Little Gu Gu

Little Gu Gu ဘေဘီ အဝတ်အထည်နဲ့ အသုံးအဆောင်များ

မိဘတွေရဲ့ အမြဲ(အမြဲ)အော်ဟောက်ဆူပူခြင်းကို ခံရတဲ့ကလေးတွေဟာ စိတ်ဒဏ်ရာရရုံတင်မကဘဲ သူတို့ရဲ့ ပင်ကိုယ်စရိုက်နဲ့ ဦးနှောက်ဖွံ့ဖ...
20/06/2026

မိဘတွေရဲ့ အမြဲ(အမြဲ)အော်ဟောက်ဆူပူခြင်းကို ခံရတဲ့ကလေးတွေဟာ စိတ်ဒဏ်ရာရရုံတင်မကဘဲ သူတို့ရဲ့ ပင်ကိုယ်စရိုက်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုပါ ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲသွားတတ်ပါတယ်။

၁။ ဉာဏ်ရည်ထိုင်းမှိုင်းလာခြင်း (ကလေး ညံ့သွားတတ်ပါတယ်)
သုတေသနပြုချက်များအရ ခဏခဏ အော်ဟောက်ခံရတဲ့အခါ ဦးနှောက်အာရုံကြောတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။ ဦးနှောက်ထဲက သင်ယူလေ့လာမှုနဲ့ မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့အပိုင်းဟာ တဖြည်းဖြည်း သိမ်လှီသွားတတ်ပြီး ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။

၂။ မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးခြင်း
အမြဲတမ်း အော်ဟောက်ဆူပူခံရတဲ့ ကလေးဟာ မိမိကိုယ်ကိုယ် အားမလိုအားမရဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာတတ်ပါတယ်။ သူတို့မှာရှိတဲ့ အရည်အချင်းတွေကို ထုတ်မပြရဲတော့ဘဲ လူတောမတိုးဘဲ အမြဲပုန်းကွယ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသဖို့နဲ့ ယုံကြည်ဖို့ လုံးဝ သတ္တိမရှိတော့ပါဘူး။

၃။ လုံခြုံမှုမရှိသလို ခံစားရခြင်း
မိဘဆိုတာ ကလေးတွေရဲ့ စိတ်နှလုံးထဲမှာ အကြီးမားဆုံး အားကိုးရာနဲ့ လုံခြုံမှုအပေးနိုင်ဆုံးသူတွေပါ။ အကယ်၍ မိဘက ကလေးကို ခဏခဏ အော်ဟောက်နေမယ်ဆိုရင် ကလေးဟာ မိဘနဲ့ တဖြည်းဖြည်း ဝေးကွာသွားပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ကင်းမဲ့သွားပါလိမ့်မယ်။

၄။ ကြောက်တတ်၊ ရွံ့တတ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိခြင်း
ကလေးကို အော်ဟောက်လိုက်တဲ့အခါ ကလေးက ထိတ်လန့်ကြောက်ရွံ့သွားပြီး သတ္တိကြောင်သူ ဖြစ်လာတတ်ပါတယ်။ တစ်နေ့လုံး ထိတ်ထိတ်လန့်လန့်နဲ့ နေထိုင်ရပြီး ငြင်းပယ်ခံရမှာကို ကြောက်တာကြောင့် မိမိရဲ့ အမြင်နဲ့ သဘောထားတွေကို ထုတ်မပြောရဲတော့ပါဘူး။

၅။ စိတ်တိုလွယ်၊ ဒေါသကြီးလာခြင်း
ခဏခဏ အော်ဟောက်ခံရတဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ်မှာ (Adrenaline) အက်ဒရီနယ်လင် ဟော်မုန်းတွေဟာ အမြဲတမ်း မြင့်မားနေတတ်ပါတယ်။ ဒါကြောင့် ပြဿနာအသေးအဖွဲလေး ကြုံရုံနဲ့တင် ချက်ချင်း စိတ်ဆတ်ပြီး ဒေါသတကြီး တုံ့ပြန်တတ်တဲ့ စရိုက်မျိုး ပြောင်းလဲသွားတတ်ပါတယ်။

