Gar Fee

Gar Fee ☆ Fashion Designer
Contact for work : 0979517057
SINCE 2020

Monster university ကြိုက်တဲ့ customer မှာသွားတဲ့ DIY wallet လေးတွေ 🍀သုံးပြီး ပိုက်ဆံတွေအများကြီးဝင်ပါစေဗျ 😁
21/10/2025

Monster university ကြိုက်တဲ့ customer
မှာသွားတဲ့ DIY wallet လေးတွေ 🍀
သုံးပြီး ပိုက်ဆံတွေအများကြီးဝင်ပါစေဗျ 😁

မီးရောင်လေးတွေနဲ့နွေးထွေးတဲ့သီတင်းကျွတ်ညလေးမှာကျက်သရေ မင်္ဂလာနှင့် ပြည့်စုံကြစေ 🏮🎏Fashion Designer - Gar Fee Photography...
06/10/2025

မီးရောင်လေးတွေနဲ့နွေးထွေးတဲ့သီတင်းကျွတ်ညလေးမှာ
ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံကြစေ 🏮🎏

Fashion Designer - Gar Fee
Photography - Khin MeMe Myint

အတိတ်အချိန် ၊ ခေတ်တစ်ခုပြန်ရောက်သွားသလို ခံစားချက် ကိုပေးစွမ်းနိုင်တဲ့ မြန်မာ့ရိုးရာ တိုက်ပုံ ။ဂုဏ်ကျက်သရေရှိတဲ့ အငွေ့အသ...
25/05/2025

အတိတ်အချိန် ၊ ခေတ်တစ်ခုပြန်ရောက်သွားသလို ခံစားချက် ကိုပေးစွမ်းနိုင်တဲ့ မြန်မာ့ရိုးရာ တိုက်ပုံ ။
ဂုဏ်ကျက်သရေရှိတဲ့ အငွေ့အသက် ၊ ပြည့်စုံကြွယ်ဝတဲ့
ဗမာတို့၏ ရှေး အမွေအနှစ် ။
Model - Sharr Min Paing
Fashion Designer - Gar Fee

All about Blood burn dress 🩸• ဒီ dress လေးကို စပြီးချုပ်ဖြစ်တဲ့အကြောင်းအရင်းကစိတ်ထဲမှာဖြစ်လာတဲ့ ခံစားချက်ကသာ ဝတ်စုံ တစ်ခ...
07/05/2025

All about Blood burn dress 🩸
• ဒီ dress လေးကို စပြီးချုပ်ဖြစ်တဲ့အကြောင်းအရင်းက
စိတ်ထဲမှာဖြစ်လာတဲ့ ခံစားချက်ကသာ ဝတ်စုံ တစ်ခုဆိုရင်ဘယ်လိုအဓိပ္ပာယ်ဖြစ်မလဲ ။ ဘယ်လိုပုံပေါ်မလဲ ။
နောက်ပြီး ဝတ်စုံ တစ်ခုချုပ်တယ်ဆိုတာစက်ပေါ်တင်ပြီး
ချုပ်ရုံနဲ့မပြီးသွားဘူးဆိုတာမျိုး ကျွန်တော်ယူဆထားတယ် ။ ဒီဝတ်စုံတစ်ခုဖြစ်ပေါ်လာရမယ့် အကြောင်းတရားရှိရမယ် ။ ဝတ်စုံတစ်စုံထပ်ပိုတဲ့ အနုပညာ လက်ရာ တစ်ခုလိုဖြစ်ရမယ် ။
• ​အင်္ကျီအပေါ်ယံကြည့်လိုက်ရုံနဲ့ကိုပေးချင်တဲ့ message တစ်ခုရပြီး စူးစူးစိုက်စိုက်နဲ့ အသေးစိတ်လိုက်ကြည့်လိုက်
မိရင် စိတ်ထဲမှာ တစ်ဆိမ့်ဆိမ့်နဲ့ အမြစ်တွယ်စေမယ့် ခံစားချက်တစ်ခုပေါက်ဖွားလာရမှာမျိုး ။

