Baby Utopia

Baby Utopia Personalized cozy and lovely baby wears and goods for your bundle of joy!

🥰မိုးတွင်း ဆောင်းတွင်းမှာ ချစ်စရာကောင်းတယ့် babyလေးတွေရဲ့ ခြေဖဝါးနုနုလေး အေးစက်နေပြီလား🥰နွေးနွေးထွေးထွေးနဲ့ အအေးမမိအောင်...
21/10/2020

🥰မိုးတွင်း ဆောင်းတွင်းမှာ ချစ်စရာကောင်းတယ့် babyလေးတွေရဲ့ ခြေဖဝါးနုနုလေး အေးစက်နေပြီလား
🥰နွေးနွေးထွေးထွေးနဲ့ အအေးမမိအောင် ကာကွယ်ပေးမယ့်အပြင် အရုပ်ခြေအိတ်လေးနဲ့ ပိုပြီးအသဲယားပြီး ချစ်စရာကောင်းနေမှာနော် မေမေတို့
မွေးကာစမှ၃နှစ်ထိရ (size XS,S,M)
💰၁စုံယူ ၇၀၀၀
💰၃စုံယူ ၄၇၀၀
💰၅စုံယူ ၄၃၀၀
🚚Preorder (2-3 weeks)
🤝ရန်ကုန်အိမ်အရောက်ပို့ရှိပါတယ်
မန်းလေး/နေပြည်တော်/ရှမ်းပြည်နယ် မြို့ပေါ်တွေဘဲ အိမ်အရောက်ပို့ပေးပါတယ်ရှင့် *(covid ကာလတွင်းမြို့နဲ့ဝေးတယ့်နေရာတွေစာတိုက်နဲ့ပို့ပေးပါတယ်)
💬ကြိုက်နှစ်သက်ရာdesign ပြောပြီး cb မှာ ဟယ်လိုလုပ်လိုက်နော်

☘️စကားပြောခါစbabyလေးတွေအတွက် မင်မင်ပိုပြီး အရည်အသွေး ဂရုစိုက်ရတယ် အသားမကောင်းရင် ကိုယ်တောင်မဝတ်ချင်ဘူးလေ 🙏မင့်မင့်custom...
21/10/2020

☘️စကားပြောခါစ
babyလေးတွေအတွက် မင်မင်ပိုပြီး အရည်အသွေး ဂရုစိုက်ရတယ် အသားမကောင်းရင် ကိုယ်တောင်မဝတ်ချင်ဘူးလေ
🙏မင့်မင့်customerများ အေးချမ်းကြပါစေ အဆင်ပြေကြပါစေ အပူအပင်ကင်းကြပါစေ

Designလည်းမိုက် အသားလည်းကောင်း သားသားမီးမီးလေးတွေ အကြိုက်တွေ့စေမယ့် bomber jacket လေးတွေပါမွေးကာစမှ၅နှစ်ထိရ (size 66-120...
21/10/2020

Designလည်းမိုက် အသားလည်းကောင်း သားသားမီးမီးလေးတွေ အကြိုက်တွေ့စေမယ့် bomber jacket လေးတွေပါ
မွေးကာစမှ၅နှစ်ထိရ (size 66-120)
၁ထည်ယူ ၁၂၈၀၀
၃ထည်ယူ ၁၁၈၀၀
၅ထည်ယူ ၁၁၅၀၀
🚚Preorder (2-3 weeks)
🤝ရန်ကုန်အိမ်အရောက်ပို့ရှိပါတယ်
မန်းလေး/နေပြည်တော်/ရှမ်းပြည်နယ် မြို့ပေါ်တွေဘဲ အိမ်အရောက်ပို့ပေးပါတယ်ရှင့် *(covid ကာလတွင်းမြို့နဲ့ဝေးတယ့်နေရာတွေစာတိုက်နဲ့ပို့ပေးပါတယ်)
ကြိုက်နှစ်သက်ရာdesign ပြောပြီး cb မှာ hi လိုက်နော်

