Yamin illustration & Garment

Yamin illustration & Garment fashion illustration class & premium quality Garment

16/08/2026

နိုင်ငံ ပေါင်း ၈နိုင်ငံ မှ လုပ်ငန်းရှင် ကိုယ်စားလှယ်ကြီး ၉ ဦး နှင့်တွေ့ဆုံခွင့်ရခဲ့ပါတယ်။

JCI Myanmar international business matching & networking နိုင်ငံတကာ စီးပွါးရေးချိတ်ဆက်မှုပွဲကြီးကို Yamin illustration & garment အနေနဲ့ ပါဝင်Join ခဲ့ပါတယ်။

15/08/2026

❤️❤️RESILIENCE DRESS လို့အမည်ပေးပြီး ဖန်တီးထားတဲ့ dress လေး ❤️

-Reuse fabric scraps
-Handmade fashion
-Resilience STRONG 💪 women color- RED, PINK, N**E
-SUSTAINABLE
-Creative
-Colorful
🌱 ဒီအချက်တွေကို အခြေခံပြီး ချုပ်ရုံကထွက်တဲ့ စွန့်ပစ် ပိတ်များကိုလျှော့ချစေပြီး တန်ဖိုးရှိသော sustainable fashion အဖြစ်ပြန်လည် ဖန်တီးရန် ရည်ရွယ်ပြီး Mood board လေးကို အရင်စဉ်းစားဖြစ်ခဲ့ပါတယ်။

🎨 အရောင်ပေါင်းစပ်မှုနဲ့ hand craft ကိုမြတ်နိုးပြီး Strong ဖြစ်ပြီး လွတ်လပ်ပေါ့ပါးမှုကိုကြိုက်တဲ့ အမျိုးသမီးလေးများအတွက် ရည်ရွယ်ထားပါတယ်ရှင်။

Sashiko stitching များ၊ ကြယ်သီး (အပို)များ၊ ပိတ်အပိုင်းစများအားလုံးကို အလေအလွင့်မဖြစ်အောင် value added ပြန်လည် ဆန်းသစ်ထားပြီး ဝတ်လိုက်တာနဲ့ Art တစ်ခုကို ခံစားစေရမှာ အသေချာပါပဲ 🎨

FASHION is not just about looking good.
it’s also about RESPONSIBILITY to people and planet. 🌱 🌎
ကျွန်မတို့ ရဲ့နေ့စဉ် ဝတ်နေတဲ့ အဝတ်ထည်တွေဟာ ကြည့်ကောင်း၊လှပနေရုံနှင့် မပြီးသေးပါဘူး။ လူသားတွေနဲ့ ကမ္ဘာမြေကြီးအပေါ် တာဝန်ယူမှုရှိဖို့ ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားနေရမှာပါ။

🎉Creative Entrepreneurship Incubation Program မှပေးအပ်တဲ့ Technical Excellence Award ဆုကိုလည်း ရရှိခဲ့ပါတယ် 🙏

📌📌📌မှာယူချင်တယ်ဆိုရင်တော့ preorder ဖြင့်လက်ခံဆောင်ရွက်ပေးနေပါပြီရှင်။📌📌📌

゚viralシ

11/08/2026

🔥အလုပ်ထွက်မယ်ဆိုတဲ့ အသံကြားတာနဲ့

“မထွက်ပါနဲ့ဟယ် 🤦🏻‍♀️” ဆိုပြီး လိုက်ဆွဲတဲ့အခြေနေကနေ….

Level Up ⬆️ ဖြစ်သွားပြီး

“ထွက်မယ်? 🤷🏻‍♀️ အေး… ထွက်လေ”

Healing journey level ရောက်သွားသောအခါ 😂

10/08/2026

🎥 A Story of Yamin Illustration & Garment

ဒီ Video လေးကတော့ ကျွန်မတို့ Yamin Illustration & Garment ရဲ့ ရည်မှန်းချက်တွေ၊ ကြိုးစားအားထုတ်မှုတွေနဲ့ မျှော်မှန်းချက်တွေကို မျှဝေထားတဲ့ Video လေးပါ။

လုပ်ငန်းတစ်ခုကို တည်ဆောက်ရတာဆိုတာ စိတ်ကူးတစ်ခုရှိရုံနဲ့ မပြီးပါဘူး။

အခက်အခဲတွေကြားကနေ ဆက်လက်ရပ်တည်နိုင်ဖို့၊ Customer တွေရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့၊ Quality ကို ထိန်းသိမ်းဖို့နဲ့ ဝန်ထမ်းများကို အကောင်းဆုံးပံ့ပိုးပေးဖို့ နေ့တိုင်း တစ်ဆင့်ချင်း ပိုကောင်းမွန်လာအောင် ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။

