Kyaw Zaw -KZ-

Kyaw Zaw -KZ- Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Zaw -KZ-, Clothing Store, Yangon.

ချစ်စရာတူမလေး။
19/02/2025

ချစ်စရာတူမလေး။

ချစ်သော ကာကာတို့အတွက် ကိုယ်တိုင်ယူဖို့ကြိုးစားနေသော မင်မင်😁
05/09/2023

ချစ်သော ကာကာတို့အတွက် ကိုယ်တိုင်ယူဖို့ကြိုးစားနေသော မင်မင်😁

ကင်မ်ချီလေးတွေဗျာလတ်ဆတ်
17/07/2023

ကင်မ်ချီလေးတွေဗျာ
လတ်ဆတ်

ဆေးဖက်ဝင်မင်းကွတ်သီး(သွေးဖြူဥရောဂါနဲ့အသည်းရောဂါ)ကို အချိန်၁၀နှစ်ကျော်ကျော် ကျန်းမာလန်းဆန်းစေပါတယ်။အသီးတွေကို ရေစင်အောင်ဆ...
24/06/2023

ဆေးဖက်ဝင်မင်းကွတ်သီး
(သွေးဖြူဥရောဂါနဲ့အသည်းရောဂါ)ကို အချိန်၁၀နှစ်ကျော်ကျော် ကျန်းမာလန်းဆန်းစေပါတယ်။
အသီးတွေကို ရေစင်အောင်ဆေးပြီး နုတ်နုတ်စဥ်း
ဘာမှမလွှင့်ပစ်ပါနဲ့ ကြိတ်စက်နဲ့ကြိတ် ဘူးသန့်သန့်ထဲထည့် ရေခဲသေတ္တာထဲ ထာပြီး တနေ့ မနက်တဇွန်း ညတဇွန်း သို့မဟုတ် တရက် တဇွန်း စားပါ။
ရေခဲသေတ္တာ ထဲထားရခြင်းက အေးအေးလေးစားနိုင်ဖို့ရယ်၊ကြာကြာခံအောင်အတွက်ပါ။
လက်တွေ့ ကျနော့်မေမေ ကိုကုခဲ့တာပါ။
ဒီအချိန်ဆို မင်းကွတ်သီးတွေ ပေါ်ပြီလေ။(မင်းကွတ်သီး အကြောင်းစာအုပ်ရှိပါတယ်)

စျေးလဲရောင်း ခွေးလဲကျောင်း 🤣
18/06/2023

စျေးလဲရောင်း ခွေးလဲကျောင်း 🤣

ချစ်လေးတွေ ရဲ့ ရွှေရောင်နံနက်ခင်း
11/06/2023

ချစ်လေးတွေ ရဲ့ ရွှေရောင်နံနက်ခင်း

တနေ့ ဝယ်မယ်လို့စိတ်ကူးမိတယ်အင်္ကျီလေးတွေရောင်းပြီးတော့ပေါ့ဝယ်ရတဲ့စျေးတွေတက်နေတော့ ၊မြိုသိပ်ထားရပါတယ်။ခဏတော့စောင့်ပေးကြပါ...
06/06/2023

တနေ့ ဝယ်မယ်လို့စိတ်ကူးမိတယ်
အင်္ကျီလေးတွေရောင်းပြီးတော့ပေါ့
ဝယ်ရတဲ့စျေးတွေတက်နေတော့ ၊
မြိုသိပ်ထားရပါတယ်။
ခဏတော့စောင့်ပေးကြပါ ဒီဇိုင်းအလန်းတွေနဲ့
ပြန်လာခဲ့ပါမယ်။

16/05/2023

#ဒူးရင်းသီးရာဇဝင်.....

ဟို......တစ်ချိန်တစ်ခါတုန်းကတော့
ဒူးရင်းသီးဆိုတာ လူတိုင်းစားခွင့်မရှိတဲ့အသီးတစ်မျိုး။

တော်ဝင်မျိုးနွယ်တွေသာ စားသုံးခွင့်ရှိတဲ့ အသီးတစ်မျိုး။

ဒူးရင်းသီးတွေကို သာမာန်ပြည်သူတွေ စားခွင့်မရှိ၊ စိုက်ခွင့်မရှိ၊ နန်းတွင်းကမင်းမျိုးမင်းနွယ်တွေလည်း ဒူးရင်းသီးကို စားပြီးတဲ့အခါတိုင်း ဒူးရင်းစေ့တွေကိုတာဝန်ရှိသူတွေက သေချာရေတွက်၊ အပင်မပြန့်ပွားနိုင် အောင်အစဉ်ဆက် ဖျက်စီးပစ်ခဲ့ကြတယ်။

