Cutties Baby

Cutties Baby Baby For Foods & Accessories

14/07/2021

🔰 ဘဝနေနည်း 🔰



☑️ လောကမှာ ကြောက်မယ်ဆိုရင် ကြောက်စရာတွေဟာ ဆုံးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကြောက်ရွံမနေပါနဲ့။ ဖြေရှင်းလို့ရရင် ဖြေရှင်းပါ။ ဖြေရှင်းလို့မရရင် လက်လွှတ်ပါ။ တစ်ခုခုကိုကြောက်ရွံလို့ ဖိအားဒဏ်ခံပြီး ကိုယ့်ကိုယ်ကို မနှိပ်စက်ပါနဲ့။


☑️ မှားမှာကို မကြောက်ပါနဲ့ ။ မှားခဲ့ရင်တောင် တွေးတောပူပန်မနေပါနဲ့ ။လူ့ဘဝဆိုတာ အမှားအမှန်ဒွန်တွဲနေတာပါ။ သင်ခန်းစာယူပြီး အကောင်းဆုံးရှေ့ဆက်သွားနိုင်ရင် ရပါပြီ။


☑️ တစ်ယောက်ယောက်က သင့်ကို အဆက်သွယ်လုပ်ခြင်း၊ မလုပ်ခြင်း ၊ စကားပြောခြင်း၊မပြောခြင်း သာမာန်ကိစ္စတစ်ခုလို့ပဲ သိထားပါ။ ဘဝဆိုတဲ့ ဧည့်ခန်းထဲကို ဒီလိုပဲ လူတွေဝင်လာလိုက် ထွက်သွားလိုက်နဲ့ ဖြစ်ပျက်နေကြပဲ။ သင့်ဧည့်ခန်းထဲ အမြဲထိုင်ပြီး အဖော်လုပ်ပေးနေတဲ့ လူတွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။


☑️ ကတိတစ်ခုကိုတန်ဖိုးထားပါ။ ကတိလွယ်လွယ်ပေးပြီး မတည်ရင် လူတွေက သင့်ကိုယုံကြည်တော့မှာ မဟုတ်ပါဘူး။ အဲဒီအခါ စီးပွားရေးဖြစ်ဖြစ်၊ လူမှုရေးဖြစ်ဖြစ် ၊ Relation ဖြစ်ဖြစ် ဆောက်တည်တဲ့ အခါမှာ ခက်ခဲသွားတတ်လို့ပါ။


☑️ စကားပြောတဲ့ အခါ ဘယ်လောက်ပဲ ယုံရတဲ့လူဖြစ်စေ မိမိအကြောင်းအကုန်မပြောပါနဲ့။ မိမိစကားတစ်ခွန်းပြောခါနီး တွေးရမှာက ပြောလိုက်ရင် ဘာကောင်းကျိုးရှိလဲ ၊ ဘာဆိုးကျိုးရှိလဲ နှစ်မျိုးပဲ စဉ်းစားပါ။


☑️ ဒုက္ခနဲ့ ကြုံတွေ့တဲ့ အခါ ငါ့ကျမှ ဖြစ်ရလေခြင်းလို့ ညည်းတွားမဲ့ အစား ငါ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ စိတ်မျိုးအမြဲမွေးပါ။ သင်သိထားတဲ့ စိတ်ဓာတ်ကြံ့ခိုင်သူတွေက စိတ်ဓာတ်ကြံခိုင်တာမဟုတ်ပါဘူး။ သူတို့က လက်လျှော့အရှုံးပေးတယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို နားမလည်တာပါ။ အဲ့လိုလုပ်တတ်တဲ့ အကျင့်မရှိတာပဲ။ အရာအားလုံးက စိတ်ရဲ့ အလေ့အကျင့်ပါ။


☑️ လဲကျတိုင်း ပြန်ထ၊ လဲကျတိုင်း ပြန်ထ၊ ဘယ်နှစ်ကြိမ်လဲ နိုင်မလဲဆိုတာ လောကကြီးကို စိန်ခေါ်လိုက်ပါ။ လူ့စိတ်ဝိဉာဉ်ဟာ ကျွန်တော်တို့ထင်ထားတာထက် အခက်ခဲအတားအဆီးတွေကို ကျော်လွှားဖြေရှင်နိုင်ပါတယ်။ နောက်ဆုံးရလဒ်ကသာလျှင် အဓိကကျပါတယ်။



crd

ချစ်ခြင်းအားဖြင့်
ပြေခိုင်

' အစ​ကောင်းမှ အ​နှောင်း​သေချာ '
29/05/2021

' အစ​ကောင်းမှ အ​နှောင်း​သေချာ '

25/02/2021

Feb 1 ရက်နေ့ကတည်းက
ဘယ်သူမှတိုက်တွန်းစရာမလိုပဲ
ကိုယ့်အသိစိတ်နဲ့ကိုယ် CDM လုပ်ခဲ့တာ
ကျွန်မတို့ Online Business သမားတွေပါ

ဘာလို့လဲ???

