Mongdies Myanmar

Call Directions Website Contact the business

Mongdies Myanmar သိပ္ပံနည်းကျ Research များရဲ့အကောင်းဆုံးရလဒ် Mongdies (မွန်းဒီးအက်စ်)

🛁🩵 မေမေတို့ရေ… ရေချိုးပြီးရင် ရင်သွေးလေးရဲ့ အသားအရေ ခြောက်သွေ့မသွားဘဲ စိုစိုပြေပြေလေး ဖြစ်နေစေဖို့ ဘာသုံးပေးဖြစ်လဲ? 👶🏻💕က...
22/10/2026

🛁🩵 မေမေတို့ရေ… ရေချိုးပြီးရင် ရင်သွေးလေးရဲ့ အသားအရေ ခြောက်သွေ့မသွားဘဲ စိုစိုပြေပြေလေး ဖြစ်နေစေဖို့ ဘာသုံးပေးဖြစ်လဲ? 👶🏻💕

ကလေးလေးတွေရဲ့ အသားအရေက နူးညံ့လွန်းတော့ ရေချိုးပေးတဲ့အခါ သန့်ရှင်းဖို့တင်မကဘဲ ရေချိုးပြီးနောက် အသားအရေ စိုပြေနူးညံ့နေဖို့လည်း အရေးကြီးတယ်နော် မေမေတို့ရေ။ 🫧

ဒါကြောင့် မေမေတို့အတွက် မိတ်ဆက်ပေးချင်တာလေးကတော့ Mongdies Relief All-in-One Bath & Shampoo လေးပါရှင့်။ 💙

ခေါင်းလျှော်ဖို့ရော၊ ခန္ဓာကိုယ်သန့်စင်ဖို့ပါ တစ်ဘူးတည်းနဲ့ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။

🩵 Mongdies Bath & Shampoo လေးရဲ့ ထူးခြားချက်တွေကတော့…

🫧 အညစ်အကြေးတွေကို နူးညံ့စွာ သန့်စင်ပေးတယ်။ နူးညံ့တဲ့အမြှုပ်လေးတွေက အသားအရေပေါ်က ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။

💧 ရေချိုးပြီးလည်း အသားအရေ စိုပြေနူးညံ့နေစေဖို့ ကူညီပေးတယ်။ အပင်မှရရှိတဲ့ ingredients တွေနဲ့ CERACINE™ ကို အသုံးပြုဖော်စပ်ထားလို့ အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးဖို့ ကူညီပေးပါတယ်။

🌿 ကလေးတွေရဲ့ အသားအရေနဲ့ ကိုက်ညီတဲ့ pH 5.5–6.5 ဖော်မြူလာ ဖြစ်လို့ နူးညံ့စွာ သန့်စင်ပေးနိုင်ပါတယ်။

👶🏻 အသက် ၀–၃ နှစ်အရွယ် ကလေးငယ်တွေအတွက် စမ်းသပ်စစ်ဆေးထားပါတယ်။ ရင်သွေးလေးတွေအတွက် ရွေးချယ်တဲ့အခါ မေမေတို့ ပိုပြီးစိတ်ချနိုင်ဖို့ အရေးကြီးတဲ့အချက်လေးတစ်ခုပါနော်။

ဒါ့အပြင် လူကြီး (၂၁) ဦးပါဝင်တဲ့ စမ်းသပ်လေ့လာမှုမှာ အသုံးပြုပြီးချင်း ဦးရေပြားသက်သာမှုနဲ့ အသားအရေရဲ့ ရေဓာတ်ထိန်းသိမ်းမှု တိုးတက်လာတာကိုလည်း တွေ့ရှိထားပါတယ်။ 💙

ရင်သွေးလေးရဲ့ နေ့စဉ်ရေချိုးချိန်လေးကို ပိုပြီးလွယ်ကူအဆင်ပြေစေဖို့ Mongdies Bath & Shampoo လေးကို မေမေတို့ရဲ့ Baby Care Routine ထဲ ထည့်သွင်းအသုံးပြုကြည့်လိုက်နော်။ 🛁🫧

