန်းမာကြပါစေကြောင်း မင်မင်တို့က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏🙏🙏

ချစ်ရတဲ့မေမေဗိုက်လေးတို့ရေ😘😘   Smarty ရဲ့ လူကြိုက်များတဲ့ ကိုယ်ဝန်ဆောင်ဘောင်းဘီလေးတွေ ထပ်ရောက်ပါပြီနော်😍  ဗိုက်ဗိုက်နဲ့လ...
12/01/2022

ချစ်ရတဲ့မေမေဗိုက်လေးတို့ရေ😘😘

Smarty ရဲ့ လူကြိုက်များတဲ့ ကိုယ်ဝန်ဆောင်ဘောင်းဘီလေးတွေ ထပ်ရောက်ပါပြီနော်😍

ဗိုက်ဗိုက်နဲ့လန်းချင်လို့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးလေးဝတ်ချင်လို့ပဲဖြစ်ဖြစ် size အစုံရှိတုန်းလေး မှာယူနိုင်ပါပြီရှင့်🥰🥰

ဘီတို
Size M L XL XXL
Colour ခဲ၊အနက်

ဘီရှည်
Size M L XL XXL
Colour ခဲ၊အနက်

ပစ္စည်းလေးတွေက ဝယ်​စျေးတက်သွားတာမို့လို့ ဈေးနှုန်းလေးတွေပြောင်းလဲသွားတာကို နားလည်ပေးကြပါနော်🙏🙏🙏

မေမေဗိုက်လေးတွေလည်း ကျန်းမာချမ်းသာစွာဖြင့် ချစ်စရာသားသားမီးမီးလေးများကို အခက်အခဲမရှိ မွေးဖွားနိုင်ပါစေ🙏🙏🙏

ချစ်ရပါသောမေမေဗိုက်တို့ရေ မင်္ဂလာပါရှင့်😘😘😘ယိုးဒယားအသားလိုင်းကိုမှ ကြိုက်နှစ်သက်တဲ့မေမေဗိုက်လေးတို့အတွက်smarty ကနေ ယိုးဒ...
12/11/2021

ချစ်ရပါသောမေမေဗိုက်တို့ရေ မင်္ဂလာပါရှင့်😘😘😘
ယိုးဒယားအသားလိုင်းကိုမှ ကြိုက်နှစ်သက်တဲ့
မေမေဗိုက်လေးတို့အတွက်

smarty ကနေ ယိုးဒယားချည် ဂျင်းပေါင်းသား
ဗိုက်ဖုံးဝမ်းဆက်တွေ စတင်ရောင်းချပေးနေပါပြီရှင်

ဘယ်ဒီဇိုင်းယူယူ တစ်စုံမှ 23000 မို့
မှာယူချင်တယ်ဆိုရင်တော့

📩cb or
📞09450235036
📞09 793 265077 သို့ ဆက်သွယ်မှာယူနိုင်ပါပြီရှင်😍

Be safe🙏🙏🙏 Photo crd
19/02/2021

Be safe🙏🙏🙏



Photo crd

17/02/2021

EPC ရုံးတွေ
အဲ့လောက်ချစ်စရာကောင်းလိမ့်မယ်၊သတ္တိ‌ကောင်းလိမ့်မယ်၊‌ မေတ္တာတရားကြီးမားလိမ့်မယ်လို့
တစ်ခါမှ မတွေးဖူးဘူး။

အာဏာပြန်မရမချင်း မီတာလာမဆောင်ကြနဲ့
မအလ စစ်တပ်ကို တပြားမှ မပေးဘူးတဲ့
မီးလာဖြတ်ခိုင်းရင် အသေခံမယ် ဖြတ်မပေးဘူး
လာဖမ်းရင် ကူဝန်းရံကြပါနော်တဲ့
တသွေးတည်း တသားတည်း
တနိုင်ငံလုံးတညီတညာတည်း။

ခများတို့ တစ်သက် လိပ်ပြာလုံလို့ရပါပြီ။
U guys are real heroes ပါ
အသွေးထဲအသားထဲကကိုတကယ်ကျေးဇူးတင်တာပါ

🙏


16/02/2021

Anyway it's just violating our rights!

