ချစ်ခြင်းကို ဟင်းချက်ပီးဖော်ပြကြမယ်

  • Home
  • Myanmar
  • Yangon
  • ချစ်ခြင်းကို ဟင်းချက်ပီးဖော်ပြကြမယ်

ချစ်ခြင်းကို ဟင်းချက်ပီးဖော်ပြကြမယ် ဟင်းချက်ဝါသနာပါသူများစုစည်းရာ♥️♥️♥️

ချစ်ခြင်းကို စကားမပြောပဲ... မုန့်လေးနဲ့ဖော်ပြတယ် 🍡”ဒီနေ့ကတော့ ကိုယ့်လက်ထဲက မုန့်လေးပါ။သရက်သီး ဒူးရင်းသီးနဲ့ ပြုလုပ်ထားတဲ...
22/06/2025

ချစ်ခြင်းကို စကားမပြောပဲ... မုန့်လေးနဲ့ဖော်ပြတယ် 🍡”
ဒီနေ့ကတော့ ကိုယ့်လက်ထဲက မုန့်လေးပါ။
သရက်သီး ဒူးရင်းသီးနဲ့ ပြုလုပ်ထားတဲ့ Homemade Mochi 🥭 + Durian 🍮
ချဉ်ချဉ်ချိုချိုနဲ့ တစ်လုံးပဲ လက်လွှတ်မခံနိုင်လောက်အောင်ကောင်းတယ်နော်...

🧂 ချစ်ခြင်းထဲကလည်းအနံ့ပါသွားတယ်... မုန့်ထဲကလည်းအရသာပြည့်နေတယ်။
မိုချီလေး ပထမဆုံးလုပ်တာမို့ မလှဘူးဖစ်နေတယ်🥰🥰🥰

#ချစ်ခြင်းနဲ့ဟင်းချက်ခြင်း #သရက်သီးမိုချီ #ဒူးရင်းသီးချဉ်ချို #မြန်မာစတိုင်မုန့်လေး

🍽️ဟင်းချက်ခြင်းနဲ့ချစ်ခြင်းက တူတယ် နူးညံ့မှုရှိရတယ် 🍚🍚 #ချစ်ခြင်းနဲ့ဟင်းချက်ခြင်း  #ဖေဖေချက်ကျွေးခဲ့သော အရသာရှိသော မြန်မ...
22/06/2025

🍽️ဟင်းချက်ခြင်းနဲ့ချစ်ခြင်းက တူတယ် နူးညံ့မှုရှိရတယ် 🍚🍚

#ချစ်ခြင်းနဲ့ဟင်းချက်ခြင်း #ဖေဖေချက်ကျွေးခဲ့သော အရသာရှိသော မြန်မာဟင်းလျာ

Air fryer နဲ့ ဆိတ်သားခြောက် (Dry Goat Meat) ကိုဖုတ်ချင်တယ်ဆိုရင် အောက်ပါနည်းလမ်းလေးနဲ့ အဆင်ပြေပါတယ်။ အရသာရှိအောင် လုပ်နည...
21/06/2025

Air fryer နဲ့ ဆိတ်သားခြောက် (Dry Goat Meat) ကိုဖုတ်ချင်တယ်ဆိုရင် အောက်ပါနည်းလမ်းလေးနဲ့ အဆင်ပြေပါတယ်။ အရသာရှိအောင် လုပ်နည်းအဆင့်ဆင့်လည်း ပါဝင်ပါတယ်။

✅လိုအပ်သောအစားအစာများ
ဆိတ်သားခြောက် – ၅၀၀ ဂရမ် (ခြောက်ထားပြီးသား)အစိုနဲ့လည်းရ

ဆား –နည်းနည်း (ဆိတ်သားခြောက်က အရသာပါပီးသားမို့)

ကြက်သွန်မြိတ် – ၃ ပင်

သင့်တော်တဲ့ဆီ –စားပွဲတင်ဇွန်း ၁ဇွန်း

နှမ်း -မြေပဲမညက်တညက်ထောင်းပီးသား– (မလိုအပ်ပေမဲ့ ကြိုက်လျှင် ခပ်သေးသေး ထည့်လို့ရ)

ငရုတ်စိမ်းမှုန့် – အနည်းငယ်

လီမွန်ရည် (ကြိုက်နှစ်သက်လျှင်) – ၁ ဇွန်း

✅ပြင်ဆင်နည်း
သန့်စင်ခြင်း

ဆိတ်သားခြောက်ကို ရေပူနဲ့ ဆေးကြောပြီး အနံ့မပါအောင် ပြန်ကြော်သို့မဟုတ် ဖျော့အောင်ပြင်ပါ။

အရသာထည့်ခြင်း

ကြက်သွန်မြိတ်, ဆား, ငရုတ်မှုန့်, လီမွန်ရည် စတာတွေနဲ့ ဆိတ်သားကို အနည်းငယ်နွေးအောင် နှပ်ပေးပါ (အချိန် ၅ မိနစ်ခန့်)။

Air fryer အတွက် ပြင်ဆင်ခြင်း

ဆီအနည်းငယ် သုတ်ပေးပြီး နှပ်ထားတဲ့ ဆိတ်သားကို Air fryer ထဲထည့်ပါ။

Air fryer ဖြင့်ဖုတ်ခြင်း

အပူချိန်: 180°C (350°F)

အချိန်: 10–15 မိနစ်ခန့် (ဆိတ်သားရဲ့ထူထပ်မှုအပေါ်မူတည်)

7 မိနစ်ကျရင် ပြန်လှန်ပါ၊ crispy ဖြစ်အောင် ဆီသေးသေးတင်ပြန်လိမ်းလို့ရတယ်။

✅အကြံပြုချက်များ
ချက်ပြီးတဲ့နောက် ဆီနည်းနည်းလေးထပ်လိမ်းရင် ကြော်သလို crispy ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ချက်နည်းမတူလို့ အမှားပါခဲ့ရင် sorry ပါနော်
crd

21/06/2025

စားချင်တဲ့ ဟင်းချက်နည်းလေးတွေ မုန့်လုပ်နည်းလေးတွေ မေးလို့ရပါတယ်ရှင် ချက်နည်းနဲ့video လေးတွေ ပုံလေးတွေနဲ့တင်ပေးပါမယ်ရှင်🍲🍲🍲

Address

မြောက်ဥက္ကလာ ဝေဘာဂီ ဗိုလ်ချုပ်လမ်း
Yangon

Telephone

+959776282286

Website

Alerts

Be the first to know and let us send you an email when ချစ်ခြင်းကို ဟင်းချက်ပီးဖော်ပြကြမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share