21/01/2022
မေမေတို့ရယ့် သားငယ်လေးတွေ သက်တောင့်သက်သာနဲ့ အမြဲတမ်း ပျော်ရွှင်နေဖို့အတွက် The Spring ရယ့် ချည်သားအင်္ကျီလေးတွေ လာပါပြီရှင့် ❤️..….............................................................
မေမေတို့ရေ...
The Spring Kids Collection မှ ချစ်ရတယ့် သားငယ်လေးတွေအတွက် ချည်ထည် အင်္ကျီ ဒီဇိုင်းအသစ်လေးတွေကို ထပ်မံမိတ်ဆက်ပေးလိုက်ပါပြီနော်❤️
🙂 The Springရယ့် ချည်ထည်အင်္ကျီလေးတွေဟာ ဘယ်လိုထူးခြားမှုတွေကို ပေးစွမ်းနိုင်မလဲ ???
ပထမဦးဆုံးအနေနဲ့ ချည်သားစစ်စစ်
ဖြစ်တယ့်အလျောက် ဝတ်ဆင်လိုက်တာနဲ့ ချည်ရယ့် ဂုဏ်သတ္တိတွေဖြစ်တယ့် နူးညံ့တယ့်အထိအတွေ့ ၊ အေးမြပြီး ကိုယ်ခန္ဓာနှင့်တသားတည်းရှိခြင်း စတယ့်ခံစားမှုတွေကို သားသားလေးတွေက စတင်ရရှိမှာပါ ❤️
The Spring ရယ့် ပန်းတိုင်ဟာ ကလေးငယ်လေးတွေရယ့် သက်တောင့်သက်သာရှိမှုနဲ့ လွတ်လပ်ပျော်ရွှင်မှု ဖြစ်တယ့်အတွက် cutting ပိုင်း၊ ဒီဇိုင်း နဲ့ ချုပ်ရိုးချုပ်သားကိုတော့ production team အနေနဲ့ အပြည့်အဝ အားစိုက်ထားပါတယ်ရှင့် 💯
The Spring ဟာ ကလေးလေးတွေအတွက် ချည်ထည်အင်္ကျီလေးတွေ ထုတ်လုပ်တယ်ဆိုပေမယ့် တကယ့်ကို ပြည်တွင်း designer နဲ့အချိန်ယူပြင်ဆင်ပြီးမှ စတင်မိတ်ဆက်တာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို The Spring ရယ့် အင်္ကျီ ဒီဇိုင်းဟာ ပြည်တွင်းဈေးကွက်မှာ နောက်ထပ်ပုံစံတူမရှိနိုင်သလို ၊ ဒီဇိုင်းတမျိုးမှာရှိတယ့် အဆင်တမျိုးစီကိုလည်း အထည်အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်လုပ်မှာ ဖြစ်တယ့်အတွက် ကိုယ့်ရယ့် သားငယ်လေးတွေကို limited edition မှ ပေးဝတ်ချင်တယ့် မေမေတို့အတွက်လည်း ရွေးချယ်စရာတခု ဖြစ်မှာ
သေချာပါတယ် 👌
အရောင်အားဖြင့် ပုံပါအတိုင်း သဘာဝနဲ့ အနီးစပ်ဆုံးဖြစ်မယ့် အရောင်လေးတွေကို ရွေးချယ်ပေးထားပြီး ရာသီဥတု နဲ့ နေရာဒေသ၊ အခမ်းအနားမရွေး
သားငယ်လေးတွေ ဝတ်ဆင်သွားလာနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားပါတယ်ရှင့် ။
Sizes တွေအနေနဲ့ S , M , L သုံးမျိုးထားရှိပြီး ပုံမှန်အားဖြင့်တော့ ( ၆လ မှ ၂နှစ် )အတွင်း သားငယ်လေးတွေ ဝတ်ဆင်နိုင်အောင် size chart လေးကိုပြုလုပ်ပေးထားပါတယ်။ customized လိုချင်တဲ့ မေမေတို့အတွက်လည်း made to order ရပါပြီနော်။
Small ➡️ ရင် ~ ၁၈လက်မ
Medium ➡️ ရင် ~၂၀လက်မ
Large ➡️ ရင် ~၂၂ လက်မ
အင်္ကျီလေးတွေကို သားသားတို့အတွက် ယုံကြည်စွာ မှာယူအားပေးကြတယ့် မေမေတို့ တီတီတို့ အယောက်စီတိုင်းကို The Spring မှ ကျေးဇူးအထူးတင်သလို နောက်ထပ် ထွက်ရှိလာမယ့် အသစ်အသစ်သော ဒီဇိုင်းလေးတွေကိုလည်း အတူတကွစောင့်မျှော်ပြီး ရင်ခုန်ပေးပါအုံးနော် ❤️