GoodTimes online shop

GoodTimes online shop အိတ်ကောင်းအိတ်သန့်တွေကိုအိမ်မှာနေ?

လာပါပီနော် ကျွန်တော် တို့ GT ရဲ့ LV လေးပါ 😊
02/03/2022

လာပါပီနော် ကျွန်တော် တို့ GT ရဲ့ LV လေးပါ 😊

11/02/2022

#တရားထူးနှင့်စပ်သောဣရိယာပုတ်

ဈာန်ဖြစ်နေတဲ့ အချိန်မှာ
ဣရိယာပုထ်ကလည်း မလှုပ်မယှက်
ကြံ့ကြံ့တည်ပြီးတော့ ခိုင်ခံ့နေပါတယ်။
ဈာန်ဝင်စားနေတဲ့ အခါမှာဆိုရင်
တနာရီ၊ နှစ်နာရီ၊ သုံးနာရီ စသည်ဖြင့်
အကြာကြီးလည်း တည်နေတာပါပဲ။
တနေ့လုံး၊
တညလုံးလည်း တည်နေတာပါပဲ။

ထိုင်လျက်ပဲ တနာရီ၊ နှစ်နာရီ စသည်
တနေ့လုံး၊ တညလုံး စသည်ဖြင့်
တည်မြဲနေတယ်။
လဲကျသွားခြင်း၊ ယိမ်းယိုင်သွားခြင်း
ဆိုတာမျိုးတွေဟာ မရှိဘူး။

အဲဒါကို သေသေချာ မှတ်ထားကြ။တချို့က တုံးလုံးပက်လက် လဲနေတာ၊
ကိုးရိုးကားယား လူးလိမ့်နေတာကို
တရားထူးလို့ ထင်မှတ်နေကြတယ်။
အဲဒါကတော့ မဟုတ်ပါဘူး။

ဈာန် မဂ် ဖိုလ် ဆိုတာတွေဟာ
အပ္ပနာဇောတွေပဲ။
အပ္ပနာ ဆိုတာ ထိုင်ခြင်း၊
ရပ်ခြင်း အစရှိတဲ့
ဣရိယာပုထ်တွေကို မူလက
တည်မြဲအတိုင်းပင် ခိုင်စေတတ်တယ်။

ဒါကြောင့် `အပ္ပနာဇဝနံ ဣရိယာပတမ္ပိ
သန္နာမေတိ လို့ အဋ္ဌကထာတွေမှာ
အထင်အရှား ပြဆိုထားပါတယ်။

အပ္ပနာဇဝနံ၊ ဈာန်မဂ်ဖိုလ် ဟူသော
အပ္ပနာဇောသည်။
ဣရိယာပထမ္ပိ၊ ထိုင်ခြင်း ရပ်ခြင်း စသော
ဣရိယာပုထ်ရုပ်ကိုလည်း။
သန္နာမေတိ၊ တည်မြဲ တည်စေလျက်
ခိုင်မာစေတတ်ပါတယ်တဲ့။

ဒါကြောင့် တရားအားထုတ်နေရင်း
လဲကျသွားတာတွေ၊
လူးလိမ့်နေတာတွေကတော့ ဘုရားအလိုကျ
ပိဋကကျမ်းဂန်နဲ့ ညီတဲ့ တရားထူး ဖြစ်ပုံတွေ
မဟုတ်ဘူးဆိုတာ
တထစ်ချ မှတ်ထားကြရမယ်။
#ကျေဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိမဟာစည်ဆရာတော်ကြီး_သလ္လေခသုတ်တရားတော် မှ_( #သန့်_တည်_ပွါး----- )🙏🙏🙏

လိုချင်တာယူနိုင်တယ်......😁😁😁GOod Times ရှိတာ အကုန်လုံးကွယ်....🤗🤗🤗ဒါပေမဲ့ ဝယ်သူ ရယ်...😍😍😍Cancel စကားတော့ မဆိုပါနဲ့....😒😒😒
08/02/2022

