Sweet Baby - Online Store

Sweet Baby - Online Store မိခင်နှင့် ကလေးအသုံဆောင်များ လက်လီ?

15/03/2022

#မိခင်ဖြစ်လာပြီးနောက်မှာအတိုက်အခံတွေလုပ်တတ်လာပါသလား?

အရင်ခေတ်တုန်းကတော့ ရှေးအယူအဆတွေအများကြီးရှိခဲ့ကြတယ်။

🔺အမျိုးသမီးဟာ မီးဖွားပြီးရင် အစားအစုံမစားရဘူး။ အဖြူထည်ပဲစားရမယ်။

✅နို့တိုက်မိခင်ကအစာအာဟာရအစုံမစားရင် အာဟာရချို့တဲ့မှာပေါ့။ အဲဒီကျမှ ကလေးရောအမေပါ Vitamin နဲ့ Protein ဓာတ်ချို့တဲ့ပြီး ကျန်းမာရေးထိခိုက်မှာ။

_______

🔺မီးဖွားပြီးရင်ဆပ်ပြာမကိုင်ရဘူးနော်။ နူတတ်တယ်။

✅မီးဖွားပြီးရင် တကိုယ်ရည်သန့်ရှင်းရေးကို ပိုတောင်ဂရုစိုက်ရဦးမယ်။ သားဖွားမီးယပ်ဆရာဝန်ကြီးတွေကတောင်မှ မီးဖွားပြီးတာနဲ့ ရေချိုးနိုင်တယ်...ခွဲတဲ့ဒဏ်နာက သက်သာရင်ခေါင်းလျှော်နိုင်တယ်လို့မှာထားတာ။ နူတယ်ဆိုတာ Leprosy ရောဂါ။ ဆပ်ပြာနဲ့ဘာမှမဆိုင်ပါ။

________

🔺မီးဖွားပြီးရင်တစ်ကိုယ်လုံးနနွင်းလိမ်းရမယ်။ ဒါမှသွေးသန့်မယ်။

✅အမေကနနွင်းတွေလိမ်းထားတော့ ကလေးနို့တိုက်ရင်းချီတဲ့အခါ ကလေးကိုယ်ကိုဆနွင်းတွေပေပြီး ရောဝါကုန်မှာပေါ့။ အဲတော့ ကလေးအသားဝါရင်တောင် နနွင်းကြောင့်လား တကယ်ဝါတာလားခွဲမရဘူးဖြစ်ပြီး အသိတွေနောက်ကျကုန်ရော။ အမျိုးသမီးတွေမှာ သွေးသန့်တယ်/မသန့်ဘူးဆိုတာမရှိဘူး။

_________

🔺ကလေးကို မွေးဆံပင်နဲ့မထားနဲ့။ ဘုန်းနိမ့်တတ်တယ်။ မွေးဆံပင်နဲ့ထားရင် ဆံပင်လည်းမသန်ဘူး။

​✅မွေးစကနေ ၆လအထိ ကလေးကိုခေါင်းလုံးဝမရိတ်ရဘူး။ မတော်တဆဓားထိပြီး ပိုးဝင်ရင် ကလေးအသက်အန္တရာယ်ထိဖြစ်နိုင်တယ်။ ဆံပင်သန်ခြင်းမသန်ခြင်းက ခေါင်းရိတ်တာနဲ့မဆိုင်ဘူး။

_________

🔺ကလေးချက်ထဲကို အုပ်ဆေးလေးထည့်လိုက်လေ အနာကျက်လွယ်အောင်!

✅ကလေးချက်က မွေးပြီး ၁၀ရက်ကျော်ရင် အလိုလိုခြောက်ပြီးကြွေတယ်။ ချက်ထဲကို ဘာမှမထည့်ရဘူးလို့ ဆရာဝန်မှာထားတယ်။ ပိုးဝင်ပြီးဖျားတတ်တယ်။

ဒီလိုပြန်ပြောတတ်ကြတဲ့၊ ပတ်ဝန်းကျင်ကို အတိုက်အခံလုပ်ခဲ့ကြတဲ့ မေမေတွေရှိပါသလား...

