Kian’s mommy - Dr Wint

Kian’s mommy - Dr Wint Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kian’s mommy - Dr Wint, Yangon.

14/06/2026

အောက်မျှော်တဲ့ အမူအရာလုပ်တာက တကယ်ပဲ နောက်ကလေးတစ်ယောက်လိုချင်လို့ လုပ်တာလား?

မေမေတို့ တွေးမိတာလေးတွေရှိရင်လဲ မန့်ခဲ့အုံးနော်😊

#အောက်မျှော်ခြင်း




Videoများလွတ်လပ်စွာ မျှဝေနိုင်ပါတယ်။မည့်သည့် social media တွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါ။

11/06/2026

ကလေးဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်သော အချက်(၅)ချက်





Videoများလွတ်လပ်စွာ မျှဝေနိုင်ပါတယ်။မည့်သည့် social media တွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါ။

08/06/2026

ကလေးတွေကို ကိုယ်သတိမထားမိဘဲ ဒါလေးတွေ အမွေပေးလိုက်နိုင်တာကို သိပြီးပြီလား





Videoများလွတ်လပ်စွာ မျှဝေနိုင်ပါတယ်။မည့်သည့် social media တွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါ။

Edit-မန့်ထဲက Topfan မေမေတစ်ယောက်ကို ပေးလိုက်ပါပြီရှင်ဒီဖိနပ်လေး Kianလေးနဲ့ နည်းနည်းသေးနေလို့ sizeတော်မယ့်သူ ရှိရင် လက်ဆေ...
06/06/2026

Edit-မန့်ထဲက Topfan မေမေတစ်ယောက်ကို ပေးလိုက်ပါပြီရှင်

ဒီဖိနပ်လေး Kianလေးနဲ့ နည်းနည်းသေးနေလို့ sizeတော်မယ့်သူ ရှိရင် လက်ဆောင်လေးပေးချင်လို့ပါ …ဖိနပ်က စမ်းစီးထားရုံပါ

ဖိနပ်အတွင်းအတိုင်း 13cm ဆိုပေမယ့် ပြည့်တဲ့သူဆို ခြေအတိုင်း 11cm,
သွယ်တဲ့သူဆို ခြေအတိုင်း 11.5cm လောက်ပဲ အတော်လောက်ဖြစ်မယ်ရှင့်

လမ်းလျှောက်နေပြီဖြစ်တဲ့ ဘေဘီလေးထဲက ယူပေးပါနော်

04/06/2026

ကလေးတွေ သူတို့ခေါင်းကို လက်နဲ့ရို-က််တတ်ကြတာ ဘာကြောင့်လဲ?





Videoများလွတ်လပ်စွာ မျှဝေနိုင်ပါတယ်။မည့်သည့် social media တွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါ။

31/05/2026

တစ်နှစ်ဝန်းကျင် ကလေးလေးတွေ ညဘက်ခဏခဏနိုးတာ နေ့ဘက်သိပ်ရခက်တာကြောင့် စိတ်ညစ်နေတဲ့မေမေတွေ ရှိကြလား?






Videoများလွတ်လပ်စွာ မျှဝေနိုင်ပါတယ်။မည့်သည့် social media တွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါ။

မိုးရာသီမှာ ဘေဘီလေးတွေအတွက် အထူးဂရုစိုက်ရမယ့် အချက်များ🌧️👶မိုးရာသီမှာ စိုထိုင်းဆများပြီး ပတ်ဝန်းကျင်မှာ ပိုးမွှားတွေ၊ ခြ...
30/05/2026

မိုးရာသီမှာ ဘေဘီလေးတွေအတွက် အထူးဂရုစိုက်ရမယ့် အချက်များ🌧️👶

မိုးရာသီမှာ စိုထိုင်းဆများပြီး ပတ်ဝန်းကျင်မှာ ပိုးမွှားတွေ၊ ခြင်တွေ ပေါက်ဖွားလွယ်တာကြောင့် ကလေးလေးတွေ အလွယ်တကူ ဖျားနာတတ်ကြပါတယ်။
ကလေးလေးတွေ ကျန်းမာပြီး ပျော်ရွှင်စရာ မိုးရာသီလေး ဖြတ်သန်းနိုင်ဖို့ မေမေတို့ ဒီ (၆) ချက်ကို အထူးဂရုစိုက်ပေးကြရအောင်နော်။ ✨

➡️ခြင်အန္တရာယ်မှ အဓိကကာကွယ်ပါ 🦟

*မိုးရာသီမှာ "သွေးလွန်တုပ်ကွေး" က အရမ်းကြောက်ဖို့ကောင်းပါတယ်။

*မိမိအိမ်ပတ်ဝန်းကျင်မှာ ရေတင်ကျန်နိုင်တဲ့ ဗူး၊ ခွက်၊ တာယာဟောင်းတွေကို သေချာသွန်ပစ်ပါ။

*ကလေးအိပ်ရင် နေ့ခင်းပဲဖြစ်ဖြစ်၊ ညဘက်ပဲဖြစ်ဖြစ် ခြင်ထောင်နဲ့ အမြဲသိပ်ပါ။ ကလေးသုံး ခြင်ပြေးခရင်မ် သို့မဟုတ် stickerလေးတွေ သုံးပေးလို့ ရပါတယ်။

