Kokoro Link Japanese Language

Kokoro Link Japanese Language Let's learn japanese together✨

အားလုံးပဲမင်္ဂလာပါရှင်🌸ဂျပန်စာလေ့လာရာမှာ Listening (နားထောင်မှု) ကောင်းမှ Speaking (စကားပြော) ပါ လိုက်ပါတိုးတက်မှာဖြစ်ပါ...
20/02/2026

အားလုံးပဲမင်္ဂလာပါရှင်🌸

ဂျပန်စာလေ့လာရာမှာ Listening (နားထောင်မှု) ကောင်းမှ Speaking (စကားပြော) ပါ လိုက်ပါတိုးတက်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်နားထောင်ဖြစ်နေတဲ့ Podcast ကောင်းလေးတွေကို ညွှန်းပေးလိုက်ပါတယ်ရှင် !

​ဒီ Podcast လေးတွေကို ပုံမှန်နားထောင်ပေးခြင်းအားဖြင့်:

✅ Listening: ဂျပန်လူမျိုးတွေရဲ့ သဘာဝစကားပြောအရှိန်နဲ့ လေယူလေသိမ်းကို ရင်းနှီးလာစေပါတယ်။

✅ Speaking: သူတို့ပြောတဲ့ပုံစံကို လိုက်ဆိုကြည့်တဲ့ Shadowing နည်းလမ်းနဲ့ လေ့ကျင့်ရင် ကိုယ်တိုင်ပြောတဲ့အခါ ပိုပြီး သဘာဝကျလာမှာပါ။

​အောက်မှာ Channel အလိုက် Link လေးတွေပါ 👇

1. Japanese with Shun

🔗 https://youtube.com/?si=TTPX9LjNkuUULfTr

​2. Peko Peko Vlog

🔗 https://youtube.com/?si=mhkkZBPA26XVi2Lu

​3. Daily Japanese with Naoko

🔗 https://youtube.com/?si=zdJ8B6WBjdJ0oEQ_

​4. YUYU の日本語 Podcast

🔗​https://youtube.com/?si=TREe7XiiYQacQg5C

5. Bite Size Japanese

🔗 https://youtube.com/?si=buybifBOk2KMxG7u

​Tips for Improvement:

နားထောင်ရုံတင်မကဘဲ သူတို့ပြောတဲ့ စကားလုံးလေးတွေကို လေသံတူအောင် လိုက်ဆိုကြည့်ပါ။ တစ်နေ့ကို ၁၅ မိနစ်လောက်ပဲဖြစ်ဖြစ် ပုံမှန်လုပ်သွားရင် Listening ရော Speaking ပါ သိသိသာသာ ပြောင်းလဲလာမှာ အသေအချာပါပဲ! 💪🇯🇵

အားလုံးပဲမင်္ဂလာပါရှင်​🌸 Kokoro Link Japanese Language မှ N5 / N4 Level အတန်းများကို အသက်သာဆုံးနှုန်းထားနဲ့ စတင်ဖွင့်လှစ...
14/02/2026

အားလုံးပဲမင်္ဂလာပါရှင်​🌸

Kokoro Link Japanese Language မှ N5 / N4 Level အတန်းများကို အသက်သာဆုံးနှုန်းထားနဲ့ စတင်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်

ဆရာမနဲ့ တိုက်ရိုက်စကားပြောရင်း၊ မေးခွန်းတွေ မေးမြန်းရင်း သင်ယူချင်သူများအတွက် Zoom Class ဖြစ်ပါတယ်🇯🇵

​✨ သင်တန်းရဲ့ အားသာချက်များ

​Zoom Live Class: Recorded Video တွေပဲ ပေးကြည့်တာမျိုးမဟုတ်ဘဲ Zoom ကနေ တိုက်ရိုက် (Face-to-Face) စနစ်တကျ သင်ကြားပေးမှာပါ။

​Interactive Learning: သင်ခန်းစာထဲက နားမလည်တာတွေကို ချက်ချင်းမေး၊ ချက်ချင်းဖြေလို့ရတဲ့အတွက် ပိုပြီး ခရီးရောက်ပါတယ်။