📩 အသေးစိတ်သိချင်ရင် Mongdies Myanmar Page Messenger မှာ လာမေးလို့ရပါတယ်ရှင့်။ 💕

21/10/2026

ရာသီဥတုတွေ ဘယ်လောက်ပဲ ပူပြင်းပါစေ…

မေမေ့မေတ္တာအောက်မှာ ကလေးတို့ရဲ့ နေ့ရက်လေးတွေ အမြဲအေးမြနေပါစေ။ 🤍

ဒီသီတင်းကျွတ်မှာ မိသားစုတိုင်း ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးပျော်ရွှင်ကြပါစေရှင်။ 🪔✨

Mongdies — မေမေ့မေတ္တာနဲ့ နူးညံ့တဲ့ ဂရုစိုက်မှုတိုင်းမှာ 🤍

ချစ်ရတဲ့ Mongdies Mommy များရှင် 💛သီတင်းကျွတ်ပိတ်ရက်များ နီးကပ်လာပြီဖြစ်ပါသဖြင့် အော်ဒါပို့ဆောင်ရေးနှင့် ပတ်သက်၍ ကြိုတင်...
20/10/2026

ချစ်ရတဲ့ Mongdies Mommy များရှင် 💛

သီတင်းကျွတ်ပိတ်ရက်များ နီးကပ်လာပြီဖြစ်ပါသဖြင့် အော်ဒါပို့ဆောင်ရေးနှင့် ပတ်သက်၍ ကြိုတင်အသိပေးအပ်ပါတယ်ရှင်။

📍 ရန်ကုန်မြို့တွင်း အော်ဒါများ ကို ၂၂.၁၀.၂၀၂၆ ရက်နေ့အထိ ပို့ဆောင်ပေးသွားမှာဖြစ်ပြီး၊

📦 နယ်ဝေးအော်ဒါများ ကိုတော့ ၂၈.၁၀.၂၀၂၆ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။

Customer များအနေဖြင့် ပစ္စည်းများကို အချိန်မီလက်ခံရရှိနိုင်ရန် အော်ဒါများကို ကြိုတင်မှာယူထားဖို့လည်း နွေးထွေးစွာ အသိပေးအပ်ပါတယ်ရှင်။ 🥰

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🪷✨

19/10/2026

“ရင်သွေးလေးအတွက် အကောင်းဆုံးကိုပဲ ပေးချင်တဲ့ မေမေတို့ရဲ့ မေတ္တာကို Mongdies ကအပြည့်အဝနားလည်ပါတယ်” 🤍✨

ရင်သွေးငယ်လေးတွေရဲ့ အသားအရေဟာ လူကြီးတွေရဲ့ အသားအရေနဲ့ မတူဘဲ နုနယ်ပြီး ထိခိုက်လွယ်တာကြောင့် နေ့စဉ်အသားအရေထိန်းသိမ်းမှုမှာ သင့်တော်တဲ့ ထုတ်ကုန်တွေကို ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။

ဒါကြောင့် မေမေတို့ရဲ့ ရင်သွေးငယ်လေးတွေအတွက် အကောင်းဆုံးနဲ့ စိတ်ချရဆုံးဖြစ်စေဖို့ ကိုရီးယားနိုင်ငံရဲ့ အကောင်းဆုံး သုတေသနပညာရှင်များနှင့် ထုတ်လုပ်မှုအဖွဲ့တွေမှ အထူးစီမံဖော်စပ်ထားပါတယ်။

✨ ဘာကြောင့် မေမေတို့က Mongdies ကို ယုံကြည်ရွေးချယ်ကြတာလဲ?