နွေးနွေးထွေးထွေး ကွေးကြမယ် ဆောင်းရာသီဝတ် baby wear ဝမ်းဆက်၁နှစ်မှ ၉နှစ်ထိရSize 66,73,80,90,100,110၁ထည်ယူ ၈၅၀၀၃ထည်ယူ ၇၅၀၀...
20/10/2020

နွေးနွေးထွေးထွေး ကွေးကြမယ် ဆောင်းရာသီဝတ် baby wear ဝမ်းဆက်
၁နှစ်မှ ၉နှစ်ထိရ
Size 66,73,80,90,100,110
၁ထည်ယူ ၈၅၀၀
၃ထည်ယူ ၇၅၀၀
၅ထည်ယူ ၇၂၀၀
Size 120,130,140
၁ထည်ယူ ၉၅၀၀
၃ထည်ယူ ၈၅၀၀
၅ထည်ယူ ၈၂၀၀
Size 150,160
၁ထည်ယူ ၁၀၂၀၀
၃ထည်ယူ ၉၂၀၀
၅ထည်ယူ ၈၉၀၀
🚚Preorder (2-3 weeks)
🤝ရန်ကုန်အိမ်အရောက်ပို့ရှိပါတယ်
မန်းလေး/နေပြည်တော်/ရှမ်းပြည်နယ် မြို့ပေါ်တွေဘဲ အိမ်အရောက်ပို့ပေးပါတယ်ရှင့် *(covid ကာလတွင်းမြို့နဲ့ဝေးတယ့်နေရာတွေစာတိုက်နဲ့ပို့ပေးပါတယ်)

ဆောင်းဝင်ကာစ ချမ်းစိမ့်စိမ့်လေအေးတွေ အရမ်းတိုက်လည်း မပူနဲ့နော် အထဲမှာ ဂွမ်းသားပါလို့ နွေးနွေးထွေးထွေး အသားအိအိလေးတွေပါမွ...
20/10/2020

ဆောင်းဝင်ကာစ ချမ်းစိမ့်စိမ့်လေအေးတွေ အရမ်းတိုက်လည်း မပူနဲ့နော်
အထဲမှာ ဂွမ်းသားပါလို့ နွေးနွေးထွေးထွေး အသားအိအိလေးတွေပါ
မွေးကာစမှ၂နှစ်ထိရ (size 59-90)
၁ထည်ယူ ၁၄၀၀၀
၃ထည်ယူ ၁၂၀၀၀
၅ထည်ယူ ၁၁၅၀၀
🚚Preorder (2-3 weeks)
🤝ရန်ကုန်အိမ်အရောက်ပို့ရှိပါတယ်
မန်းလေး/နေပြည်တော်/ရှမ်းပြည်နယ် မြို့ပေါ်တွေဘဲ အိမ်အရောက်ပို့ပေးပါတယ်ရှင့် *(covid ကာလတွင်းမြို့နဲ့ဝေးတယ့်နေရာတွေစာတိုက်နဲ့ပို့ပေးပါတယ်)
ကြိုက်နှစ်သက်ရာdesign ပြောပြီး cb မှာ hi လိုက်နော်

ချည်သားလေးကိုမှ ကြိုက်တယ့်မေမေတွေအတွက် သက်တောင့်သက်သာဖြစ်ပြီးဝတ်လို့ကောင်းတယ့်လက်ရှည်ဘောင်းဘီရှည်၆လမှ ၇နှစ်ထိရ (size 80-...
20/10/2020

