28/01/2021
၂/၈၀ ချည်နဲ. အင်းလေးချည် ဘာကွာလဲ မေးထားတာတွေ.ရလို. ချည်နံပါတ်နဲ. ပါတ်သက်ပြီး ဆရာဦးအောင်ဇင် ရှင်းပြထားတာကို ပြန်တင်ပေးလိုက်ပါတယ်။ ဆရာဦးအောင်ဇင် ရေးထားတဲ့ မူရင်းလင့်ကို ပထမဆုံး comment မှာ ကြည့်နိုင်ပါတယ်။
-----
ချည်နံပါတ် လို့ ဆိုကြရာဝယ်။
သင်တန်းအတွက် ပြင်ဆင်မှု့ အတွက် နေ့ည မအား လို့ စာမရေးနိုင်ခဲ့တာ အတော်ကြာခဲ့ပါပြီ ။ ဒီနေ့ ညတော့ မအိပ်နိုင်တာရယ်၊ နဲနဲ အလုပ်ချောင်လာတာရယ်၊ သင်တန်းအတွက်လဲ အထောက်အကူဖြစ် အများသူငါလဲ တိကျ ရှင်းလင်းစွာ သိသင့်တယ် လို ယူဆလို့ ချည်နံပါတ် အကြောင်း နဲနဲ ရေးအုံးမယ်။ အဝတ်အစား လုံချည် ပုဆိုး ဝယ်ကြ ဝတ်ကြ ရင် နှစ်ရှစ်ဆယ် လုံချည်၊ နှစ်တစ်ရာ လုံချည၊် တစ်လေးဆယ် ပုဆိုး၊ တစ်နှစ်ဆယ် ပိတ် စသည့် အခေါ်အဝေါ် တွေနဲ့ တော့ တော်တော်များများ ယဉ်ပါးနေကြမှာပါ။ ဒါပေမဲ့ ဒါတွေဟာ အချို့ မသိကြပါ။ နှစ်တစ်ရာ ကြာတဲ့ ချည်နဲ့ လုပ်ထားတဲ့ ပုဆိုး လားလို့ မေးတဲ့သူ ရှိဘူးပါရဲ့။ ဒီလိုဆိုတော့ ကာ နဲနဲ အပြင်းပြေ ဗဟုသုတ အဖြစ် Textile Term ဖြစ်တဲ့ ချည်နံပါတ် စနစ် Yarn Numbering System ကို အများနားလည် ရှင်းရလွယ်အောင် အာချောင်ကြည့်ပါအုံးမယ်နော်။ သိပြီးရင်လဲ နဲနဲ သီးခံကြပါလေတော့။
ချည် ကို အပြင်မှာ အများသူငါ မြင်ဘူးကြပါ သည်။ အထက်အဆိုပါ ၂/၈၀၊ ၂/၁၀၀၊ ၂/၆၄၊ ၁/၄၀၊ ၁/၂၀ ဆိုတာတွေက ချည်ရဲ့ အရွယ်အစား ကိုပြသော ချည်နံပါတ် တွေ ဖြစ်ပါတယ်။ ဖော်ပြခဲ့ သလို ၂ မျဉ်းစောင်းခံပြီး နောက်က ၁၀၀ လို့ ရေးကြပါတယ်။ ဒါက မြန်မာစံနော်။ ကမ္ဘာ သုံး international state မှာတော့ 2/80 , 2/100, 1/40 ဆိုရင် အချို့ ယိုးဒယား၊ တရုတ်နှင့် အနောက်နိုင်ငံ က နားမလည်ပါ။ အိန္ဒိယ ကတော့ ဒီလိုရေးရင် နားလည်ပါတယ်။ International term အမှန်က 80/2 , 100/2, 40/1 , 20/1 လို့ဆိုကြသဗျ။
ကဲ ဒါတွေက ဘာတွေလဲ၊ ပြောတာ့မယ်နော်၊ ချည်နံပါတ်ဆိုတာ ချည်ရဲ့ အရွယ်အစား size ကို ၊ လုံးပတ် diameter ကို ၎င်း ချည်ကို တိုင်းတာလို့ ရတဲ့ အရာ နှစ်ခု ကို အခြေပြု့ သတ်မှတ်ပြောဆိုကြတာပါ။ ချည်မှာ ပင်ကို သဘာ၀ အရ တိုင်းတာလို့ ရတာ နှစ်ခု ရှိသဗျ။ အဲဒါ ကတော့ ၁) အရှည် length unit နှင့် ၂) အလေးချိန် Weight unit တို့ ဖြစ်ကြသဗျ။ ချည်တစ်ပင်ကို ဘယ်လောက်ရှည် တယ် ဆိုတာ ကြိုက်တဲ ယူနစ် Brithsh Unit, SI Unith တို့နှင့် တိုင်းနိုင်သလို အဲဒီချည် ဘယ်လောက်လေးတယ်ဆိုတာ သင့်တော်ရာ ချိန်ခွင် Balance မှာ ချိန်နိုင်ကြတာ ဘဲလေ။ ဒီတော့ ချည်နံပါတ် ဆိုတာ အလေးချိန် ယူနစ် တစ်ခု မှာ အရှည် ဘယ်လောက် ရှိရင် ချည်နံပါတ် ဘယ်လောက် လို့ သတ်မှတ် တဲ့ အလေးချိန် အခြေပြု Weight Based system နှင့် သတ်မှတ် အရှည် ယူနစ် တစ်ခုတွင် အလေးချိန် မည်မျှ ရှိသည် ကို နံပါတ် သတ်မှတ် မှတ်သား သော စနစ် Length Based System ဆိုပြီး နှစ်မျိူး ရှိလာသဗျ။