• ကြုံတောင့်ကြုံခဲ Red full moon က ရတဲ့ energy မျိုး
ကို art work ဖန်တီးပြီး မှတ်မှတ်ရရ သိမ်းဆည်းထားချင်တယ် ။ ဒီတခေါက်မှာ ဖြူစွတ်တဲ့အရောင်နဲ့ နှင်းဇီးကွက် က အနီရောင်လပြည့်နေ့ညမှာ
အေးခဲတဲ့ နှင်း တော ထဲ ပြင်းပြင်းထန်ထန် စိတ်ဒဏ်ရာနဲ့ ဒေါသဖြစ်နေတယ်။ အပေါ်ယံအရအေးစက်နေပေမယ့်
အတွင်းစိတ်ထဲမှာ Sharp ဖြစ်တယ် ။ ကိုယ့်စိတ်ထဲက လောင်မြိုက်နေတဲ့ မီးပွါးတွေတဆင့်ဆင့်တောက်လောင်၊
လေပင့်လေလေ လောင်လေလေ ပတ်ဝန်းကျင်က
အေးစက်တဲ့ ဒဏ်ကိုခံနိုင်လာလေလေပဲပေါ့။
ဒါမျိုး မျက်လုံးထဲဝင်လာတဲ့ ရှုမြင်ကွင်းကနေစလို့ တစ်ခုခုဖန်တီးကြည့်ဖို့တွေးမိလိုက်တယ် ။
အေးစက်တဲ့သဘော တရား ဖြစ်တဲ့ နှင်း နေရာမှာ
အဖြူဇာ နှင့် ဖော်ကျူးတယ် ။လောင်မြိုက်ပူနွေးတဲ့ သွေး ပုံစံဖော်ဖို့ အနီရောင်ကျောက်များနှင့် Red silk fabric ကိုသုံးထားပါတယ်။ ဒီလို သဘောတရားနဲ့ ဆင့်ကျင်ဘက် အပူ၊ အနွေး အရောင်နှစ်ခုကို balance လုပ်ပြီး Color theory တစ်ခုယူထားတာပါ ။
• Organza နဲ့ပြုလုပ်ထားတဲ့ white lace
အသုံးပြုပြီး ဌက်မွှေး ရဲ့ သဏ္ဍာန် ကို ကိုယ်စားပြုထားပါသေး တယ်။ နှင်းဇီကွက်ရဲ့ အမြှီးပိုင်းအတောင်ပိုင်း ပုံပေါ်အောင် ဂါဝန်ဘေးနဲ့အနောက်ဘက်တွေကို ကန်ကန်းအပြားတွေ (horsehair hem) နဲ့ကွေ့ကောက်ပြီးထောင်အောင် ချုပ်ထားပါတယ် ။

Fun facts
• နှင်းဇီးကွက်ဖြူတွေက ခက်ခဲတဲ့အချိန်တွေမှာ
ကြံ့ကြံ့ခိုင်နိုင်တဲ့ ability မျိုးရှိပြီး wisdom ကို describe တယ် လူလောကနဲ့ တခြားပရလောကတွေကို
ဆက်နွယ်ပေးနိုင်တဲ့ animal ရယ်လို့ ယုံကြည်ကြပါသေးတယ် ။
• ဒီဝတ်စုံကိုချုပ်ပြီး ပထမဆုံး TikTok platform မှာ publish ဖို့အတွက် လိုက်ရောညီထွေမှုရှိအောင် March 2025 မှာ ကျရောက်ခဲ့တဲ့ Red full moon ည ကိုရွေးချယ်ခဲ့ပါတယ်။
https://vt.tiktok.com/ZShkrCWEc/

ဒီထပ်လည်း ဂန္တဝင်ဆန်တဲ့ ဝတ်စုံမျိုးတွေကို
စိတ်ကူးရရင်ရသလိုဖန်တီးသွားဖို့ရှိပါတယ် ။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။
Fashion Designer - Gar Fee

ဒီဇင်ဘာဆိုနေရာတကာမှာ အရောင်အသွေးစုံစုံလင်လင်နဲ့ ဘယ်သွားသွားချစ်စရာခရစ်စမတ်အပြင်အဆင်လေးတွေနဲ့ မို့လို့  နှစ်တစ်နှစ်ရဲ့အလှ...
25/12/2024

