21/05/2026
" ကြိုတင်ကာကွယ်ခြင်းက ကြီးမားသော ဆုံးရှုံးမှုကို ကာကွယ်နိုင်ပါတယ် " ဆိုတာကို လူကြီးမင်းများ လက်ခံပါသလား??? 🫡🤫
ဟုတ်ပါတယ်.... မီးစက်ရဲ့ အသက်သွေးကြောဖြစ်တဲ့ Engine ကျန်းမာရေးကို အထူးအလေးထား ဂရုစိုက်ဖိူ့ မမေ့ပါနဲ့။ အာ့ဆို ဘယ်လိုစောင့်ရှောက်ကြမလဲ??? 🤔
👉အလွယ်ကူဆူံးဖြစ်တဲ့ နာရီ ၂၅၀ တိုင်းမှာ အင်ဂျင်ဝိုင်နဲ့ ဒီဇယ် filter ၊ ဆီ filter တွေကို တခါထဲ လဲလှယ်ရပါမယ်။ လေစစ်ကိုတော့ မီးစက်နေရာထားတဲ့အပေါ် မူတည်ပြီး လဲလှယ်ပေးသင့်ပါတယ်။ ထိုသို့လုပ်ပေးမယ်ဆိုရင် အချိန်မတန်ခင် အင်ဂျင်ကျခြင်းကို ကာကွယ်ပေးနိုင်မှာပါ 🤗👍
👉ဒုတိယကတော့ မီးစက် အလွန် Heat တတ်ခြင်းမှ ကာကွယ်စေရန် အကြမ်းဖျင်းကတော့ မီးစက်မမောင်းခင် ရေရှိမရှိနဲ့ ကောင်းမကောင်းပါ သေချာစစ်မယ်။ ပန်ကာကြိုးတွေ ကောင်းမကောင်း စစ်မယ်။ အဲ့တာဆို အကြမ်းဖျင်းအားဖြင့် လေဝင်လေထွက်ကောင်းတာကြောင့် Heat တတ်တာကို သက်သာစေမှာပါ။ 👍
👉မိုးတွင်းတတွင်းလုံး မိုးရွာစဉ် ဆီဖြည့်တတ်တဲ့ လူကြီးမင်းများကတော့ ခု ဆီမှာ ရေပါမပါ စစ်ဆေးပေးဖို့ လိုပါတယ်။ ဆီနှင့်ရေ ရောနေမယ်ဆိုရင် မီးခိုးအဖြူတွေ ထွက်လာပါတယ်။ ထိုသို့မဖြစ်ရလေအောင် လိုအပ်ခဲ့ရင် ဆီတိုင်ကီဆေးဖို့ မမေ့ပါနဲ့ရှင့်။ 👋
ချစ်ရတဲ့ လူကြီးမင်းများအတွက် Sharing လုပ်ပေးလိုက်ပါတယ်ရှင့်။ 😊👌
မီးစက်ရဲ့ အပိုပစ္စည်းနဲ့ ပတ်သက်လာရင်ဝောာ့ အမြဲ ဝန်ဆောင်မှုပေးနေတဲ့ ညီမတို့ရဲ့ HP Power ကိုသာ သတိရလိုက်ပါနော်။
📞 09- 773466930, 09- 773467630 ကိုသာ ဆက်သွယ်လိုက်ပါရှင်။