Lotaya

Lotaya အမျိုးသမီး တင်ပင့်ဗိုက်ချပ်ဘောင်းဘီများကို လက်လီ၊ လက္ကား စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါတယ်ရှင်

📌 Excel သုံးသူတိုင်း မသိမဖြစ်သိထားသင့်တဲ့ Function ၁၀ ချက် –စီးပွားရေးလုပ်ငန်း၊ အစိုးရဌာန၊ သုတေသန၊ Project စီမံမှုစတဲ့ အ...
26/07/2025

📌 Excel သုံးသူတိုင်း မသိမဖြစ်သိထားသင့်တဲ့ Function ၁၀ ချက် –

စီးပွားရေးလုပ်ငန်း၊ အစိုးရဌာန၊ သုတေသန၊ Project စီမံမှုစတဲ့ အလုပ်အကိုင်တစ်ခုတည်းမဟုတ်ပဲ ဘယ်နေရာမှာမဆို Excel အသုံးပြုနေတဲ့အတွက် ဒီ Function ၁၀ ချက်ကို သိထားမယ်ဆို Excel ကို ပိုပြီး အဆင်ပြေစွာအသုံးချနိုင်မှာဖြစ်ပါတယ်။

📝 Microsoft Excel ဟာ Dataအလုပ်လုပ်တဲ့သူတွေအတွက် မဖြစ်မနေလိုအပ်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ Dataတွက်ချက်တာ၊ စီစဉ်တာ၊ ရှာဖွေထုတ်ယူတာတွေကို အချိန်တိုအတွင်း ပြုလုပ်နိုင်ဖို့အတွက် Excel Functions တွေကို နားလည်သုံးသပ်နိုင်ဖို့အရေးကြီးပါတယ်။ ဒီနေရာမှာ Excel သုံးသူတိုင်း မသိမဖြစ် သတိထားသင့်တဲ့ အသုံးအများဆုံး Function ၁၀ ချက်နဲ့ အသုံးပြုပုံလေးတွေကို ရှင်းပြပေးလိုက်ပါတယ်

✅ 1. SUM() – ဂဏန်းအစုအဖွဲ့ကို စုပေါင်းတွက်ချက်တယ်။
ဥပမာ – =SUM(B2:B10) ဆိုရင် B2 မှ B10 ထိ ဂဏန်းတွေကို စုပေါင်းဖော်ပြပေးတာဖြစ်ပါသည်။

✅ AVERAGE()အဓိပ္ပါယ် – ပျမ်းမျှတန်ဖိုးတွက်ပေးတယ်။
ဥပမာ – =AVERAGE(C2:C10) က C2 မှ C10 ထိပါဝင်တဲ့ တန်ဖိုးတွေကို ပျမ်းမျှတွက်ပေးတာဖြစ်ပါသည်။

✅ IF()အဓိပ္ပါယ် – သတ်မှတ်ထားတဲ့Dataတစ်ခုအပေါ်မူတည်ပြီး ကွာဟမှုဖြစ်ပေါ်စေတယ်။
ဥပမာ – =IF(D2>=40, "Pass", "Fail") ဆိုရင် D2 ထဲကတန်ဖိုး 40 ထက်ကြီးလားဆိုတာ စစ်ပြီး "Pass" သို့မဟုတ် "Fail" ပြတယ်။

✅ VLOOKUP()အဓိပ္ပါယ် – တစ်ခုထဲက တန်ဖိုးကို တစ်ခြား Column ထဲကနဲ့ကိုက်ညီမှုအရ ရှာဖွေထုတ်တယ်။
ဥပမာ =VLOOKUP(101,A2:D10,2,FALSE) ဆိုရင် 101 ဆိုတဲ့ ID နဲ့ ကိုက်တဲ့ Name ကို Column 2 ထဲက ရှာဖွေတယ်။

✅ CONCATENATE() (သို့) TEXTJOIN() (Modern version)အဓိပ္ပါယ် – စာသားတွေကို တစ်ကြောင်းတည်းသို့ ချိတ်ဆက်တယ်။
ဥပမာ – =CONCATENATE(A2," ",B2) ဆိုရင် A2 နဲ့ B2 ထဲကအကြောင်းအရာတွေကို ချိတ်ဆက်ပြမယ်။
နောက်ပိုင်းမှာ =TEXTJOIN(" ",TRUE,A2,B2) ကို အသုံးပြုတာပိုအဆင်ပြေပါသည်။