၆။ တစ်ခုခုလုပ်ဖို့ တွန့်ဆုတ်နေတတ်ခြင်း
အမြဲတမ်း အော်ဟောက်ခံရတဲ့ ကလေးဟာ မိဘရဲ့ မျက်နှာရိပ်မျက်ခြေကိုပဲ ကြည့်ပြီး နေတတ်လာပါတယ်။ အလုပ်တစ်ခုခု မလုပ်ခင်မှာ "ငါဒါကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ" လို့ မတွေးတော့ဘဲ "ဒါလုပ်ရင် အဆူခံရမလား" ဆိုတာကိုပဲ အရင်တွေးပြီး ကြောက်လန့်တွန့်ဆုတ်နေတတ်ပါတယ်။

၇။ သံယောဇဉ်ကင်းမဲ့ပြီးအေးစက်လာခြင်း
ခဏခဏ အော်ဟောက်ခံရတဲ့ ကလေးဟာ နှလုံးသား အေးစက်လာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်က မိဘဆီကနေ အသိအမှတ်ပြုမှုနဲ့ နွေးထွေးတဲ့ ဆက်ဆံမှုကို မရရှိခဲ့တဲ့အတွက်ကြောင့် သူတစ်ပါးအပေါ်မှာလည်း ဘယ်လိုနွေးနွေးထွေးထွေး ဆက်ဆံရမလဲဆိုတာ မသိတော့လို့ပဲ ဖြစ်ပါတယ်။

၈။ ခေါင်းမာပြီးတော်လှန်ပုန်ကန်လာခြင်း
ရေရှည် အော်ဟောက်ခံရတဲ့အခါ ကလေးမှာ အာခံချင်တဲ့ စိတ်ပုန်ကန်မှုတွေ စိမ့်ဝင်လာတတ်ပါတယ်။ စိတ်ထဲကနေ မိဘကို ရန်သူလို သဘောထားပြီး "ငါလည်း လုပ်နိုင်တယ်" ဆိုတာကို သက်သေပြဖို့အတွက် မိဘပြောသမျှကို တမင်တကာ ဆန့်ကျင်ဘက်တွေ လိုက်လုပ်တတ်လာပါတယ်။

နိဂုံးချုပ်
ကလေးတစ်ယောက်ရဲ့ ကမ္ဘာမှာ မိဘရဲ့ လေသံဟာ ရာသီဥတုလိုပါပဲ။ လေသံနွေးထွေးရင် ကလေးရဲ့ စိတ်အခြေအနေဟာ ပန်းလေးတွေလို ဖူးပွင့်ဝေဆာလာမှာဖြစ်ပြီး၊ အော်ဟောက်သံတွေ ဖုံးလွှမ်းနေရင်တော့ ကလေးရဲ့ ကမ္ဘာလေးဟာ မုန်တိုင်းထန်ပြီး ပျက်စီးသွားပါလိမ့်မယ်။ မိသားစုတိုင်း သားသမီးတွေကို မေတ္တာလေသံလေးတွေနဲ့ ပျိုးထောင်ပေးနိုင်ကြပါစေ။ 🙏✨

ဘာသာပြန်-ဆရာရဲမင်း

ကလေးတစ်ယောက်မွေးထားတာထက် ပိုစိန်ခေါ်တဲ့အလုပ်က က​လေးနှစ်ယောက်မိခင်ဖြစ်လာတဲ့အချိန်ပါ။အရာအားလုံးကို တစ်ကနေ ပြန်စနေရတယ်။အကြီ...
18/06/2026

