The Minimal Closet

The Minimal Closet Branded Collections

13/04/2025

Cleanser ~ Moisturizer ~ Suncream

ဘာလို့ ဒီtopic ကိုရွေးတာလဲဆိုရင်တော့ ဒီ 3 step ကိုသာကိုယ်ကသေချာ ကိုယ် skin နဲ့အဆင်ပြေတဲ့ skincare တွေသာအသုံးပြုပေးမယ်ဆိုရင်တော့ perfect ပဲ

🌿Cleanser ဘယ်လိုရွေးရမလဲ

အရေးကြီးဆုံးကတော့ ကိုယ့် skin type ကိုသိရမယ် (e.g.- dry/ combination/ acne)

နောက်တစ်ဆင့်အနေနဲ့ ကိုယ်က make up လိမ်းသည် ဖြစ်စေ မလိမ်းသည် ဖြစ်စေ ညတိုင်း Double cleansing လုပ်ပေးသင့်တယ် ဘာလို့လဲဆိုတော့ ဖုန်မှုန့်တွေ အဆီအညစ်ကြေးတွေ မိတ်ကပ်တွေက ကိုယ့်skin မှာရှိတဲ့ pores တွေပိတ်စေတယ် မျက်နှာကို ညစ်ညစ်ကြီးဖြစ်စေတယ်

Skipping cleanser = clogged pores + dull skin
So “double cleanse, double glow! “✨

🌿Moisturizer ဘယ်လိုရွေးရမလဲ

အပေါ်မှာပြောသလို ကိုယ် skin type နဲ့ အဆင်ပြေတဲ့ ingredients တွေကိုသိရမယ်

တကယ်လို့ ကိုယ်ကအသားခြောက်တယ် ဆိုရင် ရေဓာတ်ပါတဲ့ moisturizer ကိုအသုံးပြုရင်အဆင်ပြေနိုင်တယ် (e.g.- hyaluronic acid)

နောက်တစ်ခုက oily skin ဆိုရင် moisturizer မလိုဘူးလို့ထင်ကြတယ် အမှန်တော့ skin type တိုင်းအတွက် moisturizer ဆိုတာ လိုအပ်တယ်

📌Jade ကတော့ combination to oily skin ဆိုတော့ မနက်ပိုင်းဆိုရင် Lightweight ဖြစ်ပြီး တစ်နေကုန်အဆင်ပြေမဲ့ moisturizer ကိုရွေးပြီးလိမ်းတယ်
ညပိုင်းဆိုရင်တော့ အဆိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ moisturizer ရွေးပြီးလိမ်းတယ်

🌿Suncream ဘယ်လိုရွေးမလဲ

Suncream ကို Jade ကအိမ်မှာပဲနေနေ အပြင်ပဲသွားသွားလိမ်းတယ် ဘာလို့လဲ ဆိုတော့ အိမ်မှာနေလဲ လေခုထဲမှာရှိတဲ့ ဖုန်တဲ့အညစ်ကြေးတွေက ချွေးပေါ်က်တွေကိုပိတ်ဆို့စေပြီး breakout တွေဖြစ်လွယ်လို့ပဲ

Suncream ထဲမှာလဲ Gel type / Cream type ဆိုပြီးအမျိုးမျိုးရှိတယ်

ကိုယ်က အဆီပြန်တဲ့သူ breakout ထွက်လွယ်တဲ့သူဆိုရင် Gel type

ကိုယ်က အသားခြောက်တဲ့သူ ဆိုရင် cream type

ပြီးတော့ နောက်တစ်မျိုးက မိတ်ကပ်သားပါတဲ့ Suncream မျိုးတွေလဲရှိတယ် အဲဒါမျိုးတွေကျတော့ ကိုယ်ကမိတ်ကပ်သိပ်မလိမ်းတဲ့သူ မိတ်ကပ်သား ပါရုံလောက်လေးပဲ လိမ်းချင်တဲ့သူ ဆိုရင် မိတ်ကပ်သားပါတဲ့ Suncream မျိုးကို ရွေးဖို့ ညွှန်းချင်ပါတယ်

Never Ever Skip the Suncream‼️

✨🤍Jade သုံးပြီး အဆင်ပြေတဲ့ products တွေကို honest recommendations and reviews လေးရေးပေးမှာမို့ page ကို like and follow လုပ်မမေ့နဲ့နော်✨🤍

ဒါမင်မင်ရဲ့ page အသစ်လေးပါရှင့် အဲ့page ကနေပြီးတော့ lifestyle tips တွေ honest reviews တွေကိုပေးသွားမှာဖြစ်လို့ like and ...
08/04/2025

ဒါမင်မင်ရဲ့ page အသစ်လေးပါရှင့်

အဲ့page ကနေပြီးတော့ lifestyle tips တွေ honest reviews တွေကိုပေးသွားမှာဖြစ်လို့ like and follow လုပ်ဖို့မမေ့နဲ့နော် 😘🫶🏼

Welcome to my little World! 🌿

Hi everyone! 👋

Jade အားလုံးကို ဒီpage ကနေ ကြိုဆိုလိုက်ပါတယ်...
Jade ကဒီpage ကနေတစ်ဆင့် lifestyle, fashion, wellness, honest review and recommendations တွေကို အားလုံးနဲ့အတူတူအပြန်အလှန် sharing လုပ်ချင်ပါတယ်ရှင့်

So please follow my new page and let’s grow and glow together!