➡️ဗိုင်းရပ်စ်နှင့်တုပ်ကွေးများ ကာကွယ်ပါ 🦠

*မိုးရာသီမှာ Flu, RSV နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေ ကူးစက်လွယ်ပါတယ်။
*
ကလေးကို မကိုင်တွယ်ခင်နဲ့ နို့မတိုက်ခင်မှာ လက်ကို ဆပ်ပြာနဲ့ စနစ်တကျ အမြဲဆေးပါ။

*ကလေးရဲ့ ကစားစရာတွေကိုလည်း ပုံမှန်ဆေးကြောပေးပါ။

*ကူးစက်မှုများနိုင်တဲ့ လူထူထပ်တဲ့နေရာတွေကို ခဏခဏ သွားခြင်း ရှောင်ကြဉ်ပါ။

➡️အဝတ်အစားများအား ခြောက်သွေ့အောင်ထားပါ👕

*မိုးရာသီမှာ အဝတ်တွေမခြောက်ဘဲ စိုထိုင်းထိုင်းဖြစ်နေတာက မှိုပိုး (Fungal infection) အလွယ်တကူ စွဲကပ်စေပါတယ်။

*ကလေးဝတ်မယ့် အဝတ်အစားတွေက လုံးဝခြောက်သွေ့နေဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် မီးပူသေချာတိုက်ပြီးမှ ဝတ်ပေးပါ။

➡️နွေးနွေးထွေးထွေးထားပါ🌡️

*ကလေးတွေက ကိုယ်အပူချိန် ညှိရခက်တတ်လို့ မိုးအေးတဲ့အခါ နှာစေး၊ ချောင်းဆိုး ဖြစ်လွယ်ပါတယ်။

*မိုးရွာပြီး အေးလာတဲ့အခါ အင်္ကျီလက်ရှည် ဘောင်းဘီလက်ရှည် ဝတ်ပေးခြင်းဖြင့် အေးတဲ့ဒဏ်ကော ခြင်ကိုက်တာကိုပါ ကာကွယ်နိုင်ပါတယ်။

*ရေချိုးပေးတဲ့အခါ ရေနွေးနွေးလေးနဲ့ မြန်မြန်ချိုးပေးပြီး ခေါင်းကို သေချာခြောက်အောင် ချက်ချင်းသုတ်ပေးပါ။

➡️သောက်ရေနဲ့ အစားအသောက် သန့်ရှင်းမှု 💧

*ရေကတစ်ဆင့် ကူးစက်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေက မိုးရာသီမှာ အဖြစ်များပါတယ်။

*ကလေးသောက်ရေကို ရေကျက်အေးတိုက်ပါက သေချာကျိုချက်ပြီးမှ တိုက်ပါ။

*ဖြည့်စွက်စာကျွေးတဲ့ ကလေးဆိုရင် အစားအစာတွေကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး ပြင်ဆင်ကျွေးမွေးပါ။ ကလေးပန်းကန်ခွက်ယောက်တွေကိုလည်း အခြောက်လှမ်းပြီးမှ သုံးပါ။

➡️Diaper rash မဖြစ်အောင် ဂရုစိုက်ပါ👶

*မိုးရာသီရဲ့ စိုထိုင်းဆကြောင့် diaperဝတ်တဲ့နေရာမှာ လေဝင်လေထွက်မကောင်းဘဲ အသားနီတာ၊ ယားယံတာတွေ ပိုဖြစ်တတ်ပါတယ်။

*Diaper လဲပြီး ရေစိုတစ်ရှူးနဲ့ သုတ်ပြီးတာနဲ့ အခြောက်ခံပြီး diaper cream တစ်မျိုးမျိုး လိမ်းပေးပါ။ တတ်နိုင်လျှင် တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ လောက် diaperမဝတ်ဘဲ "diaper-free time" ပေးပါ။

💡 "ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ကုသခြင်းပါပဲ မေမေတို့ရေ။"

မိုးရာသီမှာ မေမေတို့ရဲ့ ကလေးလေးတွေ ကျန်းမာရေးအတွက် ဘယ်လိုအချက်တွေကို အဓိကထားပြီး ဂရုစိုက်ဖြစ်လဲ? တခြားမေမေတွေ ဗဟုသုတရအောင် ကွန်မန့်မှာ မျှဝေပေးခဲ့ပါဦးနော်! 👇



#မိုးရာသီကလေးကျန်းမာရေး



လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။မည့်သည့် social media တွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါ။

28/05/2026

**ရေကို နို့သီးခါင်းပါတဲ့နို့ဘူးနဲ့ လုံးဝမတိုက်သင့်ပါဘူးနော်**

27/05/2026

နို့ဘူတို•က်တဲ့ ဘေဘီလေးတွေကို ဘယ်အရွယ်မှာ နို့ဘူးဖြတ်ပြီး ဘာတွေနဲ့ အစားထိုးတိုက်မလဲ






Videoများလွတ်လပ်စွာ မျှဝေနိုင်ပါတယ်။မည့်သည့် social media တွင်မှ ပြန်လည်ကူးယူတင်ပြခွင့်မပြုပါ။

ဘေဘီလေးတွေ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ အစားအစာတွေ ကျွေးဖို့လဲ မမေ့နဲ့နော်….
26/05/2026

ဘေဘီလေးတွေ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ အစားအစာတွေ ကျွေးဖို့လဲ မမေ့နဲ့နော်….

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Kian’s mommy - Dr Wint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share