MoMo, PoPo & CoCo Baby Food

MoMo, PoPo & CoCo Baby Food MoMo Puff is for young children. Children starting from age 9 months can start eating MoMo Puff.

PoPo Cereal is a newly launched product for children who are six months and up.

အစားရှောင်နေတယ်ဆိုတဲ့ diet သမားတွေအတွက် CoCo Noodle ရဲ့ အားသာချက်လေးတွေပြောပြမယ်နော် 😘🟡Zero Added Salt: ဆား လုံးဝ မပါဝင်...
19/08/2026

အစားရှောင်နေတယ်ဆိုတဲ့ diet သမားတွေအတွက် CoCo Noodle ရဲ့ အားသာချက်လေးတွေပြောပြမယ်နော် 😘

🟡Zero Added Salt: ဆား လုံးဝ မပါဝင်လို့ ရေဝပ်ပြီး ဝမ်းဗိုက်ဖောင်းတာ (Water Retention & Bloating) ကို မဖြစ်စေပါဘူး။
🟡100% Clean Label: တာရှည်ခံဆေး၊ ဓာတုဆိုးဆေးနဲ့ အချိုမှုန့်/အနံ့တုတွေ လုံးဝ (လုံးဝ) မပါဝင်ပါဘူး။
🟡Premium Quality & Non-GMO: ပရီမီယံ ဂျုံမှုန့်နဲ့ ပြုလုပ်ထားပြီး Non-GMO ဖြစ်တဲ့အတွက် အစာကြေလွယ်ပြီး အူလမ်းကြောင်းကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။
🟡Healthy Meal Prep: မိနစ်ပိုင်းအတွင်း အလွယ်တကူ ပြုတ်ယူနိုင်ပြီး ကြက်ရင်အုပ်သား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်တို့နဲ့ ယှဉ်တွဲချက်ပြုတ်လိုက်ရုံနဲ့ High-Protein, Low-Sodium Clean Noodle Bowl တစ်ခွက်ကို ဖန်တီးနိုင်ပါတယ်။

Weight Loss Journey မှာ Carbs ကို အပြီးတိုင် ရှောင်စရာ မလိုပါဘူးနော် 💚 ကျန်းမာရေးနဲ့ ညီညွတ်တဲ့ CoCo Noodle လေးနဲ့ Weight ထိန်းရင်း ခေါက်ဆွဲပူပူလေးကို စိတ်အေးချမ်းစွာ သုံးဆောင်လိုက်ပါ။ ❤️

MoMo, PoPo, CoCo တို့လည်း ပျင်းနေကြတာနဲ့ သစ်သီးဖွက်တမ်းကစားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။MoMo က ပန်းသီးဖွက်တယ်၊ PoPo က မက်မ...
17/08/2026

MoMo, PoPo, CoCo တို့လည်း ပျင်းနေကြတာနဲ့ သစ်သီးဖွက်တမ်းကစားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။

MoMo က ပန်းသီးဖွက်တယ်၊ PoPo က မက်မွန်သီးဖွက်ပြီး CoCo ကတော့ သရက်သီးဖွက်ပါတယ်။
တစ်ယောက်ကဖွက်တဲ့အသီးကို ကျန်တဲ့နှစ်ယောက်ကလိုက်ရှာရတဲ့ ကစားနည်းလေးပါ။

ဘယ်သူနိုင်မယ်လို့ထင်ကြလဲ ❓
တူတူလိုက်ရှာကြည့်ကြရအောင်

သားသားမီးမီးတို့ အစားအသောက်ဂျီးများနေလို့ စိတ်ညစ်နေရပြီလား မေမေတို့ရေ❓🤔 PoPo Cereal ရဲ့ နူးညံ့တဲ့ Texture လေးက ကလေးတွေ...
14/08/2026

သားသားမီးမီးတို့ အစားအသောက်ဂျီးများနေလို့ စိတ်ညစ်နေရပြီလား မေမေတို့ရေ❓🤔

PoPo Cereal ရဲ့ နူးညံ့တဲ့ Texture လေးက ကလေးတွေ အလွယ်တကူ မျိုချနိုင်အောင် ပြုလုပ်ပေးထားတဲ့အပြင်
ဆန်လုံးညို၊ ဂျုံ၊ နို့ နဲ့ သစ်သီးစစ်စစ်တွေပါဝင်လို့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူဖြစ်စေပါတယ်နော် 🥰