တကယ်တော့ ဒီလိုမေမေတွေတကယ်လိုအပ်ပါတယ်။

ကျွန်မတို့ဟာ လွဲမှားတဲ့ကျန်းမာရေးအသိတွေကို တွန်းလှန်ပစ်ဖို့တာဝန်ရှိပါတယ်။ ဒီလိုပြန်တွန်းလှန်နိုင်ဖို့ဆိုတာလည်း ဖေဖေ၊ မေမေတို့အနေနဲ့ သူများစကားမှာလမ်းမဆုံးဖို့လိုအပ်ပါတယ်။ စာများများဖတ်ထားရပါမယ်။ လွဲမှားတဲ့အယူအဆတွေ လာပြောရင်၊ လုပ်ဖို့တွန်းအားပေးရင် ချက်နဲ့လက်နဲ့ပြန်လည်ဖြေရှင်းတတ်ဖို့လိုပါတယ်။

လူကြီးတွေပြောနေကျစကားရှိတယ်မဟုတ်လား။
ခုခေတ်ကလေးတွေကဉာဏ်ပိုကောင်းကြတယ်တဲ့။
ဒါဟာအဖြေပါပဲ။
အရင်ကနဲ့မတူတဲ့ အတွေးအခေါ်မှားတွေ၊ အယူအဆမှားတွေကို ပြင်ဆင်လိုက်ကြလို့ ခုခေတ်ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဟာ အရင်ထပ်ပိုတိုးတက်လာကြတာပါ။

​ကျွန်မတို့ဘက်ကနေ မှန်ကန်တဲ့ကျန်းမာရေးအသိတွေကိုအမြဲဝေမျှပေးပါမယ်။
မေမေတို့ဘက်ကလည်း စာတွေဖတ်ရှုပြီး မမှန်ကန်တဲ့အယူအဆတွေကို ပြန်တွန်းလှန်ဖို့ကြိုးစားပေးပါ။

ကျွန်မဟာ မိခင်တစ်ဦးအနေနဲ့လည်း အယူအဆအမှားတွေကို ဘယ်သူ့ကိုမဆိုချေပတတ်သလို ပတ်ဝန်းကျင်ကမိခင်တွေအတွက်လည်း အမြဲအားပေးနေမှာဖြစ်ပါတယ်❤️

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

04/02/2022
24/01/2022

‼️❗️⁉️ကလေးတွေကို အားဆေးအမြဲတိုက်ဖို့ လိုသလား? အားဆေးထဲမှာဘယ်လိုအာဟာရဓာတ်တွေ ပါဝင်သလဲ? အားဆေးတိုက်မှ ကလေး ထွားမှာလား?

ဒီမေးခွန်းကတော့ မေမေ တွေ အသိချင်ဆုံး ဖြစ်မယ် ထင်ပါတယ်။ ကလေးတွေကို အားဆေးအမြဲ တိုက်ဖို​ ့ မလိုအပ်ပါဘူး။ ဗီတာမင်နဲ့ သတ္တုဓာတ် တစ်ခုခု ချို့တဲ့နေတဲ့ ကလေးတွေ၊ မကြာခဏ ဖျားနာ ဝမ်းလျှောနေပြီး အာဟာရဓာတ် စုပ်ယူမှု အားနည်းတဲ့ ကလေးတွေနဲ့၊ အာဟာရအလွန်ချို့တဲ့နေတဲ့ ကလေးတွေကိုသာ အားဆေး တွေ ဖြည့်တင်းပေးဖို့ လိုအပ်တာပါ။ သာမာန် ကျန်းမာပြီး အစာအုပ်စု စုံလင်အောင် စားနိုင်တဲ့ ကလေးတွေကို အထူးတလည် အားဆေး တိုက်စရာ မလိုအပ်ပါဘူး။

အားဆေးထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့-

Multivitamin အားဆေးတွေမှာ ဆိုရင် ဗီတာမင် အစုံနဲ့ သတ္တုဓာတ် အစုံ ပါဝင်ပါတယ်။

သံဓာတ် အားဆေး တွေမှာ ဆိုရင် သွေးအားကောင်းစေမယ့် သံဓာတ်၊ ဖောလစ်အက်ဆစ် နဲ့ တခါတရံ ဗီတာမင်စီ ပါဝင်တတ်ပါတယ်။

ဗီတာမင်စီ အားဆေးဆိုရင်တော့ ဗီတာမင်စီ တစ်မျိုးတည်း သို့ ဗီတာမင် စီ + ဗီတာမင် ဘီ အုပ်စု ပါဝင်တတ်ပါတယ်။

ငါးကြီးဆီ အားဆေးမှာဆိုရင် အိုမီဂါ 3 အုပ်စုတွေ ဖြစ်တဲ့ DHA EPA ALA တို့ ပါဝင်လေ့ရှိပါတယ်။

ဇင့်ဓာတ် ပါဝင်တဲ့ အားဆေးလည်း သီးသန့် ထုတ်ထားတာရှိတတ်ပါတယ်။

ဝမ်းဗိုက်ကျန်းမာရေးနဲ့ ကိုယ်ခံအားကို တက်စေတဲ့ ပရိုဘိုင်အောတစ် တွေလည်း ရှိပါတယ်။

ဗီတာမင် ဒီ နဲ့ ကယ်လဆီယမ် ကို သီးသန့် ဖော်စပ်ထားတဲ့ အားဆေးမျိူးလည်း ရှိပါတယ်။

အကြမ်းဖျင်းကတော့ ကလေးမှာ ချို့တဲ့နေတဲ့ အာဟာရဓာတ်ကို ဆရာဝန်က လိုအပ်ရင် ပြန်ဖြည့်ပေးတဲ့ အနေနဲ့ သင့်တော်တဲ့ အားဆေးတွေကို ညွှန်ပေးလေ့ရှိပါတယ်။

