R Thi Tha - အာသီသ

R Thi Tha - အာသီသ သင်္ကန်း ပရိက္ခရာ ပစ္စည်းမျိုးစုံ၊ Mask များ၊ အဝတ်အထည်များ၊ စားသောက်ကုန်များ ရောင်းချခြင်း

07/05/2026

ရဟန်းခံရှင်ပြုအလှူအတွက်အမှာလေး 🍀🍀🍀
ကျေးဇူးပါ🙏🙏🙏

29/04/2026

#သင်္ကန်း #သင်္ဃန်း #သင်္ကန်းပရိက္ခရာ #ကံမြှင့်လာဘ်ရွှင်သူတော်စင်

မှာနေကျ အမရဲ့ order လေး 😍😍😍အလှူရှင်အမနဲ့မိသားစုလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာနဲ့ အလှူရေစက်လက်နဲ့မကွာလှူနိုင်ကြ...
28/04/2026

မှာနေကျ အမရဲ့ order လေး 😍😍😍
အလှူရှင်အမနဲ့မိသားစုလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာနဲ့ အလှူရေစက်လက်နဲ့မကွာလှူနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🙏🙏🙏
#သင်္ကန်း
#သင်္ကန်းပရိက္ခရာ #ကံမြှင့်လာဘ်ရွှင်သူတော်စင် #သင်္ကန်း

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြေ...
25/04/2026

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

#သင်္ကန်း #သင်္ကန်းပရိက္ခရာ #ကဆုန်လပြည့်
Photo credit from Google

 #ဝါဆိုလပြည့် #ဓမ္မစကြာအခါတော်နေ့  #ဝါဆိုသင်္ကန်း  #သင်္ကန်း  #သင်္ကန်းပရိက္ခရာ  #အလျားပြည့်_အနံပြည့်_သုခပြည့်  #ပေးမကုန...
09/07/2025

#ဝါဆိုလပြည့်
#ဓမ္မစကြာအခါတော်နေ့
#ဝါဆိုသင်္ကန်း
#သင်္ကန်း
#သင်္ကန်းပရိက္ခရာ
#အလျားပြည့်_အနံပြည့်_သုခပြည့်
#ပေးမကုန်_ဒါနအစွမ်း_သုခပြည့်သင်္ကန်း
Photo Credit Panchi

ဝါတွင်းကာလရောက်လုနီးပြီဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့သည် တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း သံဃာတော်များအား ဝါဆိ...
03/07/2025

ဝါတွင်းကာလရောက်လုနီးပြီဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့သည် တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူလေ့ရှိကြ၏။ ထိုသို့အလှူဒါနပြုလုပ်ကြသည့်အခါမှာ မိမိတို့လှူဒါန်းလိုက်သည့် ဒါန၏အကျိုးတရားကို သိ၍လှူဒါန်းရမည်ဟု မြတ်ဘုရားဟောကြားတော်မူခဲ့ပါသည်....။

မြတ်ဘုရား၏ ထိုအဆုံးအမ ဒေသနာတော်နှင့်အညီမိမိတို့ ဝါဆိုသင်္ကန်းကပ်လှူ ရသည့် အကြောင်းတရား ဒါနကုသိုလ်ကြောင့် ကောင်းသောအကျိုးတရားမည်မျှရရှိမည်ကိုလည်းသိဖို့ရန်လိုပေ၏။ ထို့အတွက်ကြောင့် ဝါဆိုသင်္ကန်းလှူရကျိုး (၇)မျိုးကို သိသာအောင်ဖော်ပြပေအံ့။

ဝါဆိုသင်္ကန်းလှူရကျိုး(၇)မျိုး

(၁) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်ကို ဆင်မြန်းရန် အဝတ်အထည်အတွက် စိုးရိမ်သောကများမဖြစ်စေရခြင်း။

(၂) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိ၏ ခန္ဓာကိုယ်မှ အသားအရေတို့သည် ရွှေရောင်လို ဝင်းဝါတောက်ပနေရခြင်း။

(၃) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်မှ နှစ်လိုဖွယ် အရောင်ထွက်ပေါ်ခြင်း။