🏆 (၅) နှစ်ဆက်တိုက် Brand Reputation No.1

ကိုရီးယားနိုင်ငံမှာ ကလေးငယ်အသားအရေထိန်းသိမ်းရေးကဏ္ဍအတွက် ရရှိထားတဲ့ အသိအမှတ်ပြုမှုတွေနဲ့ မေမေတို့ရဲ့ ယုံကြည်မှုကို ၅ နှစ်ဆက်တိုက် No.1 နေရာကိုရရှိထားတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် 🏆 (၅) နှစ်ဆက်တိုက် Korea FDA Winner ဆုနဲ့

🇲🇲 မြန်မာနိုင်ငံ FDA ထောက်ခံချက်လည်းရရှိထားပြီးဖြစ်ပါတယ်။

************************************************

💧 Advanced Technology (၃) မျိုး

(1) Alaska Ice Water
Alaska ရေခဲတောင်မှရသော သန့်စင်တဲ့ရေကို အသုံးပြုထားတာကြောင့် ရင်သွေးလေးတွေရဲ့ အသားအရေကို ရေဓာတ်ပြည့်ဝအေးမြစေပြီး စိုပြေနူးညံ့နေစေဖို့ ကူညီပေးပါတယ်။

(2) Ceracine
Skin Barrier ကို ထိန်းသိမ်းအားဖြည့်ပေးဖို့နဲ့ အစိုဓာတ်ဆုံးရှုံးမှုကို လျော့နည်းစေဖို့ ကူညီပေးပါတယ်။

(3) MBL Liposome Technology
အသားအရေထိန်းသိမ်းမှုအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကိုအသားအတွင်းပိုင်းထဲထိ ပိုမိုထိရောက်စွာ ပို့ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။

************************************************

🛡️ 6-Step Quality Assurance Process

ထုတ်ကုန်အရည်အသွေးကို အဆင့် (၆) ဆင့်ဖြင့် စစ်ဆေးထိန်းချုပ်ထားတာကြောင့် ရင်သွေးလေးတွေရဲ့ အသားအရေထိန်းသိမ်းမှုအတွက် အရည်အသွေးကို အလေးထားရွေးချယ်လိုတဲ့ မေမေတို့အတွက် ယုံကြည်စိတ်ချရတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေပါတယ်။

💗 Mongdies Mommy တို့ရေ…

ရင်သွေးလေးရဲ့ အသားအရေကို စောင့်ရှောက်ပေးခြင်းက မေမေတို့ရဲ့ မေတ္တာကို ဖော်ပြတဲ့ နည်းလမ်းလေးတစ်ခုပါပဲ။

ရင်သွေးလေးရဲ့ နေ့စဉ်အသားအရေထိန်းသိမ်းမှုတိုင်းမှာ နူးညံ့မှုနဲ့ ယုံကြည်စိတ်ချရမှုကို အတူတကွ ပေးစွမ်းနိုင်ဖို့ Mongdies ကို မေမေတို့ရဲ့ ယုံကြည်စိတ်ချရတဲ့ အဖော်အဖြစ် ရွေးချယ်လိုက်ပါနော်။ 🧸💛



☀️ Mom's Real Review ☀️"သားကြီးရော သမီးငယ်ရော မွေးကတည်းက အပူဖုနဲ့ Sensitive Skin ပြဿနာတွေကြောင့် အမြဲစိတ်ပူခဲ့ရတဲ့ မေမေတ...
18/10/2026

☀️ Mom's Real Review ☀️

"သားကြီးရော သမီးငယ်ရော မွေးကတည်းက အပူဖုနဲ့ Sensitive Skin ပြဿနာတွေကြောင့် အမြဲစိတ်ပူခဲ့ရတဲ့ မေမေတစ်ယောက်ပါ။

သားကြီးတုန်းက Mongdies Ato Cream သုံးပြီး အဆင်ပြေခဲ့တာကြောင့် သမီးငယ်မှာလည်း အလားတူလက္ခဏာတွေ ဖြစ်လာတဲ့အခါ Ato Cream ကိုပဲ ဆက်သုံးခဲ့ပါတယ်။ ဒါပေမယ့် ထင်သလောက် မသက်သာခဲ့ပါဘူး။