ပြည်သူတွေ စိုးရိမ်ပူပန်နေတဲ့ အချိန်မှာ
ကျွန်မတို့ရဲ့ ဈေးရောင်းပိုစ့်တွေက
အနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတဲ့ အသိစိတ်လေးရှိလို့ပါ

အခုဆို Online Business သမားတွေ
ဝင်ငွေ မရှိပဲ နေနေရတာ ယနေ့အထိပါ

ဒါပေမယ့် ကျွန်မတို့ စိတ်ဓာတ်မကျပါဘူး

ဘာလို့လဲ???
ဒီအရေးတော်ပုံ အောင်ရင်
စီးပွားရေး တွေ အသစ်တစ်ဖန် ပြန်ကောင်းလာမယ်ဆိုတာ
ကျွန်မတို့ယုံကြည်ထားလို့ပဲဖြစ်ပါတယ်

အခုဆိုရင် အရေးတော်ပုံ အောင်ဖို့
အင်တိုက်အားတိုက် ပါဝင်နေကြတဲ့ထဲမှာ
Online Business သမားအများစုပါဝင်နေတာတွေ့ရပါတယ်

ဈေးရောင်းပိုစ့် မတင်ရရင် လိုက်ဖ်မလွင့်ရရင် မနေနိုင်တဲ့
Online Business သမားတွေ
အခုဆိုရင် ယနေ့ထိ ဝင်ငွေ မရှိပဲ
အရေးတော်ပုံ အောင်ဖို့ ကိုယ်တတ်နိုင်တဲ့ဘက်က
ကြိုးစားပါဝင်နေကြတဲ့ သူတွေတိုင်းကို
တကယ်လေးစား ဂုဏ်ယူပါတယ်

အရေးတော်ပုံ အောင်ကို အောင်ရမယ်

တကယ်လည်း အောင်တော့မယ်လို့ စိတ်ထဲအပြည့်အဝ ယုံကြည်နေတယ်

ယနေ့ထိ ဖိုက်ခဲ့ပြီးပြီပဲ
အောင်တဲ့ထိ ဆက်ဖိုက်ကြမယ်

ဝင်ငွေအကန့်သတ်မရှိဈေးရောင်းနိုင်မယ့်ရက်တွေကို
မျှော်မှန်းရင်း ..... Fighting 💪💪 Online Business သမားများ




Credit

♥Ohgiya ♥ Cheeseဖြည့်စွက်စာလည်း ကျွေးချင်တယ်..မုန့်သရေစာမျိုးလည်း ဖြစ်ရမယ်..🤔အာဟာရလည်းပြည့်ဝ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့အ...
29/01/2021

♥Ohgiya ♥ Cheese

ဖြည့်စွက်စာလည်း ကျွေးချင်တယ်..မုန့်သရေစာမျိုးလည်း ဖြစ်ရမယ်..🤔

အာဟာရလည်းပြည့်ဝ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့အပြင် အရသာလည်းရှိ....

လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်တဲ့

➡ohgiya cheese🧀🧀🧀

မေမေ​​ဖေဖေတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို Ohgiya cheese နဲ့အတူ ပြသလိုက်ပါ...✨✨✨

Price 💰

12 ခုပါ - 3500 ks

09978630845 သို့မဟုတ် Cb ကိုဆက်သွယ်မှာယူနိုင်ပါတယ်၊

29/01/2021

♥️ဘေဘီလေးတွေ ရဲ့ ဆောင်းတွင်း စတော်ဘယ်ရီ အာသီးရောင်ခြင်း 🍓🍓🍓🍓🍓

COVID ကာလမို့ လည်ပင်းနာ၊ ဖျား စိတ်ပူနေကြတဲ့မေမေ တို့အတွက် ပြန်လည်မျှဝေပါတယ် ။

မြူခိုးဝေတဲ့ ဆောင်းနဲ့ အတူ ဘေဘီလေး မေမေတို့ရဲ့ ညည်းတဲ့အသံလေးတွေ ကြားရပီပေါ့

"အမေရ
သမီးကလေ အသံလေးက အက်တက်တက်နဲ့ ချောင်းသံလေးလဲ ကြားနေရတယ်

ဖျားလဲ ဖျားနေပီ မရေ
သွားရည်လေးတွေလဲ အရင်ကထက်ပိုကျလာတယ်
ငိုပီး ဂျီလဲ ကျတယ် မရယ်
အစာလဲ သိပ်မစားဘူး
နို့လဲ သိပ်မစို့ နိုင်ဘူး မ ရေ