ချည်သားလေးကိုမှ ကြိုက်တယ့်မေမေတွေအတွက် သက်တောင့်သက်သာဖြစ်ပြီး
ဝတ်လို့ကောင်းတယ့်လက်ရှည်ဘောင်းဘီရှည်
၆လမှ ၇နှစ်ထိရ (size 80-140)
၁ထည်ယူ ၇၂၀၀
၃ထည်ယူ ၆၂၀၀
၅ထည်ယူ ၅၉၀၀
🚚Preorder (2-3 weeks)
🤝ရန်ကုန်အိမ်အရောက်ပို့ရှိပါတယ်
မန်းလေး/နေပြည်တော်/ရှမ်းပြည်နယ် မြို့ပေါ်တွေဘဲ အိမ်အရောက်ပို့ပေးပါတယ်ရှင့် *(covid ကာလတွင်းမြို့နဲ့ဝေးတယ့်နေရာတွေစာတိုက်နဲ့ပို့ပေးပါတယ်)
ကြိုက်နှစ်သက်ရာdesign ပြောပြီး cb မှာ hi လိုက်နော်

ချွေးလည်းစုပ် အနွေးဓာတ်လည်းပေးမယ့် မိုးရာသီ ဆောင်းရာသီမှာ baby လေးတွေအတွက် သင့်တော်ပါတယ်၁နှစ်မှ ၈နှစ်ထိရ (size 90-150)၁ထ...
19/10/2020

ချွေးလည်းစုပ် အနွေးဓာတ်လည်းပေးမယ့် မိုးရာသီ ဆောင်းရာသီမှာ baby လေးတွေအတွက် သင့်တော်ပါတယ်
၁နှစ်မှ ၈နှစ်ထိရ (size 90-150)
၁ထည်ယူ ၈၅၀၀
၃ထည်ယူ ၇၅၀၀
၅ထည်ယူ ၇၂၀၀
🚚Preorder (2-3 weeks)
🤝ရန်ကုန်အိမ်အရောက်ပို့ရှိပါတယ်
မန်းလေး/နေပြည်တော်/ရှမ်းပြည်နယ် မြို့ပေါ်တွေဘဲ အိမ်အရောက်ပို့ပေးပါတယ်ရှင့် *(covid ကာလတွင်းမြို့နဲ့ဝေးတယ့်နေရာတွေစာတိုက်နဲ့ပို့ပေးပါတယ်)
ကြိုက်နှစ်သက်ရာdesign ပြောပြီး cb မှာ hi လိုက်နော်

ယုံယုံကြည်ကြည်နဲ့ ဝယ်ယူအားပေးတယ့်customerအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် တောင်ဥက္ကလာမြို့နယ်ကို delivery freeနဲ့ ကိုယ်တိုင...
03/10/2020

ယုံယုံကြည်ကြည်နဲ့ ဝယ်ယူအားပေးတယ့်customerအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် တောင်ဥက္ကလာမြို့နယ်ကို delivery freeနဲ့ ကိုယ်တိုင်သွားပို့ပေးတယ့်orderလေးတွေပါ
နေကောင်းကျန်းမာအောင်နေပြီး online shoppingဘဲထွက်ကြပါလို့😘

19/09/2020
💪 stay strong! stay safe!
18/09/2020

💪 stay strong! stay safe!

ကိုဗစ်နှင့် ကိုယ်၀န်

အခုအခါမှာ ကိုဗစ်ရောဂါဟာ ပြန်လည်ဦးမော့လာနေတဲ့ အခိုက်အတန့်ဖြစ်တာကြောင့် ကိုယ်၀န်ဆောင်မိခင်တွေအတွက် ရည်ရွယ်ပြီး ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အခြားသော မီးယပ်ရောဂါတွေဟာ ခဏတဖြုတ် ဆေးရုံဆေးခန်းမသွားဘဲ ထားလို့ရပေမယ့် ကိုယ်၀န်ဆောင်တွေ အတွက်ကတော့ ခက်ခဲပါတယ်။ ကိုယ်က ရင်နဲ့လွယ်ပြီး မွေးရမယ့် သားသမီးရတနာတွေမို့ ပုံမှန်စောင့်ရှောက်မှုကလည်း ခံယူချင်၊ ဆေးရုံဆေးခန်းသွားဖို့ကလည်း ကိုဗစ်နဲ့က အရင်လို မလွတ်လပ်နေတော့ အခက်တွေ့နေမယ်လို့ ယူဆပါတယ်။