အဲဒီအချိန်မှာ ဆေးရုံက ပေးထားတဲ့ Saline နဲ့ Steroid Ointment ကို ခဏရပ်ထားပြီး Mongdies Soothing Gel နဲ့ Ato Lotion ကို မကြာခဏ၊ လုံလုံလောက်လောက် လိမ်းပေးခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ Baby လေးရဲ့ အသားအရေက သိသိသာသာ ပိုကောင်းလာတာကို မြင်တွေ့ခဲ့ရပါတယ်။

ကျွန်မအမြင်အရတော့ Ato Cream နဲ့ Ato Lotion ကွာခြားချက်ထက် Soothing Gel ရဲ့ Skin Soothing Effect ကို ပိုပြီး သိသာစွာ ခံစားရတယ်လို့ ထင်ပါတယ်။

Baby လေးရဲ့ အသားအရေ နီရဲယားယံပြီး Sensitive ဖြစ်နေချိန်မှာ Cream သို့မဟုတ် Lotion မလိမ်းခင် Soothing Gel ကို အရင်လိမ်းပေးခြင်း က ပိုပြီး အဆင်ပြေတယ်လို့ ကျွန်မအတွေ့အကြုံအရ မျှဝေချင်ပါတယ်။

💙 ကျွန်မအတွက် အရေးကြီးတဲ့ အချက်နှစ်ချက်ကတော့...
✅ မကြာခဏ လိမ်းပေးပါ။
✅ လုံလုံလောက်လောက် လိမ်းပေးပါ။

အသားအရေ ပြန်လည်တည်ငြိမ်လာတဲ့အခါမှ လိမ်းတဲ့အကြိမ်ရေနဲ့ ပမာဏကို တဖြည်းဖြည်း လျှော့နိုင်ပါတယ်။

ကလေးတွေအတွက်သာမက အသားအရေခြောက်သွေ့ပြီး ယားယံလွယ်တဲ့ လူကြီးတွေအတွက်လည်း Mongdies Soothing Gel က အဆင်ပြေပါတယ်"

ဆိုတဲ့ အသုံးပြုသူ မေမေတစ်ယောက်ရဲ့ Honest Review လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင် 🩵


🌿 အလွယ်တကူ နီမြန်းပြီး ယားယံလွယ်တဲ့ ကလေးငယ်တွေရဲ့ အသားအရေအတွက် အရေပြားကို calm ဖြစ်စေပြီး Skin Barrier ကိုပါ အားဖြည့်ထိန...
16/10/2026

🌿 အလွယ်တကူ နီမြန်းပြီး ယားယံလွယ်တဲ့ ကလေးငယ်တွေရဲ့ အသားအရေအတွက် အရေပြားကို calm ဖြစ်စေပြီး Skin Barrier ကိုပါ အားဖြည့်ထိန်းသိမ်းပေးမယ့် Mongdies Cica Repair Cream လေးရှိနေပါပြီ။ 💚

ကလေးငယ်တွေရဲ့ အသားအရေက အလွန်နူးညံ့တာကြောင့် အစိုဓာတ်ဖြည့်တင်းပေးခြင်းနဲ့ ပြင်ပအကြောင်းအရာတွေကြောင့် ထိခိုက်လွယ်တဲ့ အသားအရေကို ကာကွယ်ထိန်းသိမ်းပေးခြင်းတို့က အရေးကြီးပါတယ်။ 🫧

✔️ 7-CICA Complex 🌿
Centella Asiatica (CICA) (7) မျိုးဖြင့် အသားအရေကို ထိရောက်စွာ အေးမြသက်သာစေသည်။