ကလေးတစ်ယောက်မွေးထားတာထက်
ပိုစိန်ခေါ်တဲ့အလုပ်က
က​လေးနှစ်ယောက်မိခင်ဖြစ်လာတဲ့အချိန်ပါ။
အရာအားလုံးကို တစ်ကနေ ပြန်စနေရတယ်။
အကြီးလေးကို လစ်လျူရှုတာ မျိုးမဖြစ်အောင်
အငယ်လေးကိုလည်း ဂရုစိုက်နေရလို့
ကိုယ်ပိုင်အချိန်တွေ ဆိုတာ အိမ်မက်ထဲမရှိတဲ့
အပင်ပန်းဆုံးအချိန်တွေပါပဲ။
အငယ်လေးကို ဂရုစိုက်နေတဲ့အချိန်
သားကြီး သမီးကြီးဆီမှာ
အရွယ်လိုက်ကြုံနေရတဲ့
အခက်ခဲတွေ ရှိနေနိုင်တာကို
သတိထားကြည့်ရပါမယ်။
အငယ်ကိုနို့တိုက်နေချိန်
အကြီးနဲ့ စကားပြောနေဖို့
အငယ်လေး လေထုတ်နေချိန်
အကြီးကိုလည်း ပုံပြင်ဖတ်ပေးဖို့
အငယ်လေးအိပ်နေချိန်
အကြီးနဲ့အတူ ထမင်းစားဖို့
အငယ်လေး မငိုတဲ့အချိန် အကြီးကို ရေချိုးပေးဖို့
၂၄ နာရီမှာ အကြီးရဲ့ အရေးပါမှုကို
လျော့ချတာမျိုးမဖြစ်အောင်
အမေ့ဆီက အကြီးဆုံးရထားတဲ့ အချစ်တွေကို
အငယ်လေးမွေးလာလို့ လုယူသွားတယ်
ဆိုတဲ့စိတ်ခံစားချက် မရှိလေအောင်
အကြီးရဲ့ ရှေ့မှာ အငယ်ကို
သဲသဲလှုပ် ချစ်ပြနေတာကို ရှောင်ပါ။
အကြီးကို အချိန်ပေးချစ်လေ
အကြီးက အငယ်ကို ချစ်လာလေပါပဲ....ဆိုတာလေးကို အကြံပြု တိုက်တွန်းလိုပါတယ်။

မိဘတွေပေးတဲ့ တရားမျှတမှုကပဲ မောင်နှစ်မတွေချစ်တတ်အောင် အလိုလိုသင်ပေးတာပါ။

မောင်နှစ်မချစ်ရမယ်နော် ဆိုတဲ့ စကားလုံးကို ကြားရုံနဲ့ ပြောပြရုံနဲ့ မရတာကို မိဘတွေ အထူးသတိထားကြစေဖို့။
Crd

 #အားနာတယ် အဖေ😥ခလုပ်တိုက်ရင်တောင်"အမေ"လိုပဲ    အော်မိလို့ ________________________ #အားနာတယ်"အဖေ😥ကျောင်းလိုက်ပို့ပေးတဲ့ ...
17/06/2026

#အားနာတယ် အဖေ😥
ခလုပ်တိုက်ရင်တောင်"အမေ"လိုပဲ
အော်မိလို့
________________________
#အားနာတယ်"အဖေ😥
ကျောင်းလိုက်ပို့ပေးတဲ့ အမေ့ကိုသာ ချစ်နေပြီး
ပညာသင်နိုင်အောင် ပိုက်ဆံရှာနေတဲ့"အဖေ့ကို မေ့နေလို့
____________________________________
#အားနာတယ်"အဖေ😥
အမေ့မေတ္တာဖွဲ့သီချင်းတွေ ဆိုကြပြီး
အဖေ့အတွက် သီချင်းရှားလွန်းလို့
_______________________
အားနာတယ်"အဖေ😢
နို့စက်တွေကို တန်ဖို့ထားပြီး
ချွေးစက်တွေကို"သတိမထားမိခဲ့လို့
_______________________
#အားနာတယ်"အဖေ😥
အမေ့ပါးကို ခုထိနမ်းပြီး
အဖေ့ပါးကို ၆ နစ်ကျော်ကတည်းက မနမ်းရဲတော့လို့
_______________________________________
#အားနာတယ်"အဖေ😢
ကျရူံးတဲ့အခါ အမေ့ရင်ခွင်ကိုပဲ တမ်းတနေပြီး
တံတိုင်းလို ကာကွယ်ပေးတဲ့ အဖေ့ကျောပြင်ကို သတိမရမိလို့
________________________________________
အသက်နဲ့ရင်းပြီး မွေးတဲ့အမေရော
ဘဝနဲ့ရင်းပြီးကျွေးတဲ့ အဖေရောဟာ
သားသမီးတို့အတွက် မေတ္တာရှင်တွေပါ
ကျွတ်တော်ပိုစ့်လေးကို ဖတ်ပြီး အိမ်ကမိဘကို သတိရသွားရင်
ကျွန်တော် တင်ရကျိုးနပ်ပါပြီ"
crd

https://www.facebook.com/Little-Gu-Gu-100348725801574

သုံးလတိတိ ထမင်းစားပြီးတိုင်းအန်ရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦🙏 ဗိုက်ထဲက ရင်သွေးလေးကြောင့် မအိပ်ခဲ့ရတဲ့ ညတွေ 👩‍👦🙏 ကော်ဖီ ...
10/06/2026