ဒီဇင်ဘာဆိုနေရာတကာမှာ အရောင်အသွေးစုံစုံလင်လင်နဲ့ ဘယ်သွားသွားချစ်စရာခရစ်စမတ်အပြင်အဆင်လေးတွေနဲ့ မို့လို့ နှစ်တစ်နှစ်ရဲ့အလှဆုံးအချိန်ကChristmas လို့ပြောရင်မှားမယ်မထင်ပါဘူး ။
2024 အတွက် နောက်ဆုံးချုပ်ဖြစ်တဲ့
Gear စက်သွား design vest coat နဲ့
Arcane character တွေဝတ်စားပုံကို inspired ပြီး
Elf look ပုံလဲပေါ်ရမယ် normally ဝတ်လို့ရတဲ့
daily wear ထဲကလဲ အရမ်းကွဲမထွက်တဲ့ ပုံစံမျိုးစဉ်းစားထားမိတာ ၊ ထွက်လာတဲ့ result က ဒီလိုမျိုးပေါ့ ။
နောက်လာမယ့်နှစ်တွေမှာ ဒီထပ်ပိုပြီးပျော်ရွှင်ကြပါစေ။
အားလုံးအတွက် Merry Christmas 🎁!
Fashion Designer - Gar Fee

ကြွေအရုပ်မ လေးတွေမှာ မြင်နေကြဂါဝန်မျိုး ၊အတွန့်ထပ်ထပ်တွေနဲ့ Baby Doll dress ကိုမှ Alice in wonderland ပုံစံလေးဖန်တီးဖြစ်...
19/11/2024

ကြွေအရုပ်မ လေးတွေမှာ မြင်နေကြ
ဂါဝန်မျိုး ၊အတွန့်ထပ်ထပ်တွေနဲ့ Baby Doll dress ကိုမှ Alice in wonderland ပုံစံလေးဖန်တီးဖြစ်ပါတယ်ဗျ။
အပြာနဲ့လိုက်ဖက်မှုရှိအောင် အဖြူနဲ့ တွဲဖက်ပြီး နူးညံ့တဲ့ Pastel look ရအောင် စဉ်းစားချုပ်ဖြစ်တဲ့
Design လေးပါ။
ခေါင်းပတ်လေးကိုလဲ bow လေးနဲ့
Ruffle လေးတွေအသုံးပြုပြီး ပြုလုပ်ထားပါတယ်။
တွေ့လိုက်တာနဲ့ တကယ်ချစ်ဖို့ကောင်းပြီး အရင်ခေတ်တချိန်တခါက အနောက်တိုင်းပြဇာတ်လေးထဲ
မှာတွေ့ရတဲ့ vibe ပေးတာမျိုးပါ ။
Rare လည်းဖြစ် design လည်းဆန်းတဲ့ဝတ်စုံမျိုးမို့ ဖန်တီးရတာကျေနပ်ပြီး ဝမ်းသာပါတယ် 💙
Fashion Designer- Gar Fee
Starring - Khin MeMe Myint

ဒီတခါမှာ Disney princess ဖြစ်တဲ့ Tiana inspired dress ကို ကလေး စိတ်တိုင်းကျပုံစံလေးရအောင်ဂါဝန်လေးကိုပိတ်စသုံးလေးမျိုးသုံ...
27/10/2024

ဒီတခါမှာ Disney princess ဖြစ်တဲ့ Tiana inspired dress ကို ကလေး စိတ်တိုင်းကျပုံစံလေးရအောင်
ဂါဝန်လေးကိုပိတ်စသုံးလေးမျိုးသုံးထားပြီး ချုပ်ထားပါတယ် ။ ခါးကပန်းပွင့်လေးကအစအကုန် DIY ပေးထားပါတာ က ဂါဝန်နဲ့တကယ် လိုက်ဖက်မှုရှိအောင်ပါ ။ မွေးနေ့ပွဲမှာဝတ်မှာ ဆိုပေမယ့် ကလေးဝတ်ဆိုတော့ ပေါ့ပေါ့ပါးပါးလေးဖြစ်အောင်
အကောင်းဆုံးဖန်တီးထားဖြစ်တာလေးပေါ့။
ရင်ဘတ်နားတဝိုက်မှာ လက်ချုပ်သုံးပြီး ဂါဝန်အောက်ခြေမှာလဲမှော်အမှုန့် Pixie dust လေးတွေပြန့်ကျဲနေတဲ့ပုံစံရအောင် စီကွင့်တွေနဲ့ ပုံဖော်ထားဖြစ်ပါတယ်ဗျာ။ Admin တော့တော်တော်သဘောကျနေတာ
တကယ် Tiana အသေးစားလေးလိုပဲ ချစ်စရာလေး
🥹❤️”
Fashion Designer - Gar Fee