✔️ Ceracine™ သီးသန့်ပါဝင်ပစ္စည်း 💚
Ceramide ဖြင့် အားနည်းပျက်စီးနေသော Skin Barrier ကို ပိုမိုကျန်းမာစေသည်။

✔️ အစိုဓာတ်ပါဝင်မှုမြင့်မားသော Oil Balm Texture ကြောင့် ခြောက်သွေ့နေတဲ့ အသားအရေကို စိုပြေစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။

✨ Mongdies Cica Repair Cream လေးနဲ့ မေမေတို့ရဲ့ ရင်သွေးငယ်လေးတွေရဲ့ အသားအရေကို နေ့စဉ် နူးညံ့စိုပြေပြီး ကျန်းမာတဲ့ အသားအရေလေးဖြစ်အောင် ဂရုစိုက်ပေးလိုက်ပါနော်။ 🌱



14/10/2026

မှန်တာဖြေရင် ရှုံးမှာနော် 😝😝

ဘေဘီလေးကို အချိန်ပေးရင်း Mongdies Mommy တို့ တစ်နေ့တာ အမောတွေပြေပျောက်အောင် မင်မင်တို့နဲ့အတူ ‌လိုက်ဖြေကြည့်နော်!


🌿 ကလေးကို ပြုစုပျိုးထောင်ရင်း စိတ်တည်ငြိမ်တဲ့ မိဘတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ?ဖေဖေမေမေ တို့ရေ… 🥹တစ်ခါတလေ ကလေးက ဂျီကျ...
10/10/2026

🌿 ကလေးကို ပြုစုပျိုးထောင်ရင်း စိတ်တည်ငြိမ်တဲ့ မိဘတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ?

ဖေဖေမေမေ တို့ရေ… 🥹

တစ်ခါတလေ ကလေးက ဂျီကျနေတာ၊ စကားနားမထောင်တာမျိုးတွေ ကြုံလာတဲ့အခါ စိတ်တိုမိတာ၊ အသံကျယ်ကျယ်နဲ့ ဆူမိတာမျိုး ရှိတတ်ကြတယ်နော်။

ပြီးသွားမှလည်း “ကလေးကို ဒီလိုမပြောသင့်ဘူး” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိတတ်ကြတယ်။

ဒါပေမဲ့.. စိတ်တည်ငြိမ်တဲ့ မိဘဖြစ်ဖို့ဆိုတာ ဘယ်တော့မှ စိတ်မတိုတဲ့သူဖြစ်ဖို့ မဟုတ်ပါဘူး။ ကိုယ့်စိတ်ခံစားချက်ကို သတိပြုမိပြီး သင့်တော်တဲ့နည်းလမ်းနဲ့ တုံ့ပြန်တတ်ဖို့ပါ။ 💕

ဒီနေ့မှာတော့ စိတ်တည်ငြိမ်တဲ့ မိဘတစ်ယောက်ဖြစ်ဖို့ လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်နော်။

🌷 ၁။ စိတ်တိုလာတဲ့အခါ ခဏရပ်ပြီး အသက်ရှူပါ။

ကလေးရဲ့အပြုအမူကြောင့် စိတ်တိုလာတဲ့အခါ ချက်ချင်းတုံ့ပြန်မယ့်အစား ခဏရပ်ပြီး အသက်ကို ဖြည်းဖြည်းရှူသွင်း၊ ရှူထုတ်လုပ်ကြည့်ပါ။

စိတ်အနည်းငယ်တည်ငြိမ်လာတဲ့အခါ ကလေးကို ဘယ်လိုပြောဆိုရမလဲဆိုတာ ပိုပြီးစဉ်းစားနိုင်လာပါလိမ့်မယ်။

🌷 ၂။ စိတ်ဆိုးနေချိန်မှာ ချက်ချင်းမဆုံးမပါနဲ့။

ကလေးရဲ့အပြုအမူကို မကြိုက်တဲ့အခါ စိတ်ဆိုးနေတုန်းမှာ ပြင်းပြင်းထန်ထန် ဆူပူဆုံးမမိတတ်ပါတယ်။