ဂျီလွန်းလို့ စိတ်တွေလဲ ဆင်းရဲနေပါပီ ""
လို အသံကြားရရင်တော့ ဘေဘီလေးတွေအတွက် ဆောင်တွင်း လက်ဆောင် အာသီးလေးတွေရောင်ပါပီ

# အာသီးရောင်တယ် ဆိုတာဘာလဲ?.
အာသီးရောင်တယ် ဆိုတာကတော့ အာခေါင်နောက်ပိုင်းက အာသီးလေတွေ ရောင်တာပါ လည်ပြွန်လေးတွေပါ ရောင်တတ်ပါတယ်

# ဘာကြောင့် အာသီးရောင်ပါသလဲ?
များသောအားဖြင့်တော့ ဘေဘီလေးတွေကို ဖြစ်စေတာ VIRUS ပိုးကြောင့်ပါ
Streptococcus ဘတ်တီးရီးယားပိုးကြောင့်လဲ ဖြစ်နိုင်ပါတယ်

# ဘယ်လိုကူးလဲ ?
အားသီးရောင် ချောင်းဆိုးနေတဲ့ လူကြီးတွေဆီက ကူးပါတယ်လို့ပဲပြောပါရစေ
ကလေးတွေကို လက်မဆေးပဲ ကိုင်ရင် ရှေ့မှာချောင်းဆိုရင် အနားမှာ ချောင်းဆိုးနေသူရှိရင်တော့ ကူးပီပေါ့နော်

ဘယ်လို လက္ခဏာတွေရှိမလဲ ?
ဘေဘီလေးတွေက သူတို့ လည်ချောင်းနာကြောင်းကို စကားကလဲ မပြောတတ်သေးတေ့ာ သိပ်သနားဖို့ကောင်းပါတယ်
နားလွန်းတော့ ငို
သွားရည် မြိုရင်တောင် နာ တော့ ငို
နို့ စိုတော့ မြိုလဲ ငို
မစို့နိုင်တော့ ဗိုက်ဆာလို့ငို နဲ့ မျိုးစုံ ဂျီတော့တာပါပဲ

ဖျားလာမယ်
ချောင်းဆိုးမယ်
အသံလေးတွေ အက်တက်တက်ပြောင်းလာမယ်
နို့မစို့နိုင်ဘူး ရှူးပေါက်နဲမယ်
လည်ပင်းဘေး နားနောက် အစိအကျိတ်လေးတွေ ထွက်လာမယ်
သွားရည် ပိုကျလာမယ်
ပါးစပ်က အနံ့ဆိုးတွေ ထွက်မယ်
ဒါလေးတွေ ဖြစ်တတ်ပါတယ်

# ဘာလုပ်ရမလဲ ?
နီးစပ်ရာ ဆရာဝန်ဆီပြပါ
ဆရာဝန်က ပါးစပ်ထဲငြည့်ပေးရင် စတ်ေဘယ်ရီသီးလို ရဲနေတာ တခါတလေ အဖြူဖတ်လေးတွေတွေ့တာ ရှိတတ်ပါတယ်

# ဘာစစ်ရမလဲ ?
များသောအားဖြင့် စစ်စရာမလိုပါဘူး
ကလေးကြီးတွေ ကိုတော့ လည်ပင်းက နေ ပိုးရှိမရှိစစ်တာတွေ ရှိနိုင်ပေမယ့် မစစ်ရတာများပါတယ်
ဆရာဝန်ကကြည့်ပီးဆုံးဖြတ်ပေးပါ့မယ်