TikTok မှာ viewers 1M ရရှိပြီးအားလုံးသိချင်နေကြသည့် Coffee ထဲစိမ်လိုက်တဲ့ ဝတ်စုံကဘယ်လိုဆက်ဖြစ်သွားလဲ ? 🤔 Halloween အတွက်...
18/10/2024

TikTok မှာ viewers 1M ရရှိပြီး
အားလုံးသိချင်နေကြသည့် Coffee ထဲစိမ်လိုက်တဲ့ ဝတ်စုံကဘယ်လိုဆက်ဖြစ်သွားလဲ ? 🤔

Halloween အတွက်ဝတ်စုံဆိုတော့
အင်္ကျီအရောင်ကိုဖြူစွတ်စွတ်မလိုက်ဖက်တာကြောင့်
Coffee နဲ့ Tea ထဲမှာ dye လုပ်ပြီး
ဒန်းနက်နဲ့ အရောင်အစက်လေးတွေထည့်တယ် ။
သစ်သားပုတီးစေ့ ၊ leather ကြိုးမျှင်လေးတွေနဲ့
Design ဖော်တယ် ။

နောက်ဆုံးမှာရလာတဲ့ result လေးကိုတော့
8/10 လို့ပြောရမယ် ။ သူ့အနံ့ကတော့ ရေမွှေးအနံ့ထဲမှာတောင်ရှာမတွေ့ တဲ့တကယ်ကို ထူးဆန်းတဲ့
စာအုပ်အနံ့မျိုးပေါ့ဗျာ ။

ဦးထုပ်ကတော့ လွန်ခဲ့တဲ့ သုံးနှစ်က Halloween မတိုင်ခင် Tiktok ပေါ်မှာ အရမ်းလူကြိုက်များခဲ့တဲ့ မှို DIY ဦးထုပ်လေး ကို 2024 မှာ ဖန်တီးကြည့်လိုက်တာပါ ။

ဘောင်းဘီကိုလဲ ရေညှိအရောင်ဖြစ်တဲ့
ကတ္တီပါ ဆန်ဆန် အစိမ်းပြာ ရွေးပြီးချုပ်ထားတော့
တကယ့် mystery ဆန်စေပါတယ် ။
ဒီလိုမျိုး အနုပညာဆန်တဲ့ဝတ်စုံလေးတွေကို ဖန်တီးရတာက ကျွန်တော့်အတွက်တော့
အိမ်မက်ထဲကအရာတွေကို လက်တွေ့
အကောင်အထည်ဖော်ခွင့်ရသလိုပါပဲ ။
October လက အားလုံးအတွက်ကျေနပ်စရာဖြစ်မယ်လို့
မျှော်လင့်ပါတယ် ။

Fashion Designer - Gar Fee

07/10/2024

စက်ချုပ်ကျွမ်းကျင် မ တစ်ဦး အလိုရှိသည်။
အကျင့်စာရိတ္တကောင်းမွန်ရမည်။
ရန်ကုန်မြို့တွင်နေထိုင်သူဖြစ်ရပါမည်။
လက်ရာ​သေသပ်ရပါမည်။
အသက်အရွယ်အားဖြင့် ၁၈ မှ ၃၀ အတွင်းဖြစ်ရပါမည်။
လစာ ညှိနှိုင်း
မင်္ဂလာတောင်ညွှန့်မြို့နယ်
Phone - 09795170157

Blue and pink opposite color ကိုCute and soft တဲ့ look ရအောင်ချုပ်လုပ်ထားပါတယ်။Tea party , Evening party မျိုးမှာအဆင်ပြေ...
25/08/2024

Blue and pink opposite color ကို
Cute and soft တဲ့ look ရအောင်ချုပ်လုပ်ထားပါတယ်။
Tea party , Evening party မျိုးမှာ
အဆင်ပြေနိုင်တဲ့ fashion မျိုးပါ 🍰
*Admin ကိုယ်တိုင်ချုပ်တဲ့
Customized coat များမှာယူနိုင်ပါတယ်။*

Address

Yangon

Telephone

+959795170157

Website

Alerts

Be the first to know and let us send you an email when Gar Fee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share