(၄) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်အသားအရည်တို့သည် နုညံ့ချောမွေ့နေခြင်း။

(၅) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ မိမိခန္ဓာကိုယ်မှာ မှဲ့ခြောက် တင်းတိတ် ဝတ်ခြံ စသောအညစ်အကြေးတို့မရှိခြင်း။

(၆) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... ခေတ်ကာလအလျောက်ပေါ်ပေါက်လာသည့် အဝတ်အထည်တို့ကို မိမိတို့စိတ်ထဲကနေ တောင်းတလိုက်ရုံဖြင့်အလွယ်တကူရရှိ၍ ဝတ်ဆင်နိုင်ရခြင်း။

(၇) နောင်ပွင့်တော်မူကြမည့် ဘုရားရှင်တို့နှင့် ကံကောင်းထောက်မစွာ ကြုံတွေ့သည့်အခါ ထိုဘုရားရှင်သည် ဝါဆိုသင်္ကန်းလှူဒါန်းဘူးခဲ့သည့် ကုသိုလ်ရှင်အား ဧဟိဘိက္ခု လာလော့ ရဟန်းဟုခေါ်လိုက်ရုံဖြင့် ခေါင်းကဆံပင် ခန္ဓာကိုယ်မှာဆင်မြန်းထားသည့်အဝတ်အစား စသည့်လူ့အသုံးအဆောင်များပျောက်ကွယ်၍ (၁၅၀၀)ကိလေသာကုန်ခမ်းကာရဟန္တာစစ်စစ် ဧကန်ဖြစ်ရခြင်းဟူသော... ကောင်းကျိုး(၇)မျိးကို ဝါဆိုသင်္ကန်းအလှူရှင်များ ရရှိနိုင်၏။

ထို(၇)မျိးတို့တွင် (၁)မှ(၆)သည် လောကီကောင်းကျိုးများဖြစ်၏ ။ နံပါတ်(၇)သည် လောကုတ္တရာကောင်းကျိုးဖြစ်၏..။ သို့ဖြစ်၍ ဝါဆိုသင်္ကန်းအလှူရှင်တို့သည် လောကီကောင်းကျိုး လောကုတ္တရာချမ်းသာ အဖြာဖြာတို့ကို ရရှိကြမှာဖြစ်လို့ ဤနှစ်ဝါတွင်းကာလ၌ သံဃာတော်များအား ဝါဆိုသင်္ကန်းလှူဒါန်းဆပ်ကပ်ဖြစ်အောင်ကြိုးစားအားထုတ်ကြဖို့တိုက်တွန်းလိုက်ရပါသတည်း......။