အသား​လေး​တွေအိဖက်​နေ​ရောအတိုမကြိုက်တဲ့ ကာကာ ​​လေးတို့အတွက်❤❤Price - 17500 (one set)Size- free (Chest 44, waist 32 to 34,...
27/11/2021

အသား​လေး​တွေအိဖက်​နေ​ရော
အတိုမကြိုက်တဲ့ ကာကာ ​​လေးတို့အတွက်❤❤

Price - 17500 (one set)
Size- free
(Chest 44, waist 32 to 34, hip 40)

Waiting time -3 weeks or above
Order comfirm ဖြစ်ပြီးရင် cancel လို့မရပါ❌❌

Cash on deli (only ygn)
Other city (full prepaid)

Thank for shopping with us

အသား​လေး​တွေကအိဖက်​နေ​​ရောဒီဆိုင်က quality ​​ကောင်းပြီး ​စျေးလည်းသက်သာတယ်​နော်Price -20000 mmk (one set)Size - free size...
26/11/2021

အသား​လေး​တွေကအိဖက်​နေ​​ရော
ဒီဆိုင်က quality ​​ကောင်းပြီး ​စျေးလည်းသက်သာတယ်​နော်

Price -20000 mmk (one set)
Size - free size
(chest -42 to 44, waist -24 to 32, hip - 40 to 42)

Waiting - 3 weeks or above
❌Order တင်ပြီး cancel လို့မရပါ❌

Cash on deli (only ygn)
Other city (full prepaid)

Thanks for shopping with us

Hello ...We are back❗❗ မင်မင် page ကိုနားထားတာလည်းကြာပြီဆို​တော့ အခုကစပြီးပြန် run ပါ​တော့မယ်​နော် အာ့​​ကြောင့် order တင...
26/11/2021

Hello ...
We are back❗❗

မင်မင် page ကိုနားထားတာလည်းကြာပြီဆို​တော့ အခုကစပြီးပြန် run ပါ​တော့မယ်​နော် အာ့​​ကြောင့် order တင်လို့ရပါပြီအချစ်တို့​ရေ🥰🥰

မင်မင် page name ကိုလည်း change ထားပါတယ် fashionable clothes က​နေ The Minimal Closet ဆိုပြီ
(​တော်ကြာ page အသစ်ထင်​နေမှာဆိုးလို့😬)

​နောက်ပြီး အ​ရေးကြီးတာတစ်ခုက
မင်မင်အရင်တုန်းက page မှာ Shine only ပဲ​ရောင်းတာပါ အခု Shine ကိုလုံးဝမ​ရောင်း​တော့ပါဘူး❌❌

မင်မင် အခု bkk clothing ,accessories ​တွေပဲ​ရောင်းမှာပါ​​ ဆို​တော့ အား​ပေးဖို့ ready လုပ်ထားကြပါ​နော်🤗🤗

08/07/2021

Hello.....
17ရက် 6 လပိုင်းကစပြီးဒီနေ့ထိမှာထားတဲ့ customer တို့ရေ😘😘

ဒီတခေါက် order က waiting time 3 or 4 weeks ထက်ပိုကြာနိုင်တာမို့လို့ စောင့်ဖို့အဆင်မပြေဘူးဆိုရင်မင်မင်ကို cb မှာ order cancel လို့ရတယ်နော်😞😞
(မင်မင်က 3 or 4 weeks ပဲပြောထားတာမို့လို့ပါ)

စောင့်ဖို့အဆင်ပြေတယ် ဆိုရင်လည်းမင်မင်ကို cb မှာလာပြောပေးနော် order ပြန် comfirm ဖို့ပါရှင့်❤

လိပ်ပြာကြည့်ချင်လို့:3 🙂Photo crd
20/06/2021

လိပ်ပြာကြည့်ချင်လို့:3 🙂

Photo crd

အင်တာနက်ရနေချိန် သင်ယူထားကြ𝟮𝟬𝟮𝟭 မှာ ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်နိုင်စေမယ့် 𝗙𝗿𝗲𝗲 𝗪𝗲𝗯𝘀𝗶𝘁𝗲 (၁၂) ခု𝟮𝟬𝟮𝟭 နှစ်သစ်မှာ မိမိရဲ့...
26/05/2021

အင်တာနက်ရနေချိန် သင်ယူထားကြ
𝟮𝟬𝟮𝟭 မှာ ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်နိုင်စေမယ့် 𝗙𝗿𝗲𝗲 𝗪𝗲𝗯𝘀𝗶𝘁𝗲 (၁၂) ခု

𝟮𝟬𝟮𝟭 နှစ်သစ်မှာ မိမိရဲ့အသိပညာ၊ ဗဟုသုတတွေကို အဆင့်မြှင့်တင်နိုင်စေမယ့် "အခမဲ့" 𝗪𝗲𝗯𝘀𝗶𝘁𝗲 (၁၂) ခုကို 𝟭𝟮𝗺𝗶𝗻 𝗡𝗼𝘁𝗲𝘀 𝗠𝘆𝗮𝗻𝗺𝗮𝗿 မှ စုစည်းပေးလိုက်ပါတယ်။ တစ်ခုချင်းစီ ဖတ်ကြည့်နော် 👇🏻

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟭. 𝗖𝗼𝘂𝗿𝘀𝗲𝗿𝗮

https://www.coursera.org/

Coursera ဆိုတာလည်း နာမည်ကြီး Learning website တစ်ခုပါ။ Coursera အမည်နဲ့ app လည်း ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ Coursera ကနေ အခုလက်ရှိသင်ယူနေသူ ၃၅ သန်းကျော်ရှိပါတယ်။ တစ်ကမ္ဘာလုံးက တက္ကသိုလ် ၁၅၀ ကျော်နဲ့ချိတ်ဆက်ထားပြီး သင်ခန်းစာပေါင်း ၂၇၀၀ ကျော် ရှိပါတယ်။ Coursera မှာ သင်ခန်းစာအများစုက အခမဲ့ဖြစ်ပါတယ်။ Certificate လိုချင်တယ်ဆိုရင်လည်း ပိုက်ဆံပေးပြီး စာမေးပွဲဖြေလို့ရပါတယ်။ (ဒေါ်လာ ၃၀ က ၁၀၀ ဝန်းကျင်ရှိပါတယ်။)