အလုပ်ကိုင် အခွင့်လမ်းကို ပိုမိုဖန်တီးပေးနိုင်ရန်နှင့် Local Fashion Industry အတွက် ပိုမိုကောင်းမွန်တဲ့ Production Partner တစ်ခုဖြစ်လာဖို့က ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပါ။

ဒီ Video လေးက ကျွန်မရဲ့ အိပ်မက်တစ်ခုကို ပြောပြထားတာထက် ပိုပါတယ်။
ဒီ့ထက်ပိုမိုတိုးတက်လာအောင် ကြိုးစားနေတဲ့ ခရီးစဉ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ 🤍

အိပ်မက်တွေကို စိတ်ကူးထဲမှာပဲ မထားဘဲ
Plan လုပ်ကြမယ်၊ ကြိုးစားကြမယ်၊ အကောင်အထည်ဖော်ကြမယ်။

— Yamin Illustration & Garment
Creating better products. Building a stronger local fashion industry. ✨

🙏🏻 နှစ်စဉ် Yamin Garment မှ ဝါဆိုသင်္ကန်းကပ်အလှူ🙏🏻နေ့စဉ်အတူတကွ ကြိုးစားပေးကြတဲ့ Yamin Garment မိသားစုဝင် မောင်လေး ညီမလေး...
08/08/2026

🙏🏻 နှစ်စဉ် Yamin Garment မှ ဝါဆိုသင်္ကန်းကပ်အလှူ🙏🏻

နေ့စဉ်အတူတကွ ကြိုးစားပေးကြတဲ့ Yamin Garment မိသားစုဝင် မောင်လေး ညီမလေးများနဲ့အတူ ယခုနှစ် ဝါဆိုလအခါသမယမှာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို လှူဒါန်းခဲ့ပါတယ်။ 🙏🏻

အလုပ်မှာ အတူတူကြိုးစား၊
ဘဝမှာ အတူတူတိုးတက်၊
ကောင်းမှုကုသိုလ်မှာလည်း အတူတူမျှဝေကြမယ့်
Yamin Garment မိသားစုလေးပါရှင်။ 🤍

ယခုဝါဆိုအခါသမယမှ စတင်ပြီး
Yamin Garment မိသားစုဝင်များအားလုံးနှင့် ချစ်ရတဲ့ customer များအားလုံး
စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း၊
အလုပ်အကိုင်များ ဒီထက်မက တိုးတက်အောင်မြင်ခြင်းများ ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။ 🙏🏻✨



#ဝါဆိုသင်္ကန်းကပ်လှူခြင်း
#အတူတူကြိုးစားအတူတူတိုးတက်
#ကုသိုလ်အတူပြု

04/08/2026

😬🤣နောက်ဆုံးက အသက်နော်။

SME တစ်ခုကို ဒီနေ့ဒီအချိန်အထိ ရပ်တည်နိုင်အောင် ထိန်းထားရတာဟာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။

နေ့စဉ်ပြောင်းလဲနေတဲ့ ဈေးနှုန်းအခြေအနေတွေ၊ ကုန်ကျစရိတ်တွေ၊ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကြားမှာ တစ်နေ့ပြီးတစ်နေ့ ဆက်လက်ရုန်းကန်နေရတာပါ။

ဒါပေမယ့် အဲ့ဒီအခက်အခဲတွေကြားထဲမှာတောင် ဝန်ထမ်းတွေအတွက် ပိုကောင်းတဲ့ လစာ၊ ပိုကောင်းတဲ့ အခြေအနေတွေ ဖန်တီးပေးနိုင်ဖို့ အမြဲတမ်း စိတ်ထဲထားပြီး ကြိုးစားနေပါတယ်။

လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုဆိုတာ Owner တစ်ယောက်တည်းရဲ့ အားထုတ်မှုနဲ့ မဖြစ်နိုင်ပါဘူး။ နေ့စဉ်တာဝန်ကျေစွာလုပ်ဆောင်ပေးနေတဲ့ ဝန်ထမ်းတိုင်းရဲ့ ကြိုးစားမှုကလည်း အဓိကအင်အားတစ်ခုပါပဲ။

