12/05/2023
အထိအခိုက်အနည်းဆုံးနဲ့ဘေးကင်းကြပါစေ🙏🙏🙏
စစ်တွေ ကျောက်ဖြူမှာ ရေဆုပ်သွားပါပြီ
အင်အားပြင်းမုန်တိုင်းမလာခင်ဖြစ်တဲ့
လက္ခနာတွေပါ ပင်လယ်ထဲမှာ ဧရာမ
မိုင်ရာချီတဲ့ မုန်တိုင်းစက်ဝန်း လေပွေကြောင့်
အောက်ကရေတွေကပါလိုက်လည်ပီး အမြင့်
ပေဆယ်ချီထိ မုန်တိုင်းဗဟိုရှိ ရေရဲ့မျက်နှာပြင်
မြင့်တက်လည်လာပါတယ်အဲဒီတွက် ပင်လယ်
ကမ်းချေရှိရေတွေဟာ ကျသွားတတ်ပြီး
မုန်တိုင်းတိုက်ခတ်သည့်ခါ ပင်လယ်ရေဟာ
လေနှင့်အတူ ပြန်လည်ရိုက်ခတ်ပါသည်။
စစ်တွေကို ရိုက်ခတ်မယ့် ဒီရေလှိုင်းအမြင့်ဟာ
ပေ၂၀ ကျော်မြင့်ပါတယ် ပင်လယ်လှိုင်းဟာ
ရိုက်ခတ်ပီးနောက် ကမ်းပေါ်ရှိ သက်ရှိသက်မဲ့
အရာအားလုံးကို ပင်လဲထဲသို့ ပြန်လည်
ဆွဲခေါ်ယူသွားအုံးမှာဖြစ်တဲ့တွက် အမြန်ရှောင်ပါ။
ကမ်းရိုးတန်း ဒေသက ပြည်သူတွေက
မဖြစ်မနေ ရှောင်ကို ရှောင်ရပါမယ် တိုက် အိမ် တဲ
အကုန်ရှောင်ရမှာပါ။
ဆောင်ရန် ရှောင်ရန်များ
သောက်ရေ(၄ရက်စာ)
အစားစာ(၃ရက္စာ)
ဆေးဝါး ဓာတ်ဆား
အဝတ်၂စုံ
မှတ်ပုံတင်အိမ်ထောင်စုဇယား
Power bank
လက်နှိပ်ဓာတ်မီး တို့ပြင်ဆင်ပြီး
emergency bagအဖြစ်ထားကြပါ။
ဒီရေမရောက်နိုင်သောအရပ်မှာ ခိုင်ခံ့သော
အဆောက်ဦးများထဲတွင်မုန်တိုင်းခိုပါ
ကွင်းပြင်တွင်မနေရပါ မြေပြို အိမ်ပြို
တောင်ပြိုအန္တရာယ်များလဲသတိပြုပါ။
ပြိုလဲနေသော ဓာတ်တိုင် ဝါယာကြိုးများ
ထိတွေ့ကိုင်တွယ်ခြင်းမပြုရ ပါ။
ရေနှင့်အတူ အဆိပ်ရှိသတ္တဝါများ မြွေများ
မျောပါလာနိုင်သည်။
ဘေးကင်းကြပါစေ ၃၆နာရီ အချိန်ရပါသေးတယ်။
Credit. SLTN. မူခင်း SH. သတင်းဌာန