16/07/2021
အဝယ်လိုက်ပြီး ဈေးတက် ဝယ်မရတဲ့ဆေးတွေကို အတင်းလိုက်ရှာမနေကြပါနဲ့
Biogesic မှာ Paracetamol 500 mg ပါတယ်
LenSen တို့ Paracap တို့လည်းအတူတူပါပဲ
Becozinc မှာ Vitamin B complex ရယ် Zinc 54.93 mg ရယ် Vitamin C 150 mg ပါတယ်
Enervon C မှာ Vitamin B complex နဲ့ Vitamin C 500 mg ပါတယ်
Ascozin မှာ Vitamin C 500 mg နဲ့ Zinc 15 mg ပါတယ်
Decolgen တို့ Fluza တို့ ဆိုတာကလည်း ပါရာစီတမောနဲ့ ဘာမီတွန်ကို အခြေခံထားတာပါ
ချောင်းဆိုးပျောက်ဆေးကလည်း Bronchest တစ်ခုပဲရှိတာမဟုတ်ပါဘူး
Tussic, Tussolic, De-Tussin, Romivon, Atussin, Contus, Woods ကြိုက်တာဝယ်လို့ရတယ် ပါဝင်ပစ္စည်းတွေက မတိမ်းမယိမ်းတွေပါ
တစ်ခြား Brand တွေလည်းရှိပါသေးတယ်
ပဲနီလေးကစလို့ ပဲအမျိုးမျိုး ပဲပြား စတာတွေမှာ Zinc ဓာတ်ကြွယ်ဝပါတယ်
ချဥ္ပြီးအရည်ရွှမ်းသောအသီးများ ငရုတ်ပွသီးနဲ့ Broccoli ပန်းစိမ်းတို့မှာ Vitamin C ကြွယ်ဝပါတယ်
Vitamin B complex ကတော့ အသား ငါး ဥ နွားနို့ စတာတွေမှာ ပါပါတယ်
credit