Internet ကို ညတိုင်းဖြတ်မယ်လိုလို ၁-မနက်၉ အသံတွေထပ်ကြားမိတော့တစ်ခုသတိရမိတယ်
Daily use to ဖြစ်လာအောင် နည်းနည်းချင်းပုံသွင်းတာရယ် အရင်က မီးအလှည့်ကျပေးသလိုပဲ ဒီလိုပါပဲလေဆိုပြီး ကိုယ့်အခွင့်အရေးဆုံးရှုံးခံနေရတာမှန်း မသိသာတော့အောင် လုပ်လာပြီဆိုတာပဲ
ပြောထားတဲ့အချိန်မှာ ပြန်ပေးရင်ကို လိုင်းပြန်ဖွင့်ပေးတဲ့ပုဂ္ဂိုလ်တွေကပဲ ကျေးဇူးရှင်ကြီးလိုလို မဆိုးရှာပါဘူး ပြန်ပေးသားပဲဟဲ့ လို့ဝေဝေဝါးဝါးအတွေးတွေ ဖြစ်လာတော့မယ့်အကွက်ပဲ
သတိထားရမှာက ခဏပဲဖြတ်ဖြတ် စက္ကန့်ပိုင်းပဲဖြတ်ဖြတ် မဖြတ်ဘဲသတင်းပဲလွှင့်လွှင့် ငါတို့လုပ်ချင်ရင်လုပ်လို့ရတယ်နော်ဆိုတဲ့ပုံစံကိုက လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်ကို ထိပါးနေတာဆိုတာပါပဲ
သွေးမအေးသွားဘဲ ခိုင်ခိုင်မာမာ တိုက်ပွဲဆက်ဝင်ရဦးမှာပါ နည်းမျိုးစုံနဲ့ ထိုးနှက်စမ်းသပ်ခံရဦးမှာပါ မယိမ်းယိုင်သွားဖို့လိုပါတယ်
ပြည်သူသာလျှင်အဓိကပါ💪💪💪

ယနေ့ အောင်မြင်မှုကြီးတခုက ပုဂ္ဂလိကဘဏ်ကြီးများအားလုံး အလုပ်မလုပ်ဘဲ ပိတ်ထားခြင်းပါ။နိုင်ငံတကာသင်္ဘောလိုင်း အများစု ရပ်သွား...
15/02/2021

ယနေ့ အောင်မြင်မှုကြီးတခုက ပုဂ္ဂလိကဘဏ်ကြီးများအားလုံး အလုပ်မလုပ်ဘဲ ပိတ်ထားခြင်းပါ။

နိုင်ငံတကာသင်္ဘောလိုင်း အများစု ရပ်သွားဖို့ ရှိနေပါပြီ။ တချို့ စရပ်နေပါပြီ။ နိုင်ငံတကာနဲ့ ကုန်သွယ်စီးဆင်းမှု ၉၀ ရာနှုန်းခန့် ရပ်နေပါပြီ။

ရထားတွေ မဆွဲတော့ပါ။ ပြည်တွင်းအစိုးရလေကြောင်းလိုင်းလည်း အနည်းဆုံး တဆိုင်း ၃၀ ဆင်းရမှာ ၃ယောက်ဘဲ ရှိပါတယ်တဲ့၊

နေပြည်တော်မှာ အချို့ တဝက်ရုံးတက်ပေမဲ့ ဘာစာပေးစာယူ ဘာအလုပ်မှ မလုပ်နိုင်ပါတဲ့။

မအလ စစ်ကောင်စီ မနိုင်မနင်းဖြစ်နေပါပြီ။ တပ်ပျက်နေပါတယ်။ CDM အောင်မြင်နေပါတယ်။

ကူးပါ ၊ ဖြန့်ပါ ။

အာရုံတွေ မလွဲကြရအောင်ည ၈ နာရီပါပဲနော်
14/02/2021

အာရုံတွေ မလွဲကြရအောင်
ည ၈ နာရီပါပဲနော်

Smarty က လတ်တလောဖြစ်ပျက်နေတဲ့ မြန်မာပြည်အရေးအခင်းနဲ့ပတ်သက်ပြီး အင်မတန်စိတ်မကောင်းဖြစ်မိသလို သန်းနဲ့ချီသောမြန်မာပြည်သူပြည...
02/02/2021

