Honor Apparel Co.,Ltd

Honor Apparel Co.,Ltd Women's dress,Pants

Honor Apparel Co.,Ltd ရဲ့နောက်ဆုံးခွဲခွာခြင်းအလှူ #မျိုးဆက်သစ်မိမေတ္တာပရဟိတမိဘမဲ့ကျောင်းအတွက်ကျောင်းဆောင်ဆောက်လုပ်ခြင်းတ...
05/02/2024

Honor Apparel Co.,Ltd ရဲ့နောက်ဆုံးခွဲခွာခြင်းအလှူ

#မျိုးဆက်သစ်မိမေတ္တာပရဟိတမိဘမဲ့ကျောင်းအတွက်
ကျောင်းဆောင်ဆောက်လုပ်ခြင်းတွင်ဝန်ထမ်းများအားလုံး၏စုပေါင်းအလှူငွေ (2,915,000) ကျပ်

နတ် လူ မြင်အပ် မမြင်အပ်သတ္တဝါအားလုံး
သာဓုခေါ်စေသော် 🙏🙏🙏

2023 ခုနှစ် Honor Apparel Co.,Ltd မိသားစုရဲ့ စုပေါင်းမဟာဘုံကထိန် 🙏🙏🙏စည်းလုံးညီညာအောင်ကြောင်းဖြာ 🥰🥰မနှစ်ကထပ် ဒီနှစ်ပိုပြီ...
26/11/2023

2023 ခုနှစ် Honor Apparel Co.,Ltd မိသားစုရဲ့ စုပေါင်းမဟာဘုံကထိန် 🙏🙏🙏

စည်းလုံးညီညာအောင်ကြောင်းဖြာ 🥰🥰
မနှစ်ကထပ် ဒီနှစ်ပိုပြီးလှူနိုင်ခဲ့ပါတယ်
နောင်နှစ်တွေလည်း အားလုံးစုပေါင်းအင်အားနဲ့
ဒိထပ်မကပိုလှူနိုင်အောင်ကြိုးစားကြမယ်နော်
🥰🥰🥰🥰

Edit :::: ဘုံကထိန်လိုက်ပို့ဖို့စာရင်းပေးထားတာက လူဦးရေ၃၀၀ကျော် တကယ်တမ်းလိုက်ပို့ကြတာက
၅၀၀ ကျော် ၆၀၀ နီးပါး 🥶🥶🥶
နောက်နှစ်လည်းဒီလိုပဲစည်စည်ကားကားဖြစ်ချင်တယ်နော် ☺️☺️

Honor Apparel Co.,Ltd(2023) ခုနှစ်ဝါဆိုသင်္ကန်းကပ်စု‌ပေါင်းအလှူ🙏🙏🙏နတ် လူ သာဓုခေါ်စေသော် ...🙏🙏🙏ကြွရောက်လာကြတဲ့ ၇ ရက်သားသမ...
02/08/2023

Honor Apparel Co.,Ltd
(2023) ခုနှစ်ဝါဆိုသင်္ကန်းကပ်စု‌ပေါင်းအလှူ🙏🙏🙏

နတ် လူ သာဓုခေါ်စေသော် ...🙏🙏🙏

ကြွရောက်လာကြတဲ့ ၇ ရက်သားသမီးအားလုံး
အလှူရေစက်လက်နဲ့မကွာ လှူနိုင်တန်းနိုင်ပြီး
စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ဘေးအန္တရာယ်အပေါင်း
မှကင်းဝေးပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်

2023 ခုနှစ်အတာသင်္ကြန်ပျော်ပွဲရွှင်ပွဲနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ 🥰🥰ကံစမ်းမဲပေါက်သွားတဲ့သူတွေအတွက်လည်းဂုဏ်ယူပါတ...
09/04/2023

2023 ခုနှစ်အတာသင်္ကြန်ပျော်ပွဲရွှင်ပွဲ
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ 🥰🥰

ကံစမ်းမဲပေါက်သွားတဲ့သူတွေအတွက်လည်းဂုဏ်ယူပါတယ်👏👏😍
နောင်နှစ်တွေမှာ ဒိထက်မကအဆပေါင်းများစွာ
မဲဖောက်ပေးနိုင်အောင်ကြိုးစားသွားမယ်နော်
💪💪❤️

နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ 19ရက်နေ့အလုပ်ပြန်တက်နိုင်အောင်လာခဲ့ကြဖို့တိုက်တွန်းလိုက်ပါတယ်☺️☺️💛💛

2023 ခုနှစ် နှစ်သစ်ကူးအလှူ🙏🙏🙏Honor Apparel Co.,Ltd အထည်ချုပ်စက်ရုံမိသားစုရဲ့ ကြည်နူးစရာမြင်ကွင်းလေး😍😍အပြုံးအပျော်တွေကိုယ...
04/04/2023