✅✅✅အားဆေးတိုက်မှ ကလေး ထွားမှာလားဆိုရင်တေ့ာ မဟုတ်ဖူးလို့ ဖြေပါရစေ။ အားဆေးမျိုးစုံ သောက်ပြီး ပိန်နေတဲ့ ကလေးတွေ၊ ချူချာတဲ့ ကလေးတွေ တွေ့ရပါတယ်။ အဓိကက အစားအသောက်ပါ။ ကလေးတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ အစာအုပ်စုတွေ စုံလင်အောင် ကျွေးဖို့က အရေးကြီးဆုံး ဖြစ်ပြီး အားဆေးကို ဆရာဝန် ညွှန်ကြားမှပဲ တိုက်စေချင်ပါတယ်။

⚠️⚠️အားဆေး 2 မျိူး 3 မျိုးတိုက်ပြီး overdose ဖြစ်မှာကိုလည်း သတိထားစေချင်ပါတယ်။

✳️ကလေးအားလုံး အတွက် အရေးကြီးတဲ့ အစာအုပ်စုတွေကတော့ -

အသား/ငါး/ပဲအမျိုးမျိုး/ကြက်ဥဘဲဥ
နို့နှင့် နို့ထွက်ပစ္စည်းများ
ရောင်စုံဟင်းသီးဟင်းရွက်
အသီးအနှံ
ကောင်းမွန်တဲ့ အဆီဓာတ်
ကစီဓာတ် ကြွယ်ဝတဲ့ ထမင်း/ခေါက်ဆွဲ/ပေါင်မုန့် တို့ ဖြစ်ပါတယ်။

ကလေးတိုင်းကို အစာအုပ်စု စုံလင်အောင် ကျွေးကြဖို့ တိုက်တွန်းလိုက်ပါတယ် မေမေတို့ရေ။
အားဆေး အတွေ့အကြုံလေးတွေလည်း မျှဝေပေးပါဦး။

ဒေါက်တာကြယ်စင်ယုမွန်
HappyFood- Nutrition channel

22/01/2022
မဂ်လာပါရှင်Sweet Baby - Online Store မှကြိုဆိုပါတယ်ရှင့်👦👧သားသားမီးမီးတို့အတွက် စာရေးမသင်ခင် လက်ချောင်းလေးတွေ သန်မာလာစေဖ...
22/01/2022

မဂ်လာပါရှင်

Sweet Baby - Online Store မှကြိုဆိုပါတယ်ရှင့်

👦👧သားသားမီးမီးတို့အတွက် စာရေးမသင်ခင် လက်ချောင်းလေးတွေ သန်မာလာစေဖို့ အားရုံ စူးစိုက်မှု ကောင်းဖို့ scissors skiss လေး လေ့ကျင့်ပေးဖို့ လိုပါတယ်ရှင့်

📌မင်မင်တို့ဆီ ရောက်ရှိနေပါပီနော်
#အကိုင်သင်ကော်ကြတ်ကေး
စျေးနှုန်းလေးက 800 ကျပ်ပါရှင့်

မှာယူလိုပါက CB (သို့)
09426914037 Hello လိုက်ပါနော်

20/01/2022

အားလုံးပဲမင်္ဂလာပါ🤍

ဒီဆောင်းပါးမှာ ဆွေးနွေးချင်တာကတော့ မိဘတွေဖြစ်တဲ့ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ မရည်ရွယ်ဘဲ လုပ်မိနေတဲ့၊ လုပ်ခဲ့ကြတဲ့ အပြုအမူအမှားလေးတွေအကြောင်းပါ။

ပထမဆုံးကတော့

'ဟယ် သူ့ကလေးက ငါ့ကလေးနဲ့အသက်တူတူပဲကို ငါ့ကလေးမလုပ်သေးတဲ့ ဖွံ့ဖြိုးမှုလုပ်နေပြီနော်'ဆိုပြီး ကိုယ့်စိတ်ထဲကတွေးတာပါ​​။ ဒါကတော့စိတ်ထဲကတွေးမိတာဖြစ်တဲ့အတွက် ကိုယ့်သားသမီးအတွက် ပူပန်စိတ်ကလွဲရင် ဘာမှထူးပြီး ပြဿနာမရှိပါဘူး။ သို့သော်လည်း ကလေးတွေဟာ အချိန်နဲ့အမျှ ဖွံ့ဖြိုးနေပါတယ်ဆိုတာကို သိထားဖို့လိုပါတယ်။ အချိန်တစ်ခုယူပြီးစောင့်ကြည့်ပြီးမှ စိတ်ပူပါ။ အဲဒီအချိန်မှ ကလေးဆရာဝန်နဲ့တိုင်ပင်ပါ။