Coursera App ကလည်း သုံးရတာလွယ်ကူသလို သင်ယူလေ့လာရတာလည်း အလွန်အဆင်ပြေပါတယ်။ ကမ္ဘာတစ်ဝှမ်းက နာမည်ကြီးတက္ကသိုလ်တွေက သင်ခန်းစာတွေကို အခမဲ့လေ့လာနိုင်တာဖြစ်လို့ တန်ဖိုးရှိတဲ့ Website တစ်ခုပါ။ Email တစ်ခုရှိရုံနဲ့ login ဝင်ပြီး မိမိစိတ်ဝင်စားတဲ့သင်ခန်းစာတွေကို စတင်လေ့လာနိုင်ပါပြီ။

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟮. 𝗞𝗵𝗮𝗻 𝗔𝗰𝗮𝗱𝗲𝗺𝘆

https://www.khanacademy.org/

Salman Khan တည်ထောင်ထားတဲ့ Khan Academy က အကျိုးအမြတ်မယူတဲ့ (non-profit) အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ ရည်မှန်းချက်က “ကမ္ဘာ့အဆင့်မီပညာရေးကို တစ်ကမ္ဘာလုံး ဘယ်နေရာကဖြစ်ဖြစ် အခမဲ့ ရယူနိုင်စေဖို့” ပါ။ (လုံးဝအခမဲ့နော်... ပိုက်ဆံပေးဖို့ option တောင် မရှိဘူး။)

Khan Academy ရဲ့ သင်ခန်းစာပို့ချချက်တွေက အရမ်းနားလည်ရလွယ်ကူလို့ ကျောင်းသူကျောင်းသားတွေ သာမက စာသင်ပေးနေတဲ့ ဆရာဆရာမတွေ အတွက်ပါ အလွန်အသုံးဝင်ပါတယ်။ Physics, Math, Grammar, Science, History, Business အစရှိတဲ့ ကမ္ဘာ့အဆင့် သင်ခန်းစာပေါင်း ၄၀၀၀ ကျော်ရှိလို့ မိမိရဲ့ ကလေးကို အိမ်မှာနေရင်း နိုင်ငံတကာပညာရေးနဲ့ ထိတွေ့ပေးချင်တဲ့ မိဘတွေ၊ ဆရာတွေအားလုံး မဖြစ်မနေ စမ်းသုံးကြည့်သင့်ပါတယ်။

Khan Academy ကို 2010 ခုနှစ်က Bill Gates ကိုယ်တိုင် Public မှာ ချီးကျူးခဲ့ပြီး သူ့ကလေးတွေအားလုံးကိုလည်း Khan Academy ကနေ ပညာသင်ခိုင်းကြောင်း ပြောခဲ့ပါတယ်။ Khan Academy App ကလည်း သုံးရတာလွယ်ကူသလို သင်ယူလေ့လာရတာလည်း အလွန်အဆင်ပြေပါတယ်။

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟯. 𝗲𝗱𝗫

https://www.edx.org/

edX ဟာ နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ Harvard နဲ့ MIT (Massachusetts Institute of Technology) တို့ ပူးပေါင်းဖန်တီးထားတဲ့ အလန်းစား online learning website တစ်ခုပါ။ edX app လည်းရှိပါတယ်။ edX က သင်ခန်းစာတွေကို အခမဲ့လေ့လာနိုင်တယ်ဆိုပေမယ့် Harvard, MIT, Berkeley နဲ့ Boston University တို့လို့ နာမည်ကြီး တက္ကသိုလ်တွေက ကမ္ဘာ့အဆင့်သင်ခန်းစာတွေဖြစ်လို့ ပညာရေးအရည်အသွေးကို အထူးညွှန်းစရာ မလိုလောက်ဘူးထင်ပါတယ်။

Law, History, Engineering, Computer Science, Business, Entrepreneurship စတဲ့ဘာသာရပ်တွေကအစ Artificial Intelligence (AI) လို ဘာသာရပ်တွေအထိပါ အခမဲ့ လေ့လာနိုင်မှာပါ။ Certificate လိုချင်ရင်လည်း Coursera လိုပဲ ပိုက်ဆံထပ်ပေးပြီး ယူလို့ရပါတယ်။ လက်ရှိသင်ယူလေ့လာနေသူ သန်း ၂၀ ကျော်ရှိပြီး သင်ခန်းစာပေါင်း ၂၄၀၀ ကျော်ရှိထားတာဖြစ်လို့ 2021 မှာ လုံးဝစမ်းကြည့်သင့်တဲ့ website တစ်ခုပါ။ edX က App လည်းရှိတော့ ဖုန်းနဲ့လည်း အလွယ်တကူ လေ့လာသင်ယူနိုင်ပါတယ်။

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟰. 𝗧𝗘𝗗

https://www.ted.com

TED ကတော့ တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်လို့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုပါဘူး။ TED မှာ Business, Beauty, Technology, Science, Engineering, Design, Entertainment, Education တို့ကအစ AI, Astronomy, Blockchain, Humanity အဆုံး နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေရဲ့ အတွေးအခေါ် အိုင်ဒီယာကောင်းတွေ၊ နည်းပညာအသစ်အဆန်းတွေကို ဗဟုသုတရဖွယ် လေ့လာကြည့်ရှုရမှာပါ။ ယနေ့ခေတ်လူငယ်တိုင်းရဲ့ ဖုန်းထဲမှာ TED App တော့ ရှိထားသင့်တယ်နော်!

TED ဗီဒီယိုအများစုက ကြာချိန် ၁၀ မိနစ်မှ မိနစ် ၂၀ အတွင်းပဲရှိလို့ အားလပ်ချိန်နည်းနည်းလေးပဲရတယ်ဆိုရင်တောင် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်စေမှာပါ။

လမ်းညွှန်။ TED Talks တွေကို အခုမှ စကြည့်လို့ TED Talk တစ်ခုစီရဲ့ concept တွေကို မမိလိုက်ဘူးဆိုရင် (ဒါမှမဟုတ်) ဘယ် TED Talk တွေကို စကြည့်သင့်မှန်း မသိဘူးဆိုရင် 12min Notes Myanmar က အခမဲ့ စီစဥ်ပေးထားတဲ့ 𝗧𝗘𝗗 𝗥𝗲𝘃𝗶𝗲𝘄𝘀 𝗯𝘆 𝟭𝟮𝗺𝗶𝗻 𝗡𝗼𝘁𝗲𝘀 (https://www.facebook.com/12minTEDreviews) Page မှာ TED Talk တစ်ခုစီရဲ့ Key Insights တွေနဲ့ Review တွေကို အခမဲ့ ဖတ်ရှုနိုင်ပါတယ်။ (ဖတ်ရင်းနဲ့မှ ပိုပြီးအတွင်းကျကျ သိချင်ရင် Original Talk ကို ဆက်ကြည့်လို့ရတာပေါ့...)