ဘယ်လိုကုသပေးရမလဲ ?
များသောအားဖြင့် supportive treatment လေးတွေပဲ လိုတာများပါတယ်
နာနေတော့ paracetamol အရည်လေးတွေကို ၁၂၅ mg ပါတဲ့ အရည်လေးတွေ ၆ နာရီခြား ၄ ကြိမ်တိုက်လို့ရပါတယ်
ခပ်နွေးနွေးပျော့ပျော့ အစာလေးတွေ နဲနဲ နဲ့ ခနခန ငျွေးဖို့လိူပါတယ် ဥပမာ ဆနိပြုတ်ပူပူ , စွပ်ပြုတ်ရည် ,နွားနို့ ထမင်းပူပူလေးတွေ
ငှက်ပျောသီး , ပူတင်းလိုမျိုးတွေ ပေါင်မုန့် နို့စိမ်လေးတွေကိာ နဲနဲဆီကျွေးပါ
မာပီး စားရခက်တာ မျိုရခက်တာတွေ မကျွေးပါနဲ့
အရည် များများတိုက်ပါ
Frozen breast milk အမေနို့ညှစ် ပီး ရေခဲသေတ္တာထဲနဲနဲအေးအောင်ထားပီး နဲနဲတိုက်ပါ
အရေးကြီးတာတေ့ာ အရမ်းနာလို့ မစားမသောက်ရင်းနဲ့ ရေဓာတ်ခမ်းခြောက် ဆီး အရမ်းနဲမှာ စိတ်ပူရပါတယ် ဒါကြောင့် ဆီး အကြိမ်အရေတွက်မှန်ထားပါ
ဆီး က ပုံမှန် ၄ , ၅ကြိမ် သွားရမှာ မသွားပဲ နဲနေရင် ကျောက်ကပ် ထိနိုင်ပီး ရေဓာတ်ပြန်ဖြည့်ဖို့ နီးစပ်ရာ ဆရာဝန်ပြသင့်ပါတယ်
Virus လာ ဘတ်တီးရီးယားလားကိုတော့ ဆရာဝန်မှကြည့်ပီး ပိုးသတ်ဆေးလိုရင်ပေးပါလိမ့်မယ်
တချို့ပိုးက နှလုံးလေးဘတ်နာဖြစ်တတ်လို့ပါ
ဒါပေမယ့် အာသီးရောင်တိုင်းအရမ်းစိတ်ပူနေဖို့ မလိုပါဘူး

တနှစ်အထက်ကလေးများ
ရေကျက်နွေးလေးထဲ သံပရာနဲနဲလေးထည့်ပီး တိုက်ကြည့်ပါ သို့ ပျားရည်လေးထည့်တိုက်ပါ

တနှစ်အောက် ကလေးများကို ပျားရည် လုံးဝမတိုက်ပါနဲ့ ဆားရည် မတိုက်ပါနဲ့

ကလေးအခန်းထဲ humidifier လေးထည့်ထားပေးပါ
ခြင်းဖြင့် အခန်းထဲက လေလေးတွေ စိုဆွတ်ရင်း ကလေးလည်ချောင်းလေးတွေ သက်သာစေပါတယ်

# ကလေးတွေ အားသီး ဘယ်နှကြိမ်ရောင်တတ်သလဲ ?
ကလေး ဘဝမှာ ခနခန ရောင်တတ်ပါတယ်တဲ့ နော်

# ဘယ်လိုကာကွယ်ရမလဲ ?
ဒီလိုရာသီရောက်ရင်ဖြင့် ကလေးကောလူကြီးပါ လက်ခနခန ဆေးပါ.
လူကြီးတွေတော့ လည်ချောင်းနာနေရင် ကလေးနားသိပ်မကပ်ပါနဲ့နော်

ဒီလိူ အအေးပါတ် အာသီးရောင် တုတ်ကွေးဖြစ်တတ်တဲ့ ရာသီမှာ လက်သေချာဆေးကြပါ
ကာကွယ်ဆေးတော့ ထိုးစရာမရှိပါဘူးလို့

အာသီးရောင်ခြင်းဟာ အရမ်း စိတ်ပူရတဲ့ ရောဂါမဟုတ်ပေမယ့် စကားမပြောတတ်သေးတဲ့ ကလေးမေမေတို့ ကလေး အစာမစား တချိန်လုံး ဂျီနေတော့ စိတ်ညစ်ရတဲ့ ရောဂါမို့လို့ ဒါလေးကို ဝေမျှပေးလိုက်ပါတယ်မေမေတို့ရေ

Knowledge Sharing is a kind of caring ပါလို့

မေတ္တာဖြင့်
ဒေါက်တာခိုင်ဝါဝါထွန်း
ကလေးအထူးကုဆရာဝန်

Dutch Mill Kids အရောင်စုံ အရသာစုံ ထပ်​​ရောက်ပါပြီThai quality  🇹🇭  အစစ်ပါ​နော်၄ လုံးပါ တစ်ကဒ် -1100ကျပ်ပါ09978630845  သိ...
29/01/2021

