Founder Fashion & Design 3

Founder Fashion & Design 3 Founder Fashion & Design School

မင်မင်တို့ pattern တွေအားလုံးထုတ်ပိုးပြီး မနက်ဖြန် deli အပ်,ဂိတ်တင်, တိုက်ရိုက် ပို့အားလုံး ပို့ပေးပါမယ်နော် 😍 ငွေကြိုလွ...
24/05/2024

မင်မင်တို့ pattern တွေအားလုံးထုတ်ပိုးပြီး မနက်ဖြန် deli အပ်,ဂိတ်တင်, တိုက်ရိုက် ပို့အားလုံး ပို့ပေးပါမယ်နော် 😍 ငွေကြိုလွှဲများအားလုံးလည်း ဘောင်ချာတွေအားလုံးပို့ထားပါတယ်ရှင်😍
အစဥ်အမြဲအားပေးကြလို့ကျေးဇူးတင်ပါတယ်ရှင့်😘🙏

ကဆုန်လပြည့် ဗုဒ္ဓနေ့~~~~~~~~~~~~~~ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ~~~~~~~~~~~~~~~~~~~~~~~~(၁) ဗျာ...
22/05/2024

ကဆုန်လပြည့် ဗုဒ္ဓနေ့
~~~~~~~~~~~~~~

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
~~~~~~~~~~~~~~~~~~~~~~~~

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
~~~~~~~~~~~~~~~~~~~~~~~~~~

၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

ဗျာဒိတ်ခံယူသောနေ့
ဖွားမြင်တော်မူသောနေ့
ဘုရားဖြစ်တော်မူသောနေ့
ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက်ကို ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ဤကဲ့သို့မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက် ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကိုနှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာအမွုကိုပြုလုပ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။

မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]

မင်မင်တို့ Pattern တွေကိုအစဥ်မပျက်ဝယ်ယူအားပေး နေသော လုပ်ငန်းရှင် customer များရှင့် မင်မင် December လကုန်မှာ baby လေးမွေ...
12/12/2023

မင်မင်တို့ Pattern တွေကိုအစဥ်မပျက်ဝယ်ယူအားပေး နေသော လုပ်ငန်းရှင် customer များရှင့်

မင်မင် December လကုန်မှာ baby လေးမွေးမှာမို့ pattern အရောင်းလေးကို ခေတ္တခဏ ပိတ်ထားပါတယ်ရှင့် 🙏

baby လေးမွေးပြီးမှ ပဲ pattern အသစ်တွေနဲ့အတူ ပြန်လာခဲ့ပါမယ်ရှင့်

ကျေးဇူးတင်ပါတယ်ရှင့်🙏


ကဲ pattern တစ်ခု ဝယ်ထားပြီး Design စုံ ပြောင်းသုံးတာနော် မင်မင်ရဲ့ main customer အမရဲ့စကေးကိုကြည့် 😘  အမဝယ်ထားတာ Men Shi...
01/12/2023

ကဲ pattern တစ်ခု ဝယ်ထားပြီး Design စုံ ပြောင်းသုံးတာနော် မင်မင်ရဲ့ main customer အမရဲ့စကေးကိုကြည့် 😘
အမဝယ်ထားတာ Men Shirt pattern ကို
1 Men shirt
2 လည်ကတုံး
3 လျှာတစ်ဝက် ဂျာစီလည်ကတုံး (ယခု)
အမျိုးမျိုး ပြောင်းသုံးထားတာကိုသာကြည့်😘

မင်မင်ပြောနေကျစကားရှိတယ်နော် ''pattern တစ်ခါဝယ်တစ်သက်လုံးသုံး'' ဆိုတာ တကယ်လက်တွေ့ အသုံးပြုနိုင်တဲ့ လုပ်ငန်းရှင်တွေအတွက်ကတော့ တကယ်ရွှေပါပဲနော်😍😘

မင်မင်တို့ကလည်း အဲ့လိုပြောင်းလဲအသုံးပြုပြီး design စုံသုံးလို့ရနေတဲ့ အကြောင်းလေး သိရရင်ကိုပျော်နေမိတာက အမှန်ပါပဲရှင့် 😍😘
🌟🌟အများကြီး အောင်မြင်ပါစေ လုပ်ငန်းရှင်အမရှင့်😘🌟

တန်ဆောင်မုန်းလပြည့်နေ့ဟာ ဗုဒ္ဓသာသနာမှာ ပညာအရာ ဧတဒဂ်ဘွဲ့ရတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့လည်း ...
