Yoon Pyae Online Fashion

Yoon Pyae Online Fashion Kid world and Kitchen use 🌺🌺🌺

20/05/2025

◾ပျင်းရိတဲ့ ယောကျာ်းအတွက် သည်းမခံနဲ့။
ပျင်းရိတဲ့ အချစ်အတွက် နေရာမပေးနဲ့။

မင်းက အကုန်လုံးကို တစ်ယောက်တည်း လုပ်ရမယ့်သူ မဟုတ်ဘူး။
အိမ်ကိစ္စ၊ ကလေးတွေထိန်းတာ၊ စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုးတွေ... အကုန်လုံးဟာ မင်းတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ဘူး။
အိမ်ထောင်ရေးဆိုတာ အတူတူ တာဝန်မျှဝေမှုပါ။

◾မင်းလိုအပ်တဲ့ယောကျာ်း ဆိုတာ...
ကလေးထိန်းတာကို ''' မိန်းမအလုပ်"လို့ မခေါ်တဲ့သူ၊ အိမ်ကိစ္စကူတာကို "ကျေးဇူးတင်စရာ"လို့ မမြင်တဲ့သူ၊ ဒါတွေကို သူ့တာဝန်လို့ သိမြင်ပြီး မင်းနဲ့အတူ ပါဝင်ပေးမယ့်သူပါ။

◾မင်းရထိုက်တဲ့ အချစ်ဆိုတာ...
"မင်းချက်ပြီးရင် ငါဆေးမယ်"
"ဒီနေ့မနက်စာက ငါချက်လိုက်မယ်၊ မင်းအိပ်နေ"
"ကလေးတွေကို ငါကြည့်လိုက်မယ်၊ မင်းအနားယူဦး" "ဘာလုပ်ရအုံးမလဲ၊ ငါတို့အတူလုပ်မယ်" လို့ပြောပေးမယ့် ယောကျာ်းပါ။

◾တစ်နေ့တစ်ခြား ဇနီးသည်တွေ စိတ်မကောင်းစရာနဲ့ ပြောနေတဲ့စကားတွေကတော့..
" ငါ့ ခင်ပွန်းသည်လို အိပ်ချင်တယ်"
"တစ်ယောက်တည်း အကုန်လုပ်ရတာ အရမ်းပင်ပန်းနေပြီ
"ခင်ပွန်းသည်ရှိပေမယ့် Single Mom လိုခံစားရတယ်။
"တခါတလေ ကူညီချင်ပါတယ်ဆိုတဲ့ စကား" ကြားချင်မိတယ်။

ဒီမှာပြောပြချင်တာက မင်းတောင်းဆိုနေတာ များလွန်းတာမဟုတ်ဘူး။ မှားယွင်းတဲ့သူကို မင်း တောင်းဆိုနေတာပါ။

◾စာနာစိတ်ရှိတဲ့ ခင်ပွန်းသည်ဆိုတာ
ကူညီရမယ့်အရာတွေကို "ကူညီတာ"လို့ မြင်မှာမဟုတ်ဘူး။ သူ့တာဝန်ကို ထမ်းဆောင်နေတာလို့ပဲ မြင်မယ်။
မင်းပင်ပန်းတဲ့အခါ အေးဆေးအိပ်ခိုင်းပြီး ကလေးတွေကို အစာကျွေးတာ၊ အဝတ်အစားတွေ ဝတ်ပေးထားလိမ့်မယ်။
မိသားစုအတွက် လုပ်သင့်တာကို သူ့ဘာသာ လုပ်ပေးလိမ့်မယ်။
မင်းသန့်ရှင်းရေးလုပ်နေတာကိုမြင်ရင် ထလာပြီး "ဘယ်နားကူရမလဲ၊ အတူတူလုပ်မယ်" လို့ ပြောမယ်။