ဒါဟာလည်း မရိုးတော့တဲ့ နန်းတွင်း အစဉ်အလာ တစ်ခုပါပဲ ။

ဒီလိုနဲ့ပဲ ဒူးရင်းသီးတွေဟာ နန်းတွင်းထဲမှာပဲ တော်ဝင်အစားစာတစ်ခုအဖြစ်နဲ့ အစဉ်ဆက် လည်ပတ်နေခဲ့ ပါတယ်။

အင်းဝခေတ်။မဟာဓမ္မရာဇာဓိတိ။ ဟံသာဝတီမင်းတရားကြီးလက်ထက်ခန့်။

ကရင်အမျိုးသားတစ်ဦး ဖြစ်တဲ့ စောတာမိုက်ဟာ ငယ်ရွယ်စဉ်ကပဲ ရှင်သာမဏေပြုခဲ့ပြီး သက်တော် ၂၀ လောက်ရောက်တဲ့အခါ သာသနာ့အကျိုးကိုသယ်ပိုးရန် အတွက် အင်းဝနေပြည်တော်ကို တက်ပြီး ရဟန်းဖြစ်ရန် ကြိုးပမ်းခဲ့ပါတယ်။

အင်းဝဘုရင် နှင့် မိဖုရားကိုယ်တိုင် ရဟန်းဒါယိကာမအဖြစ်ခံယူကာမြင့်မြတ်သော ရဟန်းဘဝခံယူ ရရှိခဲ့ပါတယ်။ ဘွဲ့အမည်က ရှင်နန္ဒမာလာ။ ဆက်ပြီးတော့ အင်းဝနေပြည်တော်မှာပဲ ပိဋိကတ်စာပေတွေကိုစတင် သင်ကြားပါတော့တယ်။

စာပေတွေကို သင်ကြားနေစဉ်အတွင်း တစ်ရက်မှာ နန်တော်ထဲ သံဃာတွေကို ဆွမ်းကပ်ကြပါတယ်။

ဆွမ်းကပ်ပြီးတဲ့အခါ အချိုပွဲအနေနဲ့ တော်ဝင်အစား အစာဖြစ်တဲ့ ဒူးရင်းသီးကို ဆပ်ကပ်ကြပါတယ်။

သံဃာတော်များ ဘုန်းပြီးသောအခါ ထုံးစံအတိုင်းပဲ ဒူးရင်းအစေ့တွေကိုပြန်လည်သိမ်းဆည်းယူပါတယ်။

ထူးထူးခြားခြား ရှင်နန္ဒမာလာ ခေါ် ဖူ့တာမိုက် စားတဲ့ ဒူးရင်းအမွာမှာ အစေ့က ၂ စေ့ထပ်နေခဲ့ပါတယ်။ ဖူ့တာမိုက်လည်း အခွင့်ကောင်းဆိုပြီ အဆိုပါ အစေ့တစ်စေ့ ကို ဝှက်ထားခဲ့လိုက်ပါတယ်။ ဒါကို မင်းမှုထမ်းတွေကတော့ သတိမပြုမိလိုက်ပါ။

လအနည်းငယ်ကြာတော့ ဖူ့တာမိုက် ကရင်ပြည်နယ် ကို အလည်ပြန်တဲ့အခါ ဒီလိုအရသာရှိတဲ့ ဒူးရင်းသီးတွေကို ငါ့တို့ လူမျိုးတွေလည်း စားသုံးနိုင် စေရမယ် ဆိုပြီ ဝှက်ယူထားတဲ့ ဒူးရင်းသီးမျိုးစေ့ကို လောင်းကိုင်ကျေးရွာနားက ဖါးကျ တောင်တန်းပေါ်မှာ စတင်စိုက်ပျိုးပေးခဲ့ပါတယ်။

အဲ့ဒီအချိန်က စပြီး အနီးအနားရွိ သမိန်ဒို့တောင် စတဲ့ တောင်တန်းပေါ် မှာပါ ဒူးရင်းပင်တွေ တိုးပွါးခဲ့ပါတယ်။