နောက်တစ်ခုကတော့ သူများရဲ့ကလေးကို ဝေဖန်မိတာပါ။ 'ကိုယ့်ကလေးကတော့ဖြင့် ဘယ်အရွယ်မှာဘာလုပ်နိုင်ပြီ...သူ့ကလေးကမလုပ်နိုင်သေးပါလား'ဆိုတာကို စိတ်ထဲကတွေးရုံမက နှုတ်နဲ့ပါသွားပြောမိတာပါ။

ဥပမာ မိခင်တစ်ယောက်က ညည်းမိတယ်ဆိုပါစို့။

'ကလေးက အသက်၄လရှိပြီ မမှောက်တတ်သေးဘူး'ဆိုတာကို 'ကျွန်မကလေးကတော့ ၂လခွဲတည်းကမှောက်တတ်တာ' ဆိုပြီးဝင်ပြောမိတာပါပဲ။

ဒါမျိုးအလားတူစကားတွေလည်းရှိပါသေးတယ်။

'ဟယ် နင့်သားလေးက ၇လထိသွားမပေါက်သေးဘူးနော်။ ငါ့ကလေးဆို ၆လမှာ သွား၂ချောင်းထွက်နေပြီ'

'သမီးလေးက တစ်နှစ်ကျော်တာတောင်လမ်းမလျှောက်သေးဘူးလား...အိမ်ကသမီးတုန်းက ၁၁လနဲ့လမ်းစမ်းလျှောက်နေတာ'

'သားလေးကစကားမပြောသေးဘူးနော် ၂နှစ်တောင်ပြည့်တော့မယ့်ဟာကို'

စသဖြင့် မရည်ရွယ်တဲ့စကားလေးတွေရှိကြပါတယ်။

ကိုယ်ကတော့ မရည်ရွယ်ဘဲပြောလိုက်တာပဲ။ ဒါပေမယ့် တစ်ဖက်မိဘကတော့ အတော်ခံစားရပါတယ်။
ခုခေတ်မိဘတွေဆိုတာ ကိုယ့်သားသမီးအတွက် စာမျိုးစုံဖတ်၊ ဗဟုသုတအစုံရှာနေကြတယ်ဆိုတာ ကိုယ့်သားသမီးကောင်းရာကောင်းကျိုးအတွက်ပါ။ ဒီလိုအချိန်မှာ သူများကလာနှိုင်းယှဉ်တာကို ကြုံရရင် အတော်ခံစားရပါတယ်။

ဟိုးအရင်ကဆို ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ Body Shaming လုပ်ခြင်းဆိုတဲ့အပြုအမူကိုရှောင်သင့်မှန်းမသိကြပါဘူး။ ဒါကြောင့်လည်း လူတချို့အတော် စိတ်ဒုက္ခရောက်ခဲ့ရပါတယ်။ နောက်ပိုင်းခေတ်မှာ Body Shaming လုပ်ခြင်းအပြုအမူအကြောင်း ကျယ်ပြန့်စွာ အသိပေးနိုင်တဲ့အချိန်မှာတော့ လူအချင်းချင်းတွေ့တာနဲ့ 'ဝလာလိုက်တာနော်' 'ပိန်သွားလိုက်တာဟယ်' စသဖြင့်နှုတ်ဆက်တာဟာ မယဉ်ကျေးတဲ့အပြုအမူမှန်းသိလာကြပါတယ်။ ပြုပြင်လာကြပါတယ်။ ဒါဟာ ကျွန်မတို့လူ့အဖွဲ့အစည်းရဲ့တိုးတက်မှုတစ်ခုပါ။

ခုလည်း ဒီလိုပါပဲ...မိဘတွေတိုင်းမှာ မမြင်နိုင်တဲ့အခက်အခဲတွေကိုယ်စီရှိကြပါတယ်။ ခုလိုကြပ်တည်းတဲ့ခေတ်၊ ရောဂါဘယထူပြောတဲ့ခေတ်မှာ သားသမီးတစ်ဦးကို ပြုစုပျိုးထောင်နိုင်ဖို့ဆိုတာ တော်ရုံမလွယ်တဲ့ကိစ္စပါ။ ဒီတော့ မိဘအချင်းချင်း ဖေးဖကြစေချင်ပါတယ်။