ဆောင်ပုဒ်
~~~~~~

စိုးရိမ်မဲ့ကင်း၊ ရွှေဆင်းရုပ်တူ၊

ကိုယ်မူရောင်ထွက်၊ နုညံ့အသားရည်၊

မပေညစ်ကြေး၊ ကြံတွေးတောင်တအဝတ်ရရှိ၊

ဧဟိ ဘိက္ခု ခေါ်ပြုရဟန်း ကျွတ်တမ်းဝင်ရ၊

ကျိုးခုနှစ်ဝ(သတ္တ) မှတ်ကြစီဝရံ....။

မှတ်ချက် # ကာလအလျောက် ဝါဆိုသင်္ကန်းလှူဒါန်းရအကျိုးဟု ဖွဲ့ဆိုထားဖော်လည်း ဘယ်ချိန်ဘယ်ကာလမှာ သင်္ကန်းလှူလှူ ထိုကောင်းကျိုး(၇)မျိုးကိုရရှိနိုင်သည်ဟု စာဖတ်သူများ သိမှတ်ကြပါလေ...။

Credit to အရှင်ခေမိန္ဒ

မိမိတို့အလိုရှိရာ သင်္ကန်းပရိက္ခရာပစ္စည်းများကို ဖုန်းဆက်လျှင်ဖြစ်စေ၊ messenger မှဖြစ်စေ မှာယူခြင်းဖြင့် နေအိမ်အရောက်၊ ကျောင်းအရောက် လွယ်ကူလျှင်မြန်စွာ ပို့ဆောင်ပေးနေပါတယ်။
အလှူ့ရှင်အပေါင်း ကျန်းမာချမ်းသာကြပါစေ......
☎☎ page messenger ကနေ (သို့) viber နံပါတ် ၀၉၄၄၈၀၀၃၉၄၂ မှလည်း လူကြီးမင်းတို့ ကြိုက်နှစ်သက်ရာကို မှာယူပူဇော်နိုင်ပါတယ်ရှင်။
🚘 🚘 ရန်ကုန်မြို့အတွင်း အိမ်တိုင်ယာရောက်🎁(deli)အမြန် ပို့ဆောင်ပေး ပါတယ် ...
(deli ခကတော့ မြို့နယ်အလိုက် အနည်းအများ ကွာခြားနိုင်ပါတယ်။)
🚌🚌 နယ် အော်ဒါ များကတော့ ငွေကြိုလွှဲ ပြီး မှာယူနိုင်ပါတယ် အဝေပြေးကားဂိတ်အထိ 🎁(deli)ပို့ဆောင် ပေးနေပါတယ်...

#မိုးရေစိုသင်္ကန်း #ဝါဆိုသင်္ကန်း #ဝါဆိုသင်္ဃန်း #သင်္ကန်း #သင်္ဃန်း #သင်္ကန်းပရိက္ခရာ
#အလျားပြည့်_အနံပြည့်_သုခပြည့်
#ပေးမကုန်_ဒါနအစွမ်း_သုခပြည့်သင်္ကန်း

 #ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုး*******************************ဝါဆိုခြင်း၊ ဝါကပ်ခြင်းဝဿာဝါသ - ဝါဆိုခြင်း၊ ဝါကပ်ခြင်း၊ ...
03/07/2025

#ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုး
*******************************

ဝါဆိုခြင်း၊ ဝါကပ်ခြင်း
ဝဿာဝါသ - ဝါဆိုခြင်း၊ ဝါကပ်ခြင်း၊ မိုးသုံးလအတွင်း ဝါဆိုသည့် ကျောင်းတိုက် အာရာမ်တွင်းမှာ နေရခြင်း။
ဝါဆိုမှုသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ရှိခဲ့သည်။ ဝါဆို၊ ဝါကပ် ဥပဒေ မပညတ်မီက ရဟန်းများသည် ဥတုသုံးလီ နေပူ၊မိုးရွာမရှောင်လှည့်လည် သွားလာနေခဲ့ကြသည်။ မိုးကာလလူတို့စိုက်ပျိုးထားသော စိုက်ပျိုးပင်များကိုရဟန်းတို့ ကျော်ဖြတ် နင်းကြသဖြင့်စိုက်ပျိုးပင်များ ပျက်ဆီးသောကြောင့် လူတို့က ရဟန်းများကို ကဲ့ရဲ့ကြသည်။

မြက်သစ်ပင်၊ ရေပေါက်ငယ်များ ကိုပင် အသက်ရှိသည်ဟု ယူဆသူများလည်း ရှိနေသည်။ အဘယ့်ကြောင့် ဘုရားသားတော် ရဟန်းများသည် အပင်ငယ်များနှင့် ပိုးမွှား များကို နင်းခြေဖျက်ဆီးလျှက် တစ် နှစ်ပတ်လုံး ခရီးသွားနေကြပါသနည်း။ သာသနာပြင်ပ တိတ္ထိတို့သော်မှ မိုးဥတုတွင် ခရီးမထွက်ပဲ ကြောင့်ကြမဲ့ နေနိုင်ကြသည်။ ယုတ်စွအဆုံး ငှက် တိရစ္ဆာန်တို့သော်မှ မိုးကာလတွင် အသိုက်၌နေကြသည်။ အပင်ငယ်များ၊ သတ္တဝါငယ် လေးများ ပျက်ဆီး သေကြေကြရသည်ဟု ကဲ့ရဲ့ ပြစ်တင် ရှုံ့ချကြသည်။