Dutch Mill Kids အရောင်စုံ အရသာစုံ ထပ်​​ရောက်ပါပြီ

Thai quality 🇹🇭 အစစ်ပါ​နော်

၄ လုံးပါ တစ်ကဒ် -1100ကျပ်ပါ

09978630845 သို့မဟုတ် Cb ကိုဆက်သွယ်မှာယူနိုင်ပါတယ်

Baby ​လေး​တွေကြိုက်တဲ့ ထိုင်းနိုင်ငံထုတ် NANACO တံဆိပ် jelly pudding ​လေး​တွေ ​ရောက်​နေပါပြီ​ 😊😊အချိုအရသာကြီး မဟုတ်ဘဲ အန...
28/01/2021

Baby ​လေး​တွေကြိုက်တဲ့ ထိုင်းနိုင်ငံထုတ် NANACO တံဆိပ် jelly pudding ​လေး​တွေ ​ရောက်​နေပါပြီ​ 😊😊

အချိုအရသာကြီး မဟုတ်ဘဲ အနံ့လေးအရမ်း‌​မွှေးပြီး အသီးအရသာလေးတွေနဲ့ ပြုလုပ်ထားတဲ့အတွက် baby ​လေး​တွေ အရမ်းကြိုက်ပါတယ်​နော် 😋😋😋

Jelly ဆိုပြီး​ချောင်းဆိုးမှာလဲစိတ်ပူစရာမလိုပါဘူး​နော်၊ မင်မင်ကိုယ်တိုင်လဲအရမ်းကြိုက်လို့ အမြဲစားဖြစ်တဲ့ jelly ​လေးပါရှင့် 😍😍😍

​စျေးနှုန်း​လေးက​တော့ အခု ၆၀ ပါ တစ်ထုပ်ကိုမှ 4000 ကျပ်ထဲပါ​နော်

ပစ္စည်း instock ရှိပါတယ်ရှင့်

09978630845 သို့မဟုတ် Cb ကိုဆက်သွယ်မှာယူနိုင်ပါတယ်၊

၆ လ ပြည့်ပြီးသားသားမီးမီး​လေး​တွေကို snack ​လေး​တွေစ​ကျွေးဖို့ ကိုက်ပြီးစားလိုက်ရုံနဲ့ ပါးစပ်ထဲတင်အရည်​ပျော်သွား​စေမဲ့ b...
27/01/2021

၆ လ ပြည့်ပြီးသားသားမီးမီး​လေး​တွေကို snack ​လေး​တွေစ​ကျွေးဖို့ ကိုက်ပြီးစားလိုက်ရုံနဲ့ ပါးစပ်ထဲတင်အရည်​ပျော်သွား​စေမဲ့ baby bites နဲ့ baby guide ​​လေး​တွေ ရပါပြီ​နော် 😊😊

ဆန်ကိုအ​ခြေခံပြီးပြုလုပ်ထားတဲ့ organic rice cracker ​​လေး​တွေဖြစ်လို့ ​မေ​မေတို့​ရွေးချယ်ဖို့အတွက် အသင့်​တော်ဆုံးပါပဲ​ 😇

အရသာမျိုးစုံရှိတဲ့အတွက် ကြိုက်နှစ်သက်ရာကိုရွေးချယ်ပြီးကျွေးလို့ရပါတယ်​နော် 😋😋😋

Cracker ​လေးတွေဆိုတော့ သယ်သွားရလွယ်ကူစေတဲ့သရေစာမုန့်ဆိုလဲမမှားပါဘူးနော်.....

​စျေးနှုန်း​လေးလဲသင့်တင့်ပြီး ပစ္စည်း instock ရှိပါတယ်ရှင့်

တစ်ဘူး - 5500 ks

09978630845 သို့မဟုတ် Cb ကိုဆက်သွယ်မှာယူနိုင်ပါတယ်၊

24/01/2021

မေမေတို့အတွက်ဗဟုသုတအဖြစ်​မျှဝေလိုက်ပါတယ်
***********************************************

ယခုအချိန်ကာလမှာ ရာသီဥတုအေးလာတာမို့ နှာစေး၊ ချောင်းဆိုးဖြစ်လို့၊ နှာခေါင်းပိတ်လို့၊ ချွဲကြပ်လို့ဆိုပြီး မေးကြတာများပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြောပြချင်တာလေးတွေရှိပါတယ်။ တစ်ခုရှိတာက ကျွန်မတို့မြန်မာမိဘတွေပြောလေ့ရှိတဲ့ ချွဲကြပ်တယ်ဆိုတာနဲ့ ကျွန်မတို့ ဆေးပညာဘက်ကသတ်မှတ်ထားတဲ့ ချွဲကြပ်တယ်ဆိုတာက ကွာခြားပါတယ်။

