23/02/2021
"CDM ရုန်းထွက် သူရဲကောင်း များအတွက် အထောက်အပံ့ပေးဖို့အတွက် ဝိုင်းကြီးချုပ် နဲ့ချိတ်ဆက် "
စစ်အာဏာရှင်ဖြုတ်ချရေးမှာ
အရေးကြီးတဲ့ CDM 100% အောင်မြင်ဖို့ အတွက် ပြည်သူအားလုံးတာဝန်ရှိပါသည်။
ထို့အတူ ရုံးမတက် ဘဲ ရုန်းထွက်နေသောပြည်သူ့ဝန်ထမ်းများကို စောင့်ရှောက်ဖို့က ပြည်သူတို့တာဝန်ဖြစ်လာပါပြီ။
ဝိုင်းကြီးချုပ် Campaign မှာအခုဘဲပါဝင်လိုက်ပါ ...
CDM hero တွေကိုအထောက်အပံ့ပေးမည့် "ဝိုင်းကြီးချုပ်" Campaign ...
ဆိုတာ CDM လုပ်ဆောင်နေသူတွေကို ပြည်သူတွေက အကူအညီပေးရာမှာ နယ်မြေအလိုက် တာဝန်ခွဲဝေယူကူညီလိုက်ခြင်းဖြစ်ပါသည်။
ဗဟိုအခြေပြုကူညီမှု အစား " ပြည်သူ မှ ပြည်သူ "တိုက်ရိုက် စောင့်ကြည့်အကူအညီပေးခြင်း ဖြစ်ပါသည်။
" ရှာဖွေ၊ချိတ်ဆက်၊ထောက်ကူပံ့
လက်မှတ်ထိုးကာ ပြန်ပို့ပါ..."
သင်လုပ်ဆောင်ရမှာက
(၁) ကိုယ့်အိမ်နီးနားချင်း၊ မိသားစုဝင်များ၊ သူငယ်ချင်းတွေကနေတစ်ဆင့်
-CDMတွင် ပါဝင်နေသောဝန်ထမ်းနှင့်
-လစဉ်ကူညီထောက်ပံ့ပေးမည့်သူကို ရှာဖွေပေးပါ။
(၂) ချိတ်ဆက်ပေးပါ။
(၃) CDM ဝန်ထမ်းနှင့် ထောက်ပံ့မည့်သူတို့က အောက်ဖော်ပြပါခံဝန်ကတိလွှာအတိုင်း လက်မှတ်ထိုးပေးထားနိုင်ပါတယ်။ (စိတ်ဆန္ဒအလျောက်)
(၄) ခံဝန်ကတိလွှာဓါတ်ပုံကို အောက်ပါ CDM ပရဟိတစာရင်းထိန်းများဆီကို တိုက်ရိုက်ဆက်သွယ်ပေးပို့ နိုင်ပါတယ်
(စာရင်းထပ်ခြင်း/ကျန်ခြင်းမရှိအောင်ပါ)
(၅) လိုအပ်သည်များကို ထောက်ပံ့ပေးမည့်သူဆီကနေ တိုက်ရိုက်ရယူပါ။
CDM တွင်ပါဝင်နေသောဝန်ထမ်းတွေ၏ လိုအပ်ချက်များ(အစားအစာ၊ငွေကြေး၊ နေရာထိုင်ခင်း စသည်)ကို ခံဝန်ကတိလွှာထိုးထားတဲ့ လစဉ်ကူညီထောက်ပံ့ပေးသူတွေထံမှ တိုက်ရိုက်ချိတ်ဆက် ရယူနိုင်ပါသည်။ (CDM ပရဟိတ ငွေစာရင်းထိန်းများ ကြားခံမလိုတော့ပါ။)
ပြည်သူ့အတွက်ပြည်သူရှိတယ်
ပြည်သူတစ်ယောက်က ရုန်းထွက်လာတဲ့ ပြည်သူ့ဝန်ထမ်းကို ပြန်လည်ကူညီစောင့်ရှောက်ရပါမယ်။ သင့်ရဲ့ အကူအညီ နှင့် CDMကိုထောက်ပံ့ပေးပါ။
"CDM ၈၀%အောင်မြင်လျှင်, တိုင်းပြည်ကို ၈၀%ပိုင်မည်။
CDM ၁၀၀%အောင်မြင်လျှင်, တိုင်းပြည်ကို ၁၀၀%ပိုင်မည်။"
ဤစနစ်သည် စိတ်ဓါတ်စစ်ဆင်ရေးဖြစ်သောကြောင့် ၈၀% မပါဝင်သေးသ၍ စိုးရိမ်ကြောင့်ကြသောကကို တနိုင်ငံလုံး စက္ကန့်နှင့်အမျှ ပူလောင်ခံစားနေရမည်ဖြစ်သည်။
ဒီတစ်ကြိမ်လို အာဏာရှင်ကို စိတ်တူကိုယ်တူ တပြည်သားလုံးညီညွှတ်စွာ တွန်းလှန်နိုင်သောဖြစ်စဉ်မှာ နောက်ဆုံးကြိုးစားခွင့်ဖြစ်နိုင်သောကြောင့် မဆိုင်းမတွ ယခုပင် CDM နှင့် ဝိုင်းကြီးချုပ် မှာ ပါဝင်လိုက်ပါ။
Campaign ကိုမျှဝေပါ။
CDM ဝန်ထမ်းများကိုတတ်နိုင်သမျှအကူအညီပေးပါ။
ဝိုင်းကြီးချုပ် Campaign နှင့်ပတ်သက်၍ထပ်မံသိရှိလိုသောမေးခွန်းများကို မေးမြန်းရန် ။
ဝိုင်းကြီးချုပ် Campaign မိတ်ဖက်အဖွဲ့အစည်းများ
1. 21 Savage MM(Yangon)
2. Civil Disobedience Movement
3. GO FUND ME
4. ၂/၂၀၁၂ ခိုင်မြဲသောလက်များ
5. Funding 4
6. Myanmar Resistance & For Our People
7. PITI CDM Movement
8. PADAMYAR Group
9. CDM Doctor Network
10. Get Well Soon Myanmar
11. Together We Win
12. CONNECT 21
#ဝိုင်းကြီးချုပ်
#ပြည်သူ့အတွက်ပြည်သူ
#ရှာဖွေချိတ်ဆက်ထောက်ကူပံ့လက်မှတ်ထိုးကာပြန်ပို့ပါ