ထို့ကြောင့် ဘုရားရှင်က ရဟန်းတော်များ မိုးသုံးလကာလပတ်လုံး ခရီးမထွက်ရသော ဝါဆို ဝါကပ် ဥပဒေကို ပညတ်ခဲ့ရသည်။
ဝါကပ်ခြင်းနှစ်မျိုးရှိသည်
(၁) ပုရိမဝဿာဝါသ - ပထမဝါကပ်ခြင်း၊ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်၍ သီတင်းကျွတ် လပြည့်နေ့တွင် ဝါကျွတ်သည်။
(၂) ပစ္ဆိမဝဿာဝါသ - ဒုတိယဝါကပ်ခြင်း၊ ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်၍ တန်ဆောင်မုန်းလပြည့်နေ့တွင် ဝါကျွတ်သည်။

ဝါဆိုသင်္ကန်းကပ်လှူခြင်း
ရဟန်းများကို ဘုရားရှင်က ဝါဆိုဝါကပ် ခွင့်ပြုတော်မူပြီးနောက် နှစ်အတန်ကြာတွင် ဘုရားရှင်ကလူတို့လှူဒါန်း သော သင်္ကန်းကို ခွင့်ပြုခဲ့ရာ ဝါဆိုသင်္ကန်း လှူဒါန်းလိုသော သူတို့သည် ဝါဆိုဝါကပ်ကြသော ရဟန်းများကို ဝါဆိုချိန် ဝါတွင်းအချိန် ဝါကျွတ်ခါနီးအချိန် တို့၌ဝါဆိုသင်္ကန်းကို ကပ်လှူကြပါသည်။ ဝါဆိုသင်္ကန်းများကိုစေတနာ သုံးတန် ပြဋ္ဌာန်းပြီး ဤကျောင်းတိုက်မှာ ဝါကပ်တော်မူကြသော သံဃာတော်အရှင်မြတ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် ပရိယတ္တိအကျင့်၊ ပဋိပတ္တိအကျင့်တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ရန်အတွက်် သင်္ကန်းကိစ္စနှင့်ပတ်သက်၍ ပူပင်ကြောင့်ကျမှုမရှိစေရန် ဝါဆိုသင်္ကန်း အဖြစ်ဖြင့် လှူဒါန်းနိုင်ကြပါသည်။

ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းအကျိုး
'' အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .
'' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ''
'' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။

ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -
'' ရွှေသို့အဆင်း၊ မြူကြေးကင်၍
ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊
မကသိန်းဖိုး၊ ပုဆိုးရလေ၊
ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''
ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။

ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ညာဏ် ဖိုလ်ညာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်း လှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။

Credit #တိပိဋကမြန်မာပြန်
#ဝါဆိုသင်္ကန်း
#မိုးရေစိုသင်္ကန်း
#သင်္ကန်း
#သင်္ကန်းပရိက္ခရာ

ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံသမိုင်း“ဝါဆိုသင်္ကန်းလို့ ဆိုလိုက်လျှင် ဝါဆိုသောအခါဝတ်ရုံတဲ့ သင်္ကန်းကို ဝါဆိုသင်္ကန်းလို့ မှ...