ဒါကြောင့် မိုးရာသီမှာ အိမ်ထဲမှာပဲနေရင်း ကလေးတွေ ဗိုက်ပြည့်ပြီး ကျန်းမာပျော်ရွှင်နေဖို့ PoPo Cereal ကိုသာ ရွေးချယ်လိုက်ပါ မေမေတို့ရေ 😘

ရာသီမှာ ကလေးငယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရနိုင်ခြေ ပိုများတာမို့ မေမေတို့အနေနဲ့ ဒီအချက်လေးတွေကို အထူးဂရုစိုက်...
12/08/2026

ရာသီမှာ ကလေးငယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရနိုင်ခြေ ပိုများတာမို့ မေမေတို့အနေနဲ့ ဒီအချက်လေးတွေကို အထူးဂရုစိုက်ပေးဖို့ လိုပါတယ်နော် -

✅ရေဝပ်နိုင်သော နေရာများ ရှင်းလင်းပါ
အိမ်တွင်း/အိမ်ပြင်ရှိ ပန်းအိုး၊ ဘူး၊ ခွက်၊ တာယာဟောင်းများနှင့် ရေတင်နိုင်သော နေရာများကို နေ့စဉ် စစ်ဆေးပြီး ရေသွန်ထုတ်ပါ။

✅ အင်္ကျီ လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပေးပါ
မိုးတွင်း အိမ်မှာ ဆော့ကစားချိန်မှာ ကလေးငယ်များကို အလင်းရောင်လင်းစေ့တဲ့ အရောင်ဖျော့ဖျော့ လက်ရှည်၊ ဘောင်းဘီရှည်လေးများ ဝတ်ဆင်ပေးပါ။

✅ ကလေးသုံး ခြင်ပြေးဆေး သို့မဟုတ် ခြင်ထောင် အသုံးပြုပါ
နေ့လယ်ဘက် အိပ်ချိန်မှာပဲဖြစ်ဖြစ် ခြင်ထောင်ထောင်ပေးပါ သို့မဟုတ် ကလေးအသက်အရွယ်နဲ့ ကိုက်ညီတဲ့ သဘာဝ ခြင်ပြေးခရင်မ်/Patch စတစ်ကာလေးများ ကပ်ပေးပါ။

ဒီလိုကာကွယ်ပေးရမယ့်အပြင် ကလေးအတွက် ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့ အစားအသောက်တွေကျွေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်နော် ❤️

"CoCo Noodle က ကလေးအတွက်ပါ" လို့ ပါးစပ်က ပြောပေမယ့် ညနက် (၁၂) နာရီလောက်ဆို ရေနွေးအိုး တည်သံ ကြားနေရပြီ... 🤣ခေါက်ဆွဲတော့စ...
10/08/2026

"CoCo Noodle က ကလေးအတွက်ပါ" လို့ ပါးစပ်က ပြောပေမယ့် ညနက် (၁၂) နာရီလောက်ဆို ရေနွေးအိုး တည်သံ ကြားနေရပြီ... 🤣

ခေါက်ဆွဲတော့စားချင်တယ် ဒါပေမယ့် ပုံမှန်ခေါက်ဆွဲတွေကျ ဆားနဲ့ အချိုမှုန့်တွေ ပါတော့ မနက်ကျ မျက်နှာဖောင်းမှာလည်း ကြောက်တယ် 😩
CoCo Noodle က ဆားမပါ၊ တာရှည်ခံဆေးမပါ၊ Soda အလွတ် ဆိုတော့ ဒါတွေတွေးပူနေစရာမလိုဘူးလေ ✨

ခေါက်ဆွဲပူပူ၊ နူးနူးအိအိလေးကို ကလေးမသိအောင် ညဘက် မီးဖိုချောင်ထဲ စားရတာ အရသာ အရှိဆုံးပါပဲနော် 😉

မိုးတွင်းမှာ သားသားမီးမီးတို့ ဖျားနာလွယ်လို့ ကိုယ်ခံအားကောင်းဖို့ အထူးဂရုစိုက်ရမယ်နော် 😷 သွားရည်စာစားရင်း ကျန်းမာရေးအတွက...
08/08/2026