Smarty က လတ်တလောဖြစ်ပျက်နေတဲ့ မြန်မာပြည်အရေးအခင်းနဲ့ပတ်သက်ပြီး အင်မတန်စိတ်မကောင်း
ဖြစ်မိသလို သန်းနဲ့ချီသောမြန်မာပြည်သူပြည်သားများနဲ့အတူ
ထပ်တူဝမ်းနည်းမိပါတယ်😢😢😢

အားလုံးပဲစည်းစည်းလုံးလုံးနဲ့
သွေးမဆူကြဘဲ
ပြိုင်တူတွန်းပြီးရွှေ့ကြရအောင်ပါ💪💪💪

မြန်မာပြည်သူပြည်သားအပေါင်း
ကပ်ဆိုးကြီးမှကင်းဝေးကြပါစေ🙏🙏🙏

ပို့ရမယ့် order ထည်လေးတွေ😱ဒါလေးတွေဝတ်ပြီး smarty လေးတို့အရမ်းလှနေမှာမြင်ယောင်မိသေးတော့🥰ကိုရီးယားဆွဲသားဝမ်းဆက် ဂါဝန်ဗိုက်...
24/01/2021

ပို့ရမယ့် order ထည်လေးတွေ😱
ဒါလေးတွေဝတ်ပြီး smarty လေးတို့အရမ်းလှနေမှာ
မြင်ယောင်မိသေးတော့🥰

ကိုရီးယားဆွဲသားဝမ်းဆက် ဂါဝန်
ဗိုက်ဖုံးအင်္ကျီများကို Smarty ကနေ စိတ်တိုင်းကျ
order မှာလို့ရပါပြီနော်😱

ပုံမကျဘူးဆို ငွေပြန်အမ်းပေးပါမယ်ရှင်🤞

ချစ်တို့ကို လှသထက်လှစေချင်တာ Smarty ပါ

ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့
📞09450235036
09793265077 ကို ဟယ်လိုလုပ်လိုက်တော့နော်

 #ကလေးသူငယ်လိင်အကြမ်းဖက်မှုနှင့် ယဉ်စေ ရိုင်းစေ (အပိုင်း ၁)မပေါ့သင့်တဲ့ကိစ္စမို့ ဒါလေးကိုဆုံးအောင်ဖတ်ကြည့်စေချင်ပါတယ်`အပ...
16/01/2021

#ကလေးသူငယ်လိင်အကြမ်းဖက်မှုနှင့် ယဉ်စေ ရိုင်းစေ (အပိုင်း ၁)

မပေါ့သင့်တဲ့ကိစ္စမို့ ဒါလေးကိုဆုံးအောင်ဖတ်ကြည့်စေချင်ပါတယ်

`အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်။
အပြစ်မရှိသေးတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်။´
ဒီသီချင်းလေးကြားရင် လူတိုင်းလိုလိုမှာ လွတ်လပ်ပေါ့ပါးပြီး ဘာစိုးရိမ်စိတ်မှမရှိတဲ့
ကလေးဘဝလေးကို ပြန်မြင်ယောင်လွမ်းဆွတ်မိတတ်ကြမှာပါ။
ဒီလိုပြန်တမ်းတတတ်တဲ့အချိန်မှာလည်း မခမ်းနားချင်နေပါစေ
မည်းမှောင်အကျည်းတန်တဲ့ ကလေးဘဝဖြစ်အင်ကို
ဘယ်သူမှမလိုချင်တာတော့ မြေကြီးလက်ခက်လွဲမှာမဟုတ်ပါဘူး။
ဒါပေမဲ့လည်း ဒီလိုအရိပ်မည်းကြီးကို မကြုံချင်ပဲကြုံခဲ့ကြတဲ့
အပြစ်မဲ့ကလေးသူငယ်တွေမှာတော့ ကြိတ်မှိတ်သည်းခံရုံမှတစ်ပါး အခြားမရှိလေပြီ။
မိမိရဲ့တစ်ခဏတာ စိတ်သာယာမှုကြောင့် တစ်ဘဝစာပေးဆပ်လိုက်ရတဲ့
နုနယ်အပြစ်ကင်းတဲ့ကလေးတွေခမျာ ခံစားရတာတန်ပါရဲ့လား?