02/07/2025

ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံသမိုင်း

“ဝါဆိုသင်္ကန်းလို့ ဆိုလိုက်လျှင် ဝါဆိုသောအခါ

ဝတ်ရုံတဲ့ သင်္ကန်းကို ဝါဆိုသင်္ကန်းလို့ မှတ်ထင်နေကြသည်။

သို့သော် ပါဠိတော်မှာလာတဲ့ ဝါဆိုသင်္ကန်းက

ဝါဆိုရန် ဝတ်ရုံတဲ့ သင်္ကန်းမဟုတ်ဘဲ ဝါတွင်းသုံးလ

ဝါသို့ကပ်၍ ဝါကျိုး ဝါပြတ်ခြင်းမရှိဘဲ နေလေ့ရှိသော

ရဟန်းတော်တို့အား လှူဒါန်းအပ်သော

သင်္ကန်းဖြစ်သောကြောင့်လည်းကောင်း၊

ဝါတွင်းသုံးလပတ်လုံး မိုးတွင်းအခါ သိက္ခာမညှိုးဘဲ

နေလေ့ရှိသော ရဟန်းတော်တို့သည်သာ

ခံယူထိုက်သည်ဖြစ်၍ ယင်းရဟန်းတော်တို့၏

ဥစ္စာဖြစ်သောကြောင့်လည်းကောင်း

“ဝဿဝါသိကစီဝရ-ဝါဆိုသင်္ကန်း”ဟုခေါ်၏။

(၁)။ ဝဿဝါသိကစီဝရ- ဝါဆိုသင်္ကန်း

(၂)။ ဝဿိကသာဋိကစီဝရ- မိုးရေခံသင်္ကန်း

ဒီအကြောင်းနဲ့ ပတ်သတ်လို့ ပါတိမောက်နိဿဂ္ဂိယပါစိတ်

ပတ္တဝဂ်မှာလာတဲ့ အစ္စေကစီဝရအကြောင်း

အနည်းငယ်ရှင်းပြပါမည်။

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား

သီတင်းသုံးတော်မူစဉ် အချိန်အခါကဖြစ်သည်။

ထိုအချိန်က မြတ်စွာဘုရားသည် ရဟန်းတော်များ

ဝါဆိုသင်္ကန်းအလှူခံ၍ သုံးစွဲရန် မပညတ်ရသေးပါ။

ထိုကာလအတွင်း ရဟန်းတော်များမှာ လမ်းဆုံ

လမ်းလေးခွအမှိုက်ပုံများ၌ စွန့်ပစ်ထားသော

အဝတ်စုတ်များ၊ လူသေကောင် များ၌

ရစ်ပတ်ထားသော အဝတ်စုတ်များကို ကောက်ယူ

လျှော်ဖွတ်ဆေးဆိုးကာ ဝတ်ရုံကြသော ပံ့သုကူ

သင်္ကန်းများနှင့်သာ မျှတနေရသည်။

ထိုမှ သမားတော်ဇီဝက၏ လျှောက်ထား

တောင်းပန်မှုကြောင့် ဒါယကာတို့ လှူဒါန်းအပ်သော

သင်္ကန်းကို အလှူခံခွင့်ရရှိသော ဂဟပတိ-သင်္ကန်း

ဖြစ်ပေါ်လာခဲ့၏။ ထိုမှ တဆင့် အမတ်စစ်သူကြီး

တစ်ဦးက ငါသည် စစ်တိုက်ထွက်ဖို့ရာ အချိန်နီးနေ၍

အမှုကိစ္စများဖြင့် အလုပ်ရှုပ် နေသည့်အတွက်

ရဟန်းတော်တို့ထံ ဝါဆိုသင်္ကန်းလာရောက်

အလှူခံဖို့ရန် ကိုယ်တိုင် သွားရောက်၍ ပင့်ဖိတ်ဖို့

အချိန်မပေးနိုင်ပါ။ ထိုအခါ အမတ်စစ်သူကြီးက

စစ်မြေပြင်အရပ်တွင် မိမိ၏ အသက်သည်

သေမည် ရှင်မည်ကို အတိအကျမသိရေးသည့်အတွက်

စစ်တိုက်ထွက်ခါနီးအချိန်တွင် ကုသိုလ်ရလို၍

လည်းကောင်း၊ ရရှိသည့်ကုသိုလ်၏ အစွမ်းသတ္တိ

အာနုဘော်ကြောင့် စစ်မြေပြင်အရပ်တွင်

အန္တရာယ်ကင်း စေလို၍လည်းကောင်း

ရဟန်းတော်တို့၏အထံသို့

“အရှင်ဘုရားတို့ ကြွလာတော်မူကြပါကုန်၊

တပည့်တော်သည် အရှင်ဘုရားတို့အား

ဝါဆိုသင်္ကန်းကို လှူဒါန်းပါအံ့ဟု လျှောက်ထားပေးရန်

အခိုင်းအစေ တမန်ကို လွှတ်လိုက်၏။”

မြတ်စွာဘုရားသည် ဝါမှထကုန်သော(ဝါဆိုပြီးသော)

