09/09/2022
Thrift ဆိုတာက ဘာလဲ ?
လူတိုင်းသိကြတဲ့ ဘေထုတ် အထည်တွေပေါ့
နိုင်ငံရပ်ခြားမှာ နေတဲ့ နိုင်ငံခြားသားတွေက သူတို့မဝတ်တော့တာ မလိုအပ်တော့တဲ့ အဝတ်အထည်တွေကို လှူလေ့ရှိကြတယ် like လေဘေး၊ရေဘေး၊မီးဘေးစသဖြင့်ပေါ့
အဲ့လိုကွာ ပြဲနေလို့ ဟောင်းသွားလို့ လှူတဲ့ အထည်တွေ မဟုတ်ဘဲ တကယ်အကောင်းတွေ branded အထည်တွေပါ ထည့်လှူကြတာပါ
နောက်၁ခုက လှူတာမဟုတ်ဘဲနဲ့ thrift clothes ဖြစ်ဖို့ အတွက် သက်သက်ကိုဝယ်တဲ့ shops တွေ လဲ အရမ်းများလာပါတယ်
အဲ့လိုကနေ agents တွေကတဆင့်ပြန်ဝယ် နိုင်ငံအသီးသီးကိုပြန်ရောက် Container ချပီဟေ့ ဆိုတာနဲ့ ဆာလာအိတ်ကြီးနဲ့ thrift clothes တွေကို လုရတာနော်
⁃ Jackets တွေပဲပါတဲ့ အထုတ်ရှိမယ်
⁃ အနွေးထည်တွေပါတဲ့ အထုတ်
⁃ အစုံပါတဲ့အထုတ်
စျေးကလဲ မတူဘူး
စျေးများတဲ့ အထုတ်ဆို branded အင်္ကျီလေးတွေ ရောနေတာ ရှိမယ် ကောင်းတာလေးတွေပိုပါမယ်ပေါ့
Thrifts တွေကို ပြန်ရောင်းချင်သူတွေက ဆာလာအိတ်စျေးနဲ့ ပြန်ဝယ်ရတာပေါ့
အဲ့ဒါကို ပြန်ရွေး ပြန်စီ လျှော်ဖွတ်၊မီးပူတိုက် ရေမွှေးဆွတ်ပီး ရောင်းတဲ့အခါ OS page ထောင်လို့ရပီလေ
ဓာတ်ပုံကောင်းကောင်းလေးရိုက်၊ ဒါလေးကတော့ branded အထည်လေးဘာညာ size လေးကတော့ ဘယ်လိုပါ စျေးကလဲချိုတာကို
OS page တွေမှာ thrifts တွေရောင်းတာကို အတော်ဝယ်တာတွေ့ရတယ်
Thrifts ဝယ်တာ၊ဝတ်တာကို မရှက်ကြတော့ဘူး
တကယ် မြန်မာနိုင်ငံ OS လောကမှာ page ထောင်ပီး thrifts ရောင်းတာကို ဘယ်သူစခဲ့လဲမသိ တကယ်ကျေးဇူးတင်တယ်
နောက် thrifts တွေကို ဘယ်မှာ ရောင်းကြသေးလဲ?
စျေးတွေထဲမှာရောင်းတဲ့ thrifts တွေကြတော့
quality မကောင်းတာ မဟုတ်ဘဲ ဒီအတိုင်း ဆာလာအိတ်ဖောက်ထားတွေကို ပုံထားတဲ့ အခါ ချိတ်နဲ့ချိတ်ထားတဲ့ အခါ အင်္ကျီတွေက တွန့်ကြေ အရောင် မကောင်းတော့ ဝယ်မယ့်လူတွေက မကိုင်ချင် မဝယ်ချင် ဝယ်ရမှာကို ရှက်နေကြတာလို့မြင်တယ်
အဲ့လို စျေးထဲမှာ မြို့ထဲတွေမှာ ရောင်းတဲ့ thrifts တွေက online မှာ ရောင်းတာထက် ပိုသက်သာတယ်
ဒါမဲ့ သူတို့က wholesale သဘောမျိုးရောင်းကြလို့ အဲ့လို မလုပ်နိုင်တာ
သူတို့သာ တကယ် attractive ဖြစ်အောင် လူတွေမြင်တာနဲ့ ဝယ်နိုင်အောင် လုပ်နိုင်ရင် thrifts လောက ကြီးက ပိုအောင်မြင်မှာ
ဖူးတို့ branded bags တွေမှာလို second hand bags လို့ မခေါ်ဘဲ preloved bags လေးတွေလို့ခေါ်တယ်
ကိုယ်က ကိုယ့်ရဲ့ baby လေးတယောက်လို ကိုယ့်လက်ထဲမှာ ရှိစဉ် ထိန်းသိမ်းခဲ့ပီး မလိုအပ်တော့လို့ ပြန်ရောင်းရင်လဲ စျေးကောင်းပြန်ရတာမျိုးပါ
UK မှာဆိုရှိတယ် ဘေထုတ်အထည်တွေပဲနော် ဒါမဲ့ old-fashioned အထည်တွေရောင်းတာ တထည်စျေးနဲ့ တွက်တာမဟုတ်ဘူးနော် င်္အကျီကို weight နဲ့ ချိန်ရောင်းတာ တကယ်မိုက်တယ်
Okay အဲ့ဆို thrift ဘက်ပြန်သွားမယ်
ပုံမှန်လူတန်းစားတွေက ဟိုးအရင် thrift clothes ဘေထုတ် အင်္ကျီတွေ ဝတ်ရင် ဝယ်ရင် ရယ်ကြတယ် လှောင်ကြတယ် လုံးဝ logic ကြီးတခုလိုဖြစ်နေတာ
ဘေထုတ် အင်္ကျီ ဖြစ်တာနဲ့ မဝတ်ရတော့ဘူးလား 🙂
ဖူး thrift clothes ရောင်းတဲ့ဆိုင်တွေ ရောက်ဘူးတယ် မြင်ဘူးတယ် ဝယ်ဖူးတယ် ဝတ်ဖူးတယ်
ရှက်စရာမဟုတ်ဘူးလို့ထင်တယ်
အပြင်မှာ မဝတ်ရင်တောင် အိမ်မှာနေ ပေါ့ပေါ့ပါးပါး ဝတ်လို့ရတယ်
အမြဲတမ်း အင်္ကျီအသစ်တွေ ဝတ်ရမယ်လဲ မဟုတ်ဘူးပေါ့
⁃ Local brands တွေကိုလဲ အားပေးမယ်
⁃ Websites တွေကလဲ အင်္ကျီအသစ်တွေမှာမယ်
⁃ Thrifts လေးတွေလဲ ဝယ်မယ်
⁃ ကိုယ့်ဆီမှာ မလိုအပ်တဲ့ အင်္ကျီတွေကိုလဲ ပြန်ရောင်းမယ် ပြန်လှူမယ်
⁃ Repeat ပေါ့
နောက်ဆုံးပိတ်ပြောချင်တာကတော့ Thrifts ဝတ်တာ ရှက်စရာမဟုတ်ပါ 💙