မေမေတို့က ကြပ်တယ်ဆိုတိုင်းလည်း ဆရာဝန်စမ်းသပ်တဲ့အခါမှာ တကယ်ကြပ်တဲ့လက္ခဏာတွေရှိချင်မှရှိတာပါ။ ဒါကြောင့် အခုလိုအသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ပြဿနာတွေမှာ အကောင်းဆုံးက ဆရာဝန်ကိုယ်တိုင် ဖြစ်စဉ်ကို သေသေချာချာမေးပြီး စမ်းသပ်ကုသရတာ အကောင်းဆုံးပါ။ ဒါကြောင့်လည်း ကလေးချွဲကြပ်လို့ ဆေးလေးပြောပေးပါဆိုတဲ့မိဘတွေကို ဆရာဝန်ပဲပြကြဖို့ပြောရတာပါ။

မေမေတို့အိမ်မှာလုပ်ပေးလို့ရနိုင်တာလေးတွေကိုတော့ ပြောပြပေးသွားပါမယ်။

နှာစေး၊ နှာပိတ်တဲ့ကလေးတွေ
----------------------------
မွေးကင်းစအရွယ်လေးကစပြီး ဖြစ်တတ်တာမို့ တကယ်ကိုအမေးများတဲ့မေးခွန်းပါ။ ကျွန်မကိုယ်တိုင်လည်း သားလေးနှာခေါင်းပိတ်တိုင်း သူ့ရဲ့အသက်ရှူသံလေးကိုကြားနေရတာကိုက ကိုယ့်ရင်ထဲမှာနာနေအောင်ဖြစ်မိတော့ မိဘတွေရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ နှာစေး၊ နှာပိတ်တယ်ဆိုတာ သာမန်ဖြစ်လေ့ရှိတာပဲဆိုပေမယ့် မိဘဆိုတာ သားသမီးကို ဘာဝေဒနာမှကို မခံစားစေချင်ကြတာ သဘာဝပါ။

မွေးကင်းစကနေ ၆ လ အထိ လသားလေးတွေအတွက် အရင်ပြောပြပါမယ်။ ကလေးက နှာရည်ပဲကျတယ်ဆိုပါစို့။ သိပ်အများကြီးကျနေတာမဟုတ်ဘူး။ သူ့အတွက်လည်း သက်တောင့်သက်သာပဲဆိုရင်တော့ ဆေးမတိုက်စေချင်ပါဘူး။ သိပ်ကျတယ်ဆိုရင်လည်း ဆရာဝန်ပြစေချင်ပါတယ်။

အဖြစ်များတာကတော့ နှာခေါင်းပိတ်တာပါ။ အဲဒီအတွက်အဓိကလုပ်ပေးရမှာကတော့ နှာခေါင်းထဲကို အစက်ချဆေးလေးထည့်ပေးရတာပါပဲ။ တကယ်ကတော့ ပိုးသန့်ထားတဲ့ဆားရည်ကြည်ပါပဲ။ အခုခေတ်မှာတော့ 5ml ပဲပါတဲ့ ဘူးလေးတွေ အလွယ်တကူဝယ်လို့ရနေပါပြီ။ မေမေတို့အသိများတဲ့နာမည်ကတော့ Physiodose ပေါ့။

အရေးကြီးတဲ့အချက် သတိပေးချင်တာကတော့ အဲဒီ normal saline လို့ခေါ်တဲ့ ဆားရည်ကြည်ကလွဲပြီး ကျန်တဲ့အမျိုးအစား နှာခေါင်းအစက်ချဆေးတွေ ကလေးမှာ မသုံးသင့်ပါဘူး။ ဆရာဝန်ညွှန်ကြားချက်နဲ့ လိုအပ်တဲ့အခါ ရှိချင်ရှိပါမယ်။ ဒါပေမယ့် ဆရာဝန်ကတစ်ခါပေးဘူးလို့ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ဆက်သုံးနေတာမျိုးမလုပ်ရပါဘူး။

ဆာရည်ကြည်အစက်လေးနှာခေါင်းကိုထည့်ပေးရတာက အန္တရာယ်မရှိပါဘူး။ ကလေးနှာခေါင်းပိတ်လို့ အနေရခက်နေရင် လိုရင်လိုသလိုထည့်ပေးလို့ရပါတယ်။ ဆေးဘူးလေးရဲ့ထိပ်ကလေးကိုလှည့်ဖွင့်ပြီးသွားရင် အဲဒီအပိတ်လေးကို အထက်အောက်ပြောင်းပြန်လှန်ပြီး အပေါက်ကိုပြန်ပိတ်လို့ရပါတယ်။ ဖွင့်ပြီးပြီဆိုရင်တော့ ၂၄ နာရီထက်ပိုမသုံးသင့်ပါဘူး။ကလေးငယ်ကလည်း ရုန်းကန်မှာပဲမို့ ထည့်ရမှာ မဝံ့မရဲဖြစ်ကြမှာပါပဲ။ စနစ်တကျ ဘယ်လိုလေးထည့်ပေးသင့်တယ်ဆိုတာ ပြောပြပေးပါမယ်။