ဒါကြောင့် မိဘနဲ့ ကလေးနှစ်ယောက်လုံး ဘေးကင်းပြီး စိတ်တည်ငြိမ်လာတဲ့အချိန်မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာကို ရှင်းပြပေးတာ ပိုသင့်တော်ပါတယ်။

ဥပမာ - “မေမေ အခု စိတ်တိုနေတယ်။ ခဏငြိမ်သွားမှ သမီးနဲ့ စကားပြောကြမယ်နော်” လို့ ပြောနိုင်ပါတယ်။

🌷 ၃။ ကလေးအတွက် မျှော်လင့်ချက်တွေကို အသက်အရွယ်နဲ့ ကိုက်ညီအောင်ထားပါ။

ကလေးတွေဟာ လူကြီးတွေလို စိတ်ခံစားချက်ကို ထိန်းညှိနိုင်စွမ်း၊ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။

ဒါကြောင့် ကလေးက ချက်ချင်းစကားနားမထောင်တာ၊ စိတ်ခံစားချက်ကို မထိန်းနိုင်သေးတာမျိုး ကြုံလာတဲ့အခါ အသက်အရွယ်နဲ့ ဖွံ့ဖြိုးမှုအဆင့်ကို ထည့်စဉ်းစားပေးဖို့ လိုပါတယ်။

🌷 ၄။ ကိုယ့်အတွက်လည်း အနားယူချိန်ထားပါ။

ဖေဖေမေမေဆိုတာလည်း ပင်ပန်းတတ်တဲ့ လူတွေပါပဲနော်။ အိမ်မှုကိစ္စ၊ အလုပ်နဲ့ ကလေးပြုစုစောင့်ရှောက်မှုတွေကြားမှာ ကိုယ့်အတွက်အချိန်မရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ရင် အိပ်ရေးဝဝအိပ်ဖို့၊ အနားယူဖို့၊ ကိုယ်နှစ်သက်တဲ့အရာလေးတွေ လုပ်ဖို့ အချိန်ပေးပါ။ လိုအပ်တဲ့အခါ မိသားစုဝင်တွေဆီက အကူအညီတောင်းဖို့လည်း မတွန့်ဆုတ်ပါနဲ့။

🌷 ၅။ ကလေးနဲ့ အခြားကလေးတွေကို မနှိုင်းယှဉ်ပါနဲ့။

ကလေးတစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးမှု၊ စိတ်နေစိတ်ထားနဲ့ သင်ယူတတ်မြောက်မှုတွေ မတူညီနိုင်ပါဘူး။

အခြားကလေးတွေနဲ့ နှိုင်းယှဉ်မယ့်အစား ကိုယ့်ကလေးရဲ့ ကြိုးစားမှုနဲ့ တိုးတက်မှုလေးတွေကို အသိအမှတ်ပြုပေးပါ။

🌷 ၆။ မိဘဘဝအပြင် ကိုယ့်ဘဝကိုလည်း တန်ဖိုးထားပါ။

ကလေးကို ချစ်ခင်စောင့်ရှောက်တာဟာ အရေးကြီးသလို ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုနဲ့ ကိုယ်ပိုင်ဘဝလည်း အရေးကြီးပါတယ်။

မိတ်ဆွေတွေနဲ့ စကားပြောတာ၊ ကိုယ်ဝါသနာပါတာလေးတွေ လုပ်တာ၊ မိသားစုနဲ့ အချိန်ကုန်ဆုံးတာတွေက စိတ်အားပြန်ပြည့်စေနိုင်ပါတယ်။

🌷 ၇။ ပြီးပြည့်စုံတဲ့ မိဘတစ်ယောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။

တစ်ခါတလေ စိတ်တိုမိနိုင်တယ်၊ မှားပြောမိနိုင်တယ်။ အရေးကြီးတာက အမှားကို သတိပြုမိတဲ့အခါ ကလေးကို တောင်းပန်ပြီး ပြန်လည်ပြုပြင်တတ်ဖို့ပါ။