နောက်တစ်ချိန် အင်းဝဘုရင် ယိုးဒယာကိုစစ်ချီတဲ့အခါ ဒေါနတောင်တန်းတွေပေါ်မှာ အေလ့က် ပွားပြီးပေါက် နေတဲ့ ဒူးရင်းပင်တွေကိုတွေ့သွားပြီး ခုတ်သတ်စေ ခဲ့ပါတယ်။

ဒါပေမယ့်လည်း အရမ်းများပြားနေတဲ့ ဒူးရင်းပင်တွေကို စစ်အလုပ်တစ်ဖက်နဲ့ ဘယ်လိုမှ ကုန်စဉ်အောင်မရှင်းလင်း နိုင်ခဲ့ပဲ ဒူးရင်ပင်တွေဟာ ပြည်သူလူထုတွေကြားထဲကို ပြန့်ပွားသထက်ပြန့်ပွားလာခဲ့ရပါတယ်။

ကရင်လူမျိုးတွေအနေနဲ့ ကေတာ့ ဖူ့တာမိုက်ကို သူတို့ရဲ့သာသာနာ့ကျေးဇူးရှင် အဖြစ်နဲ့သာမက ဒူးရင်းသီးတွေရဲ့ ဖခင်အဖြစ်နဲ့ နှစ်စဉ် ဒူးရင်းသီးရာသီ ရောက်တိုင်း ဒူးရင်းသီးပွဲတော်ကို ကျင်ပပြုလုပ် ကြပါတယ်။

မူ့တာမိုက်ဟာ အင်းဝတွင် ပိဋကတ်စာပေများကို သင်ယူတတ်မြောက်ခဲ့ပြီး ကရင်ဒေသသို့ ပြန်လည် ကြွရောက်လာကာ ဘားအံမြို့နယ် ကော့သံခါရွာ၌ အခြေချသီတင်းသုံးခဲ့၏။

နောက်ပိုင်း ကရင်အမျိုးသားတွေကြား အငြင်းအခုန်တွေဖြစ်ခဲ့ကြပြီး ခလိုင်(ဂျိုင်း) ကျေးရွာသို့ ပြောင်းရွေ့အခြေချခဲ့ပါတယ်။

ဆရာတော်ဟာ ခလိုင်(ဂျိုင်း) ကျောင်းတွင် သီတင်းသုံးပြီး ပိဋကတ်စာပေများကို သင်ကြားပို့ချပေးသည့်အပြင် အရှေ့ပိုးကရင်တို့၏ လိက်ထူ့လီ (ကရင်အမတ် ဖူ့ဒိုင်ကော် တီထွင်ခဲ့သောစာပေ) ကို ပြန်လည်ဖော်ထုတ်၍ သင်ကြားပြပေးခဲ့ပါတယ်။

နောက်ပိုင်းတွင် ပိုးကရင်ပေစာ ပညာရှင်များ ရဟန်းတော်များစွာ ပေါ်ပေါက်လာပြီး ပိုးကရင်ပေစာခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သည်။

(-စာကြွင်း)

ကြာအင်း၊ လောင်းကိုင်၊ ဖားကျ ၊ကေမာ့ကသူ၊ စက္ကဝက် အစရှိတဲ့ရွာတွေ ဟာဒူးရင်းသီးထွက်ရာမှာ နာမည်ကြီး ကျေးရွာတွေပါပဲ။

ဒူးရင်းသီးချင်းတူပေမဲ့ ရေခံမြေခံ၊ အပင်ရဲ့သက်တမ်းအနုအရင့် နဲ့သဘာ၀အတိုင်း စိုက်ပျိုးမှု ဟုတ်မဟုတ်ပေါ်မူတည်ပြီး လောင်းကိုင် ကျေးရွာရဲ့ဒူးရင်းသီးအရသာက တခြာသော အသီးတွေထက် ပိုမိုထူးကဲလှပါတယ်။

လောင်းကိုင်ရွာဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကေန ဘားအံမြို့ကိုအဆင်း ကားလမ်းမကြီးဘေးနားက ကိုးတိုင်ရွာလမ်းခွဲကနေ ခရီးအနည်းငယ် ဆက်သွားရတဲ့ ကျေးရွာတစ်ရွာပါ။

ဒီနေ့အနေအထားမှာတော့ အဆိုပါတောင်တန်းတွေပေါ်မှာ ဒူးရင်းခြံတွေ ပိုင်ရှင်အသီးသီး ရှိနေကြပေမဲ့ ပိုင်ရှင်မရှိတဲ့ သက်တမ်းရင့် (နှစ် ၂၀၀ နဲ့အထက်) ဒူးရင်းတောကြီးတစ်တောလည်း ရှိနေပြန်ပါတယ်။