လိုချင်တာယူနိုင်တယ်......😁😁😁
GOod Times ရှိတာ အကုန်လုံးကွယ်....🤗🤗🤗
ဒါပေမဲ့ ဝယ်သူ ရယ်...😍😍😍
Cancel စကားတော့ မဆိုပါနဲ့....😒😒😒

ပုံ မင်မင်😁😁ပိုတိုခရက်ဒစ်
02/02/2022

ပုံ မင်မင်😁😁

ပိုတိုခရက်ဒစ်

01/02/2022

#မေတ္တာပို့နည်း_၁၁နည်းနှင့်အရပ်၁၀_မျက်နှာမေတ္တာပို့🙏
ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းအပေါင်းတို့သိကြပြီးသားဖြစ်သော်လည်းစာရေးသူဝေနေယျအားလုံးအားမေတ္တာစိတ်ညွှတ်ပြီးရေးသားပို့သလိုက်ပါ၏ခင်ဗျာသာဓုခေါ်နိုင်ကြရင်ထပ်တူရကြမှာပါရေးခေါ်ဖို့မဆိုလိုပါနှုတ်ကအသံထွက်၍ခေါ်ကြပါထပ်တူထက်ပိုပြီးအေးမြသာယာရှိနိုင်ကြပါစေခင်ဗျာရောင့်ရဲစွာသီးခံနေနိုင်တတ်ကြပါစေသော်ဝ်

၁။ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ် မကြောက်တတ်နှစ်ရပ်များစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၃။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၄။ ဝေးနေနီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး မဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၆။ ရှည်တိုအလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၇။ ကြီးငယ်အလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၈။ ဆူကြုံအလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

၁ဝ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၁။ အရှေ့အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၂။ အနောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၃။ မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၄။ တောင် အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၅။ အရှေ့တောင်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၆။ အနောက်မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၇။ အရှေ့မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၈။ အနောက်တောင်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၉။ အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အပါယ်ဘုံသား အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၁၀။ အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အနန္တနတ်ဗြဟ္မာတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

( #သန့်_တည်_ပွါး)🙏🙏🙏

31/01/2022

၁။အ‌နကေဇာတိ သံသာရံ၊
(အနေကဇာတိ သံသာရံ၊)

သန္ဓာဝိဿံ အနိဗ္ဗိသံ။
(သန်ဓာဝိတ်သံ အနိတ်ဗိသံ)

ဂဟကာရံ ဂဝေသန္တော၊
(ဂဟကာရံ ဂဝေသန်တော၊)

ဒုက်ခာ ဇာတိ ပုနပ်ပုနံ။
(ဒုတ်ခါ ဇာတိ ပုနပ်ပုနံ။)

၂။ ဂဟကာရက ဒိဋ္ဌောသိ၊
(ဂဟကာရက ဒိတ်ထောသိ၊)

ပုန ဂဟေံ န ကာဟသိ။
(ပုန ဂဟေံ န ကာဟသိ။)

သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊
(သတ်ဗာတေ ဖာသုကာ ဘက်ဂါ၊)

ဂဟကူဋံ ဝိသင်္ခတံ။
(ဂဟကူတံ ဝိသင်ခတံ။)

ဝိသင်္ခါရ ဂတံ စိတ္တံ၊
(ဝိသင်ခါရ ဂတံ စိတ်တံ၊)

တဏှာနံ ခယ မဇ္ဈဂါ။
(တန်နှာနံ ခယ မဇ်ဇဂါ။)

အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာ၏။
ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာလျက် ဘဝများစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။
ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား၊ ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီး၊ ခန္ဓာအိမ်ကို နောင်တဖန် သင် ဆောက်လုပ်ရတော့မည် မဟုတ်၊
သင်၏ ကိလေသာတည်းဟူသော အခြင်းအရာ နယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ကုန်ပြီ။
အဝိဇ္ဇာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ။
ငါ၏ စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ။
တဏှာ ကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကို ရပြီ။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊
(အဝိတ်ဇာ ပစ်စယာ သင်ခါရာ)