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟱. 𝗧𝗘𝗗-𝗘𝗱

https://ed.ted.com/

TEDEd website က နာမည်ကျော် TED.com ရဲ့ အခွဲတစ်ခုပါ။ သင်ခန်းစာတွေ၊ အိုင်ဒီယာတွေကို (၅) မိနစ်စာ ဗီဒီယိုဖိုင်လေးတွေနဲ့ ရှင်းလင်းဖော်ပြပေးထားတာဖြစ်လို့ အချိန်ကုန်လည်းသက်သာသလို ကြည့်လို့လည်း အရမ်းကောင်းတဲ့ website တစ်ခုပါ။ Concept တူညီတဲ့ ဗီဒီယိုငယ်လေးတွေအများကြီးကို စုစည်းပြီး Series တွေခွဲပေးထားလို့ အကြောင်းအရာတစ်ခုကို အသေးစိတ်နက်နက်နဲနဲလေ့လာချင်သူတွေအတွက်လည်း အထူးအသုံးတည့်စေမှာပါ။

Arts, Business & Economics, Design, Engineering, Health, Psychology, Thinking, Science, Technology အစရှိတဲ့ ဘာသာရပ်ပေါင်းစုံကို စိတ်ဝင်စားသူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ website တစ်ခုပါ။ တစ်နေ့ကို (၅) မိနစ်စာ TEDEd ဗီဒီယိုတစ်ခုဝင်ကြည့်ရင်တောင် တစ်နှစ်ကြာတဲ့အခါ သင့်ရဲ့ အသိပညာဗဟုသုတတွေ အများကြီးတိုးပွားလာမှာအမှန်ပါပဲ။ (နေ့တိုင်းမှန်မှန် ဝင်ကြည့်ဖြစ်ဖို့တော့လိုမယ်နော်!)

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟲. 𝗨𝗱𝗲𝗺𝘆

https://www.udemy.com/

အရည်အသွေးကောင်းတဲ့ သင်ခန်းစာမျိုးစုံကို အခမဲ့ရော ပိုက်ဆံပေးပြီးပါ အွန်လိုင်းပေါ်က အလွယ်တကူ သင်ယူလေ့လာနိုင်စေမယ့် website တစ်ခုပါ။ သင်ကြားပေးနေတဲ့သူတွေက ဘာသာရပ်ဆိုင်ရာ အလွတ်တမ်းပညာရှင်တွေပါသလို နာမည်ကြီး တက္ကသိုလ်ကြီးတွေမှာ လက်ရှိစာသင်ပေးနေတဲ့ ပါမောက္ခတွေလည်း ပါဝင်ပါတယ်။ သင်ခန်းစာပေါင်း သောင်းနဲ့ချီပြီးရှိတာဖြစ်လို့ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်ကိုရှာပြီး review ကောင်းကောင်းရထားတဲ့ သင်ခန်းစာတွေကို လေ့လာနိုင်ပါတယ်။

အရင်တုန်းက ပိုက်ဆံပေးရတဲ့သင်ခန်းစာတော်တော်များများက ၁၀ ဒေါ်လာအောက်ဖြစ်ပေမယ့် အခု COVID ကာလမှာ Demand များလာတာနဲ့အမျှ သင်ခန်းစာတွေလည်း ဈေးတက်လာပါတယ်။ ဒါပေမယ့် အခမဲ့လေ့လာလို့ရတဲ့ သင်ခန်းစာတွေလည်း အများအပြားရှိနေသေးတာကြောင့် စမ်းသပ်လေ့လာကြည့်သင့်တဲ့ website တစ်ခုဖြစ်ပါတယ်။ App လည်းရှိပါတယ်။

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟳. 𝗦𝘁𝗮𝗻𝗳𝗼𝗿𝗱 𝗢𝗻𝗹𝗶𝗻𝗲

https://online.stanford.edu

ဒီ Stanford Online website ကတော့ Stanford တက္ကသိုလ်တစ်ခုတည်းက တင်ဆက်တဲ့ အခမဲ့ အွန်လိုင်းသင်ခန်းစာတွေကို လေ့လာနိုင်မှာပါ။ Stanford တက္ကသိုလ်က သင်ခန်းစာတွေသီးသန့်ကို အွန်လိုင်းပေါ်က အခမဲ့ လေ့လာခွင့်ရမှာဆိုတော့ အိမ်မှာနေတုန်းဝင်လေ့လာသင့်တဲ့ website တစ်ခုပါပဲ။ ဒီ Website ထဲကိုဝင်ပြီး Programs > Free Courses ကနေ မိမိစိတ်ဝင်စားတဲ့ အခမဲ့ သင်ခန်းစာတွေကို ရှာဖွေလေ့လာနိုင်ပါတယ်။ Free Courses တွေတင် ၁၀၀ ကျော်ရှိတော့ ကိုယ့်စိတ်ကြိုက် လေ့လာလို့ရတာပေါ့။