27/11/2023

တန်ဆောင်မုန်းလပြည့်နေ့ဟာ ဗုဒ္ဓသာသနာမှာ ပညာအရာ ဧတဒဂ်ဘွဲ့ရတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့လည်း ဖြစ်တယ်...

ဒီလိုနေ့ထူးနေ့မြတ်မှာ အရှင်သာရိပုတ္တရာမထေရ်ရဲ့ ဂုဏ်ကျေးဇူးတွေကို ပူဇော်ကြပါစို့

ရှင်သာရိပုတ္တရာကား ရှေးဦးဆရာဖြစ်တော်မူသော ရှင်အဿဇိ ရှိရာအရပ်ကို အမြဲဦးခေါင်းပြု၍ အိပ်လေ့ရှိခြင်းစသော ဆရာကို ရိုသေလေးစားတတ်သောဂုဏ်၊

မယ်တော်က မည်မျှဆဲရေးသော်လည်း အမျက်မထွက်ခြင်းစသော သည်းခံတတ်သောဂုဏ်၊

မိမိအားဆုံးမလာသည်ရှိသော်ကြီး ငယ်မရွေး လွန်စွာ ကျေးဇူးတင်တတ်သောဂုဏ်၊

ပထမ အဂ္ဂသာဝကကြီးဟူ၍ အခွင့်အရေးပို၍ မယူတတ်သောဂုဏ်၊

စိတ်နှလုံးပြတ်သားသောဂုဏ်၊

သူ့အလိုကို ဖြည့်တတ်သောဂုဏ်၊

သူတစ်ပါးအား သနားတတ်ချီးမွမ်းတတ်သောဂုဏ် စသည့် ဂုဏ်ထူးတို့ဖြင့် ပြည့်စုံတော်မူ၏။

တန်ဆောင်မုန်းလပြည့်နေ့ ညဉ့်မိုးသောက်ယံ၌ သွေးသွန်သော ဝေဒနာဖြင့် ပရိနိဗ္ဗာန်ပြုတော်မူရာ ဓာတ်တော်များကို မြတ်စွာဘုရား ကိုယ်တော်တိုင် သာဝတ္ထိပြည်၌ ဌာပနာ၍ စေတီတည်စေသည်။

Men shirt pattern ဝယ်ပြီးအရင်ရက်က   collar နဲ့ချုပ် အခု လည်ကတုံး ချုပ်ထားတာတဲ့ ထွက်လာတဲ့ result ကိုကြည့်😘😘 အပိုမပြောဘူးန...
26/11/2023

Men shirt pattern ဝယ်ပြီးအရင်ရက်က collar နဲ့ချုပ် အခု လည်ကတုံး ချုပ်ထားတာတဲ့ ထွက်လာတဲ့ result ကိုကြည့်😘😘
အပိုမပြောဘူးနော် အာမခံနဲ့ကိုရောင်းပေးတဲ့ Men shirt pattern ပါ

review လေးထပ်လာပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ချစ်ရသောမရေ😍😘😘





မင်မင် တို့ဆီက   pattern နဲ့ချုပ်ပြီး ဘယ်လိုတွေအဆင်ပြေလဲဆို တစ်ပုံချင်းသာကြည့်သွားနော် 😍အပိုမပြောဘူး တကယ် အမှန်ကန်custom...