✅ COUNT()အဓိပ္ပါယ် – ဂဏန်းအရေအတွက်ကိုတွက်တယ်။
ဥပမာ – =COUNT(A1:A10) က A1 မှ A10 ထိ ဂဏန်းဘဲဖြစ်တဲ့ cell အရေအတွက်ကိုတွက်ချက်‌ပေး တယ်။

✅ COUNTA()အဓိပ္ပါယ် – ငယ်ဂဏန်း ဖြစ်စေ စာဖြစ်စေ မဖွတ်လျှင် တန်ဖိုးပါတဲ့ cell အရေအတွက်တွက်တယ်။
ဥပမာ – =COUNTA(B1:B10)

✅ MAX() & MIN()အဓိပ္ပါယ် – MAX() က အများဆုံးတန်ဖိုး၊ MIN() က အနည်းဆုံးတန်ဖိုး
ဥပမာ – =MAX(C2:C20) သည်အများဆုံးတန်ဖိုးကိုပြသပေးသည်။
=MIN(C2:C20) သည်အနည်းဆုံးတန်ဖိုးကိုပြသပေးသည်။

✅ TODAY()အဓိပ္ပါယ် – ယနေ့ရက်စွဲကို ပြသတယ်။
ဥပမာ – =TODAY() ဆိုတာရေးလိုက်ရင် ယနေ့ရက်စွဲကို သက်တမ်းမရှိကိုဘဲပြသပေးပါသည်။

✅ TRIM()အဓိပ္ပါယ် – စာကြောင်းတစ်ခုထဲက မလိုအပ်တဲ့ White Space တွေကိုဖယ်ထုတ်တယ်။
ဥပမာ – =TRIM(A2) ဆိုရင် A2 ထဲက စာကြောင်းက မလိုအပ်တဲ့ Space တွေကိုဖယ်ရှားပြီး ပြန်ပြပါတယ်။

📌Excel ကို တကယ်ကျွမ်းကျင်စွာအသုံးပြုချင်တယ်ဆိုရင် ဒီလိုအခြေခံ Function ၁၀ ခုကို သေချာနားလည်ရင် Data Analysis, Report Preparation, Calculation တို့မှာ အချိန်ကုန်သက်သာပြီး တိကျမြန်ဆန်တဲ့လုပ်ငန်းဆောင်တာတွေကို လွယ်ကူအောင်မြင်စွာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

👉 မိတ်ဆွေတို့အတွက် အသုံးဝင်တယ်လို့ထင်ရင် Save လုပ်ထားလိုက်၊ Share လုပ်ပေးဖို့လည်းမမေ့နဲ့နော်။ နောက်ထပ် Excel နဲ့ပတ်သက်တဲ့ နည်းလမ်းအသစ်တွေကို ဆက်လက်မျှဝေသွားပေးမှာဖြစ်ပါတယ်။




အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှုPro Tech Care - ရန်ကုန် တာမွေhttps://www.fa...
29/03/2025

အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှု

Pro Tech Care - ရန်ကုန် တာမွေ
https://www.facebook.com/share/p/1A3ZYMcHWg/

Great One အိမ်ခြံမြေ - ရန်ကုန် ရွှေပြည်သာ
https://www.facebook.com/share/p/1DePYAvLKF/

Nail House by Grace - ရန်ကုန် ရွှေပြည်သာ
https://www.facebook.com/share/p/15RCwf1McG/

AUTO LIFE Car Service - မန္တလေး
https://www.facebook.com/share/p/1A4cRTsnP6/

Aye Myit Tar Store - ပဲခူး
https://www.facebook.com/share/p/12EYmadGetp/

ဦးတရုတ် Battery ဆိုင်ကယ် - ပဲခူး
https://www.facebook.com/share/p/1AXvqUiveD/

အဆွေတော်-ကွမ်းဒိုင် - ပြည်
https://www.facebook.com/share/p/12GMQXExm3H/

A-One ဖိတ်စာဆိုင် - ပြည်
https://www.facebook.com/share/p/1EZkRsCzbm/

Golden Galaxy - ကစားကွင်း - ကျိုက်ထို
https://www.facebook.com/share/p/1BFRiYgkvQ/

စိန်ချယ်-စားသောက်ဆိုင် - လင်းခေး
https://www.facebook.com/share/p/18b33Ncd6Q/

အထင်ကရ မိုဘိုင်း - သာစည်
https://www.facebook.com/share/p/1697JEynWq/

Mobile City - သရက်မြို့
https://www.facebook.com/share/p/1EazGyDe5N/

အောင်မြင်သူ သင်တန်းကျောင်း - မကွေး
https://www.facebook.com/share/p/17L6u97YQg/

ဒေါ်လာလျှပ်စစ်ပစ္စည်းဆိုင် - မကွေး
https://www.facebook.com/share/p/1A5eHyq1ny/

Shwe Yi Win Mobile - သနပ်ပင်မြို့
https://www.facebook.com/share/p/14kpnuxqxQ/?mibextid=oFDknk