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟴. 𝗖𝗼𝗱𝗲𝗮𝗰𝗮𝗱𝗲𝗺𝘆

https://www.codecademy.com/

ကွန်ပျူတာ program ရေးသားခြင်းကို စိတ်ဝင်စားတဲ့ လူငယ်လူရွယ်တွေအတွက် အမိုက်စား website တစ်ခုပါ။ Codeacademy မှာ programming language တော်တော်များများကို အခြေခံကစပြီး သင်ယူလေ့လာနိုင်ပါတယ်။ အခမဲ့သင်ယူလေ့လာနိုင်တဲ့ သင်ခန်းစာတွေလည်း အများကြီးပါ။ အခမဲ့ဆိုပေမယ့် အမြည်းကျွေးတာမျိုးမဟုတ်ပဲ တစ်ခုကို ၁၁ နာရီကျော်ကြာတဲ့ သင်ခန်းစာစီးရီးတွေပါ။ Codeacademy မှာ web development, programming, computer science နဲ့ data science လို ဘာသာရပ်တွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ အခုလက်ရှိသင်ယူသူပေါင်း ၄၅ သန်းကျော်ရှိပါတယ်။

အခမဲ့သင်ယူရင်း စိတ်ပါသွားရင်လည်း လစဥ်ကြေးပေးပြီး အဆင့်မြင့်သင်ခန်းစာတွေကို ဆက်လေ့လာလို့ရပါတယ်။ Codeacademy က သင်တန်းဆင်းကျောင်းသားအများစုဟာ Google, Facebook, IBM နဲ့ Bloomberg တို့လို နာမည်ကျော်နည်းပညာကုမ္ပဏီတွေမှာ အလုပ်ဝင်နေကြပါတယ်။ (ဒါဆိုအရည်အသွေးကောင်းတာသေချာပြီပေါ့)

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟵. 𝗗𝘂𝗼𝗹𝗶𝗻𝗴𝗼

https://duolingo.com/

ကမ္ဘာတစ်ဝှမ်းအသုံးပြုသူ သန်း ၃၀၀ ကျော်သွားပြီဖြစ်တဲ့ Duolingo ဟာ ဘာသာစကားမျိုးစုံကို အခမဲ့ လေ့လာနိုင်မယ့် website နဲ့ app တစ်ခုဖြစ်ပါတယ်။ Duolingo က သူတို့ရဲ့ ဘာသာစကားသင်ခန်းစာတွေကို တစ်သက်တာလုံး အခမဲ့ ပေးသွားမယ့် Business Model နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိလည်း 100% အခမဲ့ သင်ယူလေ့လာနိုင်ပါတယ်။ Duolingo မှာ ၃၄ နာရီ လေ့လာခြင်းဟာ ၂ လ ကြာမြင့်တဲ့ အခြေခံဘာသာစကားသင်တန်းတစ်ခုနဲ့ ညီမျှတယ်လို့တောင် ညွှန်းဆိုကြပါတယ်။

Duolingo မှာ လေ့လာမှုအများဆုံးဘာသာစကား (၇) ခုကတော့ Spanish, French, German, Japanese, Italian, Korean, Mandarin Chinese (အစဥ်လိုက်) တို့ဖြစ်ပါတယ်။ ကိုယ်က အင်္ဂလိပ်စာအားနည်းနေသေးတယ် ဆိုရင်လည်း Duolingo မှာ အင်္ဂလိပ်စာပါ လေ့လာလို့ရတော့ အဆင်ပြေတာပေါ့။ Duolingo ရဲ့Free နဲ့ Paid အဓိကကွာခြားချက်က Paid မှာ ကြော်ငြာတွေမပါတော့တာနဲ့ Lesson တွေကို Offline Download လုပ်လို့ရတာပါပဲ။ ထူးထူးခြားခြားမဟုတ်ပါဘူး။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ်သင်ချင်တဲ့ဘာသာစကားအသစ်တစ်ခုကို စတင်လေ့လာလိုက်ပါတော့...

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟭𝟬. 𝗠𝗲𝗺𝗿𝗶𝘀𝗲

https://memrise.com/

ဘာသာစကားသင်ယူနေသူတွေအတွက် စကားလုံးတွေကို လျှင်လျှင်မြန်မြန် ထိထိရောက်ရောက် မှတ်သားနိုင်ချင်တယ်ဆိုရင် Memrise ကို စမ်းသုံးကြည့်သင့်ပါတယ်။ ဘာသာစကားအသစ်တစ်ခု သင်ယူတဲ့အခါမှာ အဲ့ဒီဘာသာစကားရဲ့ စကားလုံး ၁၅၀၀−၂၀၀၀ လောက်မှတ်မိရင် တော်တော်လေး ပြောနိုင်ပါတယ်။ ဒီစကားလုံး ၁၅၀၀ လောက်ကို အမြန်ဆုံးမှတ်မိအောင်၊ မှတ်မိပြီး ပြန်မမေ့အောင် လုပ်ချင်တယ်ဆိုရင် Memrise ကို သုံးသင့်ပါတယ်။ Memrise app ကို အခမဲ့ အသုံးပြုနိုင်ပြီး သူ့မှာပါဝင်တဲ့ features အကုန်သုံးချင်တယ်ဆိုရင် တစ်နှစ်ကို မြန်မာငွေ ၉၀၀၀၀ လောက်ပဲ ပေးရပါတယ်။ (တစ်လကို မာလာရှမ်းကောတစ်ပွဲစာတောင်မရှိပါဘူး)

ကျွန်တော်ကိုယ်တိုင်လည်း စပိန်စာသင်တုန်းက Memrise ကို သုံးခဲ့ပြီး စကားလုံး ၁၅၀၀ ကျော်ကို ၄ လအတွင်း မှတ်မိအောင် လုပ်နိုင်ခဲ့တာဖြစ်လို့ တကယ်ကိုအသုံးဝင်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ်သင်ချင်တဲ့ဘာသာစကားအသစ်တစ်ခုကို စတင်လေ့လာလိုက်ပါတော့...