အခုချိန်မှာ မျှော်မှန်းထားသလောက် မပေးနိုင်သေးပေမယ့်လည်း အားလုံးအတူတူ တိုးတက်နိုင်ဖို့၊ ပိုကောင်းတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်နိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာပါ။

ယနေ့အထိ ယုံကြည်အားပေးနေတဲ့ Customer များအားလုံးနှင့် အတူတူ လက်တွဲကြိုးစားပေးနေတဲ့ ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ် ❤️

SNAIL Batch 3 Certificate က ကျွန်မအတွက် သင်တန်းတစ်ခု ပြီးဆုံးသွားတဲ့ အမှတ်တရတစ်ခုထက် ပိုပါတယ်။ 💙လုပ်ငန်းတစ်ခုကို စတင်တည်...
04/08/2026

SNAIL Batch 3 Certificate က ကျွန်မအတွက် သင်တန်းတစ်ခု ပြီးဆုံးသွားတဲ့ အမှတ်တရတစ်ခုထက် ပိုပါတယ်။ 💙

လုပ်ငန်းတစ်ခုကို စတင်တည်ဆောက်ခြင်း၊ စနစ်တကျ စီမံခန့်ခွဲခြင်း၊ ရေရှည်တိုးတက်အောင် လုပ်ဆောင်ခြင်း အထိ Business တစ်ခုရဲ့ အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေကို သင်ယူခွင့်ရခဲ့တဲ့ တန်ဖိုးရှိတဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

လုပ်ငန်းအမျိုးအစားမတူကြပေမယ့် အိပ်မက်တူ၊ ရည်မှန်းချက်တူတဲ့ ညီအစ်မတွေနဲ့ တွေ့ဆုံခင်မင်ခွင့်ရခဲ့တာပါ။ အတွေ့အကြုံတွေကို မျှဝေခဲ့ကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် အားပေးခဲ့ကြတယ်၊ အတူတူ ကြီးထွားဖို့ ခွန်အားတွေလည်း ရရှိခဲ့ကြတယ်။ ဒီလို Network ကောင်းတစ်ခု ရခဲ့တာဟာ ကျွန်မအတွက် အဖိုးတန်ဆုံး လက်ဆောင်တွေထဲက တစ်ခုပါ။

ဒီနေ့ရရှိတဲ့ Certificate က သင်ယူမှုရဲ့ အဆုံးမဟုတ်ဘဲ Yamin illustration & Garment အတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုကို တည်ဆောက်ဖို့ အစအသစ် လို့ပဲ ယုံကြည်ပါတယ်။

ဒီလို အဖိုးတန်တဲ့ အခွင့်အရေးကို ဖန်တီးပေးပြီး စိတ်ရှည်လက်ရှည် လမ်းညွှန်သင်ကြားပေးခဲ့တဲ့ မသီရိ၊ မမဥ နှင့် WTM team၊ Mentor များ၊ Trainer များ၊ Bank များနှင့် Program တွင် ပါဝင်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

သင်ယူမှုက ဘယ်တော့မှ မပြီးဆုံးပါဘူး။
နေ့တိုင်း တစ်လှမ်းချင်းတိုးတက်ရင်း၊ ပိုကောင်းတဲ့ Entrepreneur တစ်ယောက်ဖြစ်လာဖို့ ဆက်လက်ကြိုးစားသွားပါမယ်။ 🤍

19/07/2026

စံမတူ – Creative Entrepreneurship Incubation Program မှာ top 5 ထိပါသွားတုန်းက ချုပ်ရုံကထွက်တဲ့ ပိတ်ပိုဖြတ်စများနဲ့ လုပ်ခဲ့တဲ့ product လေး။🥉

နောက်နေ့မှ award ရခဲ့တဲ့ product လေးတင်ပေးမယ်နော် 🥇

🗣️လူတစ်ယောက်ရဲ့ တန်ဖိုးကိုပါးစပ်က လွယ်လွယ်ထွက်တဲ့ စကားနဲ့ မတိုင်းတာကြဘူး…📝သူတည်တဲ့ (ကတိ)နဲ့ တိုင်းတာကြတယ်။ကတိဆိုတာ စကားတ...
15/07/2026

