09/02/2023
ကျမစီကို အရင်လိုဖုန်းမဆက်တော့တဲ့ ချစ်ရသူလေးကို... ဖုန်းမဆက်ရကောင်းလားလို့အများကြီး အပစ်တင် ပြောမနေတော့ပါဘူး... သူ့မှာလဲ သူ့အကြောင်းနဲ့သူ ရှိမှာပေါ့နော်လို့ပဲ ဖြည့်တွေးပေးလိုက်တယ်.. ကျမ အရင်လို ဟိုတွေးဒီတွေးလဲ တွေးမနေတော့ဘူး အတွေးတွေဝင်လာရင် အာရုံပြောင်းလိုက်တယ်... အချို့အတွေးတွေက relation တစ်ခုအတွက် toxic ဖြစ်စေတယ်လေ... သူဖုန်းစက်ပိတ်ထားတယ်.. တခါမှမလုပ်ဖူးတဲ့ပုံစံတွေလုပ်နေလဲ... ကျမလျှောက်မတွေးတော့ဘူး ကျမအတွေးက မှန်ချင်မှ မှန်မှာလေ ဒါကြောင့် သူ့ကိုလွမ်းလာရင် မေတ္တာပဲ ပို့လိုက်တယ် သူအေးချမ်းပါစေပေါ့.. မချစ်တာမဟုတ်ဖူးနော် ချစ်တတ်သွားတာ.. သူဖုန်းဆက်လာရင်ပြောလိုက်မယ်.. ကိုယ်လွမ်းလာရင် မေတ္တာပို့နေလိုက်မယ်..... အေးချမ်းပါတယ်.. မပူလောင်ချင်တော့ဘူး