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟭𝟭. 𝗖𝘂𝗿𝗶𝗼𝘀𝗶𝘁𝘆 𝗦𝘁𝗿𝗲𝗮𝗺

https://curiositystream.com

ရုပ်ရှင်ဖျော်ဖြေမှုကိုကြိုက်တဲ့သူတွေအတွက် Netflix ရှိတယ်ဆိုရင် စူးစမ်းလေ့လာချင်သူတွေအတွက် Curiosity Stream ရှိတယ်လို့ ပြောနိုင်ပါတယ်။ (Curiosity Stream က ကျွန်တော့်လို့ Documentary ကြိုက်သူတွေအတွက် တော်တော်လေးကောင်းပါတယ်။) ကမ္ဘာကျော် Discovery Channel ကိုတည်ထောင်ခဲ့တဲ့ John Hendricks ကိုယ်တိုင်တည်ထောင်ထားတဲ့ Curiosity Stream မှာ သင့်ရဲ့ အသိပညာဗဟုသုတကို တိုးပွားလာစေမယ့် အရည်အသွေးမြင့် Documentary ဇာတ်လမ်းပေါင်း ရာကျော်ရှိပါတယ်။ Science, History, Technology, Nature, Society, Lifestyle, Kids ဆိုပြီး အမျိုးအစားတွေ ခွဲပေးထားလို့ စိတ်ဝင်စားတဲ့အပိုင်းကို လေ့လာနိုင်တာပေါ့။

Curiosity Stream က အခမဲ့ တော့မဟုတ်ပါဘူး။ ဒါပေမယ့် တစ်နှစ်ကို မြန်မာငွေ 30,000 (HD Version) လောက်ပဲ ပေးရတာဆိုတော့ တစ်လ ၃၀၀၀ တောင်မရှိပါဘူး။ တစ်လကို Taxi တစ်ခေါက်လျှော့စီးပြီး အသိပညာဗဟုသုတတွေစုဆောင်းရင် မကောင်းဘူးလား? ပိုက်ဆံပိုတတ်နိုင်တယ်ဆိုရင် တစ်နှစ်ကို ၁ သိန်းကျော်ပေးပြီး 4K Version ကို ဝယ်ကြည့်နိုင်ပါသေးတယ်။ (ကျွန်တော်ကိုယ်တိုင်လည်း အလုပ်လုပ်ရင်း စိတ်မပါတော့ဘူးဆိုရင် နားကြပ်လေးတပ်ပြီး မိနစ် ၅၀ စာ Documentary လေးတစ်ပုဒ် ဖွင့်ကြည့်လိုက်တာပဲ 😄)

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟭𝟮. 𝗖𝗿𝗮𝘀𝗵 𝗖𝗼𝘂𝗿𝘀𝗲

https://thecrashcourse.com

Crash Course ဆိုတာ ကမ္ဘာ့အဆင့်ပညာရေးကို လူတိုင်း တစ်သက်တာလုံး အခမဲ့ လက်လှမ်းမီစေဖို့အတွက် YouTube က ရန်ပုံငွေထုတ်ပြီး ဖန်တီးပေးထားတဲ့ Project တစ်ခုဖြစ်ပါတယ်။ (KhanAcademy နဲ့ ခံယူချက်ချင်း တူပါတယ်။) Crash Course ရဲ့ အစပိုင်း သင်ခန်းစာတွေကို နာမည်ကျော်စာရေးဆရာ John Green နဲ့ သူ့ညီ Hank Green တို့နှစ်ဦးက ဦးဆောင်ပြီး တင်ဆက်ပေးထားတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သက်ဆိုင်ရာပညာရှင်တွေကပါ ပါဝင်အားဖြည့်ထားပြီး အခုအချိန်အထိ ပညာရပ်နယ်ပယ်ပေါင်း ၃၂ ခုကို Cover ဖြစ်တဲ့ သင်ခန်းစာ Video တွေကို အခမဲ့ ကြည့်ရှုနိုင်ပါပြီ။

History, Psychology, Entrepreneurship, Science, Economics, Engineering, Chemistry, Business, Biology, AI, Games, Sociology, Study Skills အစရှိသဖြင့် ပညာရပ်နယ်ပယ် အမျိုးအစားအများကြီးပါဝင်တာကြောင့် မိမိစိတ်ဝင်စားတဲ့အပိုင်းကို ဝင်ရောက်လေ့လာရုံပါပဲ။ YouTube က ထောက်ပံ့ပေးထားတဲ့ Project ဖြစ်တာနဲ့အညီ Crash Course မှာ Video တွေရဲ့ အရည်အသွေး၊ Content အရည်အသွေးနဲ့ Presentation Style တွေက အရမ်းကိုကောင်းမွန်ပါတယ်။

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝗕𝗼𝗻𝘂𝘀: 𝟭𝟮𝗺𝗶𝗻 𝗡𝗼𝘁𝗲𝘀 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹

https://www.youtube.com/c/12minnotesmyanmar

ကမ္ဘာကျော် အင်္ဂလိပ် (non-fiction) စာအုပ်ကောင်းတွေထဲက အနှစ်သာရတွေကို အချိန်တိုတိုအတွင်း သိရှိရယူ အသုံးချချင်တယ်ဆိုရင် 12min Notes Myanmar အဖွဲ့က အခမဲ့ ဖန်တီးပေးထားတဲ့ 12min Notes Myanmar YouTube Channel ကို Subscribe လုပ်ထားဖို့ တိုက်တွန်းပါတယ်။

12min Notes Myanmar အဖွဲ့အစည်းဟာ ကမ္ဘာကျော်အင်္ဂလိပ်စာအုပ်ကောင်းတွေထဲက အရည်အသွေးမြင့်တဲ့ Key Insights (အနှစ်သာရ) တွေကို မြန်မာလူငယ်တွေ အချိန်တိုအတွင်း မြန်မာဘာသာနဲ့ ဖတ်ရှုရယူအသုံးချနိုင်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ "မြန်မာဘာသာ အနှစ်ချုပ် E-Book Series တွေကို ရောင်းချလာခဲ့တဲ့ 2019 ကတည်းကပါ။

ဒါပေမယ့် 12min Notes Myanmar က ရောင်းချပေးနေတဲ့ မြန်မာဘာသာ အနှစ်ချုပ် E-Book Series တွေကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူတွေ၊ မဝယ်ဖြစ်သေးတဲ့သူတွေအတွက် အကျိုးရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘာကျော်အင်္ဂလိပ်စာအုပ်ကောင်းတွေထဲက အနှစ်သာရတွေကို မြန်မာဘာသာနဲ့ အနှစ်ချုပ် Video တွေ အခမဲ့ ထပ်မံဖန်တီးပေးထားပါတယ်။ (ဒီ High-Quality Video တွေကြည့်ဖို့ ပိုက်ဆံ လုံးဝပေးစရာမလိုပါဘူး။) ဒီ Channel မှာ High-Quality Book Summary Video တွေကို မြန်မာဘာသာနဲ့ အပတ်စဥ်တင်ပေးနေတာဖြစ်လို့ Subscribe လုပ်ထားဖို့ recommend လုပ်လိုက်ပါတယ်။

▂▂▂▂▂▂▂▂▂▂▂▂▂▂

ကဲ...