ဒါတွေကို မချိတင်ကဲဖြစ်လွန်းလို့ မဖြစ်ခင်က ကြိုတင်တားဆီးလို့ရမယ့် ကလေးသူငယ်လိင်အကြမ်းဖက်သူတွေရဲ့
အပြုအမူနဲ့ ဖြစ်တတ်တဲ့အကြောင်းရင်းများကို Smarty Fashion က ရှာဖွေဘာသာပြန်တင်ပြလိုက်ရပါတယ်။

လိင်အကြမ်းဖက်မှု ဖြစ်စေတဲ့ အကြောင်းရင်းများနဲ့
ကျူးလွန်သူရဲ့အပြုအမူလုပ်ရပ်များ

- ဒီလို ကလေးသူငယ်လိင်အကြမ်းဖက်သူတွေထဲမှာ သူစိမ်းနဲ့ ကလေးကို တဏှာချစ်ချစ်တတ်တဲ့သူတွေ ပါဝင်ပြီး
အများစုကျူးလွန်သူတွေက ကိုယ့်ရဲ့မိတ်ဆွေ အပေါင်းအသင်း မိသားစုဝင်တွေနဲ့ ကိုယ့်ရပ်ကွက်
အသိုင်းအဝန်းထဲကလူတွေ ဖြစ်နေတတ်ပါတယ်။လိင်အကြမ်းဖက်ခံရတဲ့ ကလေးသူငယ်
၉၃ ရာခိုင်နှုန်းက သူတို့ကိုကျူးလွန်တဲ့သူတွေကို သိနေပါတယ်။
အပြင်မှာလည်း ကလေးသူငယ်တွေခမျာ ကိုယ့်ဆွေမျိုးသားချင်း အသိမိတ်ဆွေတွေရဲ့
လိင်အကြမ်းဖက်ခံရတဲ့သတင်းတွေတွေ့နေရလို့ ဒါဟာယုံမှားသံသယဖြစ်စရာအချက်မဟုတ်တာကို
ဆင်ခြင်သုံးသပ်နိုင်ပါတယ်။ဒါဟာ အလွန်အကြူး မယုံကြည်တတ်ဖို့ ထောက်ပြနေတဲ့အချက်ပါပဲ။

- ဒီလိုလိင်အကြမ်းဖက်ခံရတဲ့အမှု ၇၀ ရာခိုင်နှုန်းလောက်က အသက် ၁၇ အောက်
ကလေးတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။

- မိန်းကလေး လေးယောက်မှာတစ်ယောက် ယောကျ်ားလေးခြောက်ယောက်မှာ တစ်ယောက်ဟာ
အသက် ၁၈ နှစ်မပြည့်ခင်မှာပဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ခံရတတ်ပါလိမ့်မယ်။

- ကလေးကငယ်လေလေ ကျူးလွန်သူက မိသားစုဝင်ဖြစ်ဖို့ အလားအလာများလေလေပါပဲ။
အသက်ခြောက်နှစ်အောက် ကလေးသူငယ်တွေကို လိင်အကြမ်းဖက်သူတွေထဲမှာ
၅၀ ရာခိုင်နှုန်းလောက်က မိသားစုဝင်တွေဖြစ်နေတာကို စစ်တမ်းကောက်ယူရရှိခဲ့ပါတယ်။

- ကျူးလွန်သူတွေက ကလေးရဲ့မိသားစုနဲ့ ကလေးရဲ့ယုံကြည်မှုရအောင်
ကလေးကိုဂရုစိုက်ပေးတာ အပြင်အလည်ခေါ်တာ လက်ဆောင်ပေးတာ
တခြားသူတွေနဲ့ သီးသန့်ဖြစ်အောင်ခေါ်ထုတ်သွားတာ ကလေးလိုအပ်ချက်တွေကို
ဖြည့်ဆည်းပေးတာ ကလေးကို လူကြီးတစ်ယောက်လို ပြုမူဆက်ဆံတာတွေ ပြုလုပ်တတ်ပါတယ်။
ဒီလို ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီးမှ တဖြည်းဖြည်းအဆင့်တက်ပြီး လိင်အကြမ်းဖက်ကြတာဖြစ်ပါတယ်။
ပြီးရင်တော့ ခြိမ်းခြောက်နှုတ်ပိတ်ထားတတ်ကြပါတယ်။