သင်္ခါရပစ္စယာ ဝိညာဏံ၊
(သင်ခါရပစ်စယာ ဝိန်ညာနံ)

ဝိညာဏပစ္စယာ နာမရူပံ၊
(ဝိညာနပစ်စယာ နာမရူပံ)

နာမရူပပစ္စယာ သဠာယတနံ၊
(နာမရူပပစ်စယာ သလာယတနံ)

သဠာယတနပစ္စယာ ဖဿော၊
(သလာယတနပစ်စယာ ဖတ်သော)

ဖဿပစ္စယာ ဝေဒနာ၊
(ဖတ်သပစ်စယာ ဝေဒနာ)

ဝေဒနာပစ္စယာ တဏှာ၊
(ဝေဒနာပစ်စယာ တနှာ)

တဏှာပစ္စယာ ဥပါဒါနံ၊
(တနှာပစ်စယာ အုပါဒါနံ)

ဥပါဒါနပစ္စယာ ဘဝေါ၊
(အုပါဒါနပစ်စယာ ဘဝေါ)

ဘဝပစ္စယာ ဇာတိ၊
(ဘဝပစ်စယာ ဇာတိ)

ဇာတိပစ်စယာ ဇရာ မရဏံ၊
(ဇာတိပစ်စယာ ဇရာ မရဏံ)

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ၊
(သောက ပရိဒေဝ ဒုက်ခ ဒေါမနတ်သု ပါယာသာ သမ်ဘဝန်တိ)

ဧဝ မတေဿ ကဝေလဿ၊
(အေဝ မေတတ်သ ကေဝလတ်သ)

ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
(ဒုက်ခက်ခန်ဓတ်သ သမုဒယော ဟောတိ)

၁။ အဝိဇ္ဇာ - သစ္စာလေးပါးကို မသိမှုကြောင့် သင်္ခါရ စိတ်ပါလက်ပါ စေတနာပါပါ ပြုလုပ်မှုတို့သည် ဖြစ်လာ၏။
၂။ သင်္ခါရ စေတနာပါပါပြုလုပ်မှုကြောင့် ဝိညာဏ် - သိမှု ဖြစ်လာ၏။
၃။ ဝိညာဏ် သိမှုအကြောင်းတရား ထင်ရှားရရှိလာသောကြောင့် နာမရူပ - ရုပ်နာမ် ခန္ဓာငါးပါးဖြစ်လာ၏။
၄။ ရုပ်နာမ်ခန္ဓာငါးပါးအစု ဖြစ်ပေါ်မှုကြောင့် သဠာယတန- အာရုံ (၆)ပါးတို့ တည်ရာ ဖြစ်လာရ၏။
၅။ အာရုံ (၆)ပါးထင်ရှားရှိနေခြင်းကြောင့် အာရုံ၌ တွေ့မှုအပြား ဖဿ- အာရုံတို့ထိတွေ့မှု ဖြစ်လာ၏။
၆။ အာရုံတို့ ထိတွေ့ရာထင်ရှားရှိနေခြင်းကြောင့် အာရုံခံစားမှု ဝေဒနာခံစားမှုတို့ ဖြစ်လာ၏။
၇။ ဝေဒနာ ခံစားရာရှိနေခြင်းကြောင့် ဝတ္တုအာရုံကာမဂုဏ်ကို ခုံမင်တွယ်တာ တဏှာတပ်မက်မှုတို့ ဖြစ်လာ၏။
၈။ တဏှာ တပ်မက်ဖြစ်ပေါ်မှုကြောင့် ဥပါဒါန် ပြင်းထန်စွာစွဲလမ်းမှု ဖြစ်လာ၏။
၉။ ဥပါဒါန် ပြင်းစွာစွဲလမ်းရာကြောင့် ဘဝ - ဖြစ်တည်မှု ဖြစ်လာ၏။
၁၀။ ဘဝ ဖြစ်တည်မှုကြောင့် ပဋိသန္ဓေ တည်နေစွဲငြိသည့် ဇာတိတရားသည် ဖြစ်လာ၏။
၁၁။ ဇာတိတရား မွေးဖွားမှုကြောင့် အိုမင်းမှု၊ သေဆုံးမှု၊ စိုးရိမ်ပူပန်ရမှု စသည့် ဒုက္ခများ ဖြစ်လာ၏။
ဤသို့ ချမ်းသာမဖက် ဆင်းရဲသက်သက်သာ ဖြစ်သော တရားအစုတို့သည် အကြောင်းအကျိုးပြု၍ ဖြစ်ပေါ်လာကြကုန်၏။

အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊
(အဝိတ်ဇာယတွေဝ အသေသ ဝိရာဂ နိရောဓာ သင်ခါရ နိရောဓော)

သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊
(သင်ခါရ နိရောဓာ ဝိညာဏနိရောဓော)

ဝိညာဏနိရောဓာ နာမရူပ နိရောဓော၊
(ဝိညာဏနိရောဓာ နာမရူပ နိရောဓော)

နာမရူပနိရောဓာ သဠာယတန နိရောဓော၊
(နာမရူပနိရောဓာ သလာယတန နိရောဓော)

သဠာယတန နိရောဓာ ဖဿနိရောဓော၊
(သလာယတန နိရောဓာ ဖတ်သနိရောဓော)

ဖဿနိရောဓာ ဝေဒနာနိရောဓော၊
(ဖတ်သနိရောဓာ ဝေဒနာနိရောဓော)

ဝေဒနာနိရောဓာ တဏှာနိရောဓော၊
(ဝေဒနာနိရောဓာ တနှာနိရောဓော)

တဏှာနိရောဓာ ဥပါဒါန နိရောဓော၊
(တနှာနိရောဓာ အုပါဒါန နိရောဓော)

ဥပါဒါန နိရောဓာ ဘဝနိရောဓော၊
(အုပါဒါန နိရောဓာ ဘဝနိရောဓော)

ဘဝနိရောဓာ ဇာတိနိရောဓော၊
(ဘဝနိရောဓာ ဇာတိနိရောဓော)

ဇာတိနိရောဓာ ဇရာ မရဏံ၊
(ဇာတိနိရောဓာ ဇရာ မရဏံ)

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ နိရုဇ္ဈန္တိ၊
(သောက ပရိဒေဝ ဒုက်ခ ဒေါမနတ်သု ပါယာသာ နိရုတ်ဇန်တိ)

ဧဝ မတေဿ ကဝေလဿ၊
(အေဝ မေတတ်သ ကေဝလတ်သ)

ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။
(ဒုက်ခက်ခန်ဓတ်သ နိရောဓော ဟောတိ)

