03/03/2025
ကလေး မိဘများအတွက် ဒီ website လေးကို ညွှန်းချင်ပါတယ်။ အဲ့ဒါကတော့
❤️ British Council - LearnEnglish Kids ဖြစ်ပါတယ်။
▪️ ကလေး မိဘများအတွက် ဒီ website လေးကို ညွှန်းချင်ပါတယ်။ အဲ့ဒါကတော့
❤️ British Council - LearnEnglish Kids ဖြစ်ပါတယ်။
https://learnenglishkids.britishcouncil.org/
အဲ့ဒီက
▪️ Listen and watch ခေါင်းစဉ်အောက်မှာ
1. Songs
https://learnenglishkids.britishcouncil.org/listen-watch/songs
🔹 Songs ဆိုတာကို ဝင်ကြည့်ရင် ကလေး သီချင်း Video လေးတွေ အများကြီး တွေ့ရ ပါလိမ့်မယ်။
အဲ့ဒီမှာ သီချင်းလေးတွေကို ကြည့်နိုင် ၊ နားထောင် နိုင်ပြီး သီချင်းစာသာထဲမှ စကားလုံးလေးတွေ ပိုနားလည်စေဖို့အတွက် Game လေးလည်း ပါပါတယ်။
ပြီးရင် PDF ဖိုင်ဖြင့် Activity လေးတွေ လုပ်ဖို့ပါ ထည့်ပေးထားလို့ တော်တော် အဆင်ပြေပါတယ်။
🔅 အောက်ဆုံးမှ Discussion မှာ မေးခွန်းလေးကို လေ့ကျင့်ပေးရင် အပြော ၊ အတွေးပိုင်းပါ တိုးတက်စေမှာပါ။
🔺 ဟိုးတုန်းကတည်းက သီချင်းလေးတွေပါသလို အသစ်တွေလည်း အများကြီး ဖြည့်ထားတာ တွေ့ရပါတယ်။
🔹 email ဖြင့် Register လုပ်နိုင်ပါတယ်။ ( မလုပ်လည်း ကြည့်လို့ရ )
2. Short Stories
https://learnenglishkids.britishcouncil.org/listen-watch/short-stories
🔹 ဒီနေရာမှာ ကလေးများအတွက် Short Stories တွေ အများကြီး ကြည့်နိုင်၊ နားထောင် နိုင်ပါတယ်။
🔅 ပုံပြင်လေးတွေကို မကြည့်ခင် Preparation Task ကို အရင်လုပ်ခိုင်းပါတယ်။ အဲ့ဒီမှာ စကားလုံးလေးများနှင့် ပုံလေးတွေ ချိတ်ပေးရတာ ၊( နားလည်မှုကို စစ်တာမျိုး )
အသံထွက်လည်း နားထောင်နိုင်တာမို့ ကလေးများ အသံထွက် မှန်မှန်ကန်ကန် ရနိုင်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။
🔅 ပြီးရင်တော့ ပုံပြင်လေးကို ကြည့်နိုင်ပါပြီ။ စကားလုံးလေးတွေ ကြိုတင် လေ့လာထားတော့ ကလေးများ ပုံပြင်လေးကို ကြည့်နေစဉ် နားလည်ဖို့ ပိုအထောက်အကူ ပြုပါတယ်။
ဒါပြီးရင်တော့ ထုံးစံအတိုင်း ပုံပြင်နှင့်ဆိုင်သော စကားလုံး Game နှင့် Activities အတွက် PDF ဖိုင်ပေးထားပါတယ်။ အောက်ဆုံးမှာတော့ အလွန်ကောင်းသော Discussion မေးခွန်းလေးတွေ ပါပါတယ်။
3. Poem
https://learnenglishkids.britishcouncil.org/listen-watch/poems
🔹ဒီအပိုင်းလေးကတော့ ကလေးများအတွက် အသစ်တိုးလာသော ကဏ္ဍဖြစ်ပါတယ်။ ကဗျာလေးတွေကို ရွတ်ပေးခြင်းအားဖြင့် အသံထွက် တိုးတက်ကောင်းမွန်လာ စေတာမျိုး၊ အမျိုးမျိုးသော အကြောင်းအရာတွေကို ပြောဆိုဆွေးနွေးနိုင်တာ မျိုးတွေ တိုးတက်လာစေမယ်လို့ ဆိုထားပါတယ်။
ထုံစံအတိုင်း စကားလုံးလေးတွေ ၊ fixed phrases လေးတွေကို လေ့လာပြီးရင် Poem ကိုနားထောင် ၊ သူနှင့်ဆိုင်သော ဝေါဟာရ ဂိမ်းလေးတွေဆော့ပြီး Discussion အပိုင်းအထိ သွားရင် ကလေးတွေ အင်္ဂလိပ်စာ တိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမှာပါ။
4. Video Zone
https://learnenglishkids.britishcouncil.org/listen-watch/video-zone