မိုးတွင်းမှာ သားသားမီးမီးတို့ ဖျားနာလွယ်လို့ ကိုယ်ခံအားကောင်းဖို့ အထူးဂရုစိုက်ရမယ်နော် 😷 သွားရည်စာစားရင်း ကျန်းမာရေးအတွက်ပါ တစ်ခါတည်း အကျိုးရှိစေမယ့် MoMo Puffs ရဲ့ အရသာ (၂) မျိုးကို ရွေးချယ်လိုက်ပါ ‼️‼️

🍏 Apple & Broccoli: သံဓာတ်၊ ဗီတာမင်စီနဲ့ ဖောလစ်အက်ဆစ်တို့က ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ပန်းသီးမှာပါဝင်တဲ့ Quercetin ဓာတ်က အဆုတ်ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။
🍑 Peach: ကလေးတွေအကြိုက် ချိုချဉ်အရသာလေးနဲ့ ဗီတာမင် A နဲ့ C ပါဝင်လို့ မျက်စိအာရုံကြောအားကောင်းစေပါတယ်။ အစာကြေလွယ်လို့ အူလမ်းကြောင်းကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

မိုးတွင်း အိမ်တွင်းအောင်းနေရချိန် ကလေးတွေ ကိုယ်တိုင် လက်မ၊ လက်ညှိုးလေးတွေသုံးပြီး ကောက်စားရင်း ပျော်ရွှင်စွာ အာဟာရဖြည့်နိုင်တဲ့ အကောင်းဆုံး Finger Food လေးပဲ ဖြစ်ပါတယ်နော် 🤗

MoMo, PoPo နဲ့ CoCo တို့ သူငယ်ချင်းသုံးယောက် တောထဲ camping ထွက်ကြတဲ့အခါ သုံးယောက်သား စမ်းချောင်းလေးနဲ့ဝေးရာကို ရောက်သွား...
06/08/2026

MoMo, PoPo နဲ့ CoCo တို့ သူငယ်ချင်းသုံးယောက် တောထဲ camping ထွက်ကြတဲ့အခါ သုံးယောက်သား စမ်းချောင်းလေးနဲ့ဝေးရာကို ရောက်သွားကြလေရဲ့

အဲ့တာနဲ့ပဲ ရေဆာတဲ့အခါတိုင်း မိုးရွာထားလို့ သစ်ရွက်တွေပေါ်တင်နေတဲ့ရေလေးတွေကို လိုက်ရှာပြီးသောက်ရပါတော့တယ် 🍃

မိုးအေးအေး မနက်ခင်းတွေမှာ သားသားမီးမီးတို့ နွေးနွေးထွေးထွေးနဲ့ အာဟာရပြည့်စေဖို့ PoPo Cereal လေးရှိတယ်နော် 🤗 ❤️ ဖော်မြူလ...
04/08/2026

မိုးအေးအေး မနက်ခင်းတွေမှာ သားသားမီးမီးတို့ နွေးနွေးထွေးထွေးနဲ့ အာဟာရပြည့်စေဖို့ PoPo Cereal လေးရှိတယ်နော် 🤗 ❤️

ဖော်မြူလာနို့၊ ကြက်ပေါင်း (သို့) ကြက်ပြုတ်ရည် တို့နဲ့ မိနစ်ပိုင်းအတွင်း အလွယ်တကူ ဖျော်စပ်နိုင်လို့ မေမေတို့ အလုပ်ရှုပ်သက်သာစေပါတယ်… 🕝⚡

ဆား၊ တာရှည်ခံဆေး လုံးဝမပါဝင်ဘဲ သဘာဝသစ်သီးအရသာတွေဖြစ်တဲ့ စတော်ဘယ်ရီ-ငှက်ပျော နဲ့ သရက်-မက်မွန် အရသာ နှစ်မျိုးတောင်ရှိလို့ ကလေးတွေ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ 🥰

အသက် (၆) လအထက် ဘေဘီလေးတွေအတွက် ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါ ✨

Weekend အားလပ်ရက်လေးတွေမှာ မိသားစုတစ်စုလုံး စုံစုံလင်လင်နဲ့ စားလို့ရမယ့် Comfort Food တစ်ခုခုကို ရှာနေပါသလား? 🏡👨‍👩‍👧‍👦မိ...
01/08/2026