၁။ အဝိဇ္ဇာ - သစ္စာလေးပါးကို မသိမှုဟူသော အကြောင်းတရား ချုပ်ခြင်းကြောင့် သင်္ခါရ စိတ်ပါလက်ပါ စေတနာပါပါပြုလုပ်မှုတို့သည် ချုပ်ကုန်၏။
၂။ စေတနာပါပါ ပြုလုပ်မှုဟူသော သင်္ခါရတရား ချုပ်ခြင်းကြောင့် ဝိညာဏ် - သိမှု ချုပ်ရ၏။
၃။ ဝိညာဏ် သိမှုအကြောင်းတရား ချုပ်ခြင်းကြောင့် နာမရူပ - ရုပ်နာမ်ခန္ဓာငါးပါး ချုပ်ရ၏။
၄။ ရုပ်နာမ်ခန္ဓာငါးပါးအစု ချုပ်မှုကြောင့် သဠာယတန- အာရုံ(၆)ပါးတို့ တည်ရာ ချုပ်ရ၏။
၅။ အာရုံ(၆)ပါး ချုပ်ခြင်းကြောင့် အာရုံ၌ တွေ့မှုအပြား ဖဿ- အာရုံတို့ ချုပ်ရ၏။
၆။ အာရုံတို့ ထိတွေ့ရာ ချုပ်ခြင်းကြောင့် အာရုံခံစားမှု ဝေဒနာခံစားမှုတို့ ချုပ်ရ၏။
၇။ ဝေဒနာ ခံစားရာ ချုပ်ခြင်းကြောင့် ဝတ္တုအာရုံကာမဂုဏ်ကို ခုံမင်တွယ်တာ တဏှာတပ်မက်မှုတို့ ချုပ်ရ၏။
၈။ တဏှာ တပ်မက်မှု ချုပ်ခြင်းကြောင့် ဥပါဒါန် ပြင်းထန်စွာစွဲလမ်းမှု ချုပ်ရ၏။
၉။ ဥပါဒါန်ပြင်းစွာ စွဲလမ်းရာ ချုပ်ခြင်းကြောင့် ဘဝ - ဖြစ်တည်မှု ချုပ်ရ၏။
၁၀။ ဘဝ ဖြစ်တည်မှု ချုပ်ခြင်းကြောင့် ပဋိသန္ဓေ တည်နေစွဲငြိသည့် ဇာတိတရားသည် ချုပ်ရ၏။
၁၁။ ဇာတိတရား မွေးဖွားမှု ချုပ်ခြင်းကြောင့် အိုမင်းမှု၊ သေဆုံးမှု၊ စိုးရိမ်ပူပန်ရမှု စသည့် ဒုက္ခများ တစ်ခါတည်းပါပြီး ချုပ်ကြကုန်၏။
ဤသို့ ချမ်းသာမဖက် ဆင်းရဲသက်သက်သာ ဖြစ်သော တရားအစုတို့သည် အကြောင်းအကျိုးပြု၍ ဖြစ်ခြင်းချုပ်ခြင်း ရှိကုန်၏။
၁။ ယဒါ ဟဝေ ပါတု ဘဝန်တိ ဓမ်မာ၊
(ယဒါ ဟဝေ ပါတု ဘဝန်တိ ဓမ်မာ)

အာတာပိနော ဈာယတော ဗြဟ္မဏဿ။
(အာတာပိနော ဈာယတော ဗြန်မဏတ်သ။)

အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
(အထတ်သ ကင်ခါ ဝပယန်တိ သတ်ဗာ၊)

ယတော ပဇာနာတိ သဟေတု ဓမ္မာ။
(ယတော ပဇာနာတိ သဟေတု ဓမ်မာ။)

၂။ ယဒါ ဟဝေ ပါတု ဘဝန်တိ ဓမ်မာ၊
(ယဒါ ဟဝေ ပါတု ဘဝန်တိ ဓမ်မာ)

အာတာပိနော ဈာယတော ဗြဟ္မဏဿ။
(အာတာပိနော ဈာယတော ဗြန်မဏတ်သ။)

အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
(အထတ်သ ကင်ခါ ဝပယန်တိ သတ်ဗာ၊)

ယတော ခယံ ပစ္စယာနံ အဝေဒိ။
(ယတော ခယံ ပစ်စယာနံ အဝေဒိ။)

၃။ ယဒါ ဟဝေ ပါတု ဘဝန်တိ ဓမ်မာ၊
(ယဒါ ဟဝေ ပါတု ဘဝန်တိ ဓမ်မာ)

အာတာပိနော ဈာယတော ဗြဟ္မဏဿ။
(အာတာပိနော ဈာယတော ဗြန်မဏတ်သ။)

ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊
(ဝိဓူပယံ တိတ်ထသိ မာရသေနံ၊)

သူရိယောဝ သြဘာသယ မန္တိလိက္ခံ။
(သူရိယောဝ အောဘာသယ မန်တိလိတ်ခံ။)