သုံးလတိတိ ထမင်းစားပြီးတိုင်း
အန်ရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦
🙏 ဗိုက်ထဲက ရင်သွေးလေးကြောင့် မအိပ်ခဲ့ရတဲ့ ညတွေ 👩‍👦
🙏 ကော်ဖီ ၊ လက်ဖက်ရည် ၊ ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေ မစားရပဲ ရှစ်လတိုင်တိုင်
အငတ်ခံနေရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦
🙏 ညညအိပ်ရင်လည်း ဘယ်ညာ မစောင်းပဲ
ုငြိမ်ငြိမ်လေးနဲ့ ၅ လတိုင် မအိပ်နိူင်ခဲ့တဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦
🙏 ၈ လတိုင် ဆော့ကစားတာတို့ လျှောက်လည်တာတို့ ကခုန်တာတို့ မလုပ်ပဲ အိမ်ထဲမှာပဲ နေရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦
🙏 နာဖျားမှု မရှိအောင် ကိုယ့်ကိုဂရုစိုက်နေရင်း ချဉ် ငံ စပ် ခါး ရှောင်ရှားရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦
🙏 ၁၄ နာရီအကြာ အသက်နဲ့ရင်းပြီး နာကျင် ကိုက်ခဲတဲ့ဝေဒနာတွေ ခံစားရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦
🙏 ဗိုက်ခွဲထားတဲ့ နာကျင်မှုကို မေ့ဖျောက် အနှီးတွေ လျှော်ရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦
🙏 ကိုယ့်နိူ့သီးခေါင်းကို ကိုက်ရင် နာပေမယ့် ၁၀ လကြာအောင် အောင့်အီးသည်းခံရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦
🙏 ချီးတွေ ၊ သေးတွေ ၊ အန်ဖတ်တွေ ၄နှစ်တိုင် သုတ်သင်ပေးရမယ့် ဒုက္ခကို ခံစားရတာ အမေ 👩‍👦
🙏 ညညဆိုရင် နှစ်နာရီတစ်ခါ တစ်နှစ်လုံးလုံး အိပ်ရေးပျက်ခံပြီး ထရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦
🙏 ဒုက္ခဆင်းရဲ စိတ်ပင်ပန်းမှုများစွာနဲ့ လောကဓံကို ကြံ့ကြံ့ခံ ကိုယ့်ရင်သွေးလေးအတွက် ပေးဆပ်အနစ်နာခံတာ အမေ 👩‍👦
🙏 ကိုယ့်ရင်သွေးလေး လူဖြစ်စအရွယ်မှ စပြီး လူလားမြောက်သည်အထိ ၁၅နှစ်လား အနှစ် ၂၀လား 👩‍👦
🙏 သေဆုံးမသွားခင်အချိန်ထိ သားသမီးတွေအတွက် ပေးဆပ်နေတာ အမေ 👩‍👦
🙏 ဒုက္ခဆင်းရဲတွေနဲ့ သားသမီးတွေ ရှေ့က မားမားမတ်မတ်ရပ်တည်လို့ ဘုရားနဲ့ တကိုင်းတည်းထားပြီး အမြဲကန်တော့ခံရတာ အမေ 👩‍👦
❤ ပြာသိုလပြည့် အမေများနေ့မှစပြီ မေမေအသက်ကျော်ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ် အရမ်းချစ်ရပါသောမေမေ🙏❤🙏
.

https://www.facebook.com/Little-Gu-Gu-100348725801574

❗️ Stock ရှိသလောက်သာ❗️သားသားတို့အတွက် အသားကောင်းကောင်းချည်ဆွဲသားအစင်းဂျင်းဘီဝမ်းဆက်လေးပြန်တင်ပေးလိုက်ပါပြီနော်…သားသားတို...
08/06/2026