ကလေးလေးဖွံ့ဖြိုးမှုနောက်ကျတာကို ညည်းတွားမိနေတဲ့မိခင်/ဖခင်ကိုမြင်ရင် ကိုယ့်ကလေးရဲ့ဖွံ့ဖြိုးမှုကို မကြွားဝါဘဲ မိဘတွေကို နှစ်သိမ့်အားပေးမှုပြုလုပ်ပေးပါ။ ကလေးရဲ့ လက်ရှိဖွံ့ဖြိုးမှုလေးတွေကို ချီးကျူးပေးပါ။ လိုအပ်တာရှိရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ အကြံပေးပါ။

ကျွန်မတို့လူ့အသိုင်းအဝိုင်းရဲ့ လွဲနေတဲ့အရာလေးတစ်ချို့ကို ပြုပြင်နိုင်ဖို့ဆွေးနွေးခြင်းဖြစ်ပါတယ်။ ခုလိုမရည်ရွယ်တဲ့ လူမှုရေးအမှားလေးတွေကို တစ်ဦးချင်းစီကပြင်သွားမယ်ဆိုရင် နေပျော်တဲ့ပတ်ဝန်းကျင်ကို လူတိုင်းရရှိလာမှာပဲဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗credit မပေးဘဲ တစ်ဆင့်ပြန်လည်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

ကလေးကျန်းမာရေးဆောင်းပါးများ Link👇👇👇

https://www.facebook.com/290558198291445/posts/694608024553125/?d=n

18/01/2022

❌လုံးဝ မပြောသင့်သည့် စကားများ။ ❌
•••••••••••••••••••••••••••••••••••••

"ဗိုက်က ၅လဗိုက်လောက်ကျန်သေးတယ်နော်။"
▪️ဗိုက်ခွဲပြီးထွက်လာတာ Gym ဆော့ပြီး ပြန်လာတာ
မဟုတ်လို့ ဗိုက်ကိုမဝေဖန်ပါနဲ့ဦးနော်။

“ငါမွေးပြီးပြီးချင်းတုန်းက ဗိုက်အဲ့လောက်မပူပါဘူး။"
▪️ကိုယ့်တုန်းကပိုလှခဲ့တယ်ဆိုရင်လည်း တိုးတိုးလေး
နေပေးပြီး မီးနေသည်နဲ့နှိုင်းယှဉ်ခြင်းသည်းခံပါ။

“ကလေးမွေးပြီး ဘယ်နှစ်ပေါင် ရှိသွားပြီလဲ?"
▪️ကလေးနို့တိုက်ရ၊ အိပ်ရေးပျက်ရ၊
တစ်ခြားဝေယာဝစ္စတွေ ဗြောင်းသတ်အောင်လုပ်နေရတဲ့ မေမေအသစ်မို့ ကိုယ်အလေးချိန်ကိုလိုက်စိတ်ဝင်စားမဲ့အစား အဆင်ပြေရဲ့လားလို့ပဲမေးပေးပါ။

“နင့်ကိုကြည့်ပြီး တစ်သက်လုံး ကလေးမယူချင်တော့ဘူး။"
▪️ကိုယ့်ဆန္ဒကိုယ့်သဘောအတိုင်းမို့ ဖွင့်ထုတ်ပြောနေဖို့မလိုပါဘူး။ ကလေးဆိုတာလဲ ဘုရားပေးလို့ ထိုက်တန်တဲ့သူမှရတာပါ။

“ငါမွေးရင် ရိုးရိုးပဲမွေးမှာ။"
▪️သဘာဝအတိုင်းမွေးနိုင်တာ ကောင်းပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးရတဲ့မေမေတွေလည်း ကလေးထွက်လာတာခြင်းတူတူပါပဲ။

"ငါကတော့ခွဲမွေးလို့ ခန္ဓာကိုယ်မှာ အမာရွတ်ကျန်တာ
မကြိုက်ဖူး။"
▪️ခွဲမွေးထားတဲ့သူကို မပြောသင့်ဆုံးစကားပါပဲ။
ကိုယ့်ခန္ဓာကိုယ်မှာလည်း စင်းလုံးချောမပြည့်စုံလို့
သူများရဲ့အသက်နဲ့ရင်းပြီး ရခဲ့တဲ့အမာရွတ်ကို မပုတ်ခတ်ပါနှင့်။

"ကလေးက အသားမဲတယ်နော်/ညှက်တယ်နော်/ဆံပင်မသန်ဘူးနော်။"
▪️ဝေဖန်မယ်လို့ ဆုံးဖြတ်ထားရင် လာမကြည့်တာ
အကောင်းဆုံးပါ။ ကိုယ့်ကလေးမို့ ဘာကြီးဖြစ်နေနေ ချစ်တဲ့အမေတွေချည်းပါပဲ။

"ကလေးက အမေ/အဖေ နဲ့လဲမတူဘူးနော်"
▪️မွေးကင်းစလေးတွေ အားလုံးက ဒီရုပ်လေးတွေပဲမို့
မွေးကင်းစရဲ့ ရုပ်သွင်ကို ထောက်ပြပြောဆိုခြင်း သည်းခံပါ။