ဒူးရင်းပင်ခြေရင်းရဲ့လုံးပတ်တွေဟာ တချို့အပင်ဆိုရင် လူ( ၃ )ယောက်ဖက်စာ၊ ( ၄ ) ယောက် ဖက်စာလောက်ရှိပါတယ်။ အဲ့ဒီသက်တမ်းရင့်အပင် တွေဟာ ဖူ့တာမိက်မျိုးစေ့ချစိုက်ပျိုးခဲ့တဲ့အပင်နဲ့နောက်ဆက်ပွားလာတဲ့ ကနဦး အပင်တွေဖြစ်ပါတယ်။

အဆိုပါ သက်တမ်းရင့်ဒူးရင်းပင်တွေဟာ မည်သူတစ်ဦးတယောက်မှ ပိုင်ဆိုင်ခြင်းမပြုဘဲ ဒူးရင်းသီးကြွေကျတဲ့အချိန်မှာ နီးအနားရွာသားတွေ မည်သူမဆိုသွားရောက်ကောက်ယူနိုင်ပြီး စားသုံးခြင်း၊ လှူဒါန်းခြင်း၊ တဆင့်ခံ ပြန်လည် ပေးကမ်းခြင်းများ ပြုလုပ်နိုင်ပြီး စီးပွါးဖြစ် တဆင့်ခံ ပြန်လည်ရောင်းချခြင်း မပြုလုပ်ရဘူးလို့ဆိုပါတယ်။

ကတိသစ္စာတည်ကြည်သော အနီးနားရွာသူ/သားများလည်း အဆိုပါ ဒူးရင်းသီးတွေကို ရှေးရိုးအစဉ်အလာအတိုင်း လိုက်နာကြပါတယ်။

ဒူးရင်းသီးကို အချို့ကလဲ စူးရှသောအနံကြောင့် မကြိုက်သောသူတွေလည်း ရှိကြပါသည်။ သို့သော် မြည်းစမ်းကြည့်လိုက်မှ၊ နူးညံ့ချိုမွှေး အီဆိမ့်ပြီး အရသာကောင်းမှန်း သိသွား၍ စွဲလန်း သွားကြပါသည်။

ဒူးရင်းသီး၏ ထူးခြားသောအရသာ ကြောင့် အရှေ့ တောင်အာရှနိုင်ငံတွေမှာ ဒူးရင်းကို "အသီးမှာဘုရင်" လို့ တောင် တင်စားခေါ်ဝေါ်ကြပါသေးတယ်။

ဒူးရင်းသီးကို ကြိုက်တဲ့သူတွေ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိကြပါတယ်။
ဒူးရင်းသီးမှာလည်း ကောင်းတဲ့ အချက်တွေရှိသလို မကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကြိုက်တဲ့သူတွေအတွက်ကတော့ ကောင်းတဲ့အချက်တွေကို ပိုများနေမှာဖြစ်ပြီး မကြိုက်တဲ့သူတွေအတွက်ကတော့ မကောင်းတဲ့ အချက်တွေကိုပိုမြင်နေမှာပါ။ဒါဟာလည်း သဘာဝတစ်ခုပါ။

ဘာပဲ ဖြစ်ဖြစ်ပါ ဗဟုသုတတစ်ခုအနေနဲ့ ဒူးရင်းသီးရဲ့ ပါးစပ်ရာဇဝင်လေးကို ကြားဖူးမိသလောက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ။

Credit. .. Crayron_Myanmar
ရသစာပေမျှဝေသူ Sai
Monday, May 28, 2018မှ

16/05/2023

ထန်းမြစ်

စားဖူးကြလား

ထန်းမြစ်ဆိုတော့ အချို့မသိသေးသူများက ထန်းပင်ကြီးရဲ့ အမြစ်တွေလို့ထင်နေကြတော့ ရယ်လိုက်ရသေးတယ်..😁
ထန်းပင်ကြီးရဲ့အမြစ်က ကြီးမားလွန်းလို့ နွားတွေစားဖို့အတွက် နွားစာကျင်း(မြက်တွေထည့်ကျွေးတဲ့ခွက်ကြီး)တွေတောင် ထွင်းလို့ရပါတယ်။