❗️ Stock ရှိသလောက်သာ❗️

သားသားတို့အတွက် အသားကောင်းကောင်းချည်ဆွဲသားအစင်းဂျင်းဘီဝမ်းဆက်လေးပြန်တင်ပေးလိုက်ပါပြီနော်…သားသားတို့ဝတ်လိုက်ရင်လည်းပေါ့ပေါ့ပါးပါးသက်တောင့်သက်တာနဲ့ စမတ်ကျကျလေးဖြစ်စေမှာပါရှင့်…

💗 In Stock(အသင့်ရှိ)

#ချည်ဆွဲဝမ်းဆက်



#ကလေးဝတ်

Code 0071

💝 အသက်အရွယ်(ခန့်မှန်းခြေ) 1နှစ် မှ 4နှစ်

💝 စျေးနှုန်း 18,000ကျပ်(အင်္ကျီ+ဘောင်းဘီတစ်စုံစျေး)

💝 အဝါစင်း 1Y တစ်စုံကျန်

💝 အနက်စင်း 4Y တစ်စုံကျန်

⛔️ပစ္စည်းမချန်ပေးပါ

🛒 🛒 ချစ်ဖေမေတို့ အဆင်ပြေဖို့ Kpay,AYApay,KBZ, AYA,Abank banking တို့ဖြင့်%မလိုငွေပေးချေနိုင်ပါသည် 🛒 🛒

🙏စဉ်ဆက်မပြတ် လက်လီ/လက်ကား ဝယ်ယူအားပေးတဲ့ Customer တစ်ယောက်ချင်းစီကိုကျေးဇူးအထူး
တင်ရှိပါသည် 🙏

02/06/2026
 #တန်မှတန် ချစ်ဖေမေတို့ရေ...သားသားလေးတို့အတွက် ပွဲတက်လေးလည်းဝတ်လို့ရမယ့် ယိုးဒယားမိတ်ချည်သားစစ်စစ်အသားကောင်းကောင်း ဝမ်းဆ...
02/06/2026

#တန်မှတန်
ချစ်ဖေမေတို့ရေ...
သားသားလေးတို့အတွက် ပွဲတက်လေးလည်းဝတ်လို့ရမယ့် ယိုးဒယားမိတ်ချည်သားစစ်စစ်အသားကောင်းကောင်း ဝမ်းဆက်လေး တွေ ရပါပြီရှင့်...ပါတဲ့အရေအတွက် လေးလည်းနည်းလို့မြန်မြန်လေးဝယ်ပေးလိုက်တော့နော်...

💗 In Stock(အသင့်ရှိ)
#ချည်သားဝမ်းဆက်



#ကလေးဝတ်
💗Size နဲ့ Price ပုံအောက်မှာကြည့်ပေးပါဦးနော်

🛒 🛒 ချစ်ဖေမေတို့ အဆင်ပြေဖို့ Kpay,AYApay,KBZ, AYA,Abank banking တို့ဖြင့်%မလိုငွေပေးချေနိုင်ပါသည် 🛒 🛒

🙏စဉ်ဆက်မပြတ် လက်လီ/လက်ကား ဝယ်ယူအားပေးတဲ့ Customer တစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါသည် 🙏

ဒီမယ်ဖွားဖွား------နို့စို့အရွယ်ကလေးချောင်းဆိုး ကလေးဝမ်းပျတ်တိုင်းတိုင်း မိခင်အစားမရှောင်လို့ မဟုတ်ပါဘူး ဖွားဖွားရ👉လက်မဆ...
31/05/2026