- ဒီလို လိင်အကြမ်းဖက်ခံရတဲ့ ကလေးသူငယ်တွေမှာ အားပေးဖေးမမှုမရရင်
တစ်သက်တာ ဆိုးကျိုးသက်ရောက်မှုတွေ ပိုခံစားရနိုင်ပါတယ်။
ပညာရေးမှာအားနည်းတာတို့ စိတ်ဒဏ်ရာဖိစီးနှိပ်စက်တာတို့ သတ်သေချင်စိတ်တွေ
ပိုပေါက်တာတို့ ဆေးစွဲတာတို့ အရွယ်မတိုင်ခင် ကိုယ်ဝန်ရတာတို့နဲ့
နာတာရှည်ကျန်းမာရေးပြဿနာတို့ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။

လိင်အကြမ်းဖက်မှုမဖြစ်အောင် ဘယ်လိုကာကွယ်ပေးကြမလဲ

- လိင်အကြမ်းဖက်ခံရတဲ့ ကလေးသူငယ်အများစုဟာ အဲဒီကိစ္စကို လျှို့ဝှက်ထားတတ်ကြပါတယ်။
လိင်အကြမ်းဖက်မှုကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကလေးက
ကိစ္စတစ်ခုကို ဖွင့်ပြောတဲ့အချိန်မှာ ကိုယ်ကသူ့ဘက်က မားမားမတ်မတ်ရပ်တည်ပေးပြီး
အရေးတယူတုံ့ပြန်ဆောင်ရွက်ပေးလိုက်ပါ။ဒီလိုလုပ်ပေးလိုက်ခြင်းဟာ ကလေးနဲ့
ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းလိုက်ရာကျပြီး သူတို့ကလည်း တစ်ခုခုဖြစ်ရင်
ကိုယ့်ကိုစိတ်ချလက်ချပြောလို့ရသူအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။

- ကလေးသူငယ်တွေက လိင်အကြမ်းဖက်ခံရတဲ့အကြောင်း
ဖွင့်ပြောလာပြီဆိုရင် မဟုတ်မမှန်တာသိပ်မရှိတတ်လို့
သူတို့ပြောတာတွေကို ယုံကြည်ပေးပါ။သူတို့ဘက်က ရပ်တည်ထောက်ခံပေးပါ။

- လိင်အကြမ်းဖက်ခံရတဲ့ကလေးက ဖွင့်ပြောလာတဲ့အခါ စိတ်တည်ငြိမ်အောင်ကြိုးစားပါ။
ဒါမှသာ ကလေးက ဒီကိစ္စအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်မိမှာဖြစ်ပါတယ်။
ကိုယ်ကဒေါသနဲ့တုံ့ပြန်လိုက်မယ်ဆိုရင် ကလေးကကြောက်လန့်ပြီး
အကြမ်းဖက်ခံနေရတာတောင် အဖြစ်အပျက်ကို ပြောင်းလဲပစ်တာတို့
ပြောပြီးတဲ့စကားကိုပြန်ရုပ်သိမ်းတာတို့ လုပ်နိုင်လို့ အမှန်ကိုသိရတော့မှာမဟုတ်ပါဘူး။

- ကလေးသူငယ်တွေမှာ ထားရှိရမယ့် စည်းဘောင်နယ်နမိတ်တွေကို ပြောပြထားပေးပါ။
တခြားလူကြီးတွေက အဲဒီစည်းဘောင်တွေကို ကျော်လာတယ်လို့ခံစားမိရင်
ကိုယ်ကဂရုတစိုက်နဲ့ စောင့်ကြည့်နေပေးပါ။ဘယ်လိုစည်းကျော်တာမျိုးတွေလဲဆိုရင်
ကလေးကို ပွေ့ဖက်ပွတ်သပ် နမ်းရှုပ်တာမျိုး ကလေးနဲ့သီးသန့်နှစ်ယောက်တည်း ရှိနေတတ်တာမျိုးတွေပါ။
ဒါကြောင့် ကလေးသူငယ်တွေမှာ ကိုယ့်စည်းကိုယ့်ဘောင်ကို ဖန်တီးတတ်ဖို့
ခွင့်ပြုကူညီပေးပါ။

