22/04/2022
📌အကိတ်လေးတွေ ဖတ်ဖြစ်အောင် ဖတ်နော်...💕
Ac ထဲက Friend တွေကို Sharing လုပ်ပါရစေနော်....😍😘
သူများတွေ OS ရောင်းတဲ့ အတွေ့အကြုံတော့ ဘယ်လိုနေလဲ သေသေချာချာမသိပါဘူးရှင့်...😘
ကိုယ်အတွက်ကတော့ OS လုပ်တာက ဝိတ်ချဖို့ အကောင်းဆုံးနည်းလမ်းအဖြစ် တွေ့ခဲ့ရပါတယ်ရှင့်...💥💯💥
ပထမတချက်က တရက်မှာ Live Sale 2 times လွှင့်တော့ 6 hrs အနည်းဆုံး မတ်တပ်ရပ်ရပါတယ်ရှင့်...🍀☘️
ဒုတိယက Live Sale Order နဲ့ Messenger Order နှစ်ခုပေါင်း ပစ္စည်းထည့် vocher ဖွင့် အထည်သိမ်း
၁ နာရီခွဲမှ ၂ နာရီလောက် ကြာပါတယ်ရှင့်..🎀🎀
ပြီးရင် Messages များ Reply ပြန် Page အတွက်ပုံရိုက် postတင် နောက်နေ့အတွက်ပြင်ဆင် ၁နာရီခွဲမှ
၃နာရီအတွင်း (customers ph reply မပါ)🍀🌻☘️
အလုပ်ကိစ္စ ပြီးရင်တော့ တအိမ်လုံးစားထားသမျှနဲ့ ဝတ်ထားသမျှ ဆေးကြော လျှော်ဖွတ်မီးပူတိုက်(cindrella အဖြစ်) 2 နာရီခွဲမှ ၃ နာရီခွဲခန့် ကြာပါတယ်ရှင့်...💃💃
နာရီကြည့်လိုက်လို့ မနက် ၃ နာရီလောက် ရောက်သွားရင် online course သင်တန်းတက်လေ့လာ
၂ နာရီလောက် ကြာသွားပါတယ်ရှင့်...🤔🤔
အရမ်းအိပ်ချင်နေလို့ အိပ်မယ်ကြံတော့ EPC ကောင်းမှုကြောင့် မီးပျက်သွားလို့ ပူပြီးအိပ်မရတော့ပါရှင့်...😭😭😭
သမီးနှစ်ယောက်အတွက်ကတော့ တနေ့ကို ၂ နာရီလောက်ဘဲ အချိန်ပေးနိုင်တော့လို့ စိတ်မကောင်းတော့ ဖြစ်မိပါတယ်ရှင့်...😔😔
အချုပ်ပြောမယ်ဆိုရင် Ac ထဲမှ Friend ကိတ်ကိတ်လေးတွေကို ပြောချင်တာက ဝိတ်ချချင်ရင် Jim
သွားမဲ့အစား OS လုပ်ပါလို့ အကြံပြုပါတယ်နော်...😘😍
Customer ဆီမှ Ac ထဲ ငွေလွှဲဝင်မဝင် စောင့်ရတာလဲ ရည်စားဆီမှ ပြန်စာရလို့ ရင်ခုန်မှုမျိုးရမှာပါနော်...💥💯💥
Customers Order cancel လျှင်လည်း ချစ်သူ ထားခဲ့သလိုမျိုး ခံစားရလို့ အစားအသောက်လည်း လျှော့ပြီးသား ဖြစ်နေမှာပါလို့...💥💯💥
တချက်ခုတ်နှစ်ချက်ပြတ်
ဝင်ငွေလည်းရ ဝိတ်လည်းကျစေဖို့
အကိတ်လေးတွေ OS လုပ်ကြစို့လို့ စိတ်ရင်းနဲ့ အကြံပြုလိုက်ပါတယ်ရှင့်...😍😘😘
စာကြွင်း နှစ်ပတ်အတွင်း ၅ပေါင်ကျ...🚶♀️🚶♀️
Love you all
moe moe
23.4.2022
3:55 Am
fb.me/thitsarfashion
m.me/thitsarfashion 🍀🌻🌺🌹☘️
Girl's Update Fashion
Women' fashion clothing & Update Outfit
Pajamas etc...