​JLPT Preparation: စာမေးပွဲအတွက် အရေးကြီးဆုံးဖြစ်တဲ့ JLPT မေးခွန်းဟောင်း (၃) စုံ ကိုပါ အသေးစိတ် အတူတူ လေ့ကျင့်ပေးသွားမှာပါ။

​🗓️ သင်တန်းအသေးစိတ်

N5 ​-စတင်မည့်ရက် : ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၆ (28.Feb.2026)

N5 -​သင်တန်းအချိန် : အပတ်စဉ် စနေ၊ တနင်္ဂနွေ (ည ၇:၀၀ - ၉:၀၀)

​သင်တန်းကာလ: ၄ လ

​သင်တန်းကြေး: ၈၀,၀၀၀ ကျပ် (ဖတ်စာအုပ်ဖိုး မပါဝင်ပါ)
--------------------------------------------------------------------------

N4-စတင်မည့်ရက် : မတ်လ ၂ ရက်၊ ၂၀၂၆ ( 2.Mar.2026)

N4-​သင်တန်းအချိန် : အပတ်စဉ် တနင်္လာ ၊ အင်္ဂါ (ည ၇:၀၀ - ၉:၀၀)

​သင်တန်းကာလ: ၄ လ

​သင်တန်းကြေး: ၁၀၀,၀၀၀ ကျပ် (ဖတ်စာအုပ်ဖိုး မပါဝင်ပါ)

💥​သင်တန်းသား တစ်ဦးချင်းစီကို အနီးကပ် လေ့ကျင့်ပေးချင်တာကြောင့် အတန်းတစ်တန်းလျှင် သင်တန်းသား (၁၀) ယောက်သာ ကန့်သတ်လက်ခံသွားမှာပါရှင်။

​📌 စုံစမ်းမေးမြန်းရန်နှင့် စာရင်းပေးရန်:

Page Messenger မှတစ်ဆင့် (သို့မဟုတ်) ဖုန်း/viber [09-758472561] သို့ ဆက်သွယ်နိုင်ပါသည်။

19/12/2025

🌸 Kokoro Link Japanese Language Page မိတ်ဆက်ခြင်း 🌸

အားလုံးပဲ ​မင်္ဂလာပါရှင်... 🙏

Kokoro Link ဆိုတဲ့ နာမည်လေးအတိုင်းပဲ ဂျပန်စာပညာရပ်တွေကို သင်ယူသူတွေရဲ့ နှလုံးသားထဲအထိ ထိထိရောက်ရောက် ရောက်ရှိစေဖို့ ရည်ရွယ်ပြီး တည်ထောင်ထားတာ ဖြစ်ပါတယ်။ ❤️

​✨ Page ကနေ ဘာတွေ တင်ဆက်ပေးသွားမှာလဲ?

​၁။ Online Japanese Classes 📚

ဂျပန်စာကို အခြေခံကစပြီး JLPT အောင်မြင်တဲ့အထိ ထိရောက်တဲ့ နည်းစနစ်တွေနဲ့ သင်ကြားပေးမယ့် Online Class များအကြောင်း။

​၂။ Knowledge Sharing 💡

ဂျပန်စာ လေ့လာရာမှာ အထောက်အကူပြုမယ့် နည်းလမ်းတွေ ၊ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ စည်းကမ်းစနစ်တွေနဲ့ ဂျပန်သွားမယ့်သူတွေအတွက် သိထားသင့်တဲ့ ဗဟုသုတစုံစုံလင်လင်တွေကို အကောင်းဆုံးမိတ်ဆက်ပေးသွားမှာပါ။ 🤝✨

သင်တန်းတန်းခွဲသစ်များနှင့် ဂျပန်စာ ဗဟုသုတများကို စဉ်ဆက်မပြတ် သိရှိနိုင်ဖို့ Page လေးကို Like & Follow လုပ်ထားပေးကြပါဦးနော်။ ✨

​အားလုံးကို နွေးထွေးစွာ ကြိုဆိုလျက်...
Kokoro Link Japanese Language 🌸

Address

Yangon

Telephone

+959791762276

Website

Alerts

Be the first to know and let us send you an email when Kokoro Link Japanese Language posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kokoro Link Japanese Language:

Share