28/03/2023
ဘယ်စက်ပြင်မှ မချပြတဲ့ပြင်နည်းတွေကို ဆရာစားမချန် ရှင်းပြပေးထားပါတယ်။ဥာဏ်ရှိသလို အသုံးပြုပါ။
_______________________________________________
အပ်ချူပ်စက် မှန်သမျှ ချည်ကျော်တဲ့အခါ
ပိတ်စအပါးမှာ ချည်ကျော်ရင် အပ်အတိုင် ချပေးရတယ်။
ပိတ်စအထူမှာ ချည်ကျော်ရင် အပ်အတိုင်ကို ရွေ့ရုံလောက် ပြန်တင်ပေးရပါတယ်။
အထည်ချူပ်စက် မှန်သမျှသည်
ပိတ်စအောက်ဘက်က ချည်ချုပ်ရိုး တင်းနေ/လျော့နေရင် အပေါ်ချည်အလျော့အတင်းကို အတင်း/အလျော့လုပ်ပေးရပါတယ်။
ပိတ်စ အပေါ်ဘက်က ချည်ချုပ်ရိုး တင်းနေ/လျော့နေရင် အောက်ချည်အလျော့အတင်းကို အတင်း/အလျော့
လုပ်ပေးရပါတယ်။
ချည်အလျော့အတင်း မှန်သမျှက တင်းသလောက်/လျော့သလောက် မတင်း/မလျော့ဘဲ ဖြစ်နေလျှင်
၄င်းတန်းရှင်းအုံကို ဖြုတ်ပြီး သန့်ရှင်းရေးလုပ်ပါ။
သူ့မှာပါတဲ့ စပရိန်ကို အနည်းငယ် ဆွဲဆန့်ပါ။
ပြီးလျှင် ဖြုတ်တဲ့အတိုင်း ပြန်တတ်ပြီး ချည်မလှမချင်း
တင်းတင်း/လျော့လျော့ ချုပ်ပေးရပါတယ်။
စက်ချုပ်တဲ့အခါ ဘိဆွဲတယ်ဆိုတာ ဘိဖိအားများလို့ပါ။စက်တိုင်းလိုလို ဘိအတိုင်ရဲ့ထိပ်မှာ ပုံစံမတူတဲ့
ဘိဖိအား အလျော့အတင်းလေး ပါတတ်ကြပါတယ်။
ဘိဖိအားကို အလျော့အတင်းလုပ်ကြတဲ့အခါမှာ
ဘယ်လက်က ဘိကို မ,မကြည့်ပြီး
ညာလက်က အလျော့အတင်း လိုသလောက်
လုပ်ပေးရပါတယ်။
တချိူ့တွေ ခေါင်းစဉ်တပ်ထားတဲ့ စက်ချုပ်ရင် ဘိဆွဲသလိုဖြစ်တယ်ဆိုတာ တကယ်တော့ ဘိရဲ့သက်ရောက်မှုက သိပ်မများပါဘူး။ခွေးသွားစိပ်ကသာ အထည်ကို ရှေ့နောက် တွန်းပို့ပေးတာဖြစ်လို့
ချုပ်ရိုး တဖြောင့်တည်း မသွားခြင်း၊
ပိတ်စက တွန့်သွားခြင်း လိပ်သွားခြင်း၊
အထည်ကို ဆွဲဖြဲနေသလိုဖြစ်ခြင်း၊
ပိတ်စအရှေ့မသွားဘဲ တနေရာတည်းပဲ ပေါက်နေခြင်း၊
အစရှိတဲ့ သွားလာမှုကို ဖီလာကန့်လန့်ဖြစ်အောင်
လုပ်နေတာဟာ ခွေးသွားစိပ် အဆွဲမမှန်ခြင်းနဲ့
ခွေးသွားစိပ် အနိမ့်/အမြင့် မညီညာခြင်းကြောင့်ပါ။
ချည်အလျော့အတင်း ဘယ်လောက်ပဲ တင်းတင်း/လျော့လျော့ အပေါ်ချည်/အောက်ချည် တခုခု
သီးမြဲ သီးနေလျှင်၊ပိတ်စက စက်နင်းတာမှန်ပြီး အရှေ့မသွားဘဲအနောက်ပြန်သွားနေတာဆိုလျှင်၊
ချည်သီးလျှင် ဆန်းထရစ်လိုက်နည်းဆိုပြီး တင်ပေးထားတာ ရှိပါတယ်။အဲ့ဒီလုပ်နည်းက အပေါ်မှာ ဖြစ်တဲ့
အရာတွေကို အကုန်ကုစားပေးပါတယ်။
စက်ပြင်နည်းတွေကို စာတွေ့ကော/လက်တွေ့ကော ဘယ်လောက်ပဲတင်ထား တင်ထား ဒီဂရုထဲကို ဝင်ထားပေမည့် တကယ်စက်ပျက်ပြီဟေ့ဆို
ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြရပါတယ်။
အဲ့ဒီလိုမဖြစ်ရအောင် ကိုယ့်အတွက် အသုံးဝင်မည့်
လုပ်နည်းတွေကို ကိုယ့်ဖုန်းထဲမှာ လိုက်မရှာရအောင် Saveထားကြပါ။ပျက်မှ ဂရုထဲပြန်ရှာကြည့်ရင် အချိန်တွေကုန်ပါတယ်နော်။
Credit to ZinMinHtay.