ကဲပါဗျာ။ ပြောနေရင် ကြာပါအုံး မယ်။ နမူနာလေးနဲ့ ပြောရအောင်ပါ။
British Cotton System
ဒါကတော့ အင်္ဂလိပ်တွေ သတ်မှတ်သွားတာ ။ သူက အလေးချိန် အခြေပြု့ စနစ် Weight Based System ပါ။ ခင်ဗျား တို့ ကျွန်တော်တို့ ပတ်ဝန်ကျင်မှာ ယဉ်ပါးတဲ့ ချည်ကို အခေါ် ၁/၄၀၊ ၂/၈၀ ဒါတွေက အင်္ဂလိပ် စနစ်ပါ။
သူ့ရဲ Definition က ……..
Count = Number of 840 Yards per pound
မြန်မာလို ရှင်းရှင်း ဆိုရ ရင် ချည်တစ်ပေါင် အလေးချိန်တွင် ကိုက် ၈၄၀ ပါဝင်သော အကြိမ်ပေါင်း နံပါတ် ကို ချည်နံပါတ် လို့ ခေါ်လိုက်တာဘဲ။
ဥပမာ ၂၀ ချည် ဆိုတာက ချည်အလေးချိန် တစ်ပေါင်တွင် ၈၄၀ ကိုက် အကြိမ်ပေါင်း ၂၀ ၊ စုစုပေါင် အရှည် ၈၄၀ × ၂၀ = ၁၆၈၀၀ ကိုက် ရှိသော ချည် ပေါ့ဗျာ။ ဒါကို ချည်တစ်ပင် ဘဲ ပါရင် ၁/ ၂၀ လို့ ပြော တာပေါ့။ ၁/ တို့ ၂/ တို့ ဆိုတာ က အဲဒီ အရွယ် ရှိတဲ့ ချည် တစ်ပင်ပါတာ၊ သို့မဟုတ် ၊ နှစ်ပင်ပါတာ ကို ဆိုလိုတာဗျ။
ထပ်ပြီး ပြောရရင် ၁/၄၀ ချည် ဆိုတာ ချည်တစ်ပေါင် အလေးချိန်တွင် ၄၀× ၈၄၀ = ၃၃ ၆၀၀ ကိုက် ရှိတာလေ။
၂/ ၈၀ ဆိုတာက ချည်တစ်ပေါင်တွင် ၈၀ × ၈၄၀ = ၆၇ ၂၀၀ ကိုက် ရှည်ရှိတဲ့ ချည် ကို နှစ်ပင်ပူး ကျစ်ထားတာလေ။
ဒါဆိုရင်တော့ ကောင်းကောင်းရှင်းပါပြီလေ။
ထပ်ပြီး ပြောရ မှာက ချည်ရဲ့ အရွယ်အစား Size နဲ့ လုံပတ် Diameter ဘဲ။
တစ်ပေါင်တွင် အရှည် ၁၆ ၈၀၀ ကိုက် ရှိတဲ့ ချည် နဲ့ ၎င်း တစ်ပေါင် တွင် ပင် ၃၃ ၆၀၀ ကိုက် ရှိတဲ့ ချည် ဘယ်သူ က လုံပတ် ပိုသေးမလဲ။
ပိုရှည်တဲ့ ချည်က ပိုပြီး cross section လုံပတ် နဲ့ အရွယ်အစား ပိုသေးလာလေ ပေါ့။
ဒါကြောင် ၁/၂၀ ချည်က ၁/၄၀ ချည်ထက် အရွယ်အစား လုံပတ် ပိုကြီး ပြီး Couse ဖြစ်တယ်။ ၁/၄၀ ချည်က fine ဖြစ်တယ် ပြောကြတာပေါ့။
နံပါတ် နဲ့ အရွယ် အစား က ဆန့်ကျင်ဖက် ဖြစ်နေတယ်။ နံပါတ် ကြီး လာလေ ပိုပိုပြီး fine ဖြစ်လာလေ ဆိုတော့ ဒီစနစ် ကို ပြောင်းပြန် ချည်နံပါတ် စနစ် Indirect Numbering System လိုခေါ်ကြပါတယ်။
ကမ္ဘာ မှာ ချည်နံပါတ် ကို စနစ်တွေ အများကြီးနဲ့ ခေါ်ဝေါ် သတ်မှတ် ခဲ့ ကြပေမဲ့ လက်ရှိ Internation Trade မှာ စနစ် ၄ မျိူး ဘဲ အသိ့ အမှတ် ပြု့ ရောင်းဝယ် ကြတယ်။