မိုးမခ Mobile - ပေါင်းတည်မြို့
https://www.facebook.com/share/p/15zr5VZbax/

ထပ်မံ၍ ဖြည့်စွက်ပါမည်။

#ဖုန်းအားသွင်း #အရေးပေါ်အားသွင်း #ငလျင် #ငလျင်လှုပ် #မီးပြတ်

အမြန်လမ်းအသုံးပြုသူများ သတိပြုရန်~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~၂၀၁/၀ ပ​လွေးတံတားနိမ့်ကျ၁၉၄/၂ အသွားလမ်း ကျိုး၁၉၃/၁ ၂ တံ...
28/03/2025

အမြန်လမ်းအသုံးပြုသူများ သတိပြုရန်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁/၀ ပ​လွေးတံတားနိမ့်ကျ
၁၉၄/၂ အသွားလမ်း ကျိုး
၁၉၃/၁ ၂ တံတားအဝင်နိမ့်
၁၉၀/၁-၂ ​မှောက်ခုံ​ချောင်းတံတား သွား+ပြန် နိမ့်
၁၈၉/၁ အပြန်လမ်း တွန်​့​ခေါက်
၁၈၈/၇ အသွားလမ်း box အဝင်နိမ့်ကျ
၁၈၈/၁-၂ အပြန်လမ်း ကျိုး(​ဘေးကသွားလို့ရ)
၁၈၆/၂ လမ်းသားကွဲအက်
၁၇၉/၄ အပြန်လမ်းကျိုး
၁၇၇/၂ အသွားလမ်းကျိုး
၁၇၆/၀-၁ အသွားလမ်းကျိုး
၁၇၃/၆ အပြန်း box အဝင်လမ်းacကျိုး
၁၇၂/၅ အပြန်လမ်း ​ပေ၂၀၀ ac တွန့်​ခေါက် (​ဘေးကသွားလို့ရ)
၁၇၁/၆ အပြန်လမ်း ​တံတားဝင်လမ်း တွန့်​ခေါက် (​ဘေးကသွားလို့ရ)
၁၆၈/၅ အပြန်လမ်း တံတား​ပေါ် ac ကျိုး (​ဘေးကသွားလို့ရ)
၁၆၈/၀ အပြန်လမ်း လမ်းကျိုး (​ဘေးကသွားလို့ရ) grader / dozer ဝင်ရမယ်
၁၆၇/၆ ပြန် ကွန်ကရစ် လမ်းကျိုး
၁၆၇/၅ ပြနိ ကွနိကရစ်လမ်း ကျိုး
၁၆၇/၁-၂ ပြန် ကွန်ကရစ်လမ်းကျိုး
၁၆၆/၆-၇ ပြန် ကွန်ကရစ်လမ်းကျိုး
၁၆၀/၀-၁ ပြန် လမ်း/ကွဲ/ကျိုး ပြင်းထန်
၁၆၅/၇ ပြန် လမ်းကျိုး
၁၆၅/၁ ဆွာ​ချောင်း ၈၀၀ ​ပေ ,P3,4,5 ယိုင်, လမ်းသား အပြန်လမ်း ၄ ​​ပေ နိမ့်ကျ, diversion လိုပါသည်။
အမြန်လမ်းသွားကြမဲ့သူတွေသတိပြုဖို့ပါ။

Swar Myint

28/03/2025

လိုအပ်မဲ့သူတွေအတွက်
တခုမဟုတ် တခုတော့ ဆက်လို့ရမှာပါ🙏🙏

🚨မန္တလေး
09402600033 ( မဟာ - လူမှုကယ်ဆယ်ရေး မန္တလေး )
အမရပူရမြိုနယ် ☎️02-4070713,02-4070996
ပြည်ကြီးတံခွန်မြိုနယ် ☎️02-5154974
ပုသိမ်ကြီးမြိုနယ် ☎️02-4058056
ချမ်းမြသာစည်မြိုနယ် ☎️02-4021087,02-4062718
မဟာအောင်မြေမြိုနယ် ☎️02-4076362
အောင်မြေသာစံမြိုနယ်☎️02-4060200
ချမ်းအေးသာစံမြိုနယ်☎️02-4060738