ဒီလိုလုပ်ခြင်းက ကလေးကိုလည်း အမှားလုပ်မိတဲ့အခါ တာဝန်ယူတတ်ဖို့ သင်ကြားပေးရာရောက်ပါတယ်။

**********

ဖေဖေမေမေတို့ရေ…

ကလေးတွေအတွက် အကောင်းဆုံးမိဘဖြစ်ဖို့ဆိုတာ အမြဲတမ်း စိတ်ရှည်သည်းခံနေနိုင်ဖို့ မဟုတ်ပါဘူး။

ကိုယ့်စိတ်ခံစားချက်ကို နားလည်ဖို့၊ ကလေးရဲ့ခံစားချက်ကို လေးစားဖို့နဲ့ အမှားလုပ်မိတဲ့အခါ ပြန်လည်ပြုပြင်တတ်ဖို့ပါပဲ။

မေမေကိုယ်တိုင်လည်း ဂရုစိုက်ခံထိုက်တဲ့သူတစ်ယောက်ဆိုတာ မမေ့ပါနဲ့နော်။ 🌷

ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ့်အစား မေမေ့အတွက်လည်း ခဏလောက် အနားပေးလိုက်ကြရအောင်။

💬 မေမေတို့အတွက် ကလေးပြုစုရင်း စိတ်အပင်ပန်းဆုံးအချိန်က ဘယ်အချိန်လေးလဲ? Comment မှာ မျှဝေပေးခဲ့ပါဦးနော်။

🥵 အခုတလော ဘာလို့ဒီလောက်တောင် ပူနေရတာလဲ?အယ်လ်နီညို (El Niño) လို ရာသီဥတုပုံစံပြောင်းလဲမှုတွေကြောင့် တချို့ဒေသတွေမှာ ပုံမှ...
08/10/2026

🥵 အခုတလော ဘာလို့ဒီလောက်တောင် ပူနေရတာလဲ?

အယ်လ်နီညို (El Niño) လို ရာသီဥတုပုံစံပြောင်းလဲမှုတွေကြောင့် တချို့ဒေသတွေမှာ ပုံမှန်ထက် အပူချိန်မြင့်တက်တာ၊ အပူရှိန်ပိုခံစားရတာ တွေ ဖြစ်လာနိုင်ပါတယ်။ ☀️

ဒီလိုပူပြင်းတဲ့အချိန်မှာ လူကြီးတွေတောင် ပူအိုက်မအီမသာဖြစ်ရင် Baby လေးတွေရဲ့ နူးညံ့တဲ့အသားအရေက ပိုပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်နော်။ 🥺

အထူးသဖြင့် လည်ပင်း၊ ချိုင်း၊ ပေါင်ခြံ၊ ပေါင်ကြား၊ ဒူးလို Skin Fold လေးတွေမှာ ချွေးနဲ့ အစိုဓာတ်တွေ စုပြီး ပွတ်တိုက်မှုဖြစ်လွယ်တာကြောင့် အသားအရေ နီမြန်း၊ ပူစပ်၊ ယားယံမှုတွေ ဖြစ်လာနိုင်ပါတယ်။

Sensitive Skin ဒါမှမဟုတ် Eczema Skin ရှိတဲ့ Baby လေးတွေဆိုရင်တော့ ဒီလိုအချိန်တွေမှာ အသားအရေကို ပိုပြီး နူးနူးညံ့ညံ့ ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ 🤍

🌿 ဒီလိုအချိန်မှာ မေမေတို့ ဘာလုပ်ပေးလို့ရလဲ?