2023 ခုနှစ် နှစ်သစ်ကူးအလှူ🙏🙏🙏

Honor Apparel Co.,Ltd အထည်ချုပ်စက်ရုံမိသားစုရဲ့ ကြည်နူးစရာမြင်ကွင်းလေး😍😍
အပြုံးအပျော်တွေကိုယ်စီနဲ့ 🥰🥰
နည်းသည်များသည် သဘောမထားဘဲ
နောင်နှစ် နောင်နှစ်တွေမှာလည်း ဒီထက်မကလှူနိုင်အောင် ကြိုးစားသွားပါမယ်💪💪

# # # ဆန်ပေးတာကတော့ တို့စက်ရုံရဲ့ဂိုဏ်းချုပ်ကြီးနဲ့
အချောလေးတစ်သိုက်ပေါ့ 😁😁💜

2.4.2023

Honor Apparel Co.,Ltd မိသားစုမှ စုပေါင်းမဟာဘုံကထိန် 🙏🙏🙏 #မျိုးဆက်သစ်မိဘမေတ္တာပရဟိတမိဘမဲ့ကျောင်းသို့စည်ကားသိုက်မြိုက်စွာပ...
06/11/2022

Honor Apparel Co.,Ltd မိသားစုမှ
စုပေါင်းမဟာဘုံကထိန် 🙏🙏🙏
#မျိုးဆက်သစ်မိဘမေတ္တာပရဟိတမိဘမဲ့ကျောင်းသို့
စည်ကားသိုက်မြိုက်စွာပို့ဆောင်ခဲ့ပါတယ်
နောင်နှစ်တွေမှာလည်းအခုလိုပဲ စည်းလုံးညီညွတ်စွာအလှူရေစက်လက်နဲ့မကွာလှူနိုင်တန်းနိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းအပ်ပါတယ်🌟🌟
လိုက်ပါပို့ဆောင်ပေးခဲ့ကြတဲ့ ညီအကိုမောင်နှမများ
အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်💜💜

 #ဝါဆိုသင်္ကန်းကပ်အလှူ‌လာရောက်ပါဝင်ကုသိုလ်ယူကြသော ညီအကိုမောင်နှမ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်🥰🙏🙏🙏အားလုံးရဲ့အလှူဖြစ်...
12/07/2022

#ဝါဆိုသင်္ကန်းကပ်အလှူ

‌လာရောက်ပါဝင်ကုသိုလ်ယူကြသော ညီအကိုမောင်နှမ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်🥰🙏🙏🙏

အားလုံးရဲ့အလှူဖြစ်လို့ မလာနိုင်တဲ့ ညီအကိုမောင်နှမတွေလည်း သာဓုခေါ်နိုင်ကြပါစေ🙏🙏🙏

နောင်နှစ်တွေမှာဒိထက်မကလှူနိုင်တန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏🙏🙏

07/10/2021

Honor Apparel Co.,Ltd မှဝန်ထမ်းညီအကိုမောင်နှမများသိရှိစေရန်❗❗

(6.10.2021) ရက်နေ့မှစ၍ စက်လိုင်း
(Line -12,14,15,16,17) လိုင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ပါသဖြင့် မိမိတို့ဌာနသို့ အလုပ်ဆင်းရန်အကြောင်းကြားပြီး ၃ရက်အတွင်း အလုပ်ပြန်ဆင်းရမည်ဖြစ်ပါသည်။

ကျန်စက်လိုင်းဌာနမှ ဝန်ထမ်းများလည်း အလုပ်ဆင်းချင်ပါက လာရောက်ဆက်သွယ်နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

#ဝန်ထမ်းရေးရာဌာန

12/10/2020

Honor Apparel Co.,Ltdမှ
ညီအကိုမောင်နှမများသိရှိစေရန်

Honor Apparel Co.,Ltd သည်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်
ထားသော covid-19 ကာကွယ်ထိန်းချုပ်ရေး
နှင့်ပက်သက်၍ စက်ရုံ၊ အလုပ်ရုံများတွင် လိုက်နာ
ဆောင်ရွက်ထားရှိရန်အချက်များအတိုင်း လိုက်နာ
ဆောင်ရွက်ထားရှိပြီးဖြစ်ပါသဖြင့် (14.10.2020)
ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ပြန်လည်ဖွင့်လှစ်လုပ်ကိုင်
မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ Honor Apparel Co.,Ltd မှဝန်ထမ်းညီအကိုမောင်နှမများအနေဖြင့်
(14.10.2020) ရက်နေ့တွင် လုပ်ငန်းခွင်သို့ ပြန်လည်
ဝင်ရောက်လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း အသိပေး
အကြောင်းကြားအပ်ပါသည်။

