KB Car Accessories

KB Car Accessories Distribution

Nissan ကားအတွက် မှန်ချိုး မှန်ခေါက် ရပါဦး‌မယ်နော်ဈေးနှုန်း - ၅၀၀၀၀
22/03/2026

Nissan ကားအတွက် မှန်ချိုး မှန်ခေါက် ရပါဦး‌မယ်နော်
ဈေးနှုန်း - ၅၀၀၀၀

အိုမီခရွန် ဘီအေ ၄ နဲ့ ဘီအေ ၅ ဖြစ်ရင်ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့...
14/07/2022

အိုမီခရွန် ဘီအေ ၄ နဲ့ ဘီအေ ၅ ဖြစ်ရင်

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။

၂။ လည်ချောင်းအနည်းငယ်နာသည်။

၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။

၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။

၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။

၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။

၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။

၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။

၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။

၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။

၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။

၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။

၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။

၆။ ခြေချောင်းများ နာကျင်လာမည်။

၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။

၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။

၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။

၄။ အပြင်းအထန် ဝမ်းလျှောမည်။

၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။

၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။

၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။

၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။

၂။ အပြင်းအထန် အဖျားတက်လာမည်။

၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။

၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်ပါသည်။

ဝါတွင်းကာလ ဥပုသ်နေ့ နှင့် ရက်ပေါင်း (90) ကိုးနဝင်း အဓိဌာန် 🙏🙏🙏
04/07/2022

ဝါတွင်းကာလ ဥပုသ်နေ့ နှင့် ရက်ပေါင်း (90) ကိုးနဝင်း အဓိဌာန် 🙏🙏🙏

ကဆုန်လပြည့် - ဗုဒ္ဓနေ့ကဆုန်လပြည့်နေ့အကြောင်း🙏🌻🙏🌻🙏🌻🙏🌻🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏(...
14/05/2022

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🌻🙏🌻🙏🌻🙏🌻🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။
======================================
မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။

အားလုံးပဲ မဂ်လာပါရှင့်။ဒါလေးကတော့🏉 စီယာတိုင် ဂွေစွပ်🏉 လေးပါရှင့်။အရောင်လေးကတော့ ပုံမှာပြထားသလို နှစ်ရောင် လာပါတယ်ရှင့်။စ...
12/05/2022

အားလုံးပဲ မဂ်လာပါရှင့်။

ဒါလေးကတော့🏉 စီယာတိုင် ဂွေစွပ်🏉 လေးပါရှင့်။

အရောင်လေးကတော့ ပုံမှာပြထားသလို နှစ်ရောင် လာပါ

တယ်ရှင့်။

စျေးနှုန်း - 18000 ကျပ်ပါရှင့်။

အိမ်ရောက်ငွေချေ Delivery နဲ့ ပို့ပေးပါတယ်ရှင့်။

နယ်ဆို ငွေကြို လွှဲပေးရပါမယ်ရှင့်။

cb (or) 09 957 477 542ကို ဆက်သွယ် မှာယူနိုင်ပါ

တယ်ရှင့်။

12/05/2022

USB Humidifier

✔✔Car USB Humidifierလေး ပါရှင့်✔✔🔯🔯 အခုလို မိုးရာသီ ကာလမှာ အောင့်သက်သက် အနံ့ဆိုးတွေကို ဖယ်ရှားပေးမယ့် USB Humidifire လေး...
12/05/2022

✔✔Car USB Humidifierလေး ပါရှင့်✔✔

🔯🔯 အခုလို မိုးရာသီ ကာလမှာ အောင့်သက်သက်

အနံ့ဆိုးတွေကို ဖယ်ရှားပေးမယ့် USB Humidifire လေး

ကတော့ တော်တော်လေးကို အဆင်ပြေစေပါတယ်ရှင့်။

စျေးလေးကလည်း တစ်လုံးကို ✅ 15000ကျပ်✅ ထဲမို့

အရမ်း တန်ပါတယ်ရှင့်။

✔✔ကား ရေမွှေး လေးတွေ လာပါပြီရှင့်။✔✔အနံ့လေးလည်းမွှေးသလိုသုံးစွဲသူလည်း လန်းဆန်းစေပြီးစျေးနှုန်းလေးတွေလည်း သင့်တင့်ပါတယ်ရှ...
11/05/2022

✔✔ကား ရေမွှေး လေးတွေ လာပါပြီရှင့်။✔✔

အနံ့လေးလည်းမွှေးသလိုသုံးစွဲသူလည်း လန်းဆန်းစေပြီး

စျေးနှုန်းလေးတွေလည်း သင့်တင့်ပါတယ်ရှင့်။

မှာယူလိုပါက cb (or) 09 957 477542ကို ဆက်သွယ်

မှာယူနိုင်ပါတယ်ရှင့်။

🔰မင်မင်ရဲ့ Customerတွေ အားလုံးပဲ မဂ်လာပါရှင့် 🔰ဒီနေ့ မိတ်ဆက်ပေးမယ့် ပစ္စည်းလေးကတော့ Customer တို့ စိတ်ကြိုက်ဖြစ်စေမယ့်🔯🔯...
10/05/2022

🔰မင်မင်ရဲ့ Customerတွေ အားလုံးပဲ မဂ်လာပါရှင့် 🔰

ဒီနေ့ မိတ်ဆက်ပေးမယ့် ပစ္စည်းလေးကတော့

Customer တို့ စိတ်ကြိုက်ဖြစ်စေမယ့်

🔯🔯 (လည်သာ ကြမ်းခင်း) 🔯🔯 ​​လေး ပါပဲရှင့်။

✏✏ စျေးနှုန်းလေးကတော့ (130000ကျပ်)ပါရှင့်။

📎📎 ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေ Deliveryနဲ့ ပို့ပေးပါတယ်ရှင့်။

📎📎 နယ်ဆို နီးစပ်ရာ ကားဂိတ် ပို့ပေးပါတယ်ရှင့်။
(ငွေလေးတော့ ကြိုရှင်း ပေးရပါတယ်ရှင့်။)

✔✔ Customer တို့ အကြိုက်တွေ့လို့ မှာ ယူလိုပါက
Cb (or) 09 957 477 542 ကို ဆက်သွယ် မှာယူနိုင်ပါတယ်ရှင့်။

🐧🐧🐧အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။🐧🐧🐧

✔ကားခြေနင်းခွပ် အပျော့စား ✔ခုံနှစ်တန်း  35000ကျပ် /ခုံ သုံးတန်း 50000ကျပ်နဲ့ ရောင်းချပေးနေပါပြီရှင့်ဝယ်ယူလိုပါက cb (or) ...
07/05/2022

✔ကားခြေနင်းခွပ် အပျော့စား ✔

ခုံနှစ်တန်း 35000ကျပ် /ခုံ သုံးတန်း 50000ကျပ်

နဲ့ ရောင်းချပေးနေပါပြီရှင့်

ဝယ်ယူလိုပါက cb (or) 09 957 477 542ကို ဆက်

သွယ်မှာယူနိုင်ပါတယ်ရှင့်။

Address

7 Zay Street
Yangon
THAKATA

Telephone

+959957477542

Website

Alerts

Be the first to know and let us send you an email when KB Car Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KB Car Accessories:

Share

Category