၁။ အရင်ဆုံး ကလေးကို အမေရဲ့ပေါင်ပေါ်မှာ စောင်းလျက်အနေအထားနဲ့ ဦးခေါင်းကို လက်မောင်းပေါ်မှာတင်ထားပါ။
၂။ နှာခေါင်းပေါက်တစ်ဖက်ထဲကို ဆားရည်ကြည် ၂ စက်- ၃စက်ထည့်ပါ။
၃။ နှာခေါင်းထဲသို့ ဆားရည်ကြည်ဝင်စေရန် အချိန်ခဏစောင့်ပါ။
၄။ ပြီးရင် ပုံမှာပြထားတဲ့ လက်ညှစ်နှပ်စုပ်ဘောလုံးလေးနဲ့ဖြစ်ဖြစ်၊ ပါးစပ်ကနေစုပ်လို့ရတာလေးနဲ့ဖြစ်ဖြစ် စုပ်ထုတ်ပေးလို့ရပါတယ်။ လက်ညှစ်တာလေးကိုသုံးမယ်ဆိုရင် နှာခေါင်းထဲမထည့်ခင် ဘောလုံလေးကိုညှစ်ထားရပါမယ်။ ကလေးနှာခေါင်းပေါက်ထဲကို ထိပ်ဝလေးဝင်ပြီဆိုမှ ညှစ်ထားတာကိုလွှတ်ရပါမယ်။ ပစ္စည်းလေးတွေကို သုံးပြီးရင် သေချာပြန်ဆေးကြောရပါမယ်။
၅။ နောက်ထပ်နှာခေါင်းပေါက်တစ်ဖက်ကို အမှတ်စဉ် ၂ မှာပြောထားတာကနေစပြီးပြန်လုပ်ပါမယ်။

ဒီလိုနည်းအားဖြင့် ကလေးနို့မစို့ခင် မအိပ်ခင်အချိန်လေးများမှာ လုပ်ပေးမယ်ဆိုရင် ကလေးနေရတာသက်သာပါလိမ့်မယ်။

အိမ်မှာနေရင်းလုပ်ပေးနိုင်တာလေးတွေကတော့ မိခင်နို့ကိုသေချာဝင်အောင်တိုက်ဖို့ပါပဲ။
ကလေးရဲ့ခေါင်းကို အနည်းငယ်မြှင့်ထားပေးလို့ရပါတယ်။ ကလေးက အဲကွန်းခန်းမှာအနေများတယ်ဆိုရင် ပတ်ဝန်းကျင်လေထုစိုထိုင်းဆနည်းနေတတ်ပါတယ်။ Cool mist humidifier လေးဖွင့်ပေးလို့ရပါတယ်။ အခန်းစိုထိုင်းဆကို တိုင်းပေးတဲ့ကိရိယာလေးပါ ဆောင်ထားရင်တော့ ပိုတိကျမှာပါ။
မုန်ညှင်းဆီလေး လူးပေးလို့ရပါတယ်။
ရေနွေးနွေးဆွတ်ထားတဲ့အဝတ်လေးနဲ့ နှာခေါင်းနဲ့ မျက်နှာကို သန့်ရှင်းရေးလုပ်ပေးပါ။

ကလေးမှာ သတိထားရမယ့် အရေးပေါ်လက္ခဏာတွေကတော့ ခါတိုင်းထက် အသက်ရှူမြန်တာ၊ ကလေးမှိန်းတာ၊ နို့မစို့တာ၊ ဆီးသွားနည်းတာ၊ ပြာသွားတာ၊ တက်သွားတာပါ။ ဒါတွေရှိရင်တော့ ဆေးရုံကို အမြန်ရောက်အောင်သွားရပါမယ်။

သာမန်အအေးမိနှာစေးနှာပိတ်တာက ၂ ပတ်လောက်ကြာရင် ပျောက်လေ့ရှိပါတယ်။ ၃ ပတ်ထက်ပိုကြာလာတယ်။ ကလေးကပိုဆိုးလာတယ်ထင်ရင်လည်း ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်

မိဘတိုင်း ကျန်းမာပျော်ရွှင်သောရင်သွေးငယ်လေးများကိုပျိုးထောင်ပေးနိုင်ကြပါစေ.......