၁။ ပူပူပန်ပန် ပြင်းထန်လုံ့လဝီရိယရှိလျက်၊ အာရုံလက္ခဏ မြတ်ဓမ္မကို စိတ်ချတည်ကြည် ကြံစည်စေ့စိုက်၍ ကြည့်သော ယောက်ျားမြတ်အား အကြင်အခါ၌၊ ဓမ္မအပြား နာမ်ရုပ်တရားတို့သည် ထင်ရှား ဖြစ်ပေါ်လာကုန်၏။
ထိုထင်ရှား ဖြစ်လာသောအခါ၌ ထိုယောက်ျားမြတ်အား တစ်ဆယ့်ခြောက်ပါး ယုံမှားကင်္ခါ ဝိစိကိစ္ဆာတို့သည် ပျောက်ကင်းကုန်၏။
အကြင်ကြောင့် အကြောင်းတရားတို့ မနားမရပ် အပြင်အပ်သော သဘောရှိသော သဟေတုဓမ္မကို သိ၏။
၂။ ပူပူပန်ပန် ပြင်းထန်လုံ့လဝီရိယရှိလျက် အာရုံလက္ခဏာမြတ်ဓမ္မကို စိတ်ချတည်ကြည် ကြံစည်စေ့စိုက်၍ ကြည့်သော ယောက်ျားမြတ်အား အကြင်အခါ၌ သပစ္စယဓမ္မအပြား နာမ်ရုပ်တရားတို့သည် ထင်ရှား ဖြစ်ပေါ်လာကုန်၏၊
ထိုထင်ရှားဖြစ် လာသောအခါ၌ ထိုယောက်ျားမြတ်အား တစ်ဆယ့်ခြောက်ပါး ယုံမှားကင်္ခါ ဝိစိကိစ္ဆာတို့သည် ပျောက်ကင်းကုန်၏။
အကြင်ကြောင့် အဝိဇ္ဇာ အစရှိသော အကြောင်းတရား၏ ကုန်ရာဌာန နိရောဓကို သိပြီ။
၃။ ပူပူပန်ပန် ပြင်းထန်လုံ့လဝီရိယ ရှိလျက် အာရုံလက္ခဏ မြတ်ဓမ္မကို စိတ်ချတည်ကြည် ကြံစည်စေ့စိုက်၍ ကြည့်သော ယောက်ျားမြတ်အား အကြင်အခါ၌ သင်္ခတာသင်္ခတ ဓမ္မအပြား ဉယျတရားတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏၊
ထိုယောက်ျားမြတ်သည် ကောင်းကင်အလုံးစုံကို ဩဘာသယံ မိုက်မှောင်ခပင်း လွင့်ပျောက်ကင်းအောင် ထွန်းလင်းတောက်ပစေသော နေမင်းကဲ့သို့ မာရ်စစ်သည်အပေါင်းကို ပညာသန်လျက် စိန်လက်နက်ဖြင့် တိုက်ဖျက်ပယ်ဖျောက်လျက် တည်ဘိ၏။
ဤသို့ မြတ်စွာဘုရားသည် ပဉ္စမ သတ္တဟ ကျရောက်လေလျှင်း အဇပါလညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူလျက် ကြည်လင်ရွှင်လန်း ဝမ်းမြောက်တော်မူသည်ဖြစ်၍ မြွက်ဆိုကျူးရင့်တော်မူ၏။
၁။ ဟေတု ပစ္စယော
(ဟေတု ပစ်စယော)

၂။ အာရမ္မဏ ပစ္စယော
(အာရမ်မဏ ပစ်စယော)

၃။ အဓိပတိ ပစ္စယော
(အဓိပတိ ပစ်စယော)

၄။ အနန္တရ ပစ္စယော
(အနန်တရ ပစ်စယော)

၅။ သမနန္တရ ပစ္စယော
(သမနန်တရ ပစ်စယော)

၆။ သဟဇာတ ပစ္စယော
(သဟဇာတ ပစ်စယော)

၇။ အညမည ပစ္စယော
(အင်ညမည ပစ်စယော)

၈။ နိဿယ ပစ္စယော
(နိတ်သယ ပစ်စယော)

၉။ ဥပနိဿယ ပစ္စယော
(ဥပနိတ်သယ ပစ်စယော)

၁၀။ ပုရေဇာတ ပစ္စယော
(ပုရေဇာတ ပစ်စယော)