"အမေနို့မတိုက်ဘူးလား။"
▪️အကြောင်းအမျိုးမျိုးကြောင့် နို့မှုန့် ဖော်မြူလာကူနေရတဲ့ မိခင်ကို အမေနို့တိုက်မှမိခင်ဆန်တဲ့ပုံ လာမပြောပါနဲ့။

"နောက်တစ်ယောက်ထပ်ယူမှာလား?"
▪️ကလေးတစ်ယောက်မွေးဖို့ဆိုတာ အိမ်တစ်အိမ်ရဲ့
အလုပ်အကိုင် စီးပွားရေး ကျန်းမာရေး လူမှုရေး
အခြေအနေအပေါ် အများကြီးအပေါ်မူတည်တာမို့
အမေတိုင်းက သားဖွားစက်မဟုတ်ပါ။

"ကလေးကို ဟိုဟာမလုပ်ပေးဘူးလား/ဒီဟာမလုပ်ပေးဘူးလား? "
▪️လုပ်ခိုင်းတိုင်းလုပ်မှာမဟုတ်ပါဘူး။ ပညာတတ်အမေမို့ ဦးနှောက်ကိုသုံး filter စစ်ချပြီးမှ လုပ်သင့်တာလုပ်ပါတယ်။

"ငါက ကလေး၅ယောက်မွေးထားတာ။ နင့်ထက်ပိုသိတယ်"
▪️ကလေး ၅ယောက်မွေးတုန်းကခေတ်နဲ့ အခုခေတ်နဲ့
မတူတော့သလို အခုခေတ်မေမေတွေဖေဖေတွေကလည်း ခေသူတွေမဟုတ်ပါဘူး။ Generation gap ကြောင့်
အမြင်မတူတော့တာမို့ ကိုယ့်ကလေးကို ကိုယ်တိုင်ပဲ
ကိုယ့်နည်းလမ်းနဲ့ အပြည့်အဝ စောင့်ရှောက် ပျိုးထောင်ပါမယ်။

"ကလေးက ဘာလို့ငိုနေတာလဲ?"
▪️ကလေးက ကလေးမို့လို့ငိုတာပါ။ နို့မတိုက်ဘူးလား Diaper မလဲပေးကြဘူးလား ဘာညာ အမေကိုအပြစ်လာမတင်ပါနဲ့။

✅ အားပေးသင့်သော စကားလေးများ ✅
••••••••••••••••••••••••••••••••••••••

💕"မေမေကသတ္တိရှိလိုက်တာ"
▪️ခွဲခန်းထဲ တစ်ယောက်တည်း အားတင်းဝင်ခဲ့ရသူမို့ အမေတစ်ယောက်ရဲ့ သတ္တိကိုချီးကျူးပေးပါ။

💕"အမြဲလှနေတာပဲ"
▪️ကလေးမွေးပြီးထွက်လာရင်တော့ ဘယ်အမေမှလှမနေပါဘူး။ ဒါပေမဲ့ အဲ့လိုအခြေအနေလေးမှာတောင် မိခင် မေတ္တာတွေထုံလွှမ်းပြီး ကြည့်ကောင်းနေတယ်ဆိုတာကို ဖော်ပြပေးပါ။

💕"ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ"
▪️ဘယ်မေမေမဆို ကိုယ်အသက်နဲ့ရင်းပြီးမွေးထားတဲ့ ရတနာလေးက ချစ်စရာကောင်းတယ်လို့ပဲ ကြားချင်မှာပါ။

💕"မေမေ/ဖေဖေနဲ့ မျက်လုံး/နှာတံလေး တူတယ်နော်။"
▪️ကိုယ့်ကလေးကို ကြည့်မဝဖြစ် ကြည်နူးနေတဲ့အချိန်မို့ အမေ/အဖေနဲ့ ဘာမှမတူဘူးပြောတာထက် ဒီစကားလေးက နားဝင်ချိုပါတယ်။

💕"အနာသက်သာရဲ့လား? ဂရုစိုက်နော်။"
▪️ကလေးကိုတင်ဂရုစိုက်တာမကပဲ မွေးထားရတဲ့မေမေ့အပေါ်ပါ ကြင်နာပေးပါနော်။

💕"ဆေးခန်းထပ်ပြဖို့ အဖော်လိုက်ပေးရမလား?"
▪️မေမေ့အတွက် အကူအညီလိုရင် အဆင်သင့်ဖြစ်ကြောင်း ပြောပေးပါ။

💕"မေမေ့အတွက် စားစရာတွေ ယူလာပေးတယ်နော်။"
▪️မေမေ့အတွက် အာဟာရတွေပြန်ဖြည့်တင်းဖို့လိုတာကြောင့် အရသာရှိတာလေးတွေ ဝယ်သွားပေးပါ။