ရဟန်းတော်တို့အား ဝါဆိုသင်္ကန်းကို အလှူခံ၍

သုံးစွဲရန် ခွင့်ပြုတော်မမူအပ်သေး၍ ရဟန်းတော်တို့က

ဝါဆိုသင်္ကန်းအလှူခံယူမှုအပေါ် ယုံမှားတွေးတောမှု

ဖြစ်ကာ သံသယကုက္ကုစ္စဖြစ်ကြကုန်၏။

ထို့ကြောင့် အမတ်စစ်သူကြီးက ဝါဆိုသင်္ကန်းအလှူခံရန်

ပင့်ဖိတ်ပါသော်လည်း ရဟန်းတော်တို့သည်

လာရောက်၍ အလှူမခံကြကုန်။

ရဟန်းတော်တို့ မလာရောက်ကြသောအခါ

“အမတ်စစ်သူကြီးက အရှင်မြတ်တို့သည် ဝါဆို

သင်္ကန်းကို လာရောက်အလှူခံရန် တမန်

စေလွှတ်အပ်ပါလျက် အဘယ့်ကြောင့် မကြွလာကုန်

ဘိသနည်း။ ငါသည်ကား စစ်မြေပြင်အရပ်သို့ သွားရအံ့။

အသက်ရှင်ခြင်းကို သိနိုင်ခဲ၏။ သေခြင်းကိုလည်း

သိနိုင်ခဲ၏-ဟု ရဟန်းတော်တို့အပေါ်၌ ကဲ့ရဲ့ရှုတ်ချ

အပြစ်ပြ၍ ပြောဆို၏။ ထိုသတင်းကို မြတ်စွာဘုရား

ကြားသိတော်မူသဖြင့် “ရဟန်းတော် တို့သည်

အဆောတလျင်လှူအပ်သော သင်္ကန်းကို ခံယူ၍

ထားခြင်းငှာ ဘုရားခွင့်ပြုတော်မူပြီဟု

ရဟန်းတော်တို့အတွက် သင်္ကန်းကို အလှူခံယူ၍

အသုံးပြုဖို့ရန် ခွင့်ပြုတော်မူသည်။”

အစ္စေကစီဝရ-ဆိုသည်မှာ အဆောတလျင် ၊

ရှောင်တခင်လှူအပ်သော သင်္ကန်းဖြစ်သည်။

၎င်းအစ္စေကစီဝရကို

(၁)။ မိမိ၏အသက်ကို စိတ်မချရသည့်

စစ်မြေပြင်အရပ်သို့ စစ်ထွက်မည့်ပုဂ္ဂိုလ်၊

(၂)။ အရပ်တစ်ပါးသို့ ခရီးထွက်မည့်ပုဂ္ဂိုလ်၊

(၃)။ ဖျားနာနေသည့် ဂိလာန မကျန်းမာ လူနာပုဂ္ဂိုလ်၊

(၄)။ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်ပုဂ္ဂိုလ်၊

(၅)။ မူလအရင်က သဒ္ဓါတရားမရှိဘဲ အသစ်သဒ္ဓါတရား

ဖြစ်ပေါ်လာသောပုဂ္ဂိုလ်၊

၎င်းပုဂ္ဂိုလ်တို့က ရဟန်းတော်တို့၏ ထံသို့

တမန်စေလွှတ်၍ လည်းကောင်း၊ တမန်ကိုမစေလွှတ်ဘဲ

မိမိကိုယ်တိုင် သွား၍လည်းကောင်း၊

အရှင်ဘုရားတို့ ကြွတော်မူလာကြပါကုန်၊

တပည့်တော်သည် အရှင်ဘုရားတို့အား ဝါဆိုသင်္ကန်းကို

လှူဒါန်းပါအံ့ဟု အဆောတလျင် ရှောင်တခင်

လှူဒါန်းအပ်သော သင်္ကန်းကို “အစ္စေကစီဝရ”ဟု ခေါ်သည်။

၎င်းသင်္ကန်းကို

ဝဿဝါသိက- ဝါဆိုသင်္ကန်းဟူ၍လည်းကောင်း၊

ဝါကျွတ်သင်္ကန်းဟူ၍လည်းကောင်း၊

အစ္စေကစီဝရ- အဆောတလျင်ရှောင်တခင်လှူအပ်သော

သင်္ကန်းဟူ၍ လည်းကောင်း အမည်အမျိုးမျိုးခေါ်နိုင်သည်။

ဤသည်ကို ထောက်ဆကြည့်မည်ဆိုပါလျှင်

ဝါဆိုသင်္ကန်းအား တစ်နှစ်ပတ်လုံး လှူဒါန်းနိုင်၏။

၎င်းသင်္ကန်းသည် သီးခြားသင်္ကန်းမျိုးမဟုတ်၊

သင်္ကန်း-၉ထည်တွင် တစ်ထည်အပါအဝင်ဖြစ်သည်။

သင်္ကန်း၉ထည်မှာ

(၁)။ သင်းပိုင်

(၂)။ ကိုယ်ရုံဧကသီ၊

(၃)။ ဒုကုဋ်၊

(၄)။ အိပ်ရာခင်း၊

(၅)။ မျက်နှာသုတ်ပဝါ၊

(၆)။ ပရိက္ခရာစောဠ။

(၇)။ နိသီဒိုင်၊

(၈)။ မိုးရေခံသင်္ကန်း၊

(၉)။ အမာလွှမ်းသင်္ကန်းတို့ဖြစ်သည်။

မိုးတွင်းအခါ မိုးရေချိုးရန် အသုံးပြုအပ်သော