🔹ဒီအပိုင်းမှာတော့ စကားလုံးတွေ ပိုများလာတယ်။ အကြောင်းအရာတွေ ပိုစုံလာပါတယ်။ Video လေးတွေကြည့်ပြီး မိမိရဲ့ English စာတိုးတက်ရေး အတွက် လေ့ကျင့်ရင်း စိတ်ဝင်စားဖွယ်ကောင်းသော Topic လေးတွေမှ တဆင့် အကြောင်းအရာ အသစ်များကို သင်ယူနိုင်ပါတယ်။
🔅ထုံးစံအတိုင်း - စကားလုံးတွေလေ့လာမယ်၊ Video ကြည့်မယ်၊ နာလည်မှုကို စစ်သည်အနေဖြင့် Game ဆော့လို့ရမယ်၊ Worksheet တွေဖြင့် လေ့ကျင့်မယ်၊ Discussion အထိသွားရင် ကလေးတွေ အတွက် များစွာ အထောက်အကူပြုမှာပါ။ A2 Level , A2+ ကလေးတွေ အတွက်များစွာ အထောက် အကူပြုမှာပါ။
5. How to
https://learnenglishkids.britishcouncil.org/listen-watch/how-videos
🔹ဒီအပိုင်းမှာ အခုခေတ်ကလေးတွေ မနက်စာ ဘယ်လိုပြင်ဆင်တယ် စသည်ဖြင့် project လုပ်သလိုမျိုး ချက်နည်းပြုတ်နည်း ၊ သွားတိုက်နည်း ၊ မျက်လှည်ပြနည်း စသည်တို့ကို ပြောပြထားတာပါ။ အပေါ်က Video တွေလိုပဲ အဆင့်အတိုင်း လေ့လာမှု ပြုလုပ်နိုင်ပါတယ်။
▪️ Read and Write ကိုကျော်ပြီး Grammar and Vocabulary အပိုင်းကို အရင်ကြည့်ရအောင်
🔹 1. Grammar Practice
▪️ ဒီအပိုင်းမှာ ကလေများ သိသင့်သော Grammar အပိုင်းလေးတွေကို ခေါင်းစဉ်လေးများဖြင့် ရှင်းပြထားပါတယ်။
🔅 ပထမဆုံး Grammar စည်းမျဉ်း ၊ စည်းကမ်းတွေ အကြောင်း သင်ယူနိုင်ပါတယ်။ ပြီးတော့ နားလည်မှုကို အထောက်အကူပြုသော Game လေးတွေကို ဆောနိုင်၊ ပြီးတော့ သင်ကြားမှု အထောက်အကူပြု Worksheet တွေဖြင့် လေ့ကျင့် သင်ယူနိုင်ပါတယ်။
🔅 နမူနာ ဝါကျများကို သေချာဖတ်ပါ ။ Game လေးတွေ ဆော့ရင်း Grammar ကို သင်ယူပါ။
( ကလေး ငယ်ငယ်များအတွက် အဆင်မပြေပါ ) A2 level ကလေးများလောက်အတွက် ပိုသင့်တော်ပါတယ်။
🔹2. Grammar Video
▪️ဒီအပိုင်းမှာ Grammar ကို လက်တွေ့ ဘယ်လိုသုံးမလည်း ဆိုတာ Video သင်ခန်းစာလေးတွေ ကြည့်ရင်း လေ့လာ သင်ယူနိုင်ပါတယ်။
ဥပမာ
Gran’s adventures မှာဆိုရင် “ life experiences “ ဘဝအတွေ့အကြုံတွေကို ပြောချင်ရင် Present Perfect tense သုံးရတာကို သိသွားစေအောင် ပြင်ဆင်ထား ပေးပါတယ်။
အခြား သင်ခန်းစာတွေလိုပဲ words တွေ၊ fixed phrases တွေကိုလေ့လာ ၊ video ကြည့် ၊ နားလည်မှုကို စစ်နိုင်ဖို့ Game လေးတွေဆော့ကြည့် ၊ worksheets တွေ print ထုတ်ပြီး ပိုမိုလေ့ကျင့်နိုင်ပါတယ်။
❗️Grammar Video များကြည့်ခြင်းအားဖြင့် Grammar အသုံးသာမက ၊ Listening လည်းတိုးတက် လာနိုင်ပါတယ်။
🔹 3. Grammar Chants
ဒီမှာရှိသော သင်ခန်းစာတွေက ထုံးစံအတိုင်း “
Preparation အပိုင်းမှာ စကားလုံးလေးတွေ လေ့လာမယ်
Chat လုပ်တာကို နားထောင်မယ်၊ ကိုယ်တိုင်ရွတ်ဆိုကြည့်မယ် ။ transcript လည်းတင်ပေးထားလို့ ပိုအဆင်ပြေပါတယ်။ ထုံးစံအတိုင်း Discussion အပိုင်း အထိရှိပါတယ်။
❗️Englishsing sing YouTube သင်ခန်းစာမှာ ကလေးများအတွက် Chant သင်ခန်းစာတွေ အများကြီး ရှိပါတယ်။
❤️ လူငယ်များအတွက်ကတော့ အောက်က Link ကိုကြည့်ပါ ။
https://www.facebook.com/614276780/posts/10159253037541781/?mibextid=YhNWyK
ကျန်တဲ့ အပိုင်းတွေကို ဒီမှာပဲ ဆက်ရေးပေးပါမယ်။