24/11/2023

မင်မင် တို့ဆီက pattern နဲ့ချုပ်ပြီး ဘယ်လိုတွေအဆင်ပြေလဲဆို တစ်ပုံချင်းသာကြည့်သွားနော် 😍
အပိုမပြောဘူး တကယ် အမှန်ကန်customer တွေရဲ့ review လေးတွေပါ 😘
review လေးပြောပြပေးတဲ့အပြင် pattern တွေပါထပ်မှာသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်မရေ😍😘




🎀  November promotion discount လေးတွေနဲ့ခုမနက် order အမှာလေးတွေမှာ  လျော့ပေးနေပါပြီနော် 🎀ခေတ်မှီအောင်  promotion တွေနဲ့ ...
04/11/2023

🎀 November promotion discount လေးတွေနဲ့ခုမနက် order အမှာလေးတွေမှာ လျော့ပေးနေပါပြီနော် 🎀
ခေတ်မှီအောင် promotion တွေနဲ့ အတူ order လေးတွေမှာယူနိုင်ပါပြီရှင့်😍😘

03/11/2023

🌟Ready to wear pattern သီးသန့်တန်းမှာ 5 ရက်ဆက်တိုက် ကြိုးစားကြတာအချိန်နဲ့အမျှ 😘  ✍ အခြေ ခံ pattern ဆွဲနည်းကနေစပြီးအသေးစိ...
17/10/2023

🌟Ready to wear pattern သီးသန့်တန်းမှာ 5 ရက်ဆက်တိုက် ကြိုးစားကြတာအချိန်နဲ့အမျှ 😘

✍ အခြေ ခံ pattern ဆွဲနည်းကနေစပြီးအသေးစိတ်သင်ကြားပေးသလို pattern နဲ့ပတ်သတ်တဲ့ design ဆင့်ပွားပုံတွေ design ပြောင်းလဲပုံတွေကိုပါထည့်သွင်းသင်ကြားပေးတာမို့ 5 ရက်ပြည့်တဲ့နေ့မှာ အပြုံးလေးတွေနဲ့ သူတို့ကိုတွေ့ရတော့ အဲ့ဒီပိီတိကလေ ပြောမပြတက်အောင်ပါပဲ😍

🌟 ရည်မှန်းချက်တွေအောင်မြင်ကြပါစေနော်💙

pattern နဲ့ပတ်သတ်ပြီးအသေးစိတ်သိချင်တယ်သင်ကြားချင်တယ်ဆိုသူများ November လ section C အတန်း လက်ခံပါသေးတယ်ရှင့်😍

Ready to wear pattern သီးသန့်( ရက်တိုတန်း) အတွက် Note တွေကို အသေးစိတ် ပြင်ဆင်ပြီး 🎀 ပညာတွေအပြည့်အဝရရှိဖို့ အင်အားအပြည့်န...
09/10/2023

Ready to wear pattern သီးသန့်( ရက်တိုတန်း) အတွက် Note တွေကို အသေးစိတ် ပြင်ဆင်ပြီး 🎀
ပညာတွေအပြည့်အဝရရှိဖို့ အင်အားအပြည့်နဲ့သာ လာခဲ့ပါနော် 😍 မနက်ဖြန် Section (A) စပါပြီရှင်💪💪

🎀Discount သင်တန်းကြေးတွေနဲ့ရဖို့ သင်တန်းအမြန်ဆုံးစာရင်းသွင်းအပ်နှံဖို့တော့လိုပါတယ်နော်

💙လူဦးရေအထူးကန့်သတ်ထားပါတယ်ရှင့်💙 Section တစ်ခုကို လူနည်းစုပဲ လက်ခံပါမယ်ရှင်🎀



✍ Ready To wear Pattern ဆွဲနည်း,  ဆိုဒ်ကဒ် ထုတ်နည်း(ရက်တိုတန်း ) ✍ ▪ Ready made pattern သီးသန့်ထုတ်ရောင်းချင်သူများ ▪ ကိ...