သင်္ကန်းဖြစ်သောကြောင့် ဝိဿိကသာဋိကစီဝရ-

မိုးရေခံသင်္ကန်းဟုခေါ်၏။

ဝါဆိုသင်္ကန်းနှင့် မိုးရေခံသင်္ကန်းသည် အဓိပ္ပာယ်

အနေအထားဖြင့် တူသယောင် ရှိ၍လည်းကောင်း၊

ပါဠိအနေအထားအားဖြင့် တူသယောင်ရှိ၍လည်းကောင်း

အတူတူပင်ဟု ထင်မှတ်ကြ၏။ အဓိပ္ပါယ်မတူပါ။

ဝါဆိုသင်္ကန်းသည် မိုးရေခံသင်္ကန်းမဟုတ်ဘဲ

မိုးရေခံသင်္ကန်းအတွက် ပါတိမောက် ရတနာဝဂ်မှာ

သိက္ခာပုဒ်သီးခြားရှိပါသည်။

မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့

ဝိသာခါက ဆွမ်းစားပင့်ပါတယ်။ အဲဒီညလွန်တော့

လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။

မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာ

ရွာသလို၊ လေးကျွန်းလုံးအနှံ့မှာလည်း မိုးရွာတယ်။

သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့

နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။

ရဟန်းတော်များဟာ သင်္ကန်းအပိုအလှူခံခွင့်

မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ

မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့

အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း

လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့

ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ

ရဟန်းတွေ မရှိဘူး။ အာဇီဝတက္ကတွန်းတွေသာ

မိုးရေချိုးနေကြတယ်လို့တွေးပြီး ရဟန်းတွေကို

မပင့်ခဲ့ဘဲ အိမ်ပြန်သွား ဝိသာခါကို

အကြောင်းစုံပြန်ပြောတယ်။

ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။

အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။ရဟန်းတော်တွေ

မိုးရေခံသင်္ကန်းမပါဘဲ မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး

အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံ

အပင့်ခိုင်းပြန်တယ်။ အဲဒီအချိန် ရဟန်းတော်များဟာ

ရေးချိုးပြီးလို့ တင့်တင်တယ်တယ် သပ္ပါယ်စွာ

ဝတ်ရုံထားကြပြီးဖြစ်တယ်။ ကျောင်းတွင်းမှာ

တိတ်ဆိတ်ငြိမ်သက်စွာ သီတင်းသုံးနေကြပြီဖြစ်တယ်။

ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။

တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့

အိမ်ဖော်မလေးက ပြန်လာပြီး ဝိသာခါကို ပြောပြန်တယ်။

ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံ

လွှတ်ရပြန်တယ်။ ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့

သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။

မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့်