Direct Numbering System & Indirect Numbering System
Indirect Numbering System တော့ သိ့ ပြီး ပြီ။ Weight ကို အခြေပြု့ Length ကို တိုင်းတာတယ်။ နံပါတ် နဲ့ အရွယ်အစား ပြောင်းပြန် ဖြစ်တယ်။
ယခု Direct system အကြောင်း ဆွေးနွေးမယ်။ Direct system ဆိုတာ က Length ကို အခြေပြု့ တာ။
ဥပမာ ဒင်နီယာ စနစ် Denier ဆိုတဲ့ စနစ် ၊ ဒါကလဲ ပတ်ဝန်းကျင်မှာ ကြားဘူး ကြမှာ ပါ။ ပေါ်လီအက်စတား၊ နိုင်လွန် ၊ ရေယွန် စတဲ့ ချည်တွေ ပိတ် တွေမှာ 300D, 200D, 150D, 70D/2, 200D/2 စတဲ့ အခေါ်အဝေါ်တွေ ပါ။
သူ့ရဲ Definition က……..
Denier = Mass of yarn in grams for 9000 meter length
ဒင်နီယာ ဆိုတာ က အရှည် ကို အခြေပြု့တာ မီတာ ၉၀၀၀ အရှည်မှာ ရှိတဲ့ အလေးချိန် ဂရမ် ရဲ့ နံပါတ်
ဥပမာ 300 D ဆိုရင် မီတာ ၉၀၀၀ မှာ ၃၀၀ ဂရမ်
150 D ဆိုရင် မီတာ ၉၀၀၀ မှာ ၁၅၀ ဂရမ်
မီတာ ၉၀၀၀ မှာ ၁၅၀ ဂရမ် လေး ဖို့ အရွယ်အစား ၊ လုံပတ်က ပိုသေးရမှာ။
ဒီတော့ သူက တိုက်ရိုက် နံပါတ် ကြီးလာလေ အရွယ်အစား ကြီးလာလေ၊ Textile အခေါ် couse ဖြစ်လာလေဘဲ။
အတိုချူပ် မှတ်ရမှာက Direct System Based upon Length & Indirect System based upon weight ဒါပါဘဲ။
ဆိုခဲ့တဲ့ International Trade တွင် အသုံးများ ချည်နံပါတ် စနစ် ၄ ခု အကြောင်း ပြောပါမယ်။
A/ Direct Number System
1. Denier = Mass in grams for 9000 meter length
2. Tex = Mass in Yarn in grams for 1000 meter length
3. Decitex ( Dtex) = Mass in Yarn in grams for 10,000 length
1 Dtex = 10 tex
B/ Indirect Number System
1. British Count ( Ne) = Number of 840 Yards per pound.
2. Metric Count ( Nm) = Length in meter per 1 gram of mass
ဆိုလိုတာက Direct system မှာ Denier , tex ၊ Indirect system မှာ Brithish (Ne) , Metric (Nm) တို့သည် ကမ္ဘာ ချည် Yarn ၊ အမျှင် fiber ရောင်းဝယ်ရာတွင် သုံးကြပါတယ်။
ချည်မျှင်နှင့် အထည်ဆိုင်ရာ ဗဟုသုတ များ တိုးပွားကြလျှက် မြန်မာနိုင်ငံစီပွားရေး အတွက် တကယ်လိုအပ်နေသော SME မှသည် Heavy Industry အထိ Local Investment ရော FDI ပါ လုပ်ကိုင်နိုင်သော Textile Sector Development ကို နိုင်ငံတော် အစိုးရ သတိ့ပြု့ ဆောင်ရွက် မှု့ များ ကို မျှော်လင့် နေလျှက် ……
တို့ Textile စုစည်းအားဖြင့် ပူးပေါင်းတည်ဆောက် မြန်ပြည် မပျောက်စေရပါ။
လေးစားစွာဖြင့် …………….အောင်ဇင်