06/02/2022
Sheet Mask အကြောင်းသိကောင်းစရာများ
******************************************
- sheet mask ဆိုတာ Skincare လုပ်ရမှာပျင်းသူတွေ၊ အသားအရည်ကို အစိုဓါတ်ပိုမိုရချင်သူတွေသုံးသင့်တဲ့အရာပါ။
- Paper, fibers, Gel စတဲ့ပုံစံအမျိုးမျိုးနဲ့လာပြီး အထဲမှာ serum အရည်တွေအပြည့်ပါဝင်ပါတယ်
- သူက သုံးရတဲ့သူတွေအတွက်လည်း အင်မတန်လွယ်လွယ်ကူကူနဲ့ Skin ကို care လုပ်နိုင်ပါတယ်
Sheet Mask က ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲ??
*****************************************
- သူက သူ့မှာ ပါဝင်တဲ့ အသားအရည်အတွက်အရမ်းကောင်းတဲ့ ဓါတ်သတ္တိတွေကို မျက်နှာအရေပြားထဲ စိမ့်ဝင်မှုပိုကောင်းစေတယ်။
- အဲဒီတော့ မျက်နှာကို ကြည်စေတယ်
- မျက်နှာအစိုဓါတ်ကို ပိုထိန်းပေးနိုင်တယ်။
- deep cleansing လေးလုပ် steaming လေးလုပ် mask လေးကပ်စသဖြင့် Self care လေးလုပ်မယ်ဆိုရင် Spa သွားပြီး treatment ယူတာထက် ပိုစျေးသက်သာပြီး အလွယ်တကူလုပ်လို့ရတယ်။
Sheet Mask ကို ဘယ်လို မှန်မှန်ကန်ကန်သုံးရမလဲ??
*******************************************
- Sheet Maskကို မျက်နှာသစ်ပြီးတန်းကပ်နိုင်သလို မျက်နှာသစ်တိုနာလိမ်းပြီးလည်းကပ်နိုင်ပါတယ်
- တခါကပ်ရင် များသောအားဖြစ် ၁၅-၃၀မိနစ်ကြားကပ်ရပါတယ်။
- ခြောက်အောင်ထိမထားရပါဘူး (ကိုယ့်မျက်နှာပေါ်ကအစိုဓါတ်ပါပြန်ပါသွားတတ်ပါတယ်)
- ကပ်ပြီး ရေမဆေးချရပါ (ဘာမှမထူးတော့ပါဘူး)
- ခွါညို့အကြိုက်အရ ခွါညိုက sheet mask တွေကို ရေခဲသေတ္တာထဲထည့်ပြီးကပ်လေ့ရှိပါတယ် (ပိုပြီး fresh ဖြစ်တယ် relax ဖြစ်တယ် ခံစားရလို့ပါ personal feeling အရပါ)
ဘယ်နှကြိမ် ကပ်ရမလဲ??
************************
- တပတ် ၃ကြိမ်လောက်ကပ်ရင်ရပါတယ်။
- Extra care လုပ်ချင်ရင် တရက်တကြိမ်ကပ်လို့ရပါတယ်
Sheet Mask နဲ့ပတ်သက်ပြီး အထူးသတိထားရမယ့်အချက်
********************************************
- Sheet mask ဟာ ကောင်းတယ်ဆိုပေမယ့် Cleansing သေချာမလုပ်တဲ့ Skin အတွက် ဘာသက်ရောက်မှုမှ မရှိနိုင်ပါဘူး (sheet mask ဟာdeep cleansing တို့ exfoliating တို့ မလုပ်ပေးနိုင်ပါ)
- Sheet mask ကိုစိတ်ချရတဲ့ဟာမသုံးဘဲ တွေ့ရာသုံးမယ်ဆိုရင် သူ့မှာပါတဲ့ အရည်serum ဟာစိတ်မချရတာမို့ ကိုယ့်ရှိရင်းစွဲ Skin ထက်ပိုဆိုးသွားစေနိုင်ပါတယ် ( Skin ရဲ့ deep layer ထိရောက်လို့ပါ ဒီတော့ စိတ်ချရတဲ့ brand သာသုံးပါ)
- Sensitive သမားတွေ ဝက်ခြံရှိတဲ့သူတွေက sheet mask ကိုသေသေချာချာကိုယ်နဲ့ကိုက်တာရွေးဝယ်ပါ (ပိုဆိုးသွားစေနိုင်ပါတယ်)
ကဲ.. ဒီလောက်ဆိုရင် sheet mask အကြောင်းသိသွားပြီထင်ပါတယ်
အားလုံးဘဲလှသထက်ပိုလှကြပါစေရှင်
ချစ်တဲ့
Beauty by Emerald