အခုလောက်ဆို 2021 နှစ်သစ်မှာ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်လို့ရမယ့်နည်းလမ်းတွေ သိသွားပြီးပြီ။

ဒီ Post လေးက ကိုယ့်အတွက် အကျိုးရှိစေတယ်ဆိုရင် Post ကို Like & Share လုပ်ပေးခဲ့ဖို့ တောင်းဆိုပါရစေ။ ဒါမှ နောင်လည်းအခုလိုအကျိုးရှိစေမယ့် အကြောင်းအရာတွေကို ဆက်တင်ပေးနိုင်မှာပါ 😊

“2021 နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ကြစို့"

Credit > https://www.facebook.com/photo?fbid=1242739376149707&set=a.121407658282890

https://www.facebook.com/100013392784151/posts/1216121932177555/

အားနေတဲ့အချိန်တွေ ပွဲရှာ - china Gameတွေဆော့နေမယ့်အစားဒါလေးတွေလေ့လာထားကြပါလား. . .ကွန်ပြူတာအခြေခံစာအုပ်များhttps://m.fac...
26/05/2021

အားနေတဲ့အချိန်တွေ ပွဲရှာ - china Gameတွေဆော့နေမယ့်
အစားဒါလေးတွေလေ့လာထားကြပါလား. . .

ကွန်ပြူတာအခြေခံစာအုပ်များ
https://m.facebook.com/story.php?story_fbid=159432565581809&id=104755824382817

ကွန်ပြူတာနဲ့ပက်သက်ပြီးပညာဒါန
https://m.facebook.com/story.php?story_fbid=178066806928224&id=116763326391906

လုပ်ငန်းခွင်သုံး Excel
https://m.facebook.com/story.php?story_fbid=3135414499855076&id=686944984702052

microsoft office word 2010pdf
https://m.facebook.com/story.php?story_fbid=159432565581809&id=104755824382817

Digital marketing & social marketing
https://m.facebook.com/story.php?story_fbid=251465986304725&id=110091677108824

photoshop ပညာဒါနများ
https://m.facebook.com/story.php?story_fbid=877990699347180&id=473814026431518

❤English learning ❤

ကိုယ့်ရဲ့ english level ကိုစစ်ဆေးနိုင်သောsites များ
https://m.facebook.com/story.php?story_fbid=165246025188196&id=110950240617775

✨youtube ပေါ်က english စာလေ့လာနိုင်ဖို့✨
https://m.facebook.com/story.php?story_fbid=2531779953719374&id=1721195848111126

✨English listening အတွက် sites များ
https://m.facebook.com/story.php?story_fbid=3212319938833183&id=995672743831258

✨IELTS အကြောင်းနဲ့လေ့လာနိုင်သော sites များ
https://m.facebook.com/story.php?story_fbid=2741173475981499&id=357788354320035

✨IELTS preparation class
https://m.facebook.com/story.php?story_fbid=1003100046758107&id=318770341857751

✨မြန်မာလိုသင်ယူနိုင်တဲ့ Eng youtube channels
https://www.facebook.com/110871380694677/posts/126031242512024/

✨Eng စာ​ေလ့လာဖို့✨
https://m.facebook.com/story.php?story_fbid=108419150881180&id=103379911385104

✨English book collection
https://m.facebook.com/story.php?story_fbid=692529554629501&id=129943894221406

❤ဘာသာစကား❤

ဂျပန်စာ self study
https://m.facebook.com/story.php?story_fbid=1225613144437052&id=971727396492296

Sensei yamin ရဲ့ပညာဒါန N5 links
https://m.facebook.com/story.php?story_fbid=2828079863926016&id=2192176940849648

N5ပညာဒါန videos များ
https://m.facebook.com/story.php?story_fbid=581653545833566&id=149611535704438

N4 ပညာဒါန
https://m.facebook.com/story.php?story_fbid=3106508479416485&id=2192176940849648

ကိုးရီးယားစာလေ့လာကြမယ်
https://m.facebook.com/story.php?story_fbid=942992912805244&id=100012836319073

Crd

English free class
https://m.facebook.com/story.php?story_fbid=102946851972949&id=102072835393684

Japanese free class
https://www.facebook.com/112394467060332/posts/297965175169926/

Korean free class
https://m.facebook.com/story.php?story_fbid=257231459456783&id=105338694646061

Harvard University free online courses
https://m.facebook.com/story.php?story_fbid=311956350365832&id=101057464789056

Thai free class
https://m.facebook.com/story.php?story_fbid=299089295161361&id=111519123918380

Thai, Japanese,Korea,German, Chinese & Russian Basic free Languages Class
https://m.facebook.com/story.php?story_fbid=162253972485605&id=102352335142436

Educational Free website 12ခု
https://m.facebook.com/story.php?story_fbid=695851454459348&id=353923085318855

Free Digital skill courses
https://m.facebook.com/story.php?story_fbid=317718839789583&id=101057464789056

LCCI level 1,2
https://m.facebook.com/story.php?story_fbid=100933165509737&id=100686258867761

Designer free class
https://m.facebook.com/story.php?story_fbid=2818036408452763&id=2212303912359352

Free crochet class
https://m.facebook.com/story.php?story_fbid=354757309047432&id=335598640963299

MYOB Software free class
https://m.facebook.com/story.php?story_fbid=278150104016367&id=109718737526172