🚨အမရပူရမြိုနယ်
ဦးထွန်းနေနွယ်(ဒု ဦးစီး)☎️09404080191 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးကျော်နိုင်ဝင်း(စခန်းမှုး) ☎️0429551689 မြစ်ငယ်နယ်မြေခံမီးသတ်စခန်း
ဦးဇော်မင်းဦး (တပ်ကြပ်ကြီး)☎️09444032583 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးအောင်မျိုးကျော် (တပ်ကြပ်ကြီး)☎️09449637974 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးဖြိုးဇင်(တပ်ကြပ်ကြီး)☎️09783299191 မြစ်ငယ်မီးသတ်စခန်း
ဦးစည်သူဇော် ☎️09-959984191 အမရပူရ အရှေ့ခြမ်း စွယ်တော်
ဦးသဲဦး ☎️09-402574094 အမရပူရ အရှေ့ခြမ်း ဖျောက်ဆိပ်ကုန်း
ဦးစံသိန်း ☎️09448197750 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း တာဝန်ခံ
ဦးစည်သူအောင် ☎️09445765287 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း
ဦးဇင်ကို ☎️09451801862 အမရပူရ အနောက်ခြမ်း ရှမ်းကလေးကျွန်း
09-767119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09-787119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09-440119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09988144119(Myanmar Rescue Amarapura ကိုဥက္ကာကျော် )

🚨နေပြည်တော် #နေပြည်တော်သီးသန့်
09420722222 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
09423671702 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
0673404666(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
0673404777 (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
09972755311
09420771405 (မိုးစေတနာ)
09404590001 (မိုးစေတနာ)
09677080162 (တပ်ကုန်းမီးသတ်)
09677080126 (တပ်ကုန်းမီးသတ်)

လူမှုကရုဏာရှင်အဖွဲ့
09681000095
09797604667
09775207713
09972755311
0943106850(တပ်ကုန်းရေဘေး)
095044564(ပုဗ္ဗတွဲလက်များ)
09448535275 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09420714432 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09404050511 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09429319960 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09420104504 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09253095834 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09254080946 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09445599676 (ပုညကာရီလူမှုကယ်ဆယ်ရေး)
095402616 (ပုညကာရီလူမှုကယ်ဆယ်ရေး)
09771151505 (စေတနာလူမှုကူညီရေးအသင်း)
09420720713 (စေတနာလူမှုကူညီရေးအသင်း)
09797905232 (စေတနာလူမှုကူညီရေးအသင်း)
09797712335 (ကရုဏာရှင်ပရဟိတအသင်း)
09786545509 (ကရုဏာရှင်ပရဟိတအသင်း)
09254448800 (ကရုဏာရှင်ပရဟိတအသင်း)
09420942455 (သုခဒါနပရဟိတအသင်း)
09773592699 (သုခဒါနပရဟိတအသင်း)
09779905443 (ဇမ္ဗူတလူ ပရဟိတာအသင်း)

ညောင်ရွှေမြို့ ရေဘေးကယ်ဆယ်ရေး
09428310586 ( ကိုစိုးမင်းလတ် )
09261932939 ( ကိုသက်ပိုင်စိုး )
09428311563 ( ကိုတိုးအောင်ရွှေ )

🚨(နေပြည်တော် တပ်ကုန်း ဆွာ တောင်ငူ ကယ်ဆယ်ရေး)
0943106850
ဒို့လယ်ဝေးပရဟိတလူငယ်များ အဖွဲ့
09681000095
09797604667
09775207713
09 972755311
09 420771405 (မိုးစေတနာ)
09 404590001 (မိုးစေတနာ)
09 677080162 (တပ်ကုန်းမီးသတ်)
09 677080126 (တပ်ကုန်းမီးသတ်)
095044564 (ပုဗ္ဗတွဲလက်များ လူမှု ကူညီရေးအသင်း)
09420085147 (ဟန်းရာဇာ)

🚨(ကျောက်ဆည်ကယ်ဆယ်ရေး)
KYAUKSE RESCUE
09256006355
09258444414
09787900929 ( ကျောက်ဆည်ကြက်ခြေနီ )
09402526768 ( ကျောက်ဆည်ကြက်ခြေနီ )

🚨မြစ်သား
09251156006 ( မြစ်သားကြက်ခြေနီ )

🚨စဉ့်ကိုင်
09788743559 ( စဉ့်ကိုင်ကြက်ခြေနီ )

🚨(ဝမ်းတွင်းကယ်ဆယ်ရေး)
ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတ ကွန်ယက်
092165003
09444484129
09444484128