၁၁။ ပစ္ဆာဇာတ ပစ္စယော
(ပစ်ဆာဇာတ ပစ်စယော)

၁၂။ အာသေဝန ပစ္စယော
(အာသေဝန ပစ်စယော)

၁၃။ ကမ္မ ပစ္စယော
(ကမ်မ ပစ်စယော)

၁၄။ ဝိပါက ပစ္စယော
(ဝိပါက ပစ်စယော)

၁၅။ အာဟာရ ပစ္စယော
(အာဟာရ ပစ်စယော)

၁၆။ ဣန္ဒြိယ ပစ္စယော
(အိန်ဒရိယ ပစ်စယော)

၁၇။ ဈာန ပစ္စယော
(ဈာန ပစ်စယော)

၁၈။ မဂ္ဂ ပစ္စယော
(မဂ်ဂ ပစ်စယော)

၁၉။ သမ္ပယုတ္တ ပစ္စယော
(သမ်ပယုတ်တ ပစ်စယော)

၂၀။ ဝိပ္ပယုတ္တ ပစ္စယော
(ဝိပ်ပယုတ်တ ပစ်စယော)

၂၁။ အတ္ထိ ပစ္စယော
(အတ်ထိ ပစ်စယော)

၂၂။ နတ္ထိ ပစ္စယော
(နတ်ထိ ပစ်စယော)

၂၃။ ဝိဂတ ပစ္စယော
(ဝိဂတ ပစ်စယော)

၂၄။ အဝိဂတ ပစ္စယော တိ
(အဝိဂတ ပစ်စယော တိ)

ဣတိပိသော ဘဂဝါ
(အိတိပိ သော ဘဂဝါ)

၁။ အရဟံ
(အရဟံ)

၂။ သမ္မာသမ္ဗုဒ္ဓေါ
(သမ်မာသံဗုတ်ဓော)

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော
(ဝိတ်ဇာစရဏသမ်ပန်နော)

၄။ သုဂတော
(သုဂတော)

၅။ လောကဝိဒူ
(လောကဝိဒူ)

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
(အနုတ်တရော ပုရိသ ဒမ်မသာရထိ)

၇။ သတ္ထာ ဒေဝ မနုဿာနံ
(သတ်ထာ ဒေဝမနုတ်သာနံ)

၈။ ဗုဒ္ဓေါ
(ဗုတ်ဓော)

၉။ ဘဂဝါ
(ဘဂဝါ)

၁။ ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူခြင်း။
၂။ တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ခြင်း။
၃။ ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး) ၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်ခြင်း။
၄။ အကျိုးရှိသော ဟုတ်မှန်သောစကားကို ကောင်းစွာဆိုတတ်ခြင်း၊ နိဗ္ဗာန်သို့ ကောင်းစွာသွားတတ်ခြင်း။
၅။ သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်ခြင်း။
၆။ မယဉ်ကျေးသူတို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်ခြင်း။
၇။ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်ခြင်း။
၈။ သစ္စာလေးပါးကို ကိုယ်တိုင်သိမြင်၍ သူတပါးတို့အားလည်း ဟောကြားညွှန်ပြနိုင်ခြင်း။
၉။ ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ခြင်း။

ဘုန်းတော် ၆-ပါး

ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
ပယတ္တဘုန်တော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၁။ ဇယန္တော ဗောဓိယာ မူလေ၊
(ဇယန်တော ဗောဓိယာ မူလေ၊)

သကျာနံ နန္ဒိဝဍ္ဎနော။
(သက်ကျာနံ နန်ဒိဝတ်ဒနော၊)

ဧဝ မေဝ ဇယော ဟောတု၊
(အေဝ မေဝ ဇယော ဟောတု၊)

ဇယဿု ဇယမင်္ဂလေ။
(ဇယတ်သု ဇယမင်္ဂလေ။)

၂။ အပရာဇိတ ပလ္လင်္ကေ၊
(အပရာဇိတ ပန်လင်ကေ၊)

သီသေ ပုထု ဝိပုက္ခလေ၊
(သီသေ ပုထု ဝိပုတ်ခလေ၊)