For your mental health
https://m.facebook.com/story.php?story_fbid=231919575347751&id=109975187542191

Part time job
https://m.facebook.com/story.php?story_fbid=2964575620534859&id=100009473502242

Web Development Free Class

https://m.facebook.com/story.php?story_fbid=1364315693924471&id=100010381592688

Edx Education Website (Free Course )

https://m.facebook.com/story.php?story_fbid=2938244689792123&id=100008198618729

Coursera Educational website (highly recommend )

Coursera ကတော့ fieldအစုံကို uni အစုံကနေသင်ပေးတာမို့ ကိုယ် တက်ချင်တာကို ရှာပြီး enrollလို့ရပါတယ် free courseတွေတင်ကိုမနည်းပါဘူး admin တစ်ခုချင်း link မချတော့ဘူးနော်
https://www.coursera.org/

Coursera Website မှ Certificate Free ရယူဖို့အတွက် Financial Aid လျှောက်နည်း
https://www.facebook.com/100599128503473/posts/223314652898586/

Educational Free Website 12 ခု စုစည်းမှု

https://m.facebook.com/story.php?story_fbid=695851454459348&id=353923085318855

Korean Language Level 1 to Level 4 အထိ လေ့လာနိုင်မယ့် Free YouTube Channel
https://m.facebook.com/story.php?story_fbid=257231459456783&id=105338694646061

Korean Books ( TTMIK က $နဲ့ဝယ်ရတာတွေကို အခု free down ဖို့အတွက် ရှာပြီးတင်ပေးထားပါ)postပိုင်ရှင်ကပြန်ဖျက်မှာမို့လို့ မြန်မြန်လေး down ထားလိုက်တာ စိတ်ချရပါတယ်

https://www.facebook.com/groups/1130854413992333/permalink/1136972990047142/

IELTS SELF STUDY TIPS

https://m.facebook.com/story.php?story_fbid=1412082749155524&id=903424113354726

Japanese Language Free Class (Sensei သင်ပေးတာက closed gpထဲFreeသင်ပေးတာပါ gp linkချမရလို့ ဒီpage နာမည်အတိုင်းနောက်မှာ Free Classလို့ထည့်ရိုက်ရင်ကျလာမှာပါ )

https://www.facebook.com/Hoshikojapaneseknowledge/

Japanese Free Class for 2 weeks (beautiful society ကsenseiသင်ပေးတာပါ )

https://www.facebook.com/105572940973086/posts/314696703394041/

IELTS Cambridge 1 to 15 books download

https://m.facebook.com/story.php?story_fbid=157549986240642&id=105846688077639

IELTS SELF STUDY free website
https://ieltsliz.com/

https://www.ieltsadvantage.com/

For English Speaking and IELTS speaking test

https://youtube.com/c/EnglishSpeakingSuccess (IELTS Speaking testအတွက် category တွေခွဲပြီး ရှင်းပြတာမို့ practiceလုပ်လို့အဆင်ပြေပါတယ် )

BBC ENGLISH
https://youtube.com/user/bbclearningenglish

English Vocabulary တွေ IELTSအတွက်ရော sharing လုပ်ပေးနေကြ Page လေး
https://www.facebook.com/Learn-English-With-Rain-104233568320010/

Apps to improve English Skills

https://m.facebook.com/story.php?story_fbid=814190959212107&id=100018636313134
Korean Basic & Level 1 by Yonsei University

https://coursera.org/share/f3fc7b425d637b08d25589b1ed163b33
Yonsei ကသင်တာဖြစ်လို့ ရှင်းလင်းပြီး တော်"ကောင်းပါတယ် financial aidနဲ့ အတူ certificate ထုတ်လို့ရပါတယ်

Talk to me in Korean (YTရောWebsiteရောရှိပါတယ် )
https://youtube.com/c/TalkToMeInKorean2009
Conversations တွေရော Grammar တွေရော စုံလင်ပြီး သင်တာ တိုတိုနဲ့ ရှင်းတဲ့channelပါ

Topik 1 old questions taught by Myanmar Teacher (YT channel)
https://youtube.com/channel/UCvdUU31r26SVSskRlU_m7Dw

Let's Study with Moon ( Korean Language)
Conversations အတိုလေးတွေ reading, grammar point လေးတွေတင်ပေးတဲ့ page ပါ

https://www.facebook.com/shinymoon8/
Telegram Education Channel
_____________________________
Korean Self Study Group Chat
https://t.me/eebyvh

Improve English
https://t.me/ingliztiliuzz

Learn English Idioms Land
https://t.me/Idiomsland

Hangul
https://t.me/hangulhm

English tips and tools
https://t.me/EnglishTipsandTools

Let's learn Korean with Jiwoo
https://t.me/letslearnkoreanwithjiwoo

#크레딧 💖 #헨리 🌻
Credit

Hello everyone....မှာထားတဲ့ order တွေမရောက်မှာဆိုးလို့မေးနေကြတဲ့သူတွေ စိတ်မပူပါနဲ့နော်မှာထားတဲ့ order တွေက ဒီရက်ပိုင်းမှ...
05/02/2021

Hello everyone....

မှာထားတဲ့ order တွေမရောက်မှာဆိုးလို့မေးနေကြတဲ့သူတွေ စိတ်မပူပါနဲ့နော်မှာထားတဲ့ order တွေက ဒီရက်ပိုင်းမှာရောက်ဖို့ရှိပါတယ်နော်

sale post တွေကတော့ဒီရက်ပိုင်းမတင်အားသေးဘူးပေါ့နော် မင်မင့် personal acc မှာပဲတစ်ချိန်လုံးရှိနေလို့ page ကိုမrun နိုင်တာကိုခွင့်လွှတ်ပေးကြနော်

မင်မင်လည်းတက်အားသရွေ့ ပြည်သူတွေနဲ့အတူတူ တွန်းနေပါတယ်❤

Address

Yangon

Telephone

+959972409101

Website

Alerts

Be the first to know and let us send you an email when The Minimal Closet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share