🚨(ပျော်ဘွယ်ကယ်ဆယ်ရေး )
09449988191
092228214
0943020516
09459975496
092049021
09449988191 မီးသတ်ဦးစီးမှူး
092228214 ကိုကျော်ကျော်ဝင်း
0943020516 ကိုအောင်ဇော်မိုး
09459975496 ကိုရဲမင်းထွန်း

🚨(ရမည်းသင်း ကယ်ဆယ်ရေး)
09404590001(မိုးစေတနာ)
064-4007(ရမည်းသင်းမီးသတ်)
064-40787- ရမည်းသင်း

🚨(တောင်ငူ ကယ်ဆယ်ရေး)
09443555502 (T.E.R.Tအသင်း)
09791232000 (T.Rescueအသင်း)
09428155773 (မေတ္တာရှင်အသင်း)
09687635151 (အာယုပါလအသင်း)
09770313323 (ရှင်စောပုအသင်း)
09973775151 (၆ရပ်ကွက်အသင်း)

🚨(မိတ္ထီလာ ကယ်ဆယ်ရေး )
မိတ္ထီလာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး
အဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း
09402684996
09696860666

Crd.

📢 ငလျင်အပြီး နံရံကွဲအက်မှုတွေကို ကြည့်ပြီး မိမိအိမ်ရဲ့ အန္တရာယ်ရှိမှုအခြေအနေငလျင်ဖြစ်ပြီးနောက်မှာ အဆောက်အဦအတွင်း ဝင်ကြည့...
28/03/2025

📢 ငလျင်အပြီး နံရံကွဲအက်မှုတွေကို ကြည့်ပြီး မိမိအိမ်ရဲ့ အန္တရာယ်ရှိမှုအခြေအနေ

ငလျင်ဖြစ်ပြီးနောက်မှာ အဆောက်အဦအတွင်း ဝင်ကြည့်ရာမှာ သတိထားရမယ့် အချက်တွေကို သိထားတယ်ဆိုရင် ဖြစ်လာမည့်ဘေးအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ နံရံကွဲအက်မှု (Wall Cracks) အနေနဲ့ အဓိက သုံးမျိုးရှိပြီး ကိုယ့်ရဲ့နေအိမ်/အဆောက်အဦမှာပါရှိလားဆိုတာကို သေချာပြန်လည်စစ်ဆေးကြည့်ပါ။ အောက်မှာရေးထားတဲ့အချက်အလက်တွေမှာ အရေးပေါ်အခြေအနေမှာ စစ်ဆေးရုံလောက်အတွက်ဘဲ တိကျမှုရှိနိုင်ပါတယ်။ ပြန်ပြင်ဖို့လိုအပ်တာမျိုးဆိုရင် ကျွမ်းကျင် Structure Engineer များနှင့် တိုင်ပင်သင့်ပါတယ်



🛑 အန္တရာယ်ရှိသောအခြေအနေ (Severe Damage - Immediate Danger)

✅ Diagonal Cracks (ထောင့်ဖြတ်အက်ကွဲခြင်း)

• အက်ကွဲကြောင်းများဟာ နံရံတစ်ဖက်ကနေနောက်ဖက်ထိကျော်ထွက်နေပြီး၊ ထောက်တန်း Load-bearing wallတွင်ရှိနေခြင်း
• ကြမ်းခင်းနဲ့ ထိစပ်နေတဲ့ နံရံအောက်ခြေမှာ အက်ကွဲကြောင်းဟာ 5mm နှင့်အထက် တွေ့ရှိရခြင်း မျိုးဆိုလျှင် အန္တရာယ်ကြီးပါတယ်။
• အက်ကွဲကြောင်းများကို ကြည့်ရာမှာ နံရံနှစ်ဖက်လုံးဖြစ်နေတာလားဆိုတာ သေချာစစ်ဆေးပါ။

🚨 ထောင့်ဖြတ်အက်ကွဲကြောင်းများဖြစ်နေပါက နေအိမ်ထဲမှာပြန်လည်နေထိုင်ဖို့မသင့်တော်ပါ။



⚠️ အလယ်အလတ်အန္တရာယ်ရှိသောအခြေအနေ (Moderate Damage - Caution Required)

✅ Vertical & Horizontal Cracks (ထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်း)

• အက်ကွဲကြောင်းဟာ - ၃-၅ မီလီမီတာအထိ ကျယ်ပြီး plaster များ ကွာကျလာခြင်း
• နံရံနှင့် ကြမ်းခင်း များတွင်များပြားသော Fine Cracks ပါရှိနေခြင်း

ဒီလိုအခြေအနေကိုထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်းလို့ခေါ်ပါတယ်။

📌 ကိုယ့်ရဲ့အိမ်ဟာ ထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်း အခြေအနေရှိပါက အဆောက်အဦအတွင်းပြန်လည်နေထိုငဖို့အတွက် လုံးလုံးစိတ်ချရသော အခြေအနေမဟုတ်ပါ။


✅ အန္တရာယ်သိပ်မရှိသော အခြေအနေ (Minor Damage - Low Risk)

✅ Hairline Cracks (အလွှာသေးသေးလေးများကွဲအက်မှုဖြစ်ခြင်း)

• အက်ကွဲကြောင်းမှာ ၁ မီလီမီတာနှင့်အောက်ဖြစ်ပြီး နံရံ၏အပေါ်မျက်နှာပြင်တွင်သာရှိနေခြင်း

📌 ယခုလိုအခြေအနေမျိူးဆိုပါက စိုးရိမ်စရာအများကြီးမရှိပါဘူး။ နံရံများကို Replastering & Repainting ဖြင့် ပြန်လည်ပြုပြင်နိုင်ပါတယ်။



🏃‍♂️ အရေးပေါ်မှာ ဘာလုပ်မလဲ?

1️⃣ ကိုယ့်ရဲ့အဆောက်အဦနံရံများမှာ ထောင့်ဖြတ်ကွဲမှုအခြေအနေတွင်ရှိပါက အိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းကို ရှောင်ရှားပါ။

2️⃣ နံရံများထိခိုက်မှုအခြေအနေများကို ဓာတ်ပုံရိုက်ထားပါ – နောက်ပိုင်းပြန်လည်ပြင်ဆင်ချိန်မှာ အင်ဂျင်နီယာများအတွက် များစွာအသုံးဝင်နိုင်ပါတယ်။

Crd:Soe Moe Aung

🔗

မိန်းကလေးမှန်ရင် အရမ်းကြိုက်သော😋😋   #ရခိုင်မုန့်တီ
04/09/2024

မိန်းကလေးမှန်ရင် အရမ်းကြိုက်သော😋😋


#ရခိုင်မုန့်တီ

Overthinking is what kills you.
28/07/2024

Overthinking is what kills you.

 #မနက်ဖြန်ဆိုဝါစဝင်ပါပြီနော်🙏🙏🙏ဝါတွင်း (၃)လ ပုတီးအဓိဌာန် ဝင်မယ့်ဓမ္မမိတ်ဆွေများအားလုံးကိုအသိပေးလိုက်ပါတယ်ရှင့်🙏🙏🙏နတ်လူသတ...
19/07/2024

#မနက်ဖြန်ဆိုဝါစဝင်ပါပြီနော်🙏🙏🙏

ဝါတွင်း (၃)လ ပုတီးအဓိဌာန် ဝင်မယ့်ဓမ္မမိတ်ဆွေများအားလုံးကိုအသိပေးလိုက်ပါတယ်ရှင့်🙏🙏🙏

နတ်လူသတ္တဝါအားလုံးအပူကင်းပျောက်အအေးရောက်ပါစေ 🙏🙏🙏

#ဂုဏ်တော်ကိုးပါးအကျိုးသိချင်သူများအတွက်ပါ🙏

၁။ သောဘဂဝါ ဣတိပိ အရဟံ။
ဘုန်းကျက်သရေ တိုးတက်စေသည်။

၂။ သောဘဂဝါ ဣတိပိ သမ္မာ သမ္ဗုဒ္ဓေါ။
အကြံဥာဏ်ကောင်း ပေါ်စေသည်။

၃။ သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော။
အကြံဟူသမျှကို ထိုးထွင်းသိစေနိုင်သည်။

၄။ သောဘဂဝါ ဣတိပိ သုဂတော။
ပြောသမျှစကား အောင်မြင်စေသည်။

၅။ သောဘဂဝါ ဣတိပိ လောကဝိဒူ။
ထင်ပေါ်ကျော်ဇောစေသည်။

၆။ သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဓမ္မသာရထိ။
ဆိုးဝါးလှသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကိုချစ်ခင်မြတ်နိုးစေသည်။

၇။ သောဘဂဝါ ဣတိပိ သတ်တာဒဝေမနုဿာသာနံ။
သူတစ်ပါးအလို ဆန္ဒကို ဖြည့်စွမ်းကယ်တင်နိုင်စေသည်။