💕"နောက်ဆို အဆင်ပြေသွားမှာပါ"
▪️ကလေးမွေးပြီးကာလဟာ မေမေအသစ်လေးတွေ
အတွက် စိန်ခေါ်မှုကြီးဖြစ်လို့ အားတင်းထားပါ၊
အဆင်ပြေသွားမှာပါလို့ ပြောပေးပါ။

မီးဖွားပြီးစအချိန်ဆိုတာ မိခင်တွေအတွက် သွေးနုသားနု စိတ်နုကိုယ်နု ကာလပဲဖြစ်ပါတယ်။
ဒီအချိန်မှာ ခန္ဓာကိုယ်ရဲ့ hormones level ဟာကျဆင်းနေတာကြောင့် baby blues လို့ခေါ်တဲ့ ကလေးမွေးပြီး ဝမ်းနည်း၊ ဝမ်းသာ၊ စိတ်တို၊ ဒေါသထွက်တာတွေ ဖြစ်တတ်ပါတယ်။
အရပ်စကားနဲ့ဆိုရင်တော့ စန်းစန်းတင့်ဖြစ်တာပေါ့။ အဲ့ဒါကြောင့် ကိုယ့်ရဲ့နှုတ်ကစကားတစ်ခွန်းက မီးဖွားပြီးစ မီးနေသည်ကို စိတ်ဒါဏ်ရာမဖြစ်ဖို့ ပြောသင့်/မပြောသင့် ဆင်ခြင်ဖို့ အလွန်အရေးကြီးပါတယ်။
အပြောမတတ်ရင်ဆဲသလိုဖြစ်တတ်တာကြောင့် ဒီအချက်လေးတွေလေ့လာပြီးမှ ကလေးအမေကိုသွားတွေ့ပါလို့ အကြံပေးချင်ပါတယ်။

💕 မေမေတို့နဲ့ စိတ်ခံစားချက်တစ်ထပ်တည်းကျနေရင် ဒီကျင့်ဝတ်လေးတွေနားမလည်တဲ့သူတွေအတွက် share ပေးပါ။
တစ်ခြား ပြောသင့်/မပြောသင့်တဲ့စကားတွေရှိရင်လည်း comment မှာရေးပေးသွားဦးနော်။

ပုံများ/စာများကို ကူးယူပြန်တင်ခြင်း သည်းခံပါ။
Photo ref: Pinterest

Related : ကိုယ်ဝန်ဆောင်ကို ဒါတွေမပြောပါနဲ့။ ( Link - https://www.facebook.com/mommymya/photos/a.426754927913832/426755134580478?type=3&sfns=mo )

မေမေ မြဘုန်းဆင့်

မဂ်လာပါရှင်...Sweet Baby - Online Store မှ ပြန်လည်ကြိုဆိုပါတယ်ရှင့်...မင်မင်လေး ခေးတဖက်နဲ့မို့ ဒီရက်ပိုင်းပျောက်နေတာပါနေ...
13/01/2022

မဂ်လာပါရှင်...

Sweet Baby - Online Store မှ ပြန်လည်ကြိုဆိုပါတယ်ရှင့်...မင်မင်လေး ခေးတဖက်နဲ့မို့ ဒီရက်ပိုင်းပျောက်နေတာပါနော်..

ပစ္စည်းသစ်တွေ များကြီးရောက်ထားပါတယ်ရှင်..
ဝယ်ယူအားပေးတဲ့ မိတ်ဟောင်း မိတ်သစ် မေမေတွေကိုလည်း ကျေးဇူးပါ🙏🙏🙏

အခုမိတ်ဆက်ပေးမှာက သုံးဘာသာ အသံထွက် smart book လေးပါရှင့်
📌မြန်မာ -အဂ်လိပ် -တရုတ် သုံးဘာသာပါတဲ့ E book ပါရှင်

📌စာမျက်နှာတိုင်းမှာ start ခလုတ်လေးပါဝင်ပြီး သင်ယူမယ်ဆို start ကို နှိပ်ပေးပါ

Home schooling လုပ်မဲ့ မေမေတို့အတွက် အရမ်းသုံးဝင်ပါတယ်နော်👌👌👌

မင်မင် အများကြီး မညွှန်းတော့ပါဘူးရှင့် အရမ်းကောင်းတဲ့ စာအုပ်လေးမို့ မေမေတို့လည်း သိပြီးသားနေမှာပါနော်...