ဒီတော့ ကိုယ်၀န်ဆောင်တွေနဲ့ ကိုဗစ် ဘယ်လို ထူးခြားမှုတွေရှိမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

အခုအချိန်အထိတော့ ကိုယ်၀န်ဆောင်တွေရဲ့ ကိုဗစ်ပိုးကူးစက်ခံရနိုင်ချေက တခြားသူတွေနဲ့ တူတူပါပဲ။ ကိုယ်၀န်ဆောင်မို့ ပိုကူးတတ်တယ်မရှိပါဘူး။ ဒါကတော့့ ကောင်းတဲ့အချက်ပါ။ ဒီတော့့ ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့လည်း ပုံမှန်လူတွေလိုပဲ ကာကွယ်ရင်ရပါပြီ။
ကာကွယ်တဲ့နည်းလမ်းတွေကတော့့ _
(က) အိမ်အပြင်ကို မလိုအပ်ဘဲမထွက်ပါနဲ့။
(ခ) လူစုလူ‌‌ေ၀းရှောင်ရှားပါ။
(ဂ) အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ပါ။ (မျက်နှာအကာတပ်လို့လည်းရပါတယ်။ သို့သော် နှာခေါင်းစည်းမပါဘဲ မျက်နှာအကာတစ်ခုတည်း မတပ်ရပါဘူး။ အလွန်မှားယွင်းပါတယ်။)
(ဃ) လက်ကို သေချာစွာဆေးပါ။ (အပြင်ထွက်ရင် လက်ဆေးရည်ဆောင်ထားပါ။)
(င) အဟာရပြည့်၀စွာစားသုံးပါ။
(စ) အိပ်ရေး၀၀ အိပ်ပါ။ (နေ့လည်နေ့ခင်း တစ်နာရီခန့် အိပ်စက်အနားယူပါ။)

ဒါပေမယ့် တစ်ခု သတိထားဖို့လိုတာက ကိုယ်၀န်ဆောင်တွေမှာ ကိုဗစ်ရောဂါဖြစ်ရင်တော့ ပုံမှန်လူတွေထက် ဆိုးကျိုးများတတ်ပါတယ်။ ဘာလို့ဆိုတော့ ကိုယ်၀န်လရင့်တဲ့အချိန်ဆို ကိုယ်၀န်ကြောင့်ကို မောတတ်တာမို့ ကိုဗစ်သာထပ်ဖြစ်ရင် မောတာပိုဆိုးနိုင်ပါတယ်။ မတော်လို့ အသက်ရှူစက် တင်ရတဲ့အခြေအနေထိသာရောက်ခဲ့ရင်လည်း ကိုယ်၀န်ရှိနေတာမို့ ကုသရေးမှာ နည်းနည်း အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ အခန့်မသင့်လို့ မိခင် ကျန်းမာရေးအခြေအနေမကောင်းရင် ကလေးကို စောမွေးလိုက်ရတာမျိုးတွေလည်းရှိနိုင်ပါတယ်။

ကံကောင်းတဲ့အချက်ကတော့ ကိုဗစ်ကြောင့် ကိုယ်၀န်ပျက်ကျတာမျိုးတော့့ အခုအထိ မတွေ့ရှိရသေးပါဘူး။ ကိုဗစ်ရောဂါပိုးရှိတဲ့မိခင်ကနေ ကလေးဆီကို အချင်းကတဆင့်လည်း မကူးပါဘူး။ ဒါပေမယ့် မွေးပြီးနောက်မှာတော့ ကူးစက်နိုင်ပါတယ်။ အစောဆုံးအနေနဲ့ မွေးကင်းစ ပထမ၁၂နာရီအတွင်းမှာကို ကလေးလေးတွေကို ကိုဗစ်ပိုးကူးစက်တာကို တွေ့ရပါတယ်။ ဒီတော့ ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့က ရောဂါပိုးမကူးစက်လေ ကောင်းလေပဲဖြစ်ပါတယ်။