◾အဲဒါတွေကို အမြဲတမ်းတောင်းဆိုစရာ မလိုဘူး။
ကလေးတွေကို တစ်ယောက်တည်း ပျိုးထောင်ရတာ လို့ ခံစားမှာမဟုတ်ဘူး။
အိမ်မှုကိစ္စ၊ ငွေးကုန်ကျမှု၊ ချက်ပြုတ်ရတာတွေမှာ တစ်ယောက်တည်းလို့ ခံစားရမှာမဟုတ်ဘူး။
မင်း အမြဲတမ်း တန်ဖိုးထားတယ်၊ အချစ်ခံရတယ်၊ နားလည်မှုရှိတယ်လို့ ခံစားရမယ်။

◾ပူပူနွေးနွေး မုန့်ကြော်ရနံ့နဲ့ ကလေးတွေရယ်၊ ခင်ပွန်းရယ်ရဲ့ ရယ်သံတွေနဲ့ နိုးထဖို့ မင်းထိုက်တန်ပါတယ်။
"မင်းချက်ပြီးရင် ငါဆေးမယ်" ဆိုတဲ့စကား မင်းကြားထိုက်တယ်။

"မနေ့က မင်းကလေးတွေရေချိုးပေးတာ၊ ဒီညငါလုပ်မယ်" ဆိုတဲ့ စကား မင်းကြားထိုက်တယ်။

တစ်နေကုန် "ကလေးတွေနဲ့ မင်းပင်ပန်းနေမှန်းသိတယ်၊ ညစာစားဖို စားသောက်ဆိုင်မှာ သွားကြမယ်ဆိုတဲ့ ဂရုစိုက်မှုနဲ့ ထိုက်တန်တယ်။

မင်း အဝတ်လျှော်နေရင်း သူ့သီချင်းသံနဲ့အတူ "အတူတူပြီးအောင်လုပ်ကြမယ်" ဆိုတဲ့ စကားမျိုးကြားဖို့ထိုက်တန်တယ်။


မီးဖိုခန်းထဲဝင်လို့ သူချက်နေတာကို မြင်ရဖို့၊
"ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်" အဖြစ် မတောင်းပန်ရတဲ့ ဘဝနဲ့ မင်းထိုက်တန်ပါတယ်။

◾ကမ္ဘာမှာ ဒီလိုယောကျာ်းမျိုး တကယ်ရှိပါတယ်။
ဒါကြောင့် အပျင်းထူတဲ့ ယောကျာ်းအတွက် သည်းမခံပါနဲ့။ ဘာလို့လဲဆိုတော့ အိမ်ထောင်ရေးဆိုတာ ပူးပေါင်းလုပ်ဆောင်မူပါ၊ ဝန်ကိုတစ်ယောက်တည်းမထမ်းရဘူး၊ ကိုယ်စီတာဝန်ရှိကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်အပေါ် စာနာမူ၊ ကြင်နာမူ၊ နားလည်မူရှိဖို့ တကယ်လိုအပ်ပါတယ်။
ဒီလို ခင်ပွန်းသည်မျိုး ပိုင်ဆိုင်ရတယ်ဆိုရင် မင်းဟာ ကမ္ဘာမှာ ကံအကောင်းဆုံး ဇနီးသည်ပါ။❤

Crd from owner
# from

13/05/2025
07/02/2023
Discount တန်တန် လှလှလေးများ 💞💞💞💞💞🧡🧡🧡ရန်ကုန်မြို့အတွင်း အိမ်ရောက်ငွေချေ 💟💟💟phone :09780618704
30/08/2022

Discount တန်တန် လှလှလေးများ 💞💞💞💞💞

🧡🧡🧡ရန်ကုန်မြို့အတွင်း အိမ်ရောက်ငွေချေ

💟💟💟phone :09780618704

❤️❤️❤️အရမ်းတန်သော ရုံးဝတ် လှလှလေးများ💋
30/08/2022

❤️❤️❤️အရမ်းတန်သော ရုံးဝတ် လှလှလေးများ💋

😀
06/08/2022

😀

Address

Yangon
11211

Telephone

+959780618704

Website

Alerts

Be the first to know and let us send you an email when Yoon Pyae Online Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share