05/01/2023
🌸🌸သမီးကို တကယ်ချစ်ရင်🌸🌸
🚴စက်ဘီးဝယ်ပေးနိင်တဲ့အချိန်မှာ နေပူထဲလမ်းမလျှောက်ခိုင်းပါနဲ့တော့...
🚵ဆိုင်ကယ်ဝယ်ပေးနိင်တဲ့အချိန်မှာ စက်ဘီးကြီးနင်းပြီးမသွားခိုင်းပါနဲ့တော့...
🚗ကားဝယ်ပေးနိင်တဲ့အချိန်မှာ "ဆိုင်ကယ်စီးလည်းအဆင်ပြေနေတာပဲ ရောက်ရင်ပြီရော"လို့မတွေးလိုက်ပါနဲ့
ဝယ်ပေးလိုက်ပါ....!
🌺တခါတလေ မိဘတွေဟာလေ သားသမီးကိုဆိုရင်အလိုလိုက်မိမှာကိုသိပ်ကြောက်တာ...
အလိုလိုက်ရင်ဆိုးသွားမယ်ဆိုတဲ့အတွေးကသံမှိုလိုစွဲနေပြီ .....
🌺သမီးကို အလိုမလိုက်ရင်နေပါစေ , မဖိနှိပ်ပါနဲ့!
သဘာဝအရ ယောက်ကျားတွေထက်ပိုပြီးအားငယ်တတ်တဲ့သမီးတွေကို မိဘတွေကငယ်စဉ်ကတည်းကစကားလုံးဖြင့်သော်လည်းကောင်း အပြုအမူဖြင့်သော်လည်းကောင်း ဖိနှိပ်ခဲ့မယ်ဆိုရင် ကျွန်မတို့တွေအတွက် ကြီးပြင်းလာတဲ့အခါ self confident လေးတောင်ပြန်ရဖို့မလွယ်တော့ပါဘူး~
🌺အလိုလိုက်ဆိုတဲ့နေရာမှာ လက်ညိုးညွန်ရာရေဖြစ်/လိုချင်တာတွေအကုန်ပေးပြီး မာနထောင်လွား ရိုင်းစိုင်းအောင် သင်ပေးဖို့မဟုတ်ပါဘူး
မိဘတွေရဲ့တချို့အတွေးခေါ်တွေမှားနေတာကိုပြောချင်တာပါ
ဥပမာ~ ပိုက်ဆံ
အရွယ်ရောက်လာတဲ့မိန်းကလေးတစ်ဦးဟာပိုက်ဆံရဲ့တန်ဖိုးကိုသိပြီး ပိုက်ဆံကိုကောင်းကောင်းအသုံးချတတ်နေသူဖြစ်ရမယ်
🌺ဒါကို ငယ်စဉ်ကတည်းကTrain ပေးပါ
ပိုက်ဆံတစ်ပြားမှလက်ထဲမှာမကိုင်ခိုင်းဘူး
အိမ်ကအကုန်ဝယ်ပေးတာမျိုးကို ဂုဏ်ယူမနေပါနဲ့!
ပိုက်ဆံကို မသုံးဖူးတော့ မသုံးတတ်ဖူးပေါ့
ပိုက်ဆံလက်ထဲရောက်လာတဲ့အခါ "အအ"ကြီးကိုဖြစ်လို့ပေါ့~နောက်တော့အကုန်ပြောင်ရောပေါ့
စနစ်တကျ သုံးမှမသုံးတတ်တာ!
🌺စျေးကြီးတဲ့ coffee shop တွေ/ hotel ကြီးတွေရဲ့ buffet ကို သမီးကိုခေါ်သွားစားဖို့မတွန့်တိုပါနဲ့
အဲ့ဒီလိုဆိုင်မျိုးမှာစားလို့ခင်ဗျားသမီးပျက်စီးမှာမဟုတ်ပါဘူး ....