🗣️လူတစ်ယောက်ရဲ့ တန်ဖိုးကို
ပါးစပ်က လွယ်လွယ်ထွက်တဲ့ စကားနဲ့ မတိုင်းတာကြဘူး…

📝သူတည်တဲ့ (ကတိ)နဲ့ တိုင်းတာကြတယ်။

ကတိဆိုတာ စကားတစ်ခွန်း မဟုတ်ဘူး။
ကိုယ့်ရဲ့ သစ္စာ၊ တာဝန်ယူမှုနဲ့ ဂုဏ်သိက္ခာပဲ။💪

🌱မျိုးစေ့တစ်စေ့ဟာ အပင်မပေါက်ရင်
အခွံသာဖြစ်သွားတတ်သလို…
လူတစ်ယောက်ဟာလည်း
ကတိကို မတည်နိုင်ရင်
နာမည်ရဲ့ အနှစ်သာရက မပေါက်ဖွားနိုင်ပဲ အခွံသာသာ လူသားပဲဖြစ်သွားမှာပါ။🌑

🔥တစ်ကြိမ်တစ်ခါ ကတိပျက်သွားရင်
ပျက်သွားတာ (အလုပ်) တစ်ခုထဲ မဟုတ်ဘူး…
ကိုယ့်နာမည်ရဲ့ (တန်ဖိုး) ပဲ။
အကြောင်းသိတဲ့သူတွေက သိသွားသလို
ကိုယ့်အကြောင်း မသိတဲ့ ပတ်ဝန်းကျင်မှာတောင် ကိုယ့်လိပ်ပြာက ကိုယ့်ကို ခြောက်လှန့်နေမှာပါ။😖 🦋

🔐လောကရဲ့ တံခါးတွေကို
(အရည်အချင်း) တစ်ခုတည်းနဲ့ ဖွင့်လို့မရဘူး။
ကတိနဲ့ ယုံကြည်မှုကပဲ
ဘဝရဲ့ ပိတ်ထားတဲ့တံခါးတွေကို ဖွင့်ပေးပြီး နေရောင်ခြည်ဆီကို ခေါ်ဆောင်သွားမှာပါ။☀️

ဒါကြောင့်… 💵
ကိုယ့်ဘဝမှာ ဘာကိုမှ မစုဆောင်းနိုင်ရင်တောင်
“ဒီလူက ကတိတည်တယ်” ဆိုတဲ့ နာမည်ကိုတော့ မပျောက်စေနဲ့။

အဲ့ဒီနာမည်က…
ငွေနဲ့ဝယ်လို့မရနိုင်သလို၊
အချိန်ကြာလေ တန်ဖိုးတက်လေဖြစ်တဲ့
အနာဂတ်အတွက် အကြီးမားဆုံး ရင်းနှီးမြှပ်နှံမှုပဲ။ 💰 💰 💰

ချစ်တဲ့
ယမင်း

👔 Professional Uniforms for Professional Teamsလုပ်ငန်းတစ်ခုရဲ့ ပထမဆုံးအထင်အမြင်ကို ဖန်တီးပေးတာက Uniform ပါ။Yamin Illustr...
09/07/2026

👔 Professional Uniforms for Professional Teams
လုပ်ငန်းတစ်ခုရဲ့ ပထမဆုံးအထင်အမြင်ကို ဖန်တီးပေးတာက Uniform ပါ။
Yamin Illustration & Garment မှာတော့ Design ကနေ Production အထိ One-Stop Service နဲ့ သင့်လုပ်ငန်းနဲ့လိုက်ဖက်တဲ့ Uniform တွေကို အရည်အသွေးမြင့်စွာ ချုပ်လုပ်ပေးနေပါတယ်။✨�
✔ Company Uniform�✔ Office Uniform�✔ Staff Uniform�✔ Restaurant & Café Uniform�✔ Hotel Uniform�✔ Event Uniform�✔ School & Training Uniform

💎 ဘာကြောင့် Yamin Illustration & Garment ကိုရွေးချယ်သင့်သလဲ?�• Custom Design Service�• Premium Quality Fabrics�• Neat & Durable Sewing�• Small & Bulk Orders Accepted�• On-time Delivery

Brand Identity ကို ပိုမိုထင်ရှားစေပြီး Team အတွက် Professional Image တည်ဆောက်ချင်တယ်ဆိုရင် Yamin Illustration & Garment က သင့်ရဲ့ ယုံကြည်စိတ်ချရတဲ့ Production Partner ဖြစ်ပါတယ်။

Yamin Illustration & Garment

Address

Kyeemyindaing Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959755396284

Website

Alerts

Be the first to know and let us send you an email when Yamin illustration & Garment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yamin illustration & Garment:

Shortcuts

Share