Weekend အားလပ်ရက်လေးတွေမှာ မိသားစုတစ်စုလုံး စုံစုံလင်လင်နဲ့ စားလို့ရမယ့် Comfort Food တစ်ခုခုကို ရှာနေပါသလား? 🏡👨‍👩‍👧‍👦

မိသားစုရဲ့ ထမင်းဝိုင်းလေးကို ပျော်ရွှင်ကျန်းမာစေမယ့် CoCo Premium Dry Noodle လေး ရှိပါတယ် ။

နူးညံ့အိစက်တဲ့ ခေါက်ဆွဲသားမို့ ဖိုးဖိုးဖွားဖွားတွေလည်း ဝါးရတာ သက်သောင့်သက်သာရှိသလို ၊ ဆားနဲ့ ဆိုဒါ လုံးဝမပါလို့ အိမ်က လူကြီးတွေရဲ့ သွေးတိုး၊ ဆီးချို ကျန်းမာရေးအတွက်လည်း စိုးရိမ်စရာ မလိုပါဘူး ။

ဒီတစ်ပတ် ပိတ်ရက် အိမ်တွင်း အပန်းဖြေချိန်လေးမှာ မိသားစုတစ်စုလုံးအတွက် ဘေးကင်းပြီး အာဟာရလည်းပြည့်ဝတဲ့ CoCo ခေါက်ဆွဲပူပူလေးနဲ့ ပျော်ရွှင်စရာ Moment လေးတွေ ဖန်တီးလိုက်ရအောင် 🥰🍜

မေမေတို့ရေ... အသက် ၈ လကနေ ၁ နှစ်ဝန်းကျင် ကလေးငယ်တစ်ယောက် လက်ညှိုးနဲ့ လက်မ နှစ်ချောင်းတည်းသုံးပြီး မုန့်လုံးသေးသေးလေးတွေက...
30/07/2026

မေမေတို့ရေ... အသက် ၈ လကနေ ၁ နှစ်ဝန်းကျင် ကလေးငယ်တစ်ယောက် လက်ညှိုးနဲ့ လက်မ နှစ်ချောင်းတည်းသုံးပြီး မုန့်လုံးသေးသေးလေးတွေကို ကောက်စားလာနိုင်တာဟာ ရိုးရိုးရှင်းရှင်း ဖွံ့ဖြိုးမှုတစ်ခု မဟုတ်ပါဘူးနော် ✨

🔍ဆေးပညာသိပ္ပံ (Neurology) အရ လက်ချောင်းလေးတွေဟာ အာရုံကြောစနစ်များစွာ စုစည်းနေတဲ့နေရာလေးတွေပါတဲ့။ ဒါကြောင့် ကလေးက လက်မနဲ့ လက်ညှိုးကို သုံးပြီး တစ်ခုခုကို တိတိကျကျ ညှပ်ယူလိုက်တဲ့အမူအကျင့် (Pincer Grasp) ကို ပြုလုပ်လိုက်တိုင်း...

♦️ဦးနှောက်ရဲ့ Motor Cortex (လှုပ်ရှားမှုထိန်းချုပ်ရာနေရာ) မှာ ဆဲလ်အသစ်တွေ ချိတ်ဆက်တာမျိုး (Synaptogenesis) ဖြစ်ပွားပါတယ်။
♦️ဒါဟာ ရေရှည်မှာ ကလေး စာရေးတဲ့အခါ ခဲတံကိုင်တာ၊ ကတ်ကြေးညှပ်တာကစလို့ Fine Motor Skills (အသေးစိတ် လုပ်ဆောင်နိုင်စွမ်း) ကို တမင်သက်သက် လေ့ကျင့်ပေးစရာမလိုဘဲ အလိုအလျောက် ထက်မြက်သွားစေတာပါ။

ဒီလို Pincer Grasp ကို အထောက်အကူပြုဖို့အတွက် MoMo Puffs လို စားစရာလေးတွေကျွေးပေးသင့်ပါတယ် မေမေတို့ရေ ❤️

Address

Yangon
11181

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959454373315

Website

Alerts

Be the first to know and let us send you an email when MoMo, PoPo & CoCo Baby Food posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share