#ဒေါက်တာအိ_ကလေးကျန်းမာ
#နှာခေါင်းပိတ်ခြင်း

မေမေတို့အတွက် ဗဟုသုတ အဖြစ်ပြန်မျှဝေလိုက်ပါတယ်Photos credit ❤❤❤
23/01/2021

မေမေတို့အတွက်
ဗဟုသုတ အဖြစ်ပြန်မျှဝေလိုက်ပါတယ်

Photos credit ❤❤❤

တစ်နှစ်အထက် သားသားမီးမီး​လေး​တွေအတွက် Nissin Baby Noodle ယိုးဒယားခေါက်ဆွဲဘူးလေးတွေ ​ရောက်ပါတယ်ရှင် 😍ခေါက်ဆွဲသားကနူးညံ့ပြ...
22/01/2021

တစ်နှစ်အထက် သားသားမီးမီး​လေး​တွေအတွက် Nissin Baby Noodle ယိုးဒယားခေါက်ဆွဲဘူးလေးတွေ ​ရောက်ပါတယ်ရှင် 😍

ခေါက်ဆွဲသားကနူးညံ့ပြီး အထဲမှာ DORAEMON အရုပ်လေးတွေလဲပါလို့ သားသားမီးမီးတို့အကြိုက်​တွေ့​စေမှာ အမှန်ပါပဲ​နော် 😋😋😋

ရေညှိအရသာ - အစိမ်းဘူး
ပြောင်းဖူးအရသာ - ပန်းရောင်ဘူး
ကြက်သားအရသာ - အပြာဘူး အရသာ 3 မျိုးရပါမယ်၊ 6 ဗူးတတွဲ ယူမယ်ဆိုရင် စျေးထပ်လျော့​ပေးပါမယ်​နော်၊ အရသာရောယူလို့လဲရပါတယ်။

တစ်ဗူးယူရင် -800

နှစ်ဗူးယူ -1500 ပါ

ပစ္စည်း instock ရှိပါတယ်ရှင့်

09978630845 သို့မဟုတ် Cb ကိုဆက်သွယ်မှာယူနိုင်ပါတယ်၊

Love Earth Organic Quick Rolled Oat (400 g)Quick Rolled Oat လေးဖြစ်လို့ ပြန်ကျိုစရာမလိုဘဲ ရေနွေးလေးနဲ့ ဖျော်လို့ရပါတယ်နေ...
21/01/2021

Love Earth Organic Quick Rolled Oat (400 g)

Quick Rolled Oat လေးဖြစ်လို့ ပြန်ကျိုစရာမလိုဘဲ ရေနွေးလေးနဲ့ ဖျော်လို့ရပါတယ်နော် နို့နဲ့ပဲရောပြီးဖြစ်စေ ​အသီးအနှံလေးတွေနဲ့ ရောပြီးဖြစ်​စေ ကျွေးလို့ရပါတယ်...😋😋
Oat သားလေးကနူးညံ့ပြီး Organic ဖြစ်လို့ ​ဘေဘီ​လေး​တွေကို စိတ်ချလက်ချ ကျွေးလို့ရပါတယ်နော်

အစာကြေလွယ်တဲ့အပြင် Vitamin , Minerals, Fiber & Antioxidant တွေ ​​ကြွယ်ဝစွာ ပါဝင်လို့ ကလေးများအတွက်အာဟာရပြည့်စေပါတယ်

Fiber အမျှင်ဓာတ်​လေး​တွေ များပြားစွာ ပါဝင်လို့ ကလေးများရဲ့ အစာခြေစနစ်ကိုလဲ အထောက်အကူပြု​စေပါတယ်ရှင်

ဝိတ်ချချင်တဲ့သူတွေအတွက်လဲ Cholesterol လျော့ထားတာကြောင့် အဆင်ပြေပါတယ်နော်......☺☺☺

​မေ​မေ​ရော ​ဘေဘီ​လေး​တွေအတွက်ပါ အဆင်​ပြေတဲ့ Love Earth တံဆိပ် Organic Quick Rolled Oat ကို Cutties Baby မှာ မှာယူလို့ရပါပြီ​နော်

​စျေးနှုန်း​လေးက​တော့ -၅၅၀၀ကျပ် ပါနော်

Address

Yangon
11051

Website

Alerts

Be the first to know and let us send you an email when Cutties Baby posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category