‼ လုပ်ငန်းခွင်သို့ဝင်ရောက်ရာတွင်အထူးသတိပြု
လိုက်နာရမည့်အချက်များ‼
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
(1) နှာခေါင်းစည်း(mask)တပ်ရန်
(2) အပူချိန်တိုင်းစစ်ဆေးခံပြီးမှ ဝင်ရန်
(3) တစ်ဦးနှင့်တစ်ဦး ၆ပေအကွာမှ နေရန်
(4) လက်ဆေးပြီးမှ လုပ်ငန်းခွင်သို့ဝင်ရန်
(5) ထမင်းမစားခင်နှင့် စားပြီးချိန်တွင်လည်း လက်
ကိုသေချာ ဆေးကြောရန်
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
စသည့်အချက်များကိုအထူးသတိပြုလိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(14.10.2020) ရက်နေ့တွင် အကြောင်းအမျိုးမျိုး
ကြောင့် လုပ်ငန်းခွင်သို့မလာရောက်နိုင်ပါက မိမိတို့
သက်ဆိုင်ရာဌာနမှ စူပါ၊ အောစူပါများနှင့် HR ဌာန
သို့ ဖုန်း​ဖြင့်သော်လည်းကောင်း၊ လူကြုံဖြင့်သော်
လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း ဆက်သွယ်
အကြောင်းကြားပေးကြပါရန် အထူးသတိပေးနှိုးဆော်
အပ်ပါသည်။

09/10/2020

Honor Apparel.,Ltd မှညီအကိုမောင်နှများ
သိရှိစေရန်‼

(၉)လပိုင်းနှုတ်ထွက်ဝန်ထမ်းများ၏လစာကို
(10.10.2020)ရက်နေ့တွင််ထုတ်ပေးမည်
ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ထုတ်ပေးရန်အချိန်
▪▪▪▪▪▪▪▪▪▪▪▪▪▪▪
(10.10.2020)
နံနက် (10:00)နာရီ မှ နေ့လည် (3:00)ထိ

သတိပြုရန်‼
▪▪▪▪▪▪▪▪▪▪
ယခုကာလသည် ကူးစက်ကပ်ရောဂါကာလ
ဖြစ်နေသောကြောင့် (10.10.2020) ရက်နေ့တွင်လာရောက်မထုတ်ယူနိုင်ပါက
စက်ရုံပြန်ဖွင့်သည့် နေ့မှသာ ပြန်လည်ထုတ်ပေးမည်
ဖြစ်ပါကြောင်း အသိပေးအပ်သည်။

နှုတ်ထွက်လစာလာရောက်ထုတ်ယူသောဝန်ထမ်း
များအနေဖြင့်လိုက်နာရန်စည်းကမ်းချက်များမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။

1. နှာခေါင်းစည်း(mask)တပ်ပြီးမှစက်ရုံထဲဝင်ရန်
2. လက်ဆေးရန်
3. အပူချိန်တိုင်း စစ်ဆေးခံရန်
4. တစ်ဦးနှင့်တစ်ဦး ၆ပေအကွာမှ နေရန်

အထက်ပါစည်းကမ်းချက်များအတိုင်းလိုက်နာ
ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

#စီမံအုပ်ချုပ်ရေးရာဌာန

Honor Apparel Co.,Ltd မှညီအကိုမောင်နှမများသိရှိစေရန်‼ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (5.10.2020)ရက်နေ့ထုတ်ပြန်ချက်အရ ယ...
05/10/2020

Honor Apparel Co.,Ltd မှ
ညီအကိုမောင်နှမများသိရှိစေရန်‼

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏
(5.10.2020)ရက်နေ့ထုတ်ပြန်ချက်အရ
ယခင် (8.10.2020) ရက်နေ့တွင် အလုပ်ပြန်ဆင်း
ရမည့်အစား (22.10.2020) ရက်နေ့မှသာ
အလုပ်ပြန်ဆင်းရမည်ဖြစ်ပါကြောင်း အသိပေး
အကြောင်းကြားအပ်ပါသည်။

Edit _ အစိုးရမှ ထုတ်ပြန်သောအမိန့်ကြေညာချက်များ
အတိုင်းဆက်လက်လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါ
ကြောင်းအသိပေးကြေညာအပ်ပါသည်။

#စီမံအုပ်ချုပ်ရေးရာဌာန

30/04/2020

Honor Apparel Co.,Ltd မှဝန်ထမ်းများသိရှိစေရန်

(1.5.2020) ရက်နေ့မှ (3.5.2020) ရက်နေ့ထိ

(3)ရက်ဆက်တိုက်အလုပ်ပိတ်ပါသည်။

(2.5.2020)စနေနေ့ အတွက် အလုပ်ချိန် (4)နာရီအား

(9.5.2020) စနေနေ့တွင် ပြန်ဆင်းရမည်ဖြစ်ပါသည်။

Address

Bayint Naung Road
Yangon

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 16:30
Wednesday 08:00 - 16:30
Thursday 08:00 - 16:30
Friday 08:00 - 16:30
Saturday 08:00 - 12:00

Telephone

09893000988

Website

Alerts

Be the first to know and let us send you an email when Honor Apparel Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share