ဒီမယ်ဖွားဖွား------
နို့စို့အရွယ်ကလေးချောင်းဆိုး ကလေးဝမ်းပျတ်တိုင်းတိုင်း မိခင်အစားမရှောင်လို့ မဟုတ်ပါဘူး ဖွားဖွားရ
👉လက်မဆေးပဲ ကလေးကိုကိုင်ကြတာ
👉ကလေးအနား ချောင်းဆိုးနှာချေ လုပ်ကြတာ
👉ကလေးကို နမ်းတဲ့လူက နှာစေးချောင်းဆိုးဖြစ်
နေတတ်တာ
ဒါတွေကြောင့်ပါဗျာ
မိခင်နို့ကနေ ချောင်းဆိုးစေတဲ့ ရောဂါပိုး ချောင်းဆိုးစေတဲ့ အစာ မပါဘူးဗျ
မိခင်နို့လောက် အပြစ်ကင်းတာ အဟာရပြည့်တာ မိခင်နို့ပဲရှိတယ်
နဂိုကမှ နို့တိုက်မိခင်တွေအစားရှောင်လို့ အဟာရစုံအောင်စားဖို့ မနည်းပြောနေရတာ
ကလေး ချောင်းဆိုးလိုက်ရင် စားစရာမရှိတော့တဲ့ အမေတွေ သနားဖို့ကောင်းလှပါဘီ
စုံအောင်စားရမယ့် မိခင်ကျ အတင်းရှောင်ခိုင်းပြီး
မိခင် နို့ ပဲ စို့ရမယ့်ကလေးကိုတော့
👎ဟိုရှာပွတ်ဆေး ပွတ်ခိုင်းရတာ
👎ဒီသူငယ်နာဆေး တိုက်ချင်ရတာ
👎ဟော လေဆေးလေးခွံ့ ချင်ရတာ နဲ့
တလွဲတွေ လုပ်နေတာ နှစ်ပေါင်းများလှဘီဗျ
ကဲ မေမေ-------
ကလေးချောင်းဆိုးတာ မေမေ့ကြောင့် မဟုတ်ဘူး
မေမေ အစားမှားလို့လည်း မဟုတ်ဘူး
လူကောင်းတစ်ယောက် စားသင့်တဲ့ အဟာရ ရှိတဲ့ အစားစာတွေ သားငါးပဲဥ စုံအောင်စားကွာ
အရင်ကထက် ပိုစား
ကလေးအတွက်ရောဆိုတော့ နှစ်ယောက်စာ စားရမှာ
ရှိပြီးသား ကိုယ်အလေးချိန် မလျော့သွားစေနဲ့
(ဒါတော့ သဘောအကျဆုံး စကားဖြစ်မယ်ထင်တယ်😂)
မကျွေးရင် ခိုးသာစား🤨🤨
လက်သာ သေချာဆေးတဲ့ အကျင့်လုပ်
ကလေးအဖေ-----
မင်းမှာလည်း တာဝန်ရှိတယ်
ယောက္ခမ မိဘက မစားခိုင်းရင် မင်းက ခိုးကျွေး🧐
ဟုတ်ပြီနော်
ဒါပဲ
Credit
ဆရာစိုး
မွေးကင်းစ
၂၅-၁-၂၀၂၀

 #တန်မှတန် ချစ်ဖေမေတို့ရေ...မီးမီးလေးတို့အကြိုက် ယိုးဒယားမိတ်ချည်သားစစ်စစ်အသားကောင်းကောင်းကာတွန်းရုပ်ပုံတီရှပ်လေး တွေ ရပ...
22/05/2026

#တန်မှတန်
ချစ်ဖေမေတို့ရေ...
မီးမီးလေးတို့အကြိုက် ယိုးဒယားမိတ်ချည်သားစစ်စစ်အသားကောင်းကောင်းကာတွန်းရုပ်ပုံတီရှပ်လေး တွေ ရပါပြီရှင့်...ပါတဲ့အရေအတွက် လေးလည်းနည်းလို့.မြန်မြန်လေးဝယ်ပေးလိုက်တော့နော်...

💗 In Stock(အသင့်ရှိ)
#ချည်သားစစ်စစ်တီရှပ်



#ကလေးဝတ်

Code 0124

💗Size 3/4Y to7/8Y

💗Price 17,000(တစ်ထည်ဈေး)

🛒 🛒 ချစ်ဖေမေတို့ အဆင်ပြေဖို့ Kpay,AYApay,KBZ, AYA,Abank banking တို့ဖြင့်%မလိုငွေပေးချေနိုင်ပါသည် 🛒 🛒

🙏စဉ်ဆက်မပြတ် လက်လီ/လက်ကား ဝယ်ယူအားပေးတဲ့ Customer တစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါသည် 🙏

Address

Yangon
Yangon

Telephone

+959790144212

Website

Alerts

Be the first to know and let us send you an email when Little Gu Gu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share