အဘိသကေ သဗ်ဗဗုဒ်ဓါနံ၊
(အဘိသေကေ သတ်ဗဗုတ်ဒါနံ၊)

အဂ္ဂပ္ပတ္တော ပမောဒတိ။
(အက်ဂပ်ပတ်တော ပမောဒတိ။)
၁။ သာကီဝင်မင်းတို့၏ နှစ်သက်ခြင်းကို ပွားစေတော်မူတတ်သော သက်တော်ထင်ရှား မြတ်ဘုရားသည် သဗ္ဗညုတဉာဏ်အမှန်ပွင့်ရာ ဒုမာရာဇ အဿတ္ထဟု နာမမည်တွင် ညောင်နီပင်၏ မြစ်ရင်းနှီးစွာ ရတနာရွှန်းဝေပလ္လင်ဗွေ၌ ဒေဝပုတ္တ ကိလေသနှင့် ခန္ဓမ တခုဘိသင်္ခါ မာရ်ငါးဖြာကို ပါရမီဝင်းထိန် ဝရဇိန်လက်နက် ပညာစက်ဖြင့် တိုက်ဖျက်အောင်မြင်တော်မူဘိသကဲ့သို့၊ ဤအတူပင်လျှင် သက်တော်ထင်ရှားမြတ်ဘုရား၏ ကိုယ်တော်အစား ရုပ်ပွားဆင်းတုတော်ဖြစ်တော်မူသော ဥဒ္ဒိဿစေတီ အရှင်မြတ်ဘုရားအားလည်း မာရ်ခပ်သိမ်းကို ကင်းငြိမ်းအောင် မြင်တော်မူခြင်းသည် ဖြစ်စေသတည်း။
သက်တော်ထင်ရှားမြတ်ဘုရား၏ ကိုယ်တော်အစား ရုပ်ပွားဆင်းတုတော် ဖြစ်တော်မူသော အရှင်ဘုရား အရှင်မြတ်ဘုရားသည်လည်း အောင်အပ်သော မင်္ဂလာ၌ အောင်မြင်တော်မူစေသတည်း။
၂။ သက်တော်ထင်ရှား မြတ်ဘုရားသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ် တည်းဟူသော ဗုဒ္ဓါဘိသိက်ရေစင် ခံရာဖြစ်သော မြေအပြင်ဝယ် ဆန်းကြယ်ထူးမွန် အလွန်တင့်တယ်စွာသော မြေ၏ ဦးခေါင်းဦးစွန်းသဖွယ်လည်း ဖြစ်သော ရှုံးတော်မမူ အောင်ပွဲယူရာ အပရာဇိတနာမတွင်ခေါ် ပလ္လင်ပေါ်၌ လူနတ်သုံးပါးတို့၏ အထွတ်အဖျား ဘုရားအဖြစ်သို့ ရောက်တော်မူသည်ဖြစ်၍ ကြည်လင်ရွှင်လန်း ဝမ်းမြောက်တော်မူစေဘိသကဲ့သို့၊ ဤအတူပင်လျှင် ဤဥဒ္ဒိဿစေတီ၊ အရှင်မြတ်ဘုရားသည်လည်း၊ လူသုံးပါးတို့၏ အထွတ်အဖျား ဘုရားအဖြစ်သို့ ရောက်တော်မူသည်ဖြစ်၍ ကြည်လင်ရွှင်လန်း ဝမ်းမြောက်တော်မူပေ၏။🙏🙏🙏

#မြတ်စွာဗုဒ္ဓသာသနာတော်မြတ်ကြီးသန့်ရှင်းတည်တန့်ပြန့်ပွါးရေးအကျိုးတော်ဆောင်ဓမ္မဒါနပြုသူ( #သန့်_တည်_ပွါး) 🙏🧘🙏🧘🙏💕💕

25/01/2022

Address

Yangon
095

Website

Alerts

Be the first to know and let us send you an email when GoodTimes online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GoodTimes online shop:

Share