🫧 ချွေးထွက်တဲ့အခါ အရေပြားကို နူးနူးညံ့ညံ့ သန့်စင်ပေးပါ
🌬️ Skin Fold လေးတွေကို သန့်ရှင်းပြီး ခြောက်သွေ့အောင်ထားပေးပါ
👕 ချွေးစုပ်လွယ်ပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားလေးတွေ ရွေးပေးပါ
💧 ပူလို့ အသားအရေ မအီမသာဖြစ်နေတဲ့နေရာတွေကို နူးညံ့တဲ့ Soothing Care ပေးပါ

🌿 Mongdies Soothing Gel လေးကတော့ ပေါ့ပါးတဲ့ Gel Texture လေးနဲ့ Baby Skin ကို လိမ်းလိုက်တာနဲ့ အေးမြသွားစေမယ့် Soothing Care လေးပါ။

🌱 Centella Asiatica Extract (Cica)
Cica ဆိုတာ အသားအရေကို နူးနူးညံ့ညံ့ Soothing Care ပေးဖို့ လူသိများတဲ့ ingredient လေးပါ။ ပူပြီး နီမြန်းယောင်ရမ်းနေတဲ့ skin ကို အေးမြသက်သာစေပါတယ်။

🌊 Glacier Water
အသားအရေကို ရေဓာတ်ဖြည့်ပေးရင်း အေးမြလန်းဆန်းတဲ့ feeling ရစေဖို့ ကူညီပေးပါတယ်။ ပူတဲ့နေ့တွေမှာ လိမ်းလိုက်ရင် “အာာ… အေးသွားပြီ” ဆိုတဲ့ feeling မျိုးလေးပေါ့ 😆 အသားပေါ်တင်လိုက်တာနဲ့ အေးသွားရတဲ့ လျှို့ဝှက်ချက်က ရေခဲတောင်ထိပ်ကရတဲ့ သန့်စင်တဲ့ရေကို အသုံးပြုထားလို့ပါပဲ။

💧 3 Types of Hyaluronic Acid + Panthenol
ခြောက်သွေ့နေတဲ့ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး စိုစိုပြေပြေလေး ဖြစ်အောင် ကူညီပေးပါတယ်။ Panthenol ကလည်း အသားအရေကို နူးညံ့သက်သာအောင် ဂရုစိုက်ပေးတဲ့ ingredient လေးပါ။

🛡️ Ceramide
Skin Barrier ကို ဂရုစိုက်ပေးဖို့ Ceramide လည်း ပါသေးတယ်နော်။ အသားအရေရဲ့ barrier လေးကောင်းနေမှ ကလေးအသားအရေလေးကို ပြင်ပအန္တရာယ်မှ ကာကွယ်ပြီးသားဖြစ်မှာပါ။

💦 Texture ကရော?

ရေလိုကြည်လင်ပြီး ပေါ့ပေါ့ပါးပါး Gel Texture လေးမို့ လိမ်းရတာလွယ်တယ်၊ စိမ့်ဝင်မြန်တယ်။ ကလေးတွေ မကြိုက်တဲ့ စေးကပ်ကပ် feeling မျိုးလည်း မရှိဘူး 🥰

👩‍👧 ရာသီဥတုပူလာလေလေ Baby Skin လေးကို ပိုဂရုစိုက်ပေးကြရအောင်နော်။

📩 Mongdies Soothing Gel အကြောင်း အသေးစိတ်သိချင်ရင် Mongdies Myanmar Page Messenger မှာ မေးမြန်းနိုင်ပါတယ်ရှင့်။

အသားအရေနီမြန်းခြင်း၊ ယားယံခြင်း သို့မဟုတ် အဖုအပိန့်များ ပြင်းထန်ခြင်း/မသက်သာခြင်းရှိပါက ဆရာဝန်နှင့် တိုင်ပင်စစ်ဆေးပေးပါနော်။



Address

#02-13/C, Second Floor, Beauty & Spa Zone, City Mall Street John Shopping Centre
Yangon

Alerts

Be the first to know and let us send you an email when Mongdies Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mongdies Myanmar:

Shortcuts

Share