မှာယူလိုပါက CB (သို့)
📞📞09426914037 ကို Hello လိုက်ပါနော်

မဂ်လာပါရှင်🙏🙏🙏Sweet Baby - Online Store မှ ပြန်လည် ကြိုဆိုပါတယ်ရှင့်Baby ​လေးတို့အတွက် အသံ​လေးနား​ထောင် ပြီးသင်​ပေးလို့ရ...
05/01/2022

မဂ်လာပါရှင်🙏🙏🙏

Sweet Baby - Online Store မှ ပြန်လည် ကြိုဆိုပါတယ်ရှင့်

Baby ​လေးတို့အတွက် အသံ​လေးနား​ထောင် ပြီးသင်​ပေးလို့ရတဲ့စက်​လေး​တွေ ​ရောက်ရှိ​နေပါပီရှင့်📣📣📣

သင်ယူခြင်းစက်​လေးနဲ့က​လေး​တွေကို အဂ်လိပ် မြန်မာ သချ်ာ
​လေး​တွေသင်​ပေးလို့ရတဲ့အပြင် Music ​လေး​တွေနဲ့ဆို​တော့
နား​ထောင်ရင်း Baby ​လေး​တွေအတွက် ​ပျော်စရာ​တွေ ဖန်တီး​ပေးလို့ရမှာ အ​သေချာပါဘဲ​နော်🎶🎼🎵

ဖွင့်ပိတ်လုပ်လို့ရတဲ့ မီး​လေးလည်း ပါတယ်​နော်💡💡
​​နောက်​ကျောဘက်က Whiteboard ​လေးလည်းပါ​တော့ စာလုံး​လေး​တွေကို ကြိမ်ဖန်များစွာ ​ရေးဖျက်လို့ရပါပီရှင်🖌🖍🖊

​စျေးနှုန်း​လေးက​တော့(8500)ပါရှင့်
#သင်ယူခြင်းစက်
မှာယူလိုပါက CB( သို့)
☎️☎️09426914037 Hello လိုက်ပါရှင့်

မဂ်လာပါရှင်....နှစ်သစ်မှာ Sweet Baby - Online Store မှ ပြန်လည်ကြိုဆိုပါတယ်ရှင့်🙏🙏🙏မေမေတို့ရေ မူကြိုအရွယ် သားသားမီးမီးလေး...
01/01/2022

မဂ်လာပါရှင်....

နှစ်သစ်မှာ Sweet Baby - Online Store မှ ပြန်လည်ကြိုဆိုပါတယ်ရှင့်🙏🙏🙏

မေမေတို့ရေ မူကြိုအရွယ် သားသားမီးမီးလေးတွေအတွက် အဆင်ပြေစေမယ့်စာအုပ်လေးနဲ့မိတ်ဆက်ပေးပါမယ်နော်📣📣📣

စာအုပ်ပုံလေးက ဇီးကွက်🦉🦉🦉ရုပ်လေးနဲ့ဆိုတော့စာမသင်ချင်တဲ့ သားသားမီးမီးတွေတောင် စာသင်ချင်စိတ်ဖြစ်လာမှာအသေအချာပါရှင့်...

✍✍အကြိမ်များစွာ လေ့ကျင့်ရေးခြစ် ပြန်ဖျက်စရာမလိုဘဲ မှင်ခြောက်တာနဲ့ သူ့အလိုလို ပျက်သွားမယ့်စာအုပ်လေးပါ

မှင်ချောင်းကလည်း ၂ ချောင်း အပိုပါ ပါတယ်ရှင်

မြန်မာအက္ခရာ အဂ်လိပ်အက္ခရာ သချ်ာကိန်းဂဏန်းလေးတွေကို စိတ်ကြိုက်လေ့ကျင့်လို့ရပါတယ်နော်

📌My Early ABC Alphabet - 3000ks
📌My Early ကခအက္ခရာအရေးလေ့ကျင့် -3000ks
📌My Early Number & Count - 3000ks

မှာယူလိုပါက CB (သို့မဟုတ်)
09-426914037 ကို Hello📞📞လိုက်ပါနော်

🙏၂၀၂၂နှစ်သစ်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကပ်ကြီးသုံးပါးဘေးမှကင်းဝေးပြီး ကိုယ်​၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာ ခြင်...
31/12/2021

🙏၂၀၂၂နှစ်သစ်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကပ်ကြီးသုံးပါးဘေးမှကင်းဝေးပြီး ကိုယ်​၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာ ခြင်းများနဲ့ ပြည့်စုံ ပြီး စီးပွား လာဘ်လာဘ များ ဒီရေအလားတိုးတက်ပြီး လုပ်ငန်းများ အားလုံး အောင်မြင်ကြပါစေကြောင်း Sweet Baby Online Store မိသားစု မှ ဆုတောင်း မေတ္တာပို့သ လိုက်ရပါတယ် ။

🎊Happy New Year & Welcome 2022 🎊

Address

Yangon

Alerts

Be the first to know and let us send you an email when Sweet Baby - Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sweet Baby - Online Store:

Share