- တစ်ဦးချင်းသီးသန့်ထက် အဖွဲ့အစည်းအလိုက် လှုပ်ရှားဆောင်ရွက်မှုတွေကို
ထောက်ခံပေးပါ။အဖွဲ့လိုက်လှုပ်ရှားမှုက စိတ်အချရဆုံးဖြစ်ပါတယ်။

- ကလေးသူငယ်တွေမှာ သူတို့ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီး သူတို့မှာ
ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အသိဝင်အောင် ပြောပြပေးပါ။
သူတို့ခန္ဓာကိုယ်ကို အထိမခံချင်ဘူးဆိုရင် ငြင်းဆန်ဖို့
ခွင့်ပြုပေးထားပါ။

- ကလေးသူငယ်တွေကို သူတို့ရဲ့သီးသန့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို
ရှင်းရှင်းလင်းလင်းသိအောင် ပြောပြထားပေးပါ။ဒါမှသာ မဖွယ်မရာ
ထိတွေ့ခံလာရတဲ့အခါမှာ ဘယ်နေရာကိုတော့ မထိနဲ့လို့
ပြန်လည်ပြောဆိုတတ်မှာဖြစ်ပါတယ်။

- ကျွန်မတို့ဟာ လူစိမ်းတွေရဲ့အန္တရာယ်ကို ပိုအာရုံစိုက်တတ်ကြပါတယ်။
လုံးဝမမေ့ပါနဲ့။လိင်အကြမ်းဖက်ခံရတဲ့ ကလေးသူငယ်အများစုက
သူတို့ရဲ့မိသားစုဝင်တွေ အသိတွေ ယုံကြည်ရတဲ့သူတွေရဲ့
ကျူးလွန်စော်ကားတာကို ခံရတာဖြစ်ပါတယ်။

အပူအပင်ကင်းတဲ့ ကလေးဘဝကို ကလေးသူငယ်တိုင်း
ကျော်ဖြတ်နိုင်ကြပါစေကြောင်း Smarty fashion က ဆုတောင်းပေးလိုက်ပါတယ်။
နောက်တစ်ပတ်မှာ အပိုင်း(၂) ကို ဆက်လက်တင်ပြပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးပါဦးနော်။

Smarty Fashion
:ywca.org
abuse
photo crd
(16.1.2021)

ကဲ...ချစ်တို့ရေဒီတစ်ခါတော့ ဆွဲသားဂါဝန်အိအိလေးတွေကို Fashionကျကျဝတ်ဆင်ချင်သူတွေအတွက် ရိုးရိုးရှင်းရှင်းနဲ့ fashionကျကျပုံ...
13/01/2021

ကဲ...ချစ်တို့ရေ

ဒီတစ်ခါတော့ ဆွဲသားဂါဝန်အိအိလေးတွေကို Fashionကျကျဝတ်ဆင်ချင်သူတွေအတွက်
ရိုးရိုးရှင်းရှင်းနဲ့ fashionကျကျပုံစံလေးတွေကို
တင်ပေးလိုက်ပါ​ြပီနော်😍😍

တစ်ထည်မှ 15000 ကျပ်ပဲရှိလို့ စျေးလည်းမများပါဘူးနော်😘😘

မှာယူချင်တယ်ဆိုရင်တော့
Ph-450235036
Ph-793265077 ကို hello လုပ်လိုက်ပါနော်❤❤

Address

No 71/6, Chaung Wa Bus Stop, Bayintnaung Main Road, Hlaing Tsp;
Yangon
11051

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959793265077

Website

Alerts

Be the first to know and let us send you an email when Smarty Fashion-အမျိုးသမီးဝတ်ဆွဲသားဝတ်စုံနှင့် ကိုယ်ဝန်ဆောင်အထည်ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share