Chelsa Chi

Chelsa Chi Beauty & Healthy & Happiness

နောက်ဆုံးတော့ အလိုလိုက်ရကျိုးနပ်ခဲ့ပါပြီ တာဝန်ကျေပါတယ် အငယ်လေး☺️☺️
27/07/2025

နောက်ဆုံးတော့ အလိုလိုက်ရကျိုးနပ်ခဲ့ပါပြီ တာဝန်ကျေပါတယ် အငယ်လေး☺️☺️

Before & After 🫣
27/07/2025

Before & After 🫣

◾တန်ဖိုးထားတာကို မမြင်ရဘူးဆိုတဲ့အချစ်က ခဏတာမက်တဲ့ အိပ်မက်လောက်ပါပဲ။ဒါက အတူရှိရင်တောင် အမြဲတမ်းမနေနိုင်ဘူးဆိုတာ သတိထားဖို...
27/07/2025

◾တန်ဖိုးထားတာကို မမြင်ရဘူးဆိုတဲ့အချစ်က ခဏတာမက်တဲ့ အိပ်မက်လောက်ပါပဲ။
ဒါက အတူရှိရင်တောင် အမြဲတမ်းမနေနိုင်ဘူးဆိုတာ သတိထားဖို့လိုပါတယ်။
ကိုယ်က တန်ဖိုးထားတယ်ဆိုတာကို သူတကယ်ခံစားရဖို့ အရေးကြီးတယ်။
ကိုယ်က ဘယ်လောက်ချစ်ချစ် သူ့ကိုတန်ဖိုးထား၊ ဂရုစိုက်တယ်လို့ မခံစားရရင် ဒီချစ်ခြင်းက လေပေါ်က ချစ်ခြင်းသက်သက်ပဲ ဖြစ်ပါလိမ့်မယ်။

7️⃣ နောက်ကျမိရင် နောင်တပိုက်ရလိမ့်မယ်။ ⏰

◾ပြောချင်တာတွေ၊ သိစေချင်တာတွေကို မစောင့်ဆိုင်းပါနဲ့။
"နောက်မှပြောမယ်" ဆိုတာဟာ "နောင်တကြီးတစ်ခု" ဖြစ်သွားလိမ့်မယ်။
ချစ်ခြင်း မေတ္တာဟာတန်ဖိုးကြီးကြောင်း နောက်ကျမှ နားလည်လိမ့်မယ်။
ကိုယ်ချစ်တတ်တဲ့သူရှိတုန်း သူသိအောင် ပြသဖို့နိုင်ဖို့ပါ။
ဒါမှသာ ရေစက်မကုန်ခင်၊ ရေစက်မပြက်အောင် လုပ်နိုင်မယ်။
တစ်ခြားအချိန်ဆိုတာ သေချာတာမဟုတ်ဘူးလေ။

◾နောင်တမရဖို့က… ဒီနေ့ မှာသာ ပြသလိုက်ဖို့လိုပါတယ်။ ✨
ကိုယ့်ရဲ့သဘောထားကို…
သိနေရုံ တစ်ခုတည်းနဲ့မရဘူးပဲ။ ပြသတတ်ဖို့လိုတယ်။
တစ်ချိန်တုန်းက "ကျွန်တော်နဲ့နားမှာ ရှိတဲ့အချိန်တွေကို" လွမ်းနေမယ် ထင်လား?
နောင်တမရဖို့ဆိုရင် ဒီနေ့မှာပဲ တန်ဖိုးထားထားပါ။
အချစ်ကို မစောင့်ဆိုင်းနဲ့၊ မနှောင့်နဲ့… လုပ်စရာရှိတာ လုပ်လိုက်ဖို့ပါ။

8️⃣ ချစ်တတ်တာက ချစ်ခြင်းထက် ပိုမိုနက်ရှိုင်းပါတယ်။ 🕊️

◾အချစ်ဆိုတာက ချစ်ခြင်းတစ်ခုတည်းတင် မကပါဘူး။
ယုံကြည်ခြင်း၊ တာဝန်ခံခြင်း၊ နားလည်ခြင်းအထိပါပါတယ်။
တစ်ယောက်ယောက်အတွက် တာဝန်ယူတတ်မှသာ တန်ဖိုးတက်ပါတယ်။
စကားပြောရင်လွယ်ပေမဲ့လည်း လုပ်ဆောင်နိုင်ဖို့က ရဲရင့်သတ္တိကြီးမှရပါတယ်။
အမှန်တော့ တကယ်ချစ်တတ်သူတွေကစကားထက် လုပ်ဆောင်မှုနဲ့ပြတတ်ကြတယ်။