စားလို့ရတဲ့ထန်းမြစ်က ထန်းသီးအရင့်တွေကိုမြေမြုပ်ထားပီး ထွက်လာတဲ့ ထန်းပင်ပေါက်ပါ။ ဥပမာပြောရရင် ယာတောသူတို့စားနေတဲ့ ပဲပင်ပေါက်လိုဘဲပေါ့... အဲ့ဒါကိုမစားရင် ထန်းပင်ကြီးဖြစ်လာမှာပေါ့လေ။

သူ့အရသာက နုလွန်းရင်ခါးသက်သက်ဖြစ်တတ်ပီး... ရောင်းတန်းဝင်အရွယ်လောက်ဆိုရင်တော့ စားပီးရင်းစားချင်စရာကောင်းတဲ့ ထူးဆန်းတဲ့အရသာမျိုးလေးပါ။ မီးဖုတ်စားရင် အနံ့ပိုပီးမွှေးပါတယ်။

စားသုံးရန်အတွက်... ထန်းမြစ်မီးဖုတ်(သို့)ထန်းမြစ်ပြုတ်ကိုအခွံခွာပီးလျှင် ထန်းမြစ်ဖွေးဖွေးလေး တွေ့ပါလိမ့်မယ်။ ထိုထန်းမြစ်လေးရဲ့ အပေါ်ယံအမျှင်ပါးလေးကို နောက်တစ်ကြိမ်ထပ်ခွာပါ..
ထို့နောက်အလယ်ကနေခြမ်းကာ အထဲကအူတိုင်အနှံလေးကိုဖယ်ပီး စိတ်ကြိုက်စားလို့ရပါပီ(မစားဖူးသေးသူများ အတွက်ပြောတာပါနော်)

ထန်းမြစ်ကို မီးဖုတ်ပီးလည်းစားလို့ရသလို ပြုတ်ပီးလည်း ဆီနဲ့ဆားနဲ့ တို့စားကြပါတယ်။
အချို့ကလည်း ထန်းမြစ်ကြော်၊ထန်းမြစ်နှမ်းထောင်း စသဖြင့်အမျိုးမျိုးစားလေ့ရှိကြပါတယ်။

ဒါ့ကြောင့် ယာတောသူတို့လည်းအညာစာတစ်မျိုးဖြစ်တဲ့ ထန်းမြစ်ကို လမ်းကြုံရင်စားကြည့်ဖို့ မမေ့ကြပါနဲ့နော်

➪𝑪𝒓𝒆𝒅𝒊𝒕 𝒕𝒐 𝒐𝒓𝒊𝒈𝒊𝒏𝒂𝒍 𝒖𝒑𝒍𝒐𝒅𝒆𝒓♡

သာသနဘောင်သို့ ခဏ
08/05/2023

သာသနဘောင်သို့ ခဏ

လမ်းခရီးအခက်အခဲများနှင့်ကိစ္စတချို့ကြောင့်online sale လေးခဏရပ်ထားပါမယ်နော်။ကျနော်ချစ်ရ လေးစားရတဲ့ မိတ်ဆွေများ အားအသိပေးအ...
08/04/2023

လမ်းခရီးအခက်အခဲများနှင့်ကိစ္စတချို့ကြောင့်
online sale လေးခဏရပ်ထားပါမယ်နော်။
ကျနော်ချစ်ရ လေးစားရတဲ့ မိတ်ဆွေများ အားအသိပေးအပ်ပါသည်။

အရေးကြီး အလုပ်လေး တခုရှိနေလို့ Page လေးမှာစျေးရောင်း ခဏရပ်ထားပါမယ်နော်။ရပ်နီးရပ်ဝေး အားပေးသူ မိတ်ဆွေများကိုအစဥ်လေးစားလျှ...
27/03/2023

အရေးကြီး အလုပ်လေး တခုရှိနေလို့ Page လေးမှာစျေးရောင်း ခဏရပ်ထားပါမယ်နော်။
ရပ်နီးရပ်ဝေး အားပေးသူ မိတ်ဆွေများကိုအစဥ်လေးစားလျှက် စျေးပြန်ရောင်းမယ့်နေ့ကိုပြန်ပြောပေးပါမယ်ခဗျာ။

Address

Yangon

Telephone

+959799585916

Website

Alerts

Be the first to know and let us send you an email when Kyaw Zaw -KZ- posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Zaw -KZ-:

Share

Category