မြတ်စွာဘုရားနဲ့ သံဃာတော်တို့ရဲ့ ခြေတော်တွေ

သင်္ကန်းတော်တွေမှာ ရေစိုစွတ်ခြင်း မရှိတာမြင်တော့

ဝိသာခါ အံ့ဩဝမ်းသာဖြစ်ကာ ဆွမ်းကပ်လှူ၊

ဒီနောက် မြတ်စွာဘုရားထံမှာ ဆု(၈)ပါးလျှောက်ထား

တောင်းဆိုပါတယ်။ အဲဒီဆု(၈)ပါးက

(၁)။ အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား

အသက်ထက်ဆုံး မိုးရေးခံသင်္ကန်း လှူလိုပါ၏။

(၂)။ ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။

(၃)။ ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။

(၄)။ သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။

(၅)။ သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။

(၆)။ သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။

(၇)။ အမြဲ ယာဂု လှူလိုပါ၏။

(၈)။ ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။

ဆိုတဲ့ ဆု(၈)မျိုးပါ။ ထို၈-မျိုးထဲမှ ပထမဆုံးဆုအရ

မိုးရေခံသင်္ကန်းကို မြတ်စွာဘုရားရှင်ခွင့်ပြုတော်မူပါတယ်။

မိုးရေခံသင်္ကန်းဟာ မြတ်စွာဘုရား အထွာတော်ဖြင့်

အလျား ၆ထွာ၊ အနံ ၂ထွာခွဲထက်မပိုရပါဘူး။

ပိုလျှင် ပါစိတ်အာပတ်သင့်ပါတယ်။

ဝါဆိုသင်္ကန်းကဲ့သို့ တစ်နှစ်ပတ်လုံး လှူဒါန်းခွင့်၊

အလှူခံခွင့် မရှိဘဲ “နယုန်လပြည့်ကျော် (၁)ရက်မှ

ဝါဆိုလပြည့်နေ့အထိ” တစ်လသာ လှူဒါန်းခွင့်

အလှူခံခွင့်ရနိုင်၏။မိုးလေးလပတ်လုံးသုံးစွဲနိုင်၏။

အချုပ်အားဖြင့် ဝါဆိုသင်္ကန်းသည် စစ်သူကြီး

စတင်လှူဒါန်းသည်ကို အကြောင်းပြုပြီး

မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူသောကြောင့်

ပေါ်ပေါက်လာပြီး၊ မိုးရေခံသင်္ကန်းကတော့

ဝိသာခါကျောင်းအစ်မကြီးကြောင့် ပေါ်ပေါက်လာကြောင်း

အသိပေးလိုက်ရပါသည်။

ဝါသင်္ကန်းနှင့် မိုးရေခံသင်္ကန်းနှစ်ခုရဲ့ မတူပုံ

အကြောင်းလေးကို ရှင်းလင်းပြသညွှန်ကြားပေးသည့်

ဆရာတော်အရှင်ပညာသီဟာဘိဝံသ

ဆရာတော်ဘုရားအား အလွန်ပင်ကျေးဇူးတင်ကြောင်း။

-【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】

Wiki မှ ကူးယူဖော်ပြပါသည်။

#ဝါဆိုသင်္ဃန်း
#မိုးရေစိုသင်္ဃန်း
#သင်္ဃန်း
#သင်္ဃန်းပရိက္ခရာ

17/04/2024
Happy New Year!🎉🎊🍀🍀🍀ဘေးရန် ကင်းကွာ၊ အေးချမ်း ပျော်ရွှင်နိုင်ကြပါစေ 🙏🍀❤️
31/12/2023

Happy New Year!🎉🎊🍀🍀🍀
ဘေးရန် ကင်းကွာ၊ အေးချမ်း ပျော်ရွှင်နိုင်ကြပါစေ 🙏🍀❤️

Address

No. 278, Myayadanar 5 Street , Block B, North Okkalapa Township
Yangon

Website

Alerts

Be the first to know and let us send you an email when R Thi Tha - အာသီသ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category