11/08/2021
Oxygen Concentrator ငှါးရမ်းကူညီခြင်း
အခုလိုခက်ခဲနေတဲ့ကာလကြီးမှာကျွန်မတို့
Aesthetic by AKERYအနေဖြင့် တဖက်တလမ်းမှ
ကူညီသောအားဖြင့် ရန်ကုန်မြို့တွင်း အမှန်တကယ်
Oxygenလိုအပ်၍ အခက်အခဲဖြစ်နေသော
အရေးပေါ်လူနာများအတွက် ရည်ရွယ်၍
⚫️Medical Grade Oxygen Concentrator 10L
စက် ၄ လုံး
⚫️40L Oxygen အိုး Flow meter နှင့် အရည်ပါအပါ
ပစ္စည်းများအား အခမဲ့ငှါးရမ်းပေးသွားပါမည်ရှင့်။
ကိုယ်တိုင်လာယူရန်အခက်အခဲရှိသူများအတွက်လည်း
အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမှာပါရှင့်။
အမှန်တကယ် အခက်အခဲရှိသော
အရေးကြီးလူနာရှင်များအနေဖြင့်Aesthetic by AKERY
page messenger မှ ဆက်သွယ်၍ အကူအညီ
တောင်းခံနိုင်ပါတယ်ရှင်။
အမှန်တကယ်လိုအပ်နေသော အရေးပေါ်လူနာများအား
ပြန်လည်မျှဝေကူညီနိုင်ဖို့အတွက် Concentrator
ငှားရမ်းခြင်းများအား အများဆုံး ၃ရက် မှ ၅ရက်ထိသာ
ငှားရမ်းကူညီပေးနိုင်မည်ဖြစ်ပါကြောင်း
ကြိုတင်အသိပေးအပ်ပါသည်ရှင်။
***အရောင်းပို့စ်မဟုတ်ပါ
အလုံးစုံအခမဲ့ ငှါးရမ်းခြင်းဖြစ်ပါသည်ရှင့်***