၈။ သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ။
အရာရာကြံဆ၍ သိနိုင်ပေသည်။

၉။ သောဘဂဝါ ဣတိပိ ဘဂဝါ။
သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။

#၂၀၂၄အတွက်ပါ
#ဝါတွင်း၃လကိုးနဝင်းပုတီးရက်ပေါင်း၉၀အဓိဌာန်
နှစ်တစ်နှစ်မှာ တစ်ကြိမ်သာ အဓိဌာန်ပြု
အားထုတ်ခွင့်ရတဲ့ ဝါတွင်း ( ၃ )လ
နဝင်းရက်ပေါင်း (၉၀) ဂုဏ်တော်(၉)ပါးအဓိဌာန်
ပုတီးစိပ်နည်းလေးပါ ✨🙏🙏🙏✨

ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာနေ့ မှစ၍
သီတင်းကျွတ်လပြည့်နေ့) အထိ
ရက်ပေါင်း( ၉၀ ) တိတိ စိပ်ရပါမယ် 🙏

အချိန်လည်း တိကျစွာ စိပ်ဖို့လည်းမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်နော်🙏

သက်သတ်လွတ်လည်း စားဖို့မလိုပါဘူး
စားနိုင်သူကတော့ ပိုပြီးကောင်းပါတယ်ရှင်🙏

ကျွန်မကတော့ အဓိဌာန်ဝါတွင်းကာလအတွင်း
အပတ်စဉ် ဥပုသ်နေ့တိုင်းသက်သက်လွတ်စားပြီး
ဥပုသ်သီလစောင့်တည်ပြီးစိပ်ပါမယ်🙏

📿📿📿ပုတီးစိပ်ရမယ့်နေ့ရက်များ📿📿📿

1️⃣ (၂၀ . ၇ . ၂၀၂၄ ) မှ ( ၂၈ . ၇ . ၂၀၂၄ ) အထိ
🙏📿

ဂုဏ်တော် ( ၉)ပါးစလုံးကိုနေ့တိုင်းတစ်ပတ်စီပါ

📿အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်📿

2️⃣ (၂၉ . ၇ . ၂၀၂၄) မှ (၆ . ၈ . ၂၀၂၄) အထိ🙏📿

📿အရဟံသိဒ္ဓိ (၉)ပတ်📿

3️⃣ (၇ . ၈ . ၂၀၂၄) မှ (၁၅ . ၈ . ၂၀၂၄) အထိ🙏📿

📿သမ္မာသမ္ဗုဒ္ဓေါသိဒ္ဓိ (၉)ပတ်📿

4️⃣ (၁၆ . ၈ . ၂၀၂၄) မှ (၂၄ . ၈ . ၂၀၂၄) အထိ🙏📿

📿ဝိဇ္ဇာစရဏသမ္ပန္နောသိဒ္ဓိ (၉)ပတ်📿

5️⃣ (၂၅ . ၈ . ၂၀၂၄) မှ (၂ . ၉ . ၂၀၂၄) အထိ🙏📿

📿သုဂတော သိဒ္ဓိ (၉)ပတ်📿

6️⃣ (၃ . ၉ . ၂၀၂၄) မှ (၁၁ . ၉ . ၂၀၂၄) အထိ🙏📿

📿လောကဝိဒူ သိဒ္ဓိ (၉)ပတ်📿

7️⃣ (၁၂ . ၉ . ၂၀၂၄) မှ(၂၀ . ၉ . ၂၀၂၄) အထိ🙏📿

📿အနုတ္တရောပုရိသဒမ္မသာရထိသိဒ္ဓိ (၉)ပတ်📿

8️⃣ (၂၁ . ၉ . ၂၀၂၄) မှ (၂၉ . ၉ . ၂၀၂၄) အထိ🙏📿

📿သတ္ထာဒေဝမနုဿာနံသိဒ္ဓိ (၉)ပတ်📿

9️⃣ (၃၀ . ၉ . ၂၀၂၄) မှ(၈ . ၁၀ . ၂၀၂၄) အထိ🙏📿

📿ဗုဒ္ဓေါသိဒ္ဓိ (၉)ပတ်📿

🔟 (၉ . ၁၀ . ၂၀၂၄) မှ (၁၇ . ၁၀ . ၂၀၂၄) အထိ🙏📿

📿ဘဂဝါသိဒ္ဓိ (၉)ပတ်📿

ဝါတွင်းအဓိဌာန်အောင်မြင်ကြပြီး လိုအင်ဆန္ဒများ
အားလုံးပြည့်ဝကြပါစေရှင် 🩵🙏🙏🙏🩵

ဝါဆိုလပြည့်နေ့ ယတြာ  ၂၀-၇-၂၀၂၄  စနေနေ့ဟာ ဝါဆိုလပြည့် နေ့လေးဖြစ်ပါတယ်နော်....လပြည့်နေ့ဟာ ကြုံတောင့်ကြုံခဲ နက္ခတ်လဲကောင်းမ...
19/07/2024