28/09/2023

✍ Ready To wear Pattern ဆွဲနည်း, ဆိုဒ်ကဒ် ထုတ်နည်း(ရက်တိုတန်း ) ✍
▪ Ready made pattern သီးသန့်ထုတ်ရောင်းချင်သူများ
▪ ကိုယ်ပိုင် brand အတွက် pattern ထုတ်ပြီး Design မျိုးစုံဖန်တီးချင်သူများ
▪အထည်ချုပ်စက်ရုံ, ချုပ်ရုံများတွင် pattern ထုတ် Design သီးသန့်ထုတ်လိုသူများ
▪pattern သီးသန့် သင်တန်းပြန်ဖွင့်ချင်သူများအတွက်....

✨ ၃နှစ်ကျော် pattern ထုတ် ရောင်းချခဲ့တဲ့ အတွေ့အကြုံတွေ, review ကောင်းတွေ ရရှိထားတဲ့ pattern ဆွဲနည်း တွေကို တစ်ဆင့်ချင်းစီအသေးစိတ်သင်ကြားပေးမှာမို့ အခွင့်အရေးရတုန်း တက်သင့်တဲ့သင်တန်းတစ်ခုပါ ✨

ကဲ... ဘာတွေသင်ကြားပေးမှာလဲဆိုရင်...

✅Ready to wear body pattern ထုတ်နည်း
✅ size by size ထုတ်နည်း
✅ RTW Dress pattern ထုတ်နည်း
✅ Night wear (pajamas) pattern ထုတ်နည်း
✅ Trouser pattern ထုတ်နည်း
✅ Short pants pattern ထုတ်နည်း
✅ skirt pattern ထုတ်နည်း
✅ RTW မြန်မာ အက်ျီ pattern ထုတ်နည်း
✅ Shirt collar ထုတ်နည်း
✅ ဟာဝေယံ collar ထုတ်နည်း တို့အပြင်

🖤 Bonus lesson 🖤
◾Coat အက်ျီ pattern ထုတ်နည်း◾ ကိုပါ သင်ကြားပေးမှာမို့ အရမ်းတန်သော သင်တန်းနော် 😍

❤ သင်တန်းကြေး - Oct 8 ရက်နေ့မတိုင်ခင် စာရင်းပေးအပ်နှံသူတိုင်း ✨ 50% discount - 1သိန်း 5 သောင်းကျပ်✨ ( ပုံမှန် 3သိန်း ကျပ်)

❤ လူဦးရေ အထူး ကန်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့တော့လိုမယ်နော် 😍

❌ pattern သီးသန့်သင်တန်းကို အမြဲမဖွင့်ပါဘူးရှင့် ❌

🎀 Section (A)
🌟 သင်တန်းစမည့်ရက် - 10.10 .2023
🌟 သင်တန်းကာလ - 5 day (Tue,Wed,Thu,Fri, Sat)
⏰Time - 12:00 PM to 4:00 PM

🎀 Section (B)
🌟 သင်တန်းစမည့်ရက် - 24.10. 2023
🌟 သင်တန်းကာလ - 5 day(Tue,Wed,Thu,Fri, Sat)
⏰Time - 12:00 PM to 4:00 PM

🎀 Section (C)
🌟 သင်တန်းစမည့်ရက် - 7.11. 2023
🌟 သင်တန်းကာလ - 5 day(Tue,Wed,Thu,Fri, Sat)
⏰Time - 12:00 PM to 4:00 PM

အသေးစိတ် သိရှိလိုပါက - 📞 09 4202 888 94 ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်

🏡 လိပ်စာ - No(51) Thidar st, Hlaing Township, Yangon
&Design
Founder Fashion & Design School
Founder Fashion & Design School 2

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Founder Fashion & Design 3 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share