ကိုယ်၀န်ဆောင်တွေထဲမှာမှ အထူးသတိထားသင့်သူတွေကတော့
(က) အ၀လွန်နေသူတွေ (BMI ၂၅ ကျော်သူတွေ)
(ခ) ရောဂါအခံရှိသူကိုယ်၀န်ဆောင်တွေ
(ဂ) ကိုယ်၀န်ဆိပ်တတ်သူ၊ ကိုယ်၀န်ဆောင်သွေးတိုး၊ ကိုယ်၀န်ဆောင်ဆီးချို ရှိသူတွေ
(ဃ) ဗီတာမင်-ဒီချို့တဲ့သူတွေ (နေရောင်အမြဲရနေတဲ့ အာရှမှာ အလွန်ရှားပါတယ်။)
(ဃ) အသက် ၃၅နှစ်ကျော်မှ ကိုယ်၀န်ဆောင်သူတွေ
ဖြစ်ပါတယ်။ ဒီလိုလူတွေမှာ ကိုဗစ်ဖြစ်ရင် နည်းနည်းဆိုးတတ်ပါတယ်။

သို့သော်လည်း လက်ရှိစစ်တမ်းများအရတော့ ကိုယ်၀န်ဆောင်တွေမှာကိုဗစ်ဖြစ်ရင် ပုံမှန်လူတွေလိုပဲ အများစုက လက္ခဏာမပြကြပါဘူး။ ၈၀ရာခိုင်နှုန်းနီးပါးလို့ တွေ့ရှိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မဖြစ်တာကတော့အကောင်းဆုံးပါ။ ဒီတော့့ လူစုလူ‌ေ၀းရှောင်ဖို့ ဘယ်လိုကိုယ်၀န်ဆောင်စောင့်ရှောက်မှုယူကြမလဲပေါ့လေ။ ဒါကတော့ ကိုယ့်ကို ကိုယ်၀န်ဆောင်စောင့်ရှောက်ပေးနေတဲ့ ဆေးရုံ (သို့မဟုတ်) ဆရာ၀န် (သို့မဟုတ်) အထူးကုနဲ့ သေချာ တိုင်ပင်ပြီး ပြသရမယ့်ရက်တွေ အချိန်တွေကို သေချာ သတ်မှတ်ထားဖို့လိုပါမယ်။ အရေးပေါ်အခြေအနေမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း တောင်းခံထားဖို့လိုပါလိမ့်မယ်။

ကိုယ်၀န်ဆောင်တို့ သတိထားရမယ့်လက္ခဏာတွေဖြစ်တဲ့
ရေဆင်း
သွေးဆင်း
ဗိုက်နာ
ကလေးအလှုပ်နည်းရင်တော့ အရေးပေါ်အခြေအနေမို့ ဆေးရုံအရေးပေါ်ကို သွားသင့်သလို၊ အကယ်၍ ကြိုတင်စီစဥ်ထားတာရှိရင်လည်း စီစဥ်ထားတဲ့အတိုင်းလိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

အကယ်၍ သိချင်တာတွေရှိရင်လည်း ကျနော့်Page messengerကနေ မေးမြန်းလို့လည်းရတဲ့အကြောင်း အသိပေးလိုပါတယ်။ အခုလို အချိန်မှာ တတ်နိုင်တဲ့ဘက်က ကူညီပေးတဲ့သဘောပါပဲ။

အားလုံးကျန်းမာကြပါစေ။
ဒေါက်တာဂယက်

Address

South Okkalapa Township
Yangon
11091

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 12:00
Sunday 08:00 - 18:00

Telephone

+959401223782

Website

Alerts

Be the first to know and let us send you an email when Baby Utopia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share