◾ချစ်တတ်တာက မတော်တဆဖြစ်တာမျိုး မဟုတ်ပါဘူး။ 🎯
တော်တော်ကြိုးစားမှသာ တန်ဖိုးတက်တဲ့အချစ်ကို ရတတ်တယ်။
တကယ်ပြတ်သားတဲ့ ချစ်ခြင်းဆိုတာ စိတ်ဝင်စားမှု သက်သက်ပဲမဟုတ်ဘူး။
အချိန်ပေးမှု၊ စကားနားထောင်မှု၊ ပြဿနာကို နားလည်မှုတွေအထိပါပဲ။

9️⃣ တစ်ယောက်တည်းသာမက နှစ်ယောက်လုံးပါဝင်မှသာ ပျော်ရွှင်ရပါတယ်။ 🤝

◾တစ်ယောက်က ချစ်မိရုံနဲ့လည်း မရဘူး။ နှစ်ယောက်လုံးက စိတ်သူသဘောတူ ပါဝင်ဖို့လိုတယ်။
တစ်ယောက်ဖက်ကသာ အမြဲကြိုးစားပြန်ရင်လည်း ပူပင်လောင်မြိုက်တတ်တယ်။
နားလည်တတ်တဲ့ နှလုံးသားနှစ်စင်းကသာ ချစ်ခြင်းကို စိုက်ပျိုးလို့ရတယ်။
တန်ဖိုးထားတတ်တဲ့ လူနှစ်ယောက်ဆိုရင်တော့ အချစ်က အမြဲတည်တံ့နေမှာပါပဲ။
အချစ်က teamwork တစ်ခုလို့ပဲ ယူဆပါစို့။

◾တစ်ချိန်မှာ သင်တို့နှစ်ယောက် ချစ်သူအတွက် မှတ်တမ်းဖြစ်လာလိမ့်မယ်။ 📖
အခု ပြသထားနိုင်ရင် တစ်နေ့မှာတော့ ဒါကစိတ်ကြည်နူးစရာ ဖြစ်လာလိမ့်မယ်။
"အဲ့တုန်းက သင်ကတန်ဖိုးထားတတ်တယ်" ဆိုတာ သူတော်တော်သတိရမိမယ်။
တစ်ချိန်တုန်းက ရေစက်မကုန်ခင်က ပြသခဲ့တဲ့အချစ်က…
သူ့အတွက် အမှတ်အရဆုံးအရာတစ်ခု ဖြစ်နေမှာပဲ။
ဒါကြောင့် သင်နဲ့အတူ အမှတ်တရကို စတင်မယ်ဆိုရင်… ဒီနေ့ကစတင်ဖို့ပါ။

🔟 ရေစက်မကုန်ခင်… အချစ်ကိုပြသပါ။ 💗

◾နောက်ဆုံးတော့ ပြောချင်တာက တစ်ခုတည်းပါပဲ။
အချစ်ရှိတုန်း တန်ဖိုးထားပါ။
တန်ဖိုးထားတတ်တုန်း ချစ်ခြင်းကိုပြသပါ။
နောက်ကျမှ နောင်တမကျန်အောင် ရှိနေချင်တဲ့သူကို လက်မလွှတ်လိုက်ပါနဲ့။
ရေစက်မကုန်ခင်… အကောင်းဆုံးနဲ့ တန်ဖိုးထားချစ်နိုင်ကြပါစေ။

🆙 သင့်အနေနဲ့.. ဒီနေ့ထဲမှာပဲ ပြသလို့ရတာရှိတယ်ဆိုရင် ပြသလိုက်ပါ။
ချစ်တတ်တယ်ဆိုတာ မျှော်လင့်ချက်ပဲမဟုတ်ပါဘူး... လုပ်နိုင်စရာတစ်ခုပါ။
အချစ်ဆိုတာက တန်ဖိုးရှိဖို့ စကားနဲ့တင် မဟုတ်ပါဘူး... စိတ်ပါလက်ပါ လုပ်ဆောင်မှုနဲ့ပါ။
ရေစက်မကုန်ခင် တန်ဖိုးနဲ့ ချစ်နိုင်ကြပါစေ။
ဘဝက မနက်ဖြန်နဲ့ပြည့်နေတယ် မထင်လိုက်ပါနဲ့။ 💧

(မှတ်ချက်-ချစ်ခြင်းမတ္တာဟု သုံးနှုန်းထားသောကြောင့် -
မိချစ်၊ ဖချစ်၊ မောင်ချစ်၊ နှမချစ်၊ 1,500 အချစ်၊ 528 အချစ်ကို ဆိုလိုပါသည်။)

ရေစက်မကုန်ခင်...တန်ဖိုးထားပြီး ချစ်နိုင်ကြပါစေ။

ချစ်ခြင်းများစွာဖြင့်။

ပါမောက္ခ ဒေါက်တာစိုင်းနော််ဂျာ

Address

Yangon

Alerts

Be the first to know and let us send you an email when Chelsa Chi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chelsa Chi:

Share