ဝါဆိုလပြည့်နေ့ ယတြာ

၂၀-၇-၂၀၂၄ စနေနေ့ဟာ ဝါဆိုလပြည့် နေ့လေးဖြစ်ပါတယ်နော်....

လပြည့်နေ့ဟာ ကြုံတောင့်ကြုံခဲ နက္ခတ်လဲကောင်းမွန်သောကြောင့်

လပြည့်နေ့ မနက် ၇ နာရီက နေ ၁၀ နာရီအတွင်း
မြတ်စွာဘုရားရှင်အား သောက်တော်ရေတစ်ခွက် ကပ်လှူပေးပါ။

ပန်းပွင့် ၇ ပွင့် ဆက်ကပ်လှူဒါန်းပေးပါ။
မည်သည့်ပန်းမဆို ကပ်လှူလို့ရပါတယ်။

ဆီမီး ၃တိုင် ၊ အမွှေးတိုင် ၅တိုင် ထွန်းညှိ ပူဇော်ကာ

" အရဟံ သိဒ္ဓိ လာဘံ " ပုတီး ၁ ပတ် စိပ္ကာ
မိမိလိုရာဆု တစ်ဆု တောင်းပါ။

မနက်ပိုင်းလုပ်ရန်မလွယ်သူများက
ညဘက် ၇နာရီမှ ၁၁နာရီအတွင်းပြုလုပ်လို့ရပါတယ်နော်.

ဆီမီး ပူဇော်ဖို့ အမွှေးတိုင်ထွန်းဖို့အဆင်မပြေသူတွေ အနံ့မခံနိုင်သူတွေက ဆီမီး နဲ့ အမွှေးတိုင်မထွန်းပါနဲ့နော်

ပုတီးစိပ်ဖို့ရာ အဆင်မပြေသူများ
( တစ်ခြားဘာသာဝင်များ) ကတော့
မိမိတတ်နိုင်သလောက် ဒါနလေးတွေပြုပေးကြပါ....
ပံ့သကူလေးတွေ ပစ်ပေးကြပါ.
မိမိတတ်နိုင်သလောက် ပေးကမ်းစွန့်ကြဲကြပါ.

ဝါဆိုလပြည့်နေ့မှာ
စမ္မစကြာ ကိုရွတ်နိုင်သူကရွတ်ကြပါ......
မရွတ်နိုင်သူ/မရွတ်တတ်သူက မနက်အိပ်ယာနိုး (သို့မဟုတ်) ညအိပ်ရာဝင်ဖွင့်ပေးပါ....

ဒီလပြည့်ရဲ့စွမ်းအင်ကြောင့် မိမိရဲ့ဆုတောင်းတွေ အမြန်ဆုံးပြည့်ပါလိမ့်မယ်....

အခါထူး ရက်ကောင်းရက်မြတ်တစ်ရက်ဖြစ်တာကြောင့်
စိတ္ကို ကြည်လင်အောင်ထားပြီး တစ်နေ့တာကိုဖြတ်သန်းခြင်းဖြင့်
ကောင်းခြင်းတွေရကြပါစေ..🙏🙏🙏
တစ်ဆင့်ကူယူဖော်ပြပါသည်။


Pooh lover 💛
30/05/2024

Pooh lover 💛

Good Morning ပါမင့်မမတို့မင့်မမတွေအဆင်ပြေလို့ မင်ကျေနပ်ပါတယ်နော်💜❤💜
10/05/2024

Good Morning ပါမင့်မမတို့
မင့်မမတွေအဆင်ပြေလို့ မင်ကျေနပ်ပါတယ်နော်💜❤💜

3D wallpaper ထားချင်တဲ့သူတွေအတွက် wallpaper size လေးတွေနော် အရမ်းလှ💜❤💜
20/04/2024

3D wallpaper ထားချင်တဲ့သူတွေအတွက် wallpaper size လေးတွေနော် အရမ်းလှ💜❤💜

Address

Yangon

Telephone

+959972212422

Website

Alerts

Be the first to know and let us send you an email when Lotaya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lotaya:

Share