အဲ့ဒီလိုဆိုင်လေးမျိုးမှာမစားဘူးတော့, တစ်ခေါက်နှစ်ခေါက်လောက်ခေါ်သွားစားတဲ့ယောက်ကျားကို အထင်ကြီးပြီး ကောက်ကောက်ပါအောင်လိုက်သွား မှရင်ကျိုးရမှာပါ ~
🌺Branded တွေကို နှစ်သက်တဲ့ စိတ်ကိုမချိုးနှိမ်ပါနဲ့ ,
နင်တစ်သက်လုံးမမှန်းနဲ့ အဲ့လိုအိတ်မျိုးလို့မပြောမိပါစေနဲ့ , LV တစ်လုံးအတွက်နဲ့ သူ့ဘဝကိုသူရောင်းစားသွားလိမ့်မယ်....
ချိုးနှိမ်မယ့်အစား သူ့ကိုယ်ရှင်းပြပါ >ပညာရှာပါသမီး ပညာရှိရင် အလုပ်ရှိမယ် နောက်ကျရင်ဒီအရာတွေဟာအလိုလိုဝင်လာလိမ့်မယ် ဆိုတာမျိုး , ကိုယ်မဝယ်ပေးနိင်ရင်တောင် သူကြိုးစားရင် သူဝယ်နိင်မယ်ဆိုတဲ့အတွေးမျိုးပေးပါ
( ကြိုးစားနေရင်း သူမ သိလာပါလိမ့်မယ် မိန်းမတစ်ယောက်ရဲ့ဘဝမှာဒီbranded တွေထက် မိမိကိုယ်ကိုတောက်ပစေမယ့်အဓိပ္ပာယ်ရှိတဲ့အရာတွေအများကြီးရှိသေးတယ်ဆိုတာ)
🌺သမီးလေးဂျီးများတယ်ဆိုပြီး ဆူဆဲမနေပါနဲ့ , အရမ်းဆိုးဝါးတာမျိုးမဟုတ်ရင် အလိုလိုက်လိုက်ပါ
အကောင်းမှကြိုက်တတ်တဲ့သူ့စိတ်ကိုချီးကျူးလိုက်စမ်းပါ ~
ကောင်းတာမှကြိုက်တတ်တဲ့သူမဟာ, နောက်ဆုံးကြရင်အကောင်းဆုံးဆိုတဲ့ဘဝမျိုးကိုပိုင်ဆိုင်သွားလိမ့်မယ်
သမီးကိုပျိုးထောင်တဲ့နေရာမှာ အမြင်ကျဉ်းတဲ့မိန်းကလေးမျိုးလုံးဝမဖြစ်ပါစေနဲ့ !
🌺နည်းနည်းလေးဆိုဇွတ်အထင်ကြီးနေတဲ့မိန်းကလေးမျိုးမဖြစ်စေနဲ့!
သွားဖူး,လာဖူး,စားဖူး,မြင်ဖူး~
သပ်သပ်ရပ်ရပ် နေတတ်ထိုင်တတ်~
တွေးတတ် တဲ့ အမြင်ကျယ်တဲ့မိန်းကလေးမျိုးဖြစ်ပါစေ.......
🌺ဒီလိုပျိုးထောင်တဲ့နေရာမှာ တတ်နိုင်တဲ့ငွေပမာဏလေးကို ထုတ်သုံးဖို့ဝန်မလေးပါနဲ့ !
ဒါဟာ investment(ရင်းနှီးမြုပ်နှံမှု)တစ်ခုလို့သဘောထားပါ
ကိုယ့်သမီးကို ကိုယ်ကဖြစ်သလိုထားရင် ကိုယ့်ကိုကိုယ် တန်ဖိုးမထားတတ်တဲ့ ဖြစ်သလိုမိန်းကလေးပဲဖြစ်သွားမယ်။
🌺ဥစ္စာအမွေမပေးနိင်ရင်တောင် ပညာအတွေးအခေါ်အမွေတော့ပေးခဲ့ပါ ~
ရုပ်ဝတ္ထုတွေဖြည့်စည်းမပေးနိင်ရင်တောင် စိတ်ဓာတ်ခွန်အားကိုတော